မျက်နှာအမွေးအမျှင်ရှိခြင်းက အဖြစ်များပြီး ပုံမှန်ပဲဖြစ်ပါတယ်။ သို့သော် အချို့သောကိစ္စတွေမှာ နက်မှောင်ကြမ်းတမ်းတဲ့ အမွေးတွေက သင့်မျက်နှာပေါ်မှာ ပေါ်လာနိုင်ပြီး နေ့စဉ်နီးပါး ဖယ်ရှားရတာမျိုးကို တွေ့ရနိုင်ပါတယ်။ ဒီမနှစ်မြို့ဖွယ် အခြေအနေကို hirsutism လို့ခေါ်ပြီး သူတို့က ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်လေ့ရှိပါတယ်။ Waxing နဲ့ laser hair romoval က မလိုလားအပ်တဲ့ အမွေးတွေကို ဖယ်ရှားဖို့ ကူညီပေးနိုင်သော်လည်း သူတို့ကို လျှော့ချဖို့ သဘာဝနည်းလမ်းအချို့ရှိပါတယ်။ ဒါ့ကြောင့် ကိုယ်မလိုချင်တဲ့ မျက်နှာအမွေးအမျှင်တွေကို အလွန်အကျွံကြီးထွားမှုကနေ နှေးကွေးစေမယ့် နည်းလမ်းတွေကို ရှာဖွေမျှဝေပေးလိုက်ရပါတယ်။

၁။ ပူစီနံလက်ဖက်ရည်သောက်ပါ
ပူစီနံ လက်ဖက်ရည်က အနံ့နဲ့ အရသာရှိပြီး အာရုံကြောတွေကို ငြိမ်သက်စေတဲ့အပြင် သွေးမှတဆင့် စီးဆင်းနေတဲ့ ကျားဟော်မုန်းအရေအတွက်ကို လျှော့ချပေးနိုင်ပါတယ်။ ကျားဟော်မုန်းက မလိုလားအပ်တဲ့ နက်မှောင်သော မျက်နှာအမွေးတွေကို ဖြစ်စေတာကြောင့်ပါ။ လေ့လာမှုတွေအရ တစ်နေ့လျှင် ပူစီနံ လက်ဖက်ရည် ၂ခွက်သောက်ခြင်းက မျက်နှာအမွေးကြီးထွားမှုကို နှေးကွေးစေတယ်လို့ ဆိုပါတယ်။

၂။ လာဗင်ဒါနဲ့ လက်ဖက်ပင်ဆီတွေကို စမ်းကြည့်ပါ
Essential oils တွေကို အသားအရေထိန်းသိမ်းမှုနဲ့ အလှအပရေးရာမှာ အသက်အရွယ်အလိုက် အသုံးပြုခဲ့ကြပါတယ်။ အချို့က မလိုလားအပ်တဲ့ မျက်နှာအမွေးအမှင်တွေကို ထိရောက်စွာ ကုသပေးနိုင်ပါတယ်။ လာဗင်ဒါနဲ့ လက်ဖက်ပင်အဆီတွေကို လိပ်းပေးရင် အမွေးအမှင်အလွန်အကျွံ ထွက်တာမျိုးကို လျှော့ချပေးနိုင်ပါတယ်။

၃။ လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန်ကိုရှာပါ
တက်ကြွစွာ နေထိုင်ခြင်းက သင့်ကျန်းမာရေးအတွက် လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးအရာတွေထဲမှ တစ်ခုဖြစ်ပါတယ်။ အလယ်အလတ် ပြင်းထန်တဲ့ လေ့ကျင့်ခန်းမှာ တစ်နေ့လျှင် မိနစ် ၃၀ခန့် ရင်းနှီးမြုပ်နှံပါက ကိုယ်အလေးချိန်ကို ထိန်းနိုင်ပြီး စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မျက်နှာ အမွေးအမျှင်တွေကို ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ cardio လိုမျိုး တက်စတိုစတီရုန်း အဆင့်ကို မတိုးစေမယ့် လေ့ကျင့်ခန်းအမျိုးအစားကို ရွေးချယ်ပြီး အလေးမခြင်းလိုမျိုး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ရှောင်ကြဉ်ပါ။

၄။ အပ်စိုက်ကုထုံးကို စဉ်းစားပါ
အပ်စိုက်ကုသခြင်းက စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သင့်အား လန်းဆန်းစေတဲ့အပြင် မလိုလားအပ်တဲ့ အမွေးပေါက်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ အပ်စိုက်ကုထုံးက မလိုလားအပ်တဲ့ အမွေးတွေရဲ့ သိပ်သည်းဆနဲ့ အရှည်တို့ကို လျှော့ချနိုင်ပြီး ကျားဟော်မုန်းအဆင့်ကို လျှော့ချနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။
၅။ ရေလုံလောက်စွာ သောက်ပါ
ရေဓါတ်ပြည့်ဝနေဖို့က သင့်ကျန်းမာရေးနဲ့ အလှအပအတွက် လုံးဝအရေးကြီးပါတယ်။ ရေလုံလောက်စွာ သောက်ခြင်းက သင့်ရဲ့ဇီဝဖြစ်ပျက်မှုကို တိုးတတ်စေပြီး အသားအရေကို နုပျိုစေကာ မျက်နှာအမွေးအမျှင်တွေ အလွန်အကျွံကြီးထွားခြင်းကို ကာကွယ်ပေးပါတယ်။အခြားကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းပါတယ်။ တစ်နေ့လျှင် ရေ ၆ခွက်နေ ၈ခွက်လောက် သောက်တာက ဒီအခြေအနေကို ပိုကောင်းအောင် ကူညီပေးနိုင်ပါတယ်။
Lifestyle_Myanmar
LM_nandar
Source-brightside.