မျက်လုံးအမြင် ရုတ်တရက် မှုန်ဝါးရတဲ့ အကြောင်းရင်း (၁၃)ခု

0
260

ရုတ်တရက် မျက်လုံးတွေပြာသွားတာ၊ ဝေဝါးသွားတာက ကျွန်တော်တို့ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့အပြင် ဆေးကုသမှု လိုအပ်နေကြောင်း သင့်ခန္ဓာကိုယ်မှ သတိပေးချက် လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ အရာဝတ္တုတွေပေါ်မှာ အာရုံမစိုက်မိနိုင်တဲ့ ပုံမှန် မျက်စိအခြေအနေများမှလွဲလို့ အမြင်အာရုံ မှုန်ဝါးခြင်း၊ မြူဆိုင်းသလိုဖြစ်နေခြင်းက ပြင်းထန်တဲ့ ရောဂါတွေနှင့် ဆက်စပ်နေနိုင်တာကြောင့် ASAP ကိုစစ်ဆေးသင့်ပါတယ်။ မျက်စိဟာ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းဖြစ်တာကြောင့် ဒီပြဿနာတွေေရဲ့ ဖြစ်နိုင်ချေ ဇစ်မြစ်တွေကို ကျယ်ကျယ်ပြန့်ပြန် သုတေသန လုပ်ထားတဲ့ ဆောင်းပါးလေးကို မျှဝေပေးချင်ပါတယ်။

-Advertisement-

၁။ အဝလွန်ခြင်း

ကျွန်တော်တို့ရဲ့ ကိုယ်အလေးချိန်က ကျွန်တော်တို့ရဲ့ မျက်စိကျန်းမာရေးနှင့် ဆက်စပ်နေတယ်လို့ ဆရာဝန်များက ဆိုကြပါတယ်။ အဝလွန်ခြင်းက မျက်စိအတွင်းတိမ်ကဲ့သို့သော မျက်စိရောဂါတွေများစွာနဲ့ ဆက်စပ်နေပါတယ်။ ဆရာဝန်တစ်ဦးက ကိုယ်အလေးချိန် အရမ်းများပြီး ရုတ်တရတ် အမြင်အာရုံ ဆုံးရှုံးမှုကို စတင်ခံစားရတဲ့ လူနာတစ်ဦးဟာ အဝလွန်ခြင်းရဲ့ အကြောင်းရင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ထို့နောက် လူနာအား အမြင်အာရုံပြန်လည်ကောင်းမွန်စေဖို့ သောက်ဆေးနှင့်အတူ ကိုယ်အလေးချိန်ကျအောင် အဆီနည်းသော အစားအစာတွကို စားစေခဲ့ပါတယ်။

၂။ ခေါင်းတစ်ခြမ်းကိုက်ခြင်း

ပြင်းထန်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းက အမြင်အာရုံချို့ယွင်းခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် လျှပ်တစ်ပြက် မီးအလင်းရောင်မြင်ခြင်း ၊အမြင်အာရုံမှာ လှိုင်းတွေ၊ အစက်အပြောက်တွေပေါ်လာခြင်းနှင့်အတူ အမြင်အာရုံ မှုန်ဝါးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်ခါတရံမှာ အမြင်အာရုံ တစ်စိတ်တပိုင်း သို့မဟုတ် အပြည့်အဝ ဆုံးရှုံးမှုကိုတောင် ဖြစ်ပေါ်စေပါတယ်။ ထိုအခြေအနေမျိုးမှာ ဆရာဝန်သတ်မှတ်ထားတဲ့ သောက်ဆေးအပြင် တိတ်ဆိတ်ပြီး မှောင်တဲ့ နေရာမှာ နေခြင်းက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရခြင်းကို အထောက်အကူဖြစ်စေပါတယ်။

၃။ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓါတ်ကျခြင်း

စိတ်ကျန်းမာရေးပြဿနာများဟာ အထူးသဖြင့် စိတကျရောဂါ ဝေဒနာ သို့မဟုတ် စိုးရိမ်သောကလွန်ရောဂါ ခံစားနေရသူများအတွက် ဆိုးရွားတဲ့ psychosomatic ပြဿနာများကို ဖြစ်ပေါ်စေပါတယ်။ ယူကေမှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ အမြင်အာရုံမှုန်ဝါးမှု ခံစားခဲ့ရသော စေတနာ့ ဝန်ထမ်း ၁၀၀၀၀၀ကျော်တွင် အများစုဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားရကြောင်း တွေ့ရှိရပါတယ်။ ကျွမ်းကျင်သူများအဆိုအရ အရမ်းပြင်းထန်ပြီး နာကျင်သော ခံစားမှုကို ဖြစ်စေတဲ့ ဝမ်းနည်းပူဆွေးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများနှင့်အတူ အမြင်အာရုံ ဆုံးရှုံးတာ(သို့ ) အမြင်အာရုံ မှုန်ဝါးတာ၊ ရုတ်တရက် ဖျားနာတာတွေကို ဖြစ်ပေါ်စေပါတယ်။

၄။ ဝက်ရူးပြန်ရောဂါ

ဝက်ရူးပြန်အတတ်ရောဂါ ဖြစ်ပွားချိန်တွင် တစ်စုံတစ်ယောက်ဟာ အမြင်အာရုံ မှုန်ဝါးခြင်း၊ အမြင်အာရုံ ချို့ယွင်းခြင်း ကဲ့သို့သောာ တခြားလက္ခဏာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

၅။ ကိုယ်ဝန်

ဒါက သင့်အတွက် အံအားသင့်စရာ ကောင်းနိုင်ပေမယ့် ကိုယ်ဝန်ဆောင်ခြင်းက အမြင်မှုန်ဝါးခြင်းရဲ့ ဖြစ်နိုင်ချေများအနက် တစ်ခုဖြစ်ပါတယ်။ တခါတရံမှာ မိခင်ရဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် မျက်စိပြဿနာတွေကို တွေ့ကြုံရတတ်ပါတယ်။ ဒါက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိပြီး အချိန်နှင့်အမျှ ပျောက်ကွယ်သွားပေမယ့်လည်း ဆရာဝန်များက သွေးတိုးနှင့် ဆီးချိုရောဂါ ရှိမရှိဆိုတာ ပုံမှန်စစ်ဆေးဖို့ အကြံပေးလေ့ရှိပါတယ်။

၆။ မျက်ခွံအတွင်းသား ရောင်ရမ်း ခြင်း

conjunctivitis လို့ခေါ်တဲ့ မျက်ခွံအတွင်းသားရောင်ရမ်းခြင်းဟာ မျက်ခွံနှင့် မျက်လုံး၏အဖြူသား ကြားရှိ ပါးလွာကြည်လင်သော အမြှေးပါးရောင်ရမ်းသော အခြေအနေတစ်ခုဖြစ်ပြီးနီရဲခြင်းနှင့် နာကျင်ခြင်းတို့ကို ဖြစ်စေပါသည်။ ဒါ့အပြင် မျက်ရည်ကျခြင်း၊ အမြင်ဇဝေဇဝါဖြစ်ခြင်းနှင့် တခါတရံ ယားယံခြင်းနှင့် ပူစပ်ပူလောင်ခြင်းကို ခံစားရစေပါတယ်။ ဒါက ဓါတ်မတည့်ခြင်း (သို့) ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်နိုင်ပြီး မျက်စိဆရာဝန်နှင့် စစ်ဆေးဖို့ လိုအပ်ပါတယ်။

၇။ ဦးနှောက်အကျိတ်

ဒါက ရှားပါးတဲ့ အရာဖြစ်သော်လည်း ကံမကောင်းရင် ဖြစ်နိုင်ချေ ရှိပါတယ်။ ဦးနှောက်အကျိတ်ဟာ အခြားရောဂါလက္ခဏာတွေအပြင် မျက်စိမှုန်ခြင်း၊ မှုန်ဝါးခြင်းနျင့် ပျို့ချင်ခြင်းကဲ့သို့သော ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ အကျိတ်ဟာ ဦးနှောက်ကို ဖိအားပေးပြီး ၎င်းဖိအားက ကျွန်တော်တို့ရဲ့ မျက်လုံးတွေအပါအဝင် ခန္ဓာကိုယ်ရဲ့ နေရာအတော်များများမှာ ကွဲပြားသော လက္ခဏာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၈။ Psoriasis အရေပြားရောဂါ

Psoriasis ဟာ အရေပြားရောဂါဖြစ်ပြီး ကျွန်တော်တို့ရဲ့ အမြင်အာရုံကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါတယ်။ နာကျင်ခြင်း၊ နီမြန်းခြင်းနှင့် ယားယံခြင်းကဲ့သို့သော အရေပြားရောဂါလက္ခဏာများအပြင် Psoriasis ဟာ အလင်းကို အထိမခံနိုင်ခြင်း။ အမြင်အာရုံ မှုန်ဝါးခြင်းကို ဖြစ်စေဖြစ်သော uveitis လို့ခေါ်တဲ့ မျက်စိအခြေအနေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီကိစ္စမှာ uveitis ကိုသီးခြားကုသဖို့ လိုအပ်ပါလိမ့်မယ်။

၉။ လေဖြတ်ခြင်း

ခေါင်းမူးခြင်း၊ ဟန်ချက်ပျက်ခြင်း၊ မျက်နှာနှင့် ခန္ဓာကိုယ် ထုံထိုင်းခြင်း၊ အားနည်းခြင်း (သို့) စကားပြော ပြဿနာတွေ၊ အမြင်အာရုံ ရုတ်တရက် ပြောင်းလဲမှုတွေဟာ လေဖြတ်တာဖြစ်နိုင်တာကြောင့် လူနာတင်ကားကို ခေါ်ပါ။ အမြင်အာရုံ ရုတ်တရက်ပြောင်းလဲခြင်းကလည်း လေဖြတ်ခြင်းနှင့် ပတ်သတ်တဲ့ လက္ခဏာများအနက် တစ်ခုဖြစ်ပါတယ်။

၁၀။ သွေးပေါင် အတတ်/အကျ

Preeclampsia ဟာ သွေးပေါင်ချိန် အရမ်းထိုးတတ်ခြင်း၊ ဆီးထဲမှာ ပရိုတိန်းဓါတ်အရမ်းများခြင်းနှင့်အတူ ဆက်နွှယ်နေတဲ့ ပြင်းထန်သော ရောဂါတစ်ခု ဖြစ်ပါတယ်။ ၎င်းဟာ များသောအားဖြင့် တစ်ခါမှ သွေးတိုးမခံစားရတဲ့ အမျိုးသမီးတွေမှာ သက်ရောက်မှုရှိပြီး ကိုယ်ဝန်ဆောင်နေစဉ် အတွင်းမှာ ကြုံတွေ့ရပါတယ်။ ဆရာဝန်များအဆိုအရ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရုတ်တရက် အမြင်အာရုံ ပြောင်းလဲမှု မှန်သမျှကို စစ်ဆေးသင့်ပါတယ်။

သွေးပေါင်ကျခြင်းကလည်း အမြင်အာရုံမှုန်ဝါးခြင်း၊ မူးဝေခြင်းနှင့် ပျို့အန်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် အန္တရာယ်ကင်းသော အခြေအနေအများစုဖြစ်ပြီး လက္ခဏာတွေက မိနစ်အနည်းငယ်ထက် ပိုမကြာပါဘူး။ ဒီအခြေအနေမျိုးမှာ ခန္ဓာကိုယ်မှ သွေးစီးဆင်းမှုကို ကူညီဖို့ လဲလျောင်းနေပါ သို့မဟုတ် ခြေထောက်တွေကို မြှင့်ပြီး ထိုင်ပါ။

၁၁။ ပါကင်ဆန်ရောဂါ

ပါကင်ဆာရောဂါဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်အာရုံကြောစနစ်ကို ရှုပ်ထွေးစေပြီး အမြင်အာရုံကို ထိခိုက်စေပါတယ်။ အမြင်အာရုံ မှုန်ဝါးတာနှင့် စတင်ခြင်းဟာ ပြဿနာတွေကို ပိုဆိုးလာစေပြီး အမြင်အာရုံ တစ်စိတ်တစ်ပိုင်း ဆုံးရှုံးတာ(သို့) လုံးဝပျောက်ဆုံးတာ ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အခြေခံအားဖြင့် ရောဂါဟာ စူးစိုက်နိုင်စွမ်းနှင့် ကောင်းစွာ ကြည့်နိုင်စွမ်း မရှိခြင်းကို ဖြစ်ပေါ်စေပါတယ်။

၁၂။ လည်ပင်းကြီးရောဂါ

လည်ပင်ကြီးရောဂါလက္ခဏာတွေမှာ အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အမြင်အာရုံ မှုန်ဝါးခြင်းတို့ ပါဝင်ပါတယ်။ ဒီအခြေအနေမျိုးတွင် သိုင်းရွိုက်ဂလင်းဟာ လိုအပ်တာထက် ပိုမိုမြင့်မားသော ဟော်မုန်းကို ထုတ်လုပ်ခြင်းဖြင့် စနစ်တကျ အလုပ်မလုပ်တော့ပါဘူး။

၁၃။ ဆီးချိုရောဂါ

အထူးသဖြင့် ကိုယ်အလေးချိန်ကျခြင်းနှင့်အတူ အမြင်အာရုံ မှုန်ဝါးခြင်းက ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါဟာ ၎င်းရဲ့ အမျိုးအစားပေါ်မူတည်ပြီး diabetic retinopathy လို့ခေါ်တဲ့ မျက်စိအခြေအနေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဓိကအားဖြင့် ဆီးချိုရောဂါကို ဖြစ်ပေါ်စေသော သွေးသကြားဓါတ်ဟာ ကျွန်တော်တို့ရဲ့ မျက်စိလွှာအတွင်းရှိ သွေးကြောများကို တဖြည်းဖြည်း ပျက်စီးစေပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိပါက ကျွန်တော်တို့ရဲ့ မျက်စိကျန်းမာရေးကို ပုံမှန်စစ်ဆေးရပါမယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here