မြက်ပင်ကို အသုံးပြုပြီး ပလတ်စတစ်အန္တရာယ်ကိုလျော့ချနေတဲ့ ဗီယမ်နမ်နိုင်ငံသား

0
75
သဘာဝမြက်ပိုက်
သဘာဝမြက်ပိုက်

လူတွေနေ့စဥ်အသုံးပြုနေတဲ့ ပလတ်စတစ်တွေဟာ ကျွန်တော်တို့ အပါအဝင် ကမ္ဘာမြေကြီးအတွက် များစွာ ဆိုးကျိုးတွေရှိသလို ပင်လယ်နေသတ္တဝါတွေအတွက်လည်း များစွာ ထိခိုက်နစ်နာမှုတွေရှိပါတယ်။ Greenpeace အရ တစ်နှစ်ကို ပလတ်စတစ် တန်ချိန် ၁၂.၇သန်းကျော်ဟာ နှစ်စဥ် သမုဒ္ဒရာထဲကို စီးဝင်လျှက်ရှိပြီး ပင်လယ်နေသတ္တဝါများစွာကို မျိုးတုန်းစေခဲ့ပါတယ်။ သိပ္ပံပညာရှင်များရဲ့ အဆိုအရ ပလတ်စတစ်ကြောင့် အဏ္ဏဝါမျိုးစိတ်ပေါင်း ၇၀၀ကျော် မျိုးတုန်းနေပြီလို သိရပါတယ်။ ဥပမာအနေဖြင့် ကနေဒါနိုင်ငံ အာတိတ်ဒေသမှာဆို ငှက်မျိုးပေါင်း ၈၇ရာခိုင်နှုန်းလောက်က ပလတ်စတစ်တွေကို အစာအမှတ်နဲ့ မျိုချမိလို့ ဒုက္ခတွေ့နေရပါတယ်။ ယခု ပလတ်စတစ်ကို လျော့ချဖို့ နိုင်ငံတော်တော်များများက လုပ်ငန်းစဥ်တွေ ဆောင်ရွက်နေပမဲ့ ရာနှုန်းပြည့်တော့ မလျော့ချနိုင်သေးပါဘူး။

ဒီလို ပလတ်စတစ်တွေကို လျော့ချဖို့ အဖက်ဖက်ကနေ လုပ်ဆောင်နေတဲ့ သူတွေထဲမှာ ဗီယက်နမ်နိုင်ငံက Tran Minh Tien ဆိုတဲ့ အမျိုးသားတစ်ဦးလည်း ပါဝင်ပါတယ်။ သူဟာ ကျွန်တော်တို့ အသုံးပြုနေဆဲဖြစ်တဲ့ ပလတ်စတစ်ပိုက်တွေအစား သဘာဝအလျောက် ပေါက်နေတဲ့ အခေါင်းပါ မြက်ရိုးတွေကို ပိုက်နေရာမှာ အစားထိုး အသုံးပြုဖို့ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ အဆိုပါမြက်ဟာ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှာ အများအပြား ပေါက်ရောက်လျှက်ရှိပြီး လူအများကတော့ ဒီမြက်ကို Lepironia articulata ဆိုပြီး လူသိများကြပါတယ်။ သဘာဝမြက်ပင်ဖြစ်တဲ့အတွက် အသုံးပြုပြီးတဲ့အခါ ဆွေးမြေ့လွယ် သလို ဘာဓာတုဆေးဝါးမှ အသုံးမပြုထားတဲ့အတွက် ဘေးထွက်ဆိုးကျိုးလည်း မရှိစေပါဘူး။

VN Express International အင်တာဗျူးတစ်ခုမှာတော့ Tran က သူ့ရဲ့ မြက်ပင်ကနေ ပိုက်ထုတ်လုပ်တာနဲ့ ပတ်သတ်ပြီး ရှင်းပြထားပါတယ်။ သူဟာ အခေါင်းပေါက်ပါတဲ့ ဆိုပါ မြတ်တွေကို စုဆောင်းပြီး ၂၀ စင်တီမီတာလောက် ပိုင်းဖြတ်ပါတယ်။ ပြီးတဲ့အခါ ရေသန့်စင်အောင် ဆေးကြောပြီး အခေါင်းပေါက်ထဲကိုတော့ တုတ်ချောင်းအရှည်လေးဖြင့်ထိုးပြီး သေသေချာချာ သန့်စင်ပေးရပါတယ်။ ပြီးတဲ့အခါမှာတော့ ငှက်ပျောရွက်နဲ့ သေချာပတ်ပြီး ထုပ်ပိုးရပါတယ်။ ကြာရှည်ခံဓာတုပစ္စည်း ဘာတစ်ခုမှ အသုံးမပြုထားတဲ့အတွက် အအေးခန်းထဲမှာ ထားမယ်ဆို ၂ပတ်ထိ ခံပြီး အပူရှိန်ရှိတဲ့ အခန်းဆိုရင်တော့ တစ်ပတ်လောက်ပဲ ကောင်းကောင်းခံပါတယ်။ ဒါအပြင် Tran ဆီမှာ အခြောက်ခံထားတဲ့ မြက်ပိုက်တွေကိုလည်း ရောင်းပါသေးတယ်။ သူ့ကိုတော့ ခူးပြီး ရက်အနည်းငယ် နေရောင်ပြရပါတယ်။ ပြီးတဲ့အခါ မီးဖိုးထဲမှာ မီးနဲ့ အနည်းငယ် ကင်ရပါသေးတယ်။ ရရှိလာတဲ့ မြက်ခြောက်ပိုက်ဟာ အပူရှိန်များများ-နည်းနည်း ၆လထက်မနည်း ကြာရှည်ခံနိုင်ပါတယ်။ Tran ရဲ့ မြက်ပိုက်နဲ့ ပတ်သတ်ပြီး သိချင်တာပဲရှိရှိ၊ အော်ဒါမှာယူလိုတာပဲရှိရှိ သူ့ရဲ့ www.onghutco.com ဆိုတဲ့ website မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ပေါင် ၇သောင်း တန်းဖိုးရှိတဲ့ ရှေးဟောင်းလက်စွပ်ကို သစ်တောထဲကနေ ရှာဖွေတွေ့ရှိခဲ့သူ

ZawGyi font





LEAVE A REPLY

Please enter your comment!
Please enter your name here