မွတ်စလင်အမျိုးသမီးတွေအတွက် Hijabs ပါဝင်တဲ့ ကီမိုနိုဝတ်စုံကို ဖန်တီးခဲ့တဲ့ ဂျပန်ကုမ္ပဏီ
0
30
အရင်ကဆိုရင် ဂျပန်နိုင်ငံကို အလည်အပတ်လာရောက်တဲ့ မွတ်စလင်အမျိုးသမီးတွေဟာ သူမတို့ရဲ့ဘာသာရေးအရ Hijab (ဘူခါ) ခြုံခွင့်မရတောကြောင့် ကီမိုနိုဝတ်စုံကို မဝတ်ဆင်ခဲ့ကြပါဘူး။
ယခုအချိန်မှာတော့ ဂျပန်ရိုးရာ ကီမိုနိုဝတ်စုံကို ဝတ်ဆင်နိုင်ဖို့အတွက် Hijab ပါဝင်အောင် ဖန်တီးထားတာကြောင့် အဆင်ပြေသွားပါပြီ။ အဆိုပါဖက်ရှင်စတိုးဟာ ကျိုတိုမြို့မှာရှိပြီး ဆိုင်နာမည်ကတော့ Yumayakata’s ဖြစ်ပါတယ်။ အဆိုပါဝတ်စုံတွေကို ငှားရမ်းဝတ်ဆင်နိုင်ပြီး စျေးနှုန်းကတော့ ယွမ် ၅၀၀ လောက်ကျသင့်မှာဖြစ်ကြောင်း သိရပါတယ်။
ဒီဇိုင်းဖန်တီးသူဟာ ဂျပန်ရဲ့ရိုးရာကို မထိခိုက်စေယုံသာမက လုံးဝလိုက်ဖက်အောင် ဖန်တီးနိုင်ခဲံတာကို တွေ့ရပါတယ်။ အဆိုပါဆိုင်မှာ hihab ဒီဇိုင်း အမျိုး ၂၀ ကျော်ရှိပြီး ဆာကူရာ yukiwa (snow ring) စတဲ့နာမည်ကျော်ဒီဇိုင်းအဆင်တွေလည်း ပါဝင်သလို နွေရာသီအတွက်လည်း နောက်ထပ် ဒီဇိုင်းအမျိုး ၅၀ ဖန်တီးလျှက်ရှိပါတယ်။
ယခုလိုဖန်တီးမှုအတွက် ကမ္ဘာအရပ်ရပ်က မူစလင်အမျိုးသမီးတွေ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Source
Zawgyi
LM_Naung_Naung
Lifestyle_Myanmar
Source
LEAVE A REPLY
Please enter your comment!
Please enter your name here