ဘဝမှာ မှန်ကန်ဖြောင့်မတ်တဲ့ အတွေးတွေ တွေးခေါ်ရင်း ဖြတ်သန်းတတ်ဖို့ရာ အလွန်တရာ အရေးပါလှပါတယ်။ မမှန်မကန် တွေးခေါ်နေတဲ့သူတွေရဲ့ ဘဝဟာ နောက်ဆုံးမှာ ချောက်နက်ထဲကျဖို့ရာ မလွဲဧကန်ပါပဲ။ မမှန်မကန် တွေးခေါ်နေမယ်ဆိုရင် ဘဝလမ်းကြောင်းတွေဟာလည်း မမှန်မကန်ဖြစ်နေမှာပဲ ဖြစ်ပါတယ်။
မမှန်ကန်သော အတွေးအခေါ်ရှိသူတို့၏လားရာ
မှန်ကန်စွာ မတွေးခေါ်တတ်သူတို့ဟာ လားရာလည်း လုံးဝမကောင်းပါဘူး။ သူတို့ဟာ လောကဓံတရားရဲ့ ရိုက်ပုတ်မှုဒဏ်ကို မခံနိုင်ကြသူတွေလည်းဖြစ်ပါတယ်။ ဒီလို လောကဓံတရားကို မရင်ဆိုင်နိုင် မတွန်းလှန်နိုင်တဲ့အခါမှာ အတွေးအခေါ်မှား အယူအဆမှားတွေနဲ့ ဘဝလမ်းပျောက်သွားတတ်ပါတယ်။

ဘဝဟာ အမြဲတည်ငြိမ်မှုရှိမနေပါ။
ဘဝဆိုတာ အမြဲတည်ငြိမ်နေမယ်လို့ ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ ဘဝရဲ့ ကံကောင်းမှုတွေဟာ အားနည်းတဲ့အခါ ရှိတတ်သလို အားကောင်းတဲ့အခါလည်း ရှိတတ်ပါတယ်။ ဒါ့ကြောင့်မို့ ဘဝကို ဘယ်တော့မှ ပုံသေတွက်မထားပါနဲ့။

ဘယ်တော့မှ အရှုံးမပေးပါနဲ့။
ဆုံးရှုံးသည့်အခါရှိတတ်သလို အောင်မြင်သည့်အခါလည်း ရှိတတ်ပါသည်။ ဘဝအတွက် စိန်ခေါ်မှုတွေ ပတ်ချာလည် ဝန်းရံလာတဲ့အခါမှာလည်း ဒူးမထောက်ဖြစ်ဖို့လိုပါတယ်။ ရန်သူတွေ ၊ ပြိုင်ဘက်တွေလည်း ရှိကောင်းရှိနေနိုင်ပါတယ်။

ကြောက်ရွံ့စရာမလိုပါ။
စိန်ခေါ်မှုတွေ ၊ ပြိုင်ဘက်တွေ ၊ ရန်သူတွေကို ကြောက်စရာမလိုပါ။ ဘာတပ်ကူမှလည်း ခေါ်စရာမလိုပါ။ ကိုယ့်ဘဝအတွက် အားအင်ဟာ ကိုယ်သာဖြစ်ပြီး ၊ ကိုယ့်ဘဝအတွက် အဖော်မွန်ဟာလည်း ကိုယ်သာဖြစ်ကြောင်း နှလုံးမူပြီး သတ္တိရှိရှိ အရာအားလုံးကို ရင်ဆိုင်ပါ။

Lifestyle_Myanmar
ref-intralifestyle