မွေးဖွားတဲ့ ရာသီခွင်အလိုက် ၂၉.၆.၂၀၁၉အထိ တစ်ပတ်စာကံကြမ္မာ ခန့်မှန်းချက်
0
100
မိဿရာသီဖွား (မတ်လ ၂၁- ဧပရယ်၁၉)
ယခုအပတ်ဟာ သင့်အတွက် အချစ်နဲ့အိမ်ထောင်ရေးကြား ရောထွေးနေတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ သင့်ရဲ့လက်တွဲဖော်နဲ့ အခြေအတင်ပြောရတဲ့ အချိန်တွေ ရှိနေပြီး သင့်ရဲ့မိသားစုက သင့်ကိုအံ့သြစရာကောင်းလောက်အောင် ကူညီပံ့ပိုးပေးကြပါလိမ့်မယ်။ မိဘတွေရဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးနဲ့ fitness အတွက်ကတော့ အကောင်းဖက်ရောက်နေတဲ့ အချိန်ဖြစ်ပါတယ်။ သင့်အတွက်အကြံပြုချင်တာက သင့်ထက်ကြီးတဲ့သူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အမှားမပါအောင်နဲ့ နားလည်မှုလွဲတာတွေ မဖြစ်အောင်ဂရုစိုက်ပါ။ လကုန်ပိုင်းလောက်မှာ သင့်ရဲ့လုပ်ငန်းအတွက် အောင်မြင်မှုပိုမြင့်မားလာတာကို ကြုံရနိုင်ပြီး အမြတ်အစွန်းပိုမိုရရှိလိမ့်မယ်။ 
ဒါ့ကြောင့် ရောင်းချမှုကို ပိုမိုတိုးမြင့်ဖို့ ကြိုးစားသင့်ပါတယ်။
-Advertisement-
ငွေကြေးနဲ့ပတ်သတ်ပြီး ကြန့်ကြာနေတာတွေလည်း ယခုအပတ်မှာ ပြန်ရနိုင်ပါတယ်။ သင့်ရဲ့ဘဏ္ဏာရေးနဲ့ ငွေးကြေးဆိုင်ရာအားလုံး ယခုအပတ်မှာ တိုးတက်မှုကြုံပါလိမ့်မယ်။ ယခုအပတ်မှာ သင့်ရဲ့သုံးငွေထက် ရငွေပိုမိုမြင့်မားနေတာကြောင့် ပိုလျှံတာတွေကို စုထားသင့်ပါတယ်။ အိမ်ခြံမြေ၊ စာချုပ်စာတန်းတွေနဲ့ပတ်သတ်ပြီး စောင့်ဆိုင်းရမယ့်အရာတွေကို မပြုလုပ်ပါနဲ့ ယခုအချိန်မှာ သင့်ရဲ့အိမ်ခြံမြေကို ရောင်းချင်တယ်ဆိုရင် မျက်နှာသာပိုရပါလိမ့်မယ်။
ပြိဿရာသီဖွား (ဧပရယ်၂၀- မေ၂၀)
ယခုတတပတ်အတွင်း သင့်ရဲ့ ပါစင်နယ်ဘဝဟာ အေးချမ်းနေပြီး ဆိုရှယ်ဘဝနဲ့ ပရော်ဖက်ရှင်နယ်ဘဝမှာတော့ ပြဿနာတွေ အနည်းငယ်ကြုံတွေ့နိုင်ပါတယ်။ ယခုရက်သတ္တပတ်အတွင်း အငြင်းအခုန်ကိစ္စတွေကို တတ်နိုင်သလောက်ရှောင်ကျဉ်ပါ။ ဆုံးရှုံးမှုပြဿနာတွေကို ရှောင်ကျဉ်နိုင်ဖို့အတွက် သင့်ရဲ့စီးပွားရေးလုပ်ငန်းမှာ အလျှင်အမြန်ဆုံးဖြတ်ရမယ့်ကိစ္စတွေကို ရှောင်ရှားပြီး သေသေချာချာ ပြန်လည်စဉ်းစားဆုံးဖြတ်ရမယ့် အချိန်ပါ။ တကယ်လို့ သင်ရင်းနှီးမြှပ်နှံမှု လုပ်ချင်တယ်ဆိုရင် အခြားသူတွေကို မယုံသင့်ပဲ သင်ကိုယ်တိုင် research လုပ်ပြီးမှ ရင်းနှီးမြှပ်နှံမှုကို ပြုလုပ်ပါ။ တကယ်လို့သင်ဟာ နိုင်ငံရေးကိစ္စတွေမှာ အရသာတွေ့နေရင် သင့်ရဲ့ဂုဏ်သတင်းကို ကျဆင်းစေနိုင်တဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ 
သင့်ရဲ့လက်တွဲဖော်နဲ့ မိသားအစုဝင်တွေရဲ့ ပံ့ပိုးကူညီမှုတွေကို အံ့သြစရာကောင်းလောက်အောင် ယခုအပတ်မှာ ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ ယခုအပတ်မှာကံကောင်းနေပြီး တကယ်လို့သင်က အစိုးရဝန်ထမ်းဆိုရင်တော့ ပိုပြီးသတိထားရမယ့်အချိန်ဖြစ်ပါတယ်။ ပြည်ပခရီးထွက်ဖို့ရှိရင်တော့ ယခုအပတ်ဟာ အချိန်အခါကောင်းဖြစ်ပါတယ်။
မေထုန်ရာသီဖွား (မေလ ၂၁- ဇွန်လ၂၀)
ယခုအပတ်ဟာ သင့်အတွက်စိတ်အားထက်သန်မှုတွေ အများကြီးမပေးနိုင်ပါဘူး။ စိတ်ပိုင်းနဲ့ရုပ်ပိုင်းပိုမို ကြံ့ခိုင်အောင် ယခုအပတ်မှာ သင်ကြိုးစားနေဖို့ လိုပါတယ်။ ယခုအပတ်အတွင်း နောက်ကျေနာကျင်ခြင်းဖြစ်နိုင်ပြီး ပင်ပန်းတဲ့စိတ်မျိုး ခံစားရနိုင်ပါတယ်။ အချစ်နဲ့ အိမ်ထောင်ရေးမှာတော့ အနည်းငယ်ကောင်းနေပါတယ်။ သင့်ရဲ့လက်တွဲဖော်ဆီကနေ အံ့ဖွယ်ပံ့ပိုးကူညီမှုတွေ၊ surprise တွေကို ရရှိပါလိမ့်မယ်။ အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး အတက်၊ အကျတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် အပြည့်အဝအာရုံစိုက်ပြီး လုပ်ဖို့လိုပါတယ်။ သင့်ရဲ့ ဘဏ္ဏာရေးနဲ့ပတ်သတ်ပြီးတော့လည်း သတိထားဖို့လိုပါတယ်။ တကယ်လို့ ရင်းနှီးမြှပ်နှံမှုပြုတော့မယ်ဆိုရင် နှစ်ခါပြန်စဉ်းစားပြီးမှ ဆုံးဖြတ်ရမယ့် အချိန်ဖြစ်ပါတယ်။ ယခုအပတ်မှာ သင့်ရဲ့မိသားစုနဲ့ အချိန်ပိုဖြုန်းခွင့် ပိုမိုရရှိပါလိမ့်မယ်။ အိမ်ခြံမြေနဲ့ ပတ်သတ်ပြီး ဝယ်ယူဖို့ရှိရင် သင့်လျော်တဲ့သုတေသနတွေကို အရင်ဆုံးကိုယ်တိုင်ပြုလုပ်ပါ။ စည်းစိမ်ဥစ္စာနဲ့ပတ်သတ်ပြီး ပိုမိုတိုးတက်မယ့် အခွင့်အလမ်းတွေကို ရရှိနိုင်ပါတယ်။ ကျောင်းသားဖြစ်ရင် ဘာသာရပ်အသစ်တွေကို လေ့လာပြီး ဖန်တီးမှုတွေကို ပြုလုပ်ရမယ့်အချိန်ပါ။ အိမ်ထောင်သည်တွေအတွက် မကျေလည်တဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ပိုကောင်းတဲ့အချိန်အခါဖြစ်ပြီး လက်တွဲဖော်နဲ့ ပိုမိုခိုင်မာတဲ့ relationship ကိုရရှိပါလိမ့်မယ်။
ကရကဋ်ရာသီဖွား (ဇွန်လ၂၁- ဇူလိုင် ၂၂)
ယခုအပတ်ရဲ့ ပထမဆုံးလေးပတ်ဟာ သင့်ရဲ့ကျန်းမာရေးအတွက် အကောင်းဆုံးအချိန်ဖြစ်ပြီး အမြဲတမ်းစွမ်းအင်ပြည့်ဝသလို ခံစားရပါလိမ့်မယ်။ ယခုလေးရက်ကျော်သွားတဲ့အချိန်မှာတော့ သင့်ရဲ့ မျက်လုံး၊ လက်၊ ပခုံး၊ အာရုံကြောစနစ် စတာတွေနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဝန်ထမ်းတွေအတွက် ယခုအပတ်ရဲ့ ပထမဆုံးနှစ်ရက်နဲ့ နောက်ဆုံးရက်တစ်ရက်ကို ပိုမိုဂရုစိုက်ဖို့လိုပါတယ်။ စီးပွားရေးသမားတွေကတော့ ယခုအပတ်ဟာတိုးတက်မှုကြုံပါလိမ့်မယ်။ ဘဏ္ဏာရေးနဲ့ပတ်သတ်ပြီး ယခုအပတ်ဟာ ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို ပိုင်ဆိုင်ရနိုင်ပါတယ်။ ယခုအပတ်ရဲ့ နောက်ဆုံးလေးရက်မှာ မိသားစုရဲ့ချစ်ခြင်းကို အထူးခံရပြီး သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာတွေ ငွေကြေးအကုန်အကျခံရတွေ ကြုံနိုင်ပါတယ်။ ကျောင်းသားတွေအတွက် ယခုအပတ်ဟာ အောင်မြင်မှုတွေကို ပိုမိုရရှိပါလိမ့်မယ်။ အိမ်ထောင်သည်တွေဆိုရင်တော့ ယခုအပတ်ရဲ့ပထမလေးရက်ဟာ ကောင်းမွန်တဲ့အချိန်တွေ ဖြစ်ပါတယ်။
သိဟ်ရာသီဖွား ( ဇူလိုင်၂၃- သြဂုတ်လ ၂၂)
ယခုအပတ်ရဲ့ ပထမဆုံးလေးရက်ဟာ သင့်ရဲ့ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ကျန်းမာရေးကောင်းတာနဲ့အမျှ လုပ်နိုင်စွမ်းလည်း အရင်ကထက်ပိုမိုတိုးတက်လာပြီး အလုပ်မှာအောင်မြင်မှုတွေ ရရှိပါလိမ့်မယ်။ နောက်ဆုံးသုံးရက်အတွင်းမှာတော့ ဒူးခေါင်း၊ ခြေထောက်၊ မျက်လုံးနဲ့ သွေး ဆိုင်ရာမှာ ပြဿနာကြုံတွေနိုင်တာကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းတွေအတွက် ပထမဆုံးနှစ်ရက်နဲ့ စနေတနင်္ဂနွေမှာ အလုပ်နဲ့ပတ်သတ်ပြီး အပြုသဘောဆောင်တဲ့ ရလာဒ်တွေ ရရှိပါလိမ့်မယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ယခုအချိန်ဟာ ကောင်းတဲ့အချိန်ဖြစ်ပါတယ်။
အခြားရက်တွေမှာ ဆုံးရှုံးမှုတွေ မဖြစ်ဖို့အတွက် သေသေချာချာ ဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ ယခုကာလဟာ သင့်မိသားစုအတွက်လည်း ကောင်းတဲ့အချိန်လေးဖြစ်နေပါတယ်။ မိသားစုဝင်တွေအချင်းချင်း ရင်းရင်းနှီးနှီးနဲ့ ထိတွေ့မှုတွေ ပိုမိုပြုလုပ်နိုင်ပါတယ်။ RS တွေအတွက်ကတော့ သာယာမှုနဲ့ ချစ်ခြင်းကို အရင်ကထက် ပိုမိုခံစားရမယ့် အချိန်ကောင်းလေးတစ်ခုပါပဲ။
ကံရာသီဖွား ( သြဂုတ်လ ၂၃- စက်တင်ဘာ ၂၂)
ယခုအပတ်ရဲ့ အလည်ပိုင်းဖြစ်တဲ့ ၂၅,၂၆ ရက်တွေမှာ အစာအိမ်၊ အသဲ၊ သွေးဖိအား စတဲ့ ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့နိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးပြဿနာကြောင့် အလုပ်အပေါ်ကို ကောင်းစွာအာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ ဝန်ထမ်းတွေအနေနဲ့ကတော့ ယခုအပတ်ရဲ့ ပထမနှစ်ရက်နဲ့ နောက်ဆုံးသုံးရက်ဟာ ကံကောင်းတဲ့အချိန်တွေနဲ့ အခွင့်အလမ်းကောင်းတွေကို ရရှိပါလိမ့်မယ်။
စီးပွားရေးသမားတွေကတော့ အထူးသတိထားရမယ့်အချိန်ဖြစ်ပါတယ်။မိသားစုဘဝမှာတော့ ယခုအပတ်ရဲ့ပထမဆုံး ၄ရက်မှာ ပျော်ရွင်မှုတွေကို အပြည့်အဝခံစားရမှာဖြစ်ပါတယ်။ ယခုအပတ်မှာ အိမ်ခြံမြေ အရောင်းအဝယ်ကိစ္စတွေကို မပြုလုပ်တာကောင်းပါတယ်။ ဝင်ငွေတိုးချင်တယ်ဆိုရင်တော့ ပထမလေးရက်ဟာ ကံကောင်းတဲ့ရက်တွေ ဖြစ်ပါတယ်။ အဝတ်အစား အသုံးအဆောင်တွေနဲ့ ပတ်သတ်ပြီး ငွေကုန်ကြေးကျများနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။
တူရာသီဖွား (စက်တင်ဘာ၂၃- အောက်တိုဘာ ၂၂)
ယခုအပတ်မှာ သင့်အတွက် အခွင့်အလမ်းအသစ်တွေကို ရရှိနိုင်ဖို့အတွက် အရမ်းကိုအလုပ်ရှုပ်နေပါလိမ့်မယ်။ သင့်ရဲ့ personal ဘဝမှာအနည်းငယ်ပျင်းရိသလိုခံစားရနေပါလိမ့်မယ်။ ယခုလိုခံစားချက်က သင့်ကိုအလုပ်မှာပါပျင်းရိသွားစေနိုင်တာကြောင့် ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အစိုးရဆိုင်ရာကိစ္စရပ်တွေနဲ့ တရားရုံးအရှုပ်အထွေးတွေကို ဖြေရှင်းရကိန်းကြုံနိုင်ပါတယ်။ ယခုအပတ်ဟာ သင့်ရဲ့စိတ်ရှည်သည်းခံမှုကို စမ်းသပ်တဲ့အချိန်ပါ။
မိသားစုဝင်တွေရဲ့ လေးစားခံရမှုနဲ့ နူးညံ့စွာဆက်ဆံမှုတွေကိုလည်း ခံစားရနိုင်ပါတယ်။ သင့်ရဲ့မိသားစုဝင်တွေအတွက် ဇိမ်ခံအရာတွေကို ဝယ်ပေးဖို့ ကြိုးစားနိုင်ပါတယ်။ ယခုအပတ်ဟာ သင့်ရဲ့ ပါစင်နယ်ဘဝနဲ့ ပရောဖက်ရှင်နယ်ဘဝကို balance ဖြစ်ဖို့ ကြိုးစားနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ မိသားစုဝင်တွေ သို့မဟုတ် သူငယ်ချင်းတွေနဲ့ ခရီးထွက်ရကိန်း မြင့်မားနေပါတယ်။ သားသမီးဆိုင်ရာကိစ္စရပ်တွေရှိရင်လည်း ယခုအချိန်ဟာ ဖြေရှင်းပြီးစီးမယ့်အချိန်ပါ။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃- နိုဝင်ဘာ ၂၁)
ယခုအပတ်ဟာ သင့်ရဲ့စိတ်ကိုအေးချမ်းအောင် ဂရုစိုက်ရမယ့် အချိန်ဖြစ်ပါတယ်။ ယခုတပတ်အတောအတွင်း သင့်ရဲ့စီးပွားရေးဆိုင်ရာမှာ အခြားဘယ်သူ့ကိုမှ မယုံကြည်သင့်ပါဘူး အစိုးရနဲ့ဆက်စပ်တဲ့ အလုပ်တွေရှိရင် နှောင့်နှေးကြန့်ကြာမှုတွေ ရုန်းကန်ရမှုတွေ ကြုံတွေ့နိုင်ပါတယ်. သွင်းကုန်၊ ထုတ်ကုန်နဲ့ပတ်သတ်တဲ့ အလုပ်တွေမှာ ကြီးမားတဲ့အမြတ်အစွန်းတွေကို ရရှိခံစားရနိုင်ပါတယ်။ ယခုတပတ်အတွင် မတော်တဆမှုမှာ ထိခိုက်ဒါဏ်ရာရမှုကို ကြုံတွေ့ရနိုင်တာကြောင့် ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ အလုပ်နဲ့ပတ်သတ်တဲ့ ခရီးတွေထွက်ရကိန်းရှိပါတယ်။ နိုင်ငံခြားနဲံဆက်စပ်တဲ့အလုပ်တွေလုပ်တဲ့သူတွေအနေနဲ့ နိုင်ငံရပ်ခြားကို ခရီးထွက်ရကိန်းကြုံပါလိမ့်မယ်။ အစိုးရအလုပ်လုပ်သူတွေမှာ ရာထူး နေရာအပြောင်းအရွေ့ ကိစ္စရပ်တွေ ကြုံတွေ့နိုင်ပါတယ်။ ယခုတပတ်အတွင်း မိသားစုဝင်တွေ အိမ်နီးချင်းတွေနဲ့ စကားများရန်ဖြစ်ခြင်းကို ရှောင်ကျဉ်ပေးပါ။
ဓနုရာသီဖွား ( နိုဝင်ဘာ၂၂-ဒီဇင်ဘာ၂၁)
ယခုအပတ်မှာတော့ သင့်ရဲ့ relationship အတွင်း အသေးစားနားလည်မှုလွဲမှုတွေကို ကြုံတွေ့ရနိုင်ပြီး ဒီအရာတွေကို ဂရုမစိုက်ရင် ပိုဆိုးတာတွေကို ကြုံတွေ့နိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအတွက်ကတော့ ထူးထူးခြားခြားပြောင်းလဲမှုမျိုး မရှိနိုင်ပေမယ့် စိတ်ဖိစီမှုများသလို ခံစားရနိုင်ပါတယ်။ တသီးပုဂ္ဂလ စီးပွားရေးလုပ်ငန်းတွေကို လုပ်သူတွေအနေနဲ့ အခြားမြို့ သို့မဟုတ် အခြားနိုင်ငံကို ခရီးသွားရကိန်းမြင့်မားနေပါတယ်။ သွင်းကုန်ထုတ်ကုန် လုပ်ငန်းလုပ်သူတွေအတွက် ကံအထူးကောင်းနေတဲ့ အချိန်ဖြစ်ပါတယ်။ သားသမီးတွေရဲ့ ထောက်ပံ့မှုကိုလည်း ရရှိခံစားရမယ့် အချိန်ဖြစ်ပါတယ်။ သားသမီးတွေရဲ့ အလုပ်နဲ့ပညာရေး အောင်မြင်မှုတွေကြောင့် ပျော်ရွင်မှုကို သင်ခံစားနေရမယ့် အချိန်ပါ။
စီးပွားရေးနဲ့ပတ်သတ်ပြီး ကြီးကြီးမားမားပြောင်းလဲတာမျိုး မရှိပဲ ယောက္ခမဆီက အမွေရတဲ့ကိစ္စမျိုး ကြုံနိုင်ပါတယ်။ ကျောင်းသားတွေအနေနဲ့ စာကိုအပြည့်အဝအာရုံစိုက်နိုင်ပြီး ဘာသာရေးစာအုပ်တွေကို ဖတ်ရတာစိတ်ဝင်စားနေပါမယ်။ အိမ်ထောင်သည်တွေအတွက် လက်တွဲဖော်နဲ့ ပြဿနာကြီးကြီးမားမားမတက်ပဲ နွေးထွေးမှုကို ပိုပြီးခံစားရမယ့် ကာလဖြစ်ပါတယ်။
မကရရာသီဖွား( ဒီဇင်ဘာ၂၂- ဇန်နဝါရီ ၁၉)
ယခုအပတ်ရဲ့ ပထမနှစ်ရက်နဲ့ နောက်ဆုံးသုံးရက်မှာ ကျန်းမာရေးကောင်းနေပြီး ကြားရက်တွေမှာ ဆီး၊ သွေး၊ အရေပြားဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဝန်ထမ်းအလုပ်လုပ်သူတွေအနေနဲ့ အရေးကြီးတဲ့ပရောဂျက်အချို့ကို အထက်လူကြီးတွေနဲ့ ဆွေးနွေးပြီးဆောင်ရွက်ရနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ပထမဆုံးနှစ်ရက်ဟာ အရေးကြီးတဲ့ meeting တွေတက်ရကိန်းရှိပါတယ်။ ဘဏ္ဏာရေးနဲ့ပတ်သတ်ပြီ ပထမဆုံးနှစ်ရက်နဲ့ နောက်ဆုံးသုံးရက်ဟာ ကံအထူးကောင်းတဲ့ ရက်တွေပါ။ မိသားစုအတွက် ကလေးတွေအတွက် အရင်ကထက်ပိုပြီး အချိန်ပေးနိုင်ပါလိမ့်မယ်။ သင့်ရဲ့မိသားစုကလည်း သင့်ကိုပိုပြီး လေးစားလာကြပါတယ်။ ယခုအပတ်မှာ အိမ်ခြံမြေနဲ့ပတ်သတ်ပြီး ဝယ်ယူသင့်တဲ့အချိန်ဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ နည်းပညာနဲ့ သိပ္ပံကို ပိုပြီးစိတ်ဝင်စားနေလျှက်ရှိပြီး အိမ်ထောင်ရှင်တွေအတွက်ကလည်း ပထမဆုံးလေးရက်ဟာ ပျော်စရာကောင်းတဲ့ အချိန်တွေဖြစ်နေပါလိမ့်မယ်။
ကုံရာသီဖွား ( ဇန်နဝါရီ၂၀- ဖေဖော်ဝါရီ ၁၈)
ယခုအပတ်ဟာ သင့်အတွက်သာမာန်အချိန်လိုပဲ ထူးထူးခြားခြားပြောင်းလဲသွားတာမျိုး မရှိနိုင်ပါဘူး။ ဝန်ထမ်းအလုပ်လုပ်သူတွေ အနေနဲ့ အလုပ်ပိုတွေနဲ့ တာဝန်တွေကို ရရှိနိုင်ပါတယ်။ ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီး သာမာန်အတိုင်းရှိနေပါတယ်။ သင်မျှော်လင့်ထားသလောက် သင့်လက်တွဲဖော်ရဲ့ ထောက်ပံ့ကူညီမှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ အရေးကြီးတဲ့ အစည်းအဝေးပွဲတွေ တက်ရကိန်းရှိပြီး သင့်ရဲ့ဝန်ထမ်းတွေက သင့်ကိုကူညီပါလိမ့်မယ်။ ကျောင်းသားတွေအနေနဲ့ ရုပ်ရှင်၊ ဂီတနဲ့ပတ်သတ်ပြီး ဝါသနာပါရင် ယခုအပတ်ဟာ သင့်အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်တဲ့ ကာလဖြစ်ပါတယ်။ သင့်ရဲ့အာရုံစူးစိုက်မှုကို ကောင်းမွန်စေဖို့အတွက် ယခုအပတ်မှာ ယောဂလေ့ကျင့်ခန်း သို့မဟုတ် တရားထိုင်တာတွေကို ပြုလုပ်ပေးပါ။ မှတ်ဉာဏ်ဟောင်းတွေကို ပြန်လည်အမှတ်ရစေပြီး သူငယ်ချင်းဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ relationship အတွင်းမှာ ပြဿနာတွေရှိရင် ယခုအချိန်ဟာ ဖြေရှင်းဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာပြဿနာတွေ ရှိရင်လည်း ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ပိုင်ဆိုင်မှုနဲ့ပတ်သတ်ပြီး
အရမ်းကိုနှေးကွေးနေတဲ့ အချိန်လည်းဖြစ်ပါတယ်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၂၁- ဇန်နဝါရီလ ၂၇)
ယခုတပတ်မှာ သင့်ရဲ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး အာရုံကြော၊ အစာအိမ်၊ အသဲ၊ သွေး စတာတွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အချိန်တိုအတွင်း ဆုံးဖြတ်ရမယ့်ကိစ္စတွေကို လွယ်လွယ်မပြုလုပ်ပဲ နှစ်ကြိမ်ပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းလုပ်သူတွေအတွက် ပထမဆုံးလေးရက်ဟာ တိုးတက်တဲ့ပြောင်းလဲမှုတွေနဲ့ အောင်မြင်မှုတွေကို ကြုံတွေ့နိုင်ပါတယ်။ စီးပွားရဂေလုပ်ငန်းရှင်တွေအနေနဲ့ ပထမဆုံးနှစ်ရက်နဲ့ နောက်ဆုံးနှစ်ရက်မှာ ဆုံးရှုံးမှုတွေကို ကြုံတွေ့နိုင်တာကြောင့် ဂရုစိုက်ဖို့ လိုပါတယ်။ မိသားစုနဲ့ပတ်သတ်တဲ့ ကိစ္စရပ်တွေကို ဆောာင်ရွက်တဲ့အခါ အထူးအောင်မြင်မှ ရရှိပါလိမ့်မယ်။ အိမ်ခြံမြေ အရောင်းအဝယ်ကိစ္စတွေနဲ့ ပတ်သတ်ပြီး သတင်းကောင်းတွေကို ကြားရနိုင်ပါတယ်။ ကျောင်းသားတွေအနေနဲ့ သိပ္ပံ၊ နည်းပညာ၊ ဥပဒေ စတဲ့ဘာသာရပ်တွေကို ပိုမိုစိတ်ဝင်စားနေပြီး အိမ်ထောင်ရှင်တွေအနေနဲ့ ကောင်းတဲ့ကံကြမ္မာမှာ ရှိနေပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Source
Zaw gyi font