မြေပဲထောပတ်စားသင့်တဲ့ အကြောင်းရင်း (၉)ခု

0
34

မြေပဲထောပတ်ဟာ ကိုယ်အလေးချိန်ကျခြင်း၊ ရင်သားကင်ဆာ ကာကွယ်ခြင်း၊ အိပ်မပျော်တာကို လျှော့ချပေးခြင်းနှင့် စတဲ့ကောင်းကျိုးတွေအပြင် ကိုယ်ခန္ဓာအတွင်း အပြုသဘောဆောင်သော ပြောင်းလဲမှုများစွာကို အားပေးတဲ့ သဘာဝ ရတနာတစ်ပါးဖြစ်ပါတယ်။ ၎င်းမှာ ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့ ဗီတာမင်၊ သတ္တုဓါတ်များ၊ ကျန်းမာတဲ့အဆီတို့နှင့် ပြည့်နှက်နေပါတယ်။ စာဖတ်သူတွေကို ပိုကျန်းမာစေချင်တာကြောင့် အံ့သြဖွယ်ကောင်းတဲ့ ဒီမြေပဲထောပတ်ရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်။

-Advertisement-

၁။ ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်

မြေပဲမှာ သဘာဝပရိုတင်းနှင့် သဘာဝအဆီများက ကင်ဆာကဲ့သို့သော ရင်သားကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို သိသိသာသာ လျော့နည်းစေပါတယ်။ ရင်သားကင်ဆာ သုတေသနဖောင်ဒေးရှင်းနှင့် အမေရိကန် အမျိုးသားကျန်းမာရေးအင်စတီကျူတို့မှ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုက ၎င်းကို ထောက်ခံခဲ့ပါတယ်။ ဒီထုတ်ကုန်ကို နေ့စဉ်စားခြင်းဟာ အထူးသဖြင့် ရင်သားကို အကျိုးပြုပါတယ်။ ဓါတ်မတည့်တာ မရှိဘူးဆိုရင် နေ့စဉ်စားနိုင်ပါတယ်နော်။

၂။ ကိုယ်အလေးချိန်ကျခြင်းကို တိုးမြှင့်ပေးပါတယ်

မြေပဲထောပတ်ကို အဆီအရမ်းများတယ်လို့ ယူဆကြပါတယ်။ မြေပဲထောပတ်ဟာ ပရိုတင်း၊ အမျှင်နှင့် အာဟာရဓါတ်များစွာ ရရှိပါတယ်။ ၎င်းဟာ သွေးသကြားဓါတ်အဆင့်ကို မပြောင်းလဲစေဘဲ ကျန်းမာတဲ့ဒြပ်စင်များနှင့်အတူ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးပါတယ်။ တစ်ပတ်ကို ၂ကြိမ် ၂ဇွန်းစားပေးရင် ကိုယ်အလေးချိန်တိုးတာကို လျှော့ချနိုင်ပါတယ်။

၃။ စိတ်ဖိစီးမှုအဆင့်ကို လျော့နည်းစေပါတယ်

၎င်းမှာ စိတ်ဖိစီးမှုဟော်မုန်း (cortisol) အဆင့်ကို ပုံမှန်ဖြစ်စေဖို့ betasitosterol လို့ခေါ်တဲ့ sterol အပင်ပါဝင်ပါတယ်။ ၎င်းမှာကျန်းမာတဲ့အဆီတွေ၊ အင်တီအောက်ဆီဒင့်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ကယ်လစီယမ်နှင့် ဗီတာမင်စီတွေ ပါဝင်ပါတယ်။ သင်အကြိုက်ဆုံး snack တစ်ခုခုနဲ့ တွဲစားမယ်ဆိုရင် သင့်ရဲ့စိတ်ကို ကောင်းကျိုးသက်ရောက်စေပါတယ်။

၄။ ဦးနှောက် လုပ်ဆောင်မှုနှင့် မှတ်ဉာဏ်ကို တိုးတတ်စေပါတယ်

မြေပဲထဲမှာ ဗီတာမင်အီး၊ ဇင့်၊ မဂ္ဂနီဆီယမ်နှင့် niacin တို့ပါဝင်တာကြောင့် ဦးနှောက်လုပ်ဆောင်မှုကို အထောက်အကူပြုပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေအတွက် ဗီတာမင်အီးဟာ မှတ်ဉာဏ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ၎င်းဟာ အလယ်အလတ် အယ်ဇိုင်းမားရောဂါကိုတောင် အထောက်အကူပြုကြောင်း တွေ့ရှိခဲ့ပါတယ်။ မြေပဲထောပတ်တစ်ဘူးက သင့်ရဲ့ ချစ်လှစွာသော အဘိုးအဘွားတွေအတွက် စားစရာကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။

၅။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားတွေကို recover ပြန်လုပ်ပေးပါတယ်

မြေပဲထောပတ်ရဲ့ အဆီနှင့် ကာဗိုဟိုက်ဒရိတ်က သင့်ကို စွမ်းအင်ပြည့်ဝစေပါလိမ့်မယ်။ ကြွက်သားတွေကို ပြန်လည်ထူထောင်ရေးမှာ အဓိကကျတဲ့ ပိုတတ်စီယမ်လည်း ကြွယ်ဝပါတယ်။ ကြွက်သားတောင့်တင်းတာတွေ၊ ကြွက်တတ်တာတွေမဖြစ်အောင် တားဆီးပေးတာကြောင့် လေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက် အကောင်းဆုံးအစားအစာ ဖြစ်ပါတယ်။

၆။ သွေးပေါင်ချိန်ကို ထိန်းချုပ်ပေးပါတယ်

ပိုတတ်စီယမ်ရဲ့ အံ့ဖွယ်ကောင်းသော ဂုဏ်သတ္တိတစ်ခုက သွေးပေါင်ချိန်ကို လျှော့ချနို်ငတာ ဖြစ်ပါတယ်။ ဒီသက်ရောက်မှုကို မဂ္ဂနီဆီယမ်နှင့်အတူ ထောက်ပံ့ပေးထားပါတယ်။

၇။ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်

မြေပဲထောပတ်ရဲ့ အံ့သြဖွယ်ကောင်းသော ဂုဏ်သတ္တိတစ်ခုက ဆီးချိုရောဂါ ဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ မြေပဲမှာ အဆီတွေအများကြီးပါပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက unsaturated အဆီတွေဖြစ်ပြီး သင့်ကို ကျန်းမာစေပါတယ်။ အင်ဆူလင်တည်ငြိမ်မှုနှင့် ဂလူးကို့စ်ကို တိုးတတ်စေနိုင်ပါတယ်။ ဟားဗတ်တက္ကသိုလ်မှ ပြုလုပ်တဲ့ သုတေသနပြုချက်အရ မြေပဲထောပတ်ကို ပုံမှန်စားသုံးသော အမျိုးသမီးတွေဟာ တစ်ခါမှ မစားသော သူတွေနှင့် နှိုင်းယှဉ်ရင် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း ၂၁% ကို လျော့ကျစေပါတယ်။

၈။ ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးပါတယ်

Tryptophan လို့ခေါ်တဲ့ မြေပဲမှာရှိသော အမိုင်နိုအက်ဆစ်က အိပ်စက်ခြင်းဟော်မုန်း မယ်လတိုနင်နှင့် ပျော်ရွှင်မှုဟော်မုန်းဖြစ်သော ဆီရိုတိုနင်ကို တိုးမြှင့်ပေးပါတယ်။ ၎င်းက သင့်ကို အေးဆေးငြိမ်သက်စေပြီး ခန္ဓာကိုယ်လုပ်ငန်းစဉ်များကို နှေးကွေးစေပြီး ကောင်းမွန်သော အိပ်စက်ခြင်းကို ဖြစ်စေပါတယ်။ များများစားဖို့ မလိုအပ်ပါဘူး။ တစ်ဇွန်းစားယုံနဲ့ လုံလောက်ပါတယ်။

၉။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကောင်းပါတယ်

ကိုယ်ဝန်ဆောင်စဉ် မြေပဲထောပတ်စားခြင်းက သန္ဓေသားအပေါ် ကောင်းကျိုးသက်နိုင်တယ်လို့ ထင်ရပါတယ်။ သန္ဓေသားရဲ့ tolerance ကိုမြှင့်တင်ပေးနိုင်ပြီး မြေပဲဓါတ်မတည့်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ မြေပဲရဲ့ အသုံးဝင်သော ဒြပ်စင်များက မိခင်ရဲ့ ကျန်းမာရေးအတွက်လည်း အကျိုးရှိစေပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here