မြင်ရုံနဲ့ မျက်ရည်ကျစေတဲ့ ညီအစ်ကို နှစ်ယောက်ရဲ့ ကြည်နူးစရာ အဖြစ်အပျက်လေး

0
53

တက္ကဆက်ပြည်နယ်က ၃နှစ်အရွယ် Camden ကောင်လေးတစ်ယောက်က ညီဖြစ်သူ Jaxton အငိုတိတ်အောင် ချိုလိမ်လေး ပါးစပ်ထဲ ထည့်ပေးနေတဲ့ ပုံရိပ်က သာမန်အားဖြင့် ဘာမှ ခံစားမှုမရှိပေမဲ့ သူတို့နှစ်ယောက်ရဲ့ အပြုအမူလေးကတော့ ကြည့်ရုံနဲ့တင် တကယ့်ကို ခံစားမှု ရစေပါတယ်။

ဘာကြောင့်လဲဆိုတော့ Camden လေးမှာ မွေးရာပါ ခြေလက်အင်္ဂါအပြည့်အစုံ မပါပါဘူး။ ဒါကြောင့် သူဟာ ညီလေးအနားကို ကိုယ်လုံးနဲ့ တရွတ်တိုက်သွားပြီး ပြုတ်ကျနေတဲ့ ချိုလိမ်လေးကို သူ့ ပါးစပ်နဲ့ ကိုက်ယူခဲ့ပါတယ်။ ပြီးတော့ ရှိတဲ့ လက်အတိုလေးနဲ့ ပါးစပ်ကို အသုံးပြုပြီး ညီလေးရဲ့ ပါးစပ်ထဲကို ခက်ခက်ခဲခဲ ထည့်ပေးခဲ့တာပဲဖြစ်ပါတယ်။

ညီအစ်ကိုနှစ်ယောက်ရဲ့ သိပ့်ပြီးကြည်နူးစရာအဖြစ်အပျက်လေးကိုတော့ မိခင်ဖြစ်သူ Katie Whiddon က ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာ မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ Camden လေးဟာ မွေးရာပါ Phocomelia Syndrome ရောဂါနဲ့ Amelia ရောဂါတို့ကို ခံစားနေရာသူဖြစ်ပါတယ်။ အဆိုပါရောဂါဟာ မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့ ရှားပါးရောဂါတစ်မျိုးဖြစ်ပါတယ်။

ညီအကိုနှစ်ယောက်ရဲ့ ဒီလို အဖြစ်အပျက်လေးဟာ တစ်ခါတလေမဟုတ်ပါဘူး။ သူတို့အတွက်က နေ့တိုင်းလိုပါပဲ။ ဒါ့ကြောင့် Katie ဟာ သူတို့အဖြစ်အပျက်လေးကို အခြားမိသားစုတွေ၊ မိတ်ဆွေတွေကို မြင်စေချင်တယ်လို့ ဆိုပါတယ်။ Camden ဟာ လွတ်လွတ်လပ်လပ်နေတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ပြီးအခြားသူတွေရဲ့ အကူအညီမယူပဲ သူကိုယ်တိုင် ပြုမူနေထိုင်ရတာ ကြိုက်နှစ်သက်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့အတွက် တကယ်လိုအပ်မှသာ သူ့ရဲ့ အမေနဲ့ အဖေကို အကူအညီတောင်းတတ်တာပါ။

Camden မှာ ပြေးလွှားဖို့ ခြေထောက်မပြည့်စုံပေမဲ့ သူ့ကို လျော့မတွက်ပါနဲ့။ သူဟာ လျင်မြန်စွာ လှိမ့်နိုင်၊ သွားနိုင်တဲ့ အစွမ်းတွေရှိတယ်လို့ မိခင်ဖြစ်သူ Katie က ဆိုပါတယ်။ ဒီအဖြစ်အပျက်လေးဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကဖြစ်ပြီး အခုဆိုရင် Camden တစ်ယောက် ၅နှစ်ဝန်းကျင်အရွယ်ကို ရောက်နေလောက်ပါပြီ။

#Lifestyle_Myanmar

#Thar_Nage

Ref- Goodtime

ကျောပိုးအိတ်ဖိုး မတတ်နိုင်လို့ သားဖြစ်သူအတွက် ကိုယ်တိုင် ကျောပိုးအိတ်လေး ဖန်တီးပေးတဲ့ ဖခင်

Zawgyi Fonts

ျမင္႐ုံနဲ႔ မ်က္ရည္က်ေစတဲ့ ညီအစ္ကို ႏွစ္ေယာက္ရဲ့ ၾကည္ႏူးစရာ အျဖစ္အပ်က္ေလး
တကၠဆက္ျပည္နယ္က ၃ႏွစ္အရြယ္ Camden ေကာင္ေလးတစ္ေယာက္က ညီျဖစ္သူ Jaxton အငိုတိတ္ေအာင္ ခ်ိဳလိမ္ေလး ပါးစပ္ထဲ ထည့္ေပးေနတဲ့ ပုံရိပ္က သာမန္အားျဖင့္ ဘာမွ ခံစားမွုမရွိေပမဲ့ သူတို႔ႏွစ္ေယာက္ရဲ့ အျပဳအမူေလးကေတာ့ ၾကည့္႐ုံနဲ႔တင္ တကယ့္ကို ခံစားမွု ရေစပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ Camden ေလးမွာ ေမြးရာပါ ေျခလက္အဂၤါအျပည့္အစုံ မပါပါဘူး။ ဒါေၾကာင့္ သူဟာ ညီေလးအနားကို ကိုယ္လုံးနဲ႔ တရြတ္တိုက္သြားၿပီး ျပဳတ္က်ေနတဲ့ ခ်ိဳလိမ္ေလးကို သူ႔ ပါးစပ္နဲ႔ ကိုက္ယူခဲ့ပါတယ္။ ၿပီးေတာ့ ရွိတဲ့ လက္အတိုေလးနဲ႔ ပါးစပ္ကို အသုံးျပဳၿပီး ညီေလးရဲ့ ပါးစပ္ထဲကို ခက္ခက္ခဲခဲ ထည့္ေပးခဲ့တာပဲျဖစ္ပါတယ္။

ညီအစ္ကိုႏွစ္ေယာက္ရဲ့ သိပ့္ၿပီးၾကည္ႏူးစရာအျဖစ္အပ်က္ေလးကိုေတာ့ မိခင္ျဖစ္သူ Katie Whiddon က ဗီဒီယိုရိုက္ၿပီး အြန္လိုင္းေပၚမွာ မၽွေဝေပးခဲ့တာပဲျဖစ္ပါတယ္။ Camden ေလးဟာ ေမြးရာပါ Phocomelia Syndrome ေရာဂါနဲ႔ Amelia ေရာဂါတို႔ကို ခံစားေနရာသူျဖစ္ပါတယ္။ အဆိုပါေရာဂါဟာ ေမြးရာပါ ကိုယ္လက္အဂၤါခ်ိဳ႕ယြင္းတဲ့ ရွားပါးေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။

ညီအကိုႏွစ္ေယာက္ရဲ့ ဒီလို အျဖစ္အပ်က္ေလးဟာ တစ္ခါတေလမဟုတ္ပါဘူး။ သူတို႔အတြက္က ေန႔တိုင္းလိုပါပဲ။ ဒါ့ေၾကာင့္ Katie ဟာ သူတို႔အျဖစ္အပ်က္ေလးကို အျခားမိသားစုေတြ၊ မိတ္ေဆြေတြကို ျမင္ေစခ်င္တယ္လို႔ ဆိုပါတယ္။ Camden ဟာ လြတ္လြတ္လပ္လပ္ေနတတ္တဲ့ ကေလးတစ္ေယာက္ျဖစ္ၿပီးအျခားသူေတြရဲ့ အကူအညီမယူပဲ သူကိုယ္တိုင္ ျပဳမူေနထိုင္ရတာ ႀကိဳက္ႏွစ္သက္သူတစ္ဦးလည္းျဖစ္ပါတယ္။ သူ႔အတြက္ တကယ္လိုအပ္မွသာ သူ႔ရဲ့ အေမနဲ႔ အေဖကို အကူအညီေတာင္းတတ္တာပါ။

Camden မွာ ေျပးလႊားဖို႔ ေျခေထာက္မျပည့္စုံေပမဲ့ သူ႔ကို ေလ်ာ့မတြက္ပါနဲ႔။ သူဟာ လ်င္ျမန္စြာ လွိမ့္နိုင္၊ သြားနိုင္တဲ့ အစြမ္းေတြရွိတယ္လို႔ မိခင္ျဖစ္သူ Katie က ဆိုပါတယ္။ ဒီအျဖစ္အပ်က္ေလးဟာ လြန္ခဲ့တဲ့ ၂၀၁၇ခုႏွစ္ကျဖစ္ၿပီး အခုဆိုရင္ Camden တစ္ေယာက္ ၅ႏွစ္ဝန္းက်င္အရြယ္ကို ေရာက္ေနေလာက္ပါၿပီ။

LEAVE A REPLY

Please enter your comment!
Please enter your name here