မွေးနေ့လက်ဆောင် BMW ကားသစ်ကြီးဝယ်ပေးပေမဲ့ မလိုချင်လို့ မြစ်ထဲမောင်းချတဲ့ သားဖြစ်သူရဲ့ လုပ်ရပ်

0
123
BMW ကားသစ်ကြီး

တစ်နေ့ဝမ်းစာကို တစ်နေ့တောင် အနိုင်နိုင် စားသောက်ဖို့ မနည်းရှာဖွေနေရတဲ့ခေတ်ကြီးထဲမှာ အချို့သော သူတွေကတော့ လူအလို နတ်မလိုက်နိုင်ဘူး ဆိုသလို ရလေ လိုလေ အိုတစ္စေ ဖြစ်နေတုန်းပါပဲ။

-Advertisement-

ယခုလည်း မိဘဖြစ်သူက မွေးနေ့လက်ဆောင်အဖြစ် သားဖြစ်သူကို BMW ကားအသစ်ကြီးဝယ်ပေမဲ့ သားဖြစ်သူကတော့ လူလိုချင်တဲ့ ကား brand မျိုးမဟုတ်လို့ မိဘတွေဝယ်ပေးတဲ့ BMW ကားကို မောင်းပြီး မြစ်ထဲထိုးချခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ Haryana မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ Akash အမည်ရှိတဲ့ ကောင်လေးရဲ့ မိဘတွေဟာ Haryana မြို့မှာတော့ မြေတော်တော်များများ ပိုင်ဆိုင်ထားတဲ့ သူဌေးတွေပါ။ အဲ့ဒါကြောင့်လဲ သားဖြစ်သူမွေးနေ့မှာ မျက်နှာမငယ်ရအောင် BMW M3 မော်ဒယ်ရှိတဲ့ တန်ဖိုးကြီးဇိမ်ခံကားကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမဲ့ Akash လိုချင်တာက Jaguar brand ထဲကဖြစ်ပြီး အခုမိဘတွေဝယ်ပေးတဲ့ ကားကို စိတ်တိုင်း မကျခဲ့ပါဘူး။ ဒါ့ကြောင့် ကားကို သူ့ ရဲ့ သူငယ်ချင်းတစ်သိုက်ကို မောင်းခိုင်းပြီး မြစ်ထဲ ထိုးချခိုင်းခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့အခါမှာတော့ ဒီအဖြစ်အပျက်အားလုံးကို သူကိုယ်တိုင်ပဲ ဗီဒီယို ရိုက်ကူးခဲ့တာပါ။ အဲ့ဒီနောက် တဖြည်းဖြည်းနဲ့ ကားဟာ ရေထဲမျှောပါသွားပြီး မြစ်လယ်ခေါင်က အပင်တွေကြားမှာ ငြိနေခဲ့ပါတယ်။

ဒေါသအလျှောက် စိတ်လိုက်မာန်ပါ လုပ်ပြီးမှ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အနီးနားက ဒေသခံလူအချို့ကို အကူအညီတောင်းပြီး ကားကို မနည်းပြန်ဆယ်ယူခဲ့ရပါတယ်။ လက်ရှိမှာတော့ ရဲတွေက ဒီကိစ္စရဲ့ အသေးစိတ်အချက်လက်တွေကို လိုက်လံစစ်ဆေးနေပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ဇနီးသည် မသေခင်က ပေးသွားတဲ့ ပေဗူးလေး ပြုတ်ကျသွားလို့ တံတားအောက် ခုန်ချပြီး ဆင်းဆယ်တဲ့ အမျိုးသား

Zawgyi Fonts

ေမြးေန႔လက္ေဆာင္ BMW ကားသစ္ႀကီးဝယ္ေပးေပမဲ့ မလိုခ်င္လို႔ ျမစ္ထဲေမာင္းခ်တဲ့ သားျဖစ္သူရဲ့ လုပ္ရပ္
တစ္ေန႔ဝမ္းစာကို တစ္ေန႔ေတာင္ အနိုင္နိုင္ စားေသာက္ဖို႔ မနည္းရွာေဖြေနရတဲ့ေခတ္ႀကီးထဲမွာ အခ်ိဳ႕ေသာ သူေတြကေတာ့ လူအလို နတ္မလိုက္နိုင္ဘူး ဆိုသလို ရေလ လိုေလ အိုတေစၥ ျဖစ္ေနတုန္းပါပဲ။

ယခုလည္း မိဘျဖစ္သူက ေမြးေန႔လက္ေဆာင္အျဖစ္ သားျဖစ္သူကို BMW ကားအသစ္ႀကီးဝယ္ေပမဲ့ သားျဖစ္သူကေတာ့ လူလိုခ်င္တဲ့ ကား brand မ်ိဳးမဟုတ္လို႔ မိဘေတြဝယ္ေပးတဲ့ BMW ကားကို ေမာင္းၿပီး ျမစ္ထဲထိုးခ်ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ အိႏၵိယနိုင္ငံ Haryana ၿမိဳ႕မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ Akash အမည္ရွိတဲ့ ေကာင္ေလးရဲ့ မိဘေတြဟာ Haryana ၿမိဳ႕မွာေတာ့ ေျမေတာ္ေတာ္မ်ားမ်ား ပိုင္ဆိုင္ထားတဲ့ သူေဌးေတြပါ။ အဲ့ဒါေၾကာင့္လဲ သားျဖစ္သူေမြးေန႔မွာ မ်က္ႏွာမငယ္ရေအာင္ BMW M3 ေမာ္ဒယ္ရွိတဲ့ တန္ဖိုးႀကီးဇိမ္ခံကားကို ေမြးေန႔လက္ေဆာင္အျဖစ္ေပးခဲ့တာပဲျဖစ္ပါတယ္။

ဒါေပမဲ့ Akash လိုခ်င္တာက Jaguar brand ထဲကျဖစ္ၿပီး အခုမိဘေတြဝယ္ေပးတဲ့ ကားကို စိတ္တိုင္း မက်ခဲ့ပါဘူး။ ဒါ့ေၾကာင့္ ကားကို သူ႔ ရဲ့ သူငယ္ခ်င္းတစ္သိုက္ကို ေမာင္းခိုင္းၿပီး ျမစ္ထဲ ထိုးခ်ခိုင္းခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့အခါမွာေတာ့ ဒီအျဖစ္အပ်က္အားလုံးကို သူကိုယ္တိုင္ပဲ ဗီဒီယို ရိုက္ကူးခဲ့တာပါ။ အဲ့ဒီေနာက္ တျဖည္းျဖည္းနဲ႔ ကားဟာ ေရထဲေမၽွာပါသြားၿပီး ျမစ္လယ္ေခါင္က အပင္ေတြၾကားမွာ ၿငိေနခဲ့ပါတယ္။

ေဒါသအေလၽွာက္ စိတ္လိုက္မာန္ပါ လုပ္ၿပီးမွ သူ႔ရဲ့ သူငယ္ခ်င္းေတြနဲ႔ အနီးနားက ေဒသခံလူအခ်ိဳ႕ကို အကူအညီေတာင္းၿပီး ကားကို မနည္းျပန္ဆယ္ယူခဲ့ရပါတယ္။ လက္ရွိမွာေတာ့ ရဲေတြက ဒီကိစၥရဲ့ အေသးစိတ္အခ်က္လက္ေတြကို လိုက္လံစစ္ေဆးေနပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here