မြေအောက်ခန်းထဲမှာ အမှောင်ချပိတ်လှောင်ခံထားရတဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူ

0
282
Peng
Peng

စီချွမ်ပြည်နယ် xixia မြို့မှာနေထိုင်တဲ့ Peng အမည်ရှိ အသက် ၄၅နှစ်အရွယ် တရုတ်လူလတ်ပိုင်းအမျိုးသမီးတစ်ဦးဟာ ယာဉ်မတော်တဆမှုတစ်ခုကြောင့် ဉီးနှောက်အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းခဲ့ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ မိသားစု၀င်တွေဟာ
သူမကို အမှောင်ချပြီးမြေအောက်ခန်းထဲမှာ သော့ခတ်ပိတ်လှောင်ထားခဲ့တာြဖစ်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက သူမကို ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူခဲ့တာကြောင့် သူမရဲ့အခြေအနေက အတော်လေးတိုးတက်လာပါတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်ပြီး သိပ့်မကြာခင်
ကာလအတွင်း သူမရဲ့ အခြေအနေက ပိုဆိုးသထက်ဆိုးလာပါတယ်။

စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတာကြောင့် အခြား အိမ်နီးနားချင်းတွေရဲ့ အိမ်အတွင်း တံခါးတွေ ချိုးဖျက်၀င်ရောက်ခြင်း၊ ခြံစည်းရိုးတွေ ရိုက်ချိုး၀င်ရောက်ခြင်းစတဲ့ ထိတ်လန့်ဖွယ် လုပ်ရက်တွေ ပြုမူ နေတာကြောင့် သူမကို မိသားစု၀င်တွေက မြေအောက်ခန်းထဲမှာ
ခုလို ပိတ်လှောင်ထားခဲ့တာြဖစ်ပါတယ်။ သူမအတွက် ထမင်းစားချိန်၊ ရေတိုက်ချိန်ရောက်မှ ကားထားတဲ့ သံဇကားပေါက်ကနေ သူမအတွက်စားစရာပို့ပေးတာဖြစ်ပါတယ်။ peng တစ်ယောက် ဒီလိုပုံစံနဲ့ပဲ သူ့ဘ၀ကို အချိန်အတော်ကြာြဖတ်သန်းခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်ရောက်မှာတော့ ဒေသခံတစ်ဦးက အမြေအောက်ခန်းထဲမှာ ပိတ်လှောင်ခံထားရတဲ့ peng ရဲ့ဓာတ်ပုံနဲ့အတူ မီဒီယာတွေကို အကူအညီတောင်းခဲ့ပါတယ်။ ထို့နောက် မီဒီယာတွေကနေ တဆင့်ဒေသခံ ရဲများကသိပြီး သူမကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူမကိုမြေအောက်ခန်းကနေ
ကယ်ထုတ်ပြီး နောက်တစ်ဖန်ဆေးကုသမှုခံယူဖို့ ဆေးရုံကို ထပ်မံခေါ်ဆောင်သွားခဲ့ပါတယ်။

#Lifestyle_Myanmar

Thar_Nage

ရင်နင့်ဖွယ် တောမီးလောင်မှုကြောင့် သေကြေပျက်စီးသွားတဲ့ တောရိုင်း တိရိစ္ဆာန်အချို့

LEAVE A REPLY

Please enter your comment!
Please enter your name here