မြွေဟောက်ရန်ကနေ ကာကွယ်ရင်း သခင့်အတွက် အသက်ပေးသွားတဲ့ ခွေးလေး

0
428
ခွေးချစ်သူ
ခွေးချစ်သူ

Jego Macs လို့ အမည်ပေးထားတဲ့ အိမ်မွေးခွေးလေးဟာ သခင်အပေါ်သိတတ်သလို အရမ်းလဲ ချစ်ဖို့ကောင်းတဲ့ အိမ်မွေးခွေးလေးတစ်ကောင်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ သခင်မိသားစု ညဘက် တီဗီကြည့်နေစဉ် Jego ဆီက ကျယ်လောင်တဲ့ ဟောင်သံကို ထွက်ပေါ်လာခဲ့ပါတယ်။ သာမန် လူသွား လူလာ ဟောင်တယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းတော့ Jego ဟောင်တာဟာ အိမ်ထဲကို မြွေဟောက်တစ်ကောင်ဝင်နေလို့ ဟောင်နေတာဖြစ်ပါတယ်။ ဟောင်သံတိတ်သွားလို့ သွားကြည့်တဲ့အခါမှာတော့ Jego က လှေကားအောက်ကနေ အဆိပ်ပြင်းတဲ့ မြွေဟောက်ကိုကိုက်ချီပြီး ယူထုတ်လာပါတယ်။

Jego ဟာ အိမ်ထဲခိုးဝင်နေတဲ့ မြွေဟာက်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ မြွေကို သေအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒါနဲ့ သခင်မိသားစုလည်း သူတို့ရဲ့ ခွေးလေးဟာ သူရဲကောင်းလေးပဲဆိုပြီး Jego သတ်ဖြတ်ထားတဲ့ မြွေနဲ့ သူ့ရဲ့ ပုံကို ဓာတ်ပုံရိုက်ထားခဲ့ကြပါတယ်။ စိတ်မကောင်းစရာကတော့ Jego ဟာ မြွေဟောက်ကို သတ်ပြီး ငါးမီနစ်အကြာလောက်မှာပဲ သေသွားခဲ့တာဖြစ်ပါတယ်။ အရေးပေါ်ယာဥ်ခေါ်ပြီး ဆေးကုသဖို့ ပြုလုပ်ခဲ့ပေမဲ့ Jego ရဲ့ ကိုယ်ထဲမှာ အဆိပ်တွေက ပြန့်နှံ့နေတာကြောင့် အချိန်ခဏအတွင်းမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သခင်က သူ့အသက်ကို ကယ်ဖို့ အချိန်မမှီလိုက်ပေမဲ့ Jego ကတော့ သခင်မိသားစုအပေါ် ကျရောက်မဲ့ အန္တရာယ်ကို ဆုံးခန်းတိုင်အောင် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

Jego လေးဟာ သခင်ကို အသက်ကို စွန့်လွတ်ခဲ့ပြီး ကယ်တင်ခဲ့တာကြောင့် သူခင်ဖြစ်သူအနေနဲ့ သူ့တို့ရဲ့ သူရဲကောင်းခွေးလေးကို အရမ်းပဲ စိတ်မကောင်းဖြစ်မိပါတယ်။ အဲ့ဒီနောက် သူတို့ရဲ့ အိမ်မွေးခွေးလေးကို “ငါတို့ အရမ်းချစ်ရတဲ့ ခွေးလေးရေ၊ သေသွားတယ်ဆိုတာ ငါတို့ ယုံတောင် မယုံနိုင်ဘူး။ မင်းဟာ ငါတို့အားလုံးရဲ့ အသက်ကို ကယ်တင်လိုက်နိုင်တဲ့ တကယ့်သူရဲကောင်းလေးပါ” ဆိုတဲ့ စာသားနဲ့ သူ့သေဆုံးခါနီးတုန်းက ရိုက်ထားတဲ့ ပုံလေးနဲ့အတူ ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေပေးခဲ့တာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

လက်ဝှေ့မယ်ကိုမှ ဓားပြသွားတိုက်မိလို့ နောင်တတွေနဲ့ ရင်ဆိုင်လိုက်ရတဲ့ ချိဖ

Zawgyi fonts

ေႁမြေဟာက္ရန္ကေန ကာကြယ္ရင္း သခင့္အတြက္ အသက္ေပးသြားတဲ့ ေခြးေလး
Jego Macs လို႔ အမည္ေပးထားတဲ့ အိမ္ေမြးေခြးေလးဟာ သခင္အေပၚသိတတ္သလို အရမ္းလဲ ခ်စ္ဖို႔ေကာင္းတဲ့ အိမ္ေမြးေခြးေလးတစ္ေကာင္ပဲျဖစ္ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ရက္ပိုင္းမွာေတာ့ သခင္မိသားစု ညဘက္ တီဗီၾကည့္ေနစဥ္ Jego ဆီက က်ယ္ေလာင္တဲ့ ေဟာင္သံကို ထြက္ေပၚလာခဲ့ပါတယ္။ သာမန္ လူသြား လူလာ ေဟာင္တယ္လို႔ ထင္ခဲ့ေပမဲ့ တကယ္တမ္းေတာ့ Jego ေဟာင္တာဟာ အိမ္ထဲကို ေႁမြေဟာက္တစ္ေကာင္ဝင္ေနလို႔ ေဟာင္ေနတာျဖစ္ပါတယ္။ ေဟာင္သံတိတ္သြားလို႔ သြားၾကည့္တဲ့အခါမွာေတာ့ Jego က ေလွကားေအာက္ကေန အဆိပ္ျပင္းတဲ့ ေႁမြေဟာက္ကိုကိုက္ခ်ီၿပီး ယူထုတ္လာပါတယ္။

Jego ဟာ အိမ္ထဲခိုးဝင္ေနတဲ့ ေႁမြဟာက္နဲ႔ တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ေႁမြကို ေသေအာင္ တိုက္ခိုက္နိုင္ခဲ့ပါတယ္။ ဒါနဲ႔ သခင္မိသားစုလည္း သူတို႔ရဲ့ ေခြးေလးဟာ သူရဲေကာင္းေလးပဲဆိုၿပီး Jego သတ္ျဖတ္ထားတဲ့ ေႁမြနဲ႔ သူ႔ရဲ့ ပုံကို ဓာတ္ပုံရိုက္ထားခဲ့ၾကပါတယ္။ စိတ္မေကာင္းစရာကေတာ့ Jego ဟာ ေႁမြေဟာက္ကို သတ္ၿပီး ငါးမီနစ္အၾကာေလာက္မွာပဲ ေသသြားခဲ့တာျဖစ္ပါတယ္။ အေရးေပၚယာဥ္ေခၚၿပီး ေဆးကုသဖို႔ ျပဳလုပ္ခဲ့ေပမဲ့ Jego ရဲ့ ကိုယ္ထဲမွာ အဆိပ္ေတြက ျပန္႔ႏွံ့ေနတာေၾကာင့္ အခ်ိန္ခဏအတြင္းမွာပဲ ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။ သခင္က သူ႔အသက္ကို ကယ္ဖို႔ အခ်ိန္မမွီလိုက္ေပမဲ့ Jego ကေတာ့ သခင္မိသားစုအေပၚ က်ေရာက္မဲ့ အႏၲရာယ္ကို ဆုံးခန္းတိုင္ေအာင္ ကာကြယ္သြားနိုင္ခဲ့ပါတယ္။

Jego ေလးဟာ သခင္ကို အသက္ကို စြန္႔လြတ္ခဲ့ၿပီး ကယ္တင္ခဲ့တာေၾကာင့္ သူခင္ျဖစ္သူအေနနဲ႔ သူ႔တို႔ရဲ့ သူရဲေကာင္းေခြးေလးကို အရမ္းပဲ စိတ္မေကာင္းျဖစ္မိပါတယ္။ အဲ့ဒီေနာက္ သူတို႔ရဲ့ အိမ္ေမြးေခြးေလးကို “ငါတို႔ အရမ္းခ်စ္ရတဲ့ ေခြးေလးေရ၊ ေသသြားတယ္ဆိုတာ ငါတို႔ ယုံေတာင္ မယုံနိုင္ဘူး။ မင္းဟာ ငါတို႔အားလုံးရဲ့ အသက္ကို ကယ္တင္လိုက္နိုင္တဲ့ တကယ့္သူရဲေကာင္းေလးပါ” ဆိုတဲ့ စာသားနဲ႔ သူ႔ေသဆုံးခါနီးတုန္းက ရိုက္ထားတဲ့ ပုံေလးနဲ႔အတူ ဆိုရွယ္မီဒီယာေပၚမွာ မၽွေဝေပးခဲ့တာျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here