ကြည်လင်ဝင်းပတဲ့ မျက်နှာကို လူတိုင်းလိုချင်ကြပါတယ်။ မျက်နှာပေါ်က အမည်းစက်တွေဖြစ်လာတာ ဘာ့ကြောင့်ပါလဲ။ အနာသိမယ်ဆိုရင် ဆေးရှိမှာ သေချာပါတယ်။ ဒီတော့ မျက်နှာပေါ်မှာ အမည်းစက်တွေ ဘာ့ကြောင့် မျက်နှာပေါ် ရောက်လာရသလဲဆိုတော့ မေးခွန်းရဲ့ အဖြေကို ရှာကြည့်ကြရအောင်ပါ။
ဟော်မုန်းပြောင်းလဲမှု
ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲသွားတဲ့အတွက် အမည်းစက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အသည်းအားနည်းသူတွေမှာလည်း ဟော်မုန်းပြောင်းလဲမှုဖြစ်နိုင်ပါတယ်။ Vitamin A နဲ့ B12 ချို့တဲ့သူတွေမှာလည်း ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။

နေရောင်ခြည်ဒဏ်
နေရောင်ခြည်ဒဏ်ရဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရမ်းပြင်းထန်လွန်းပါတယ်။ ဒီခရမ်းလွန်ရောင်ခြည်တွေက မျက်နှာပြင်ပေါ်မှာ အမည်းစက်တွေနဲ့ အပြစ်အနာအဆာတွေ ဖြစ်ပေါ်လာစေနိုင်တဲ့ အဓိက တရားခံပါပဲ။ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု တအားများလာတဲ့အခါမှာ ကုသရခက်တဲ့ မှဲ့ခြောက်တွေ နဲ့ အစွန်းအကွက်တွေ ဖြစ်လာတတ်တာကြောင့် နေရောင်ခြည်ဒဏ်ကို အထူးသဖြင့် ရှောင်ကြဉ်ဖို့ လိုပါတယ်။

မျက်နှာကို မကြာခဏ ထိတွေ့ကိုင်တွယ်လွန်းခြင်း
မျက်နှာကို မကြာခဏထိတွေ့လွန်းတာကြောင့်လည်း အမည်းစက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ မျက်နှာကို လက်နဲ့ ထိနေ ၊ တို့နေ ၊ ဆိတ်နေတာတွေဟာ မျက်နှာပြင်ပေါ်မှာ ဒဏ်ရာအနာတရတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဝက်ခြံညှစ်ပြီး ကျန်ခဲ့တဲ့ ဒဏ်ရာဟောင်းတွေကလည်း အမည်းစက်တွေ ဖြစ်လာတတ်ပါတယ်။

အသားအရေ ဓာတ်မတည့်မှုတွေနဲ့ အရေပြားပြသနာတွေ
ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်တဲ့ ကုန်ပစ္စည်းတွေ အသုံးပြုမိရင်လည်း အမည်းစက်တွေ ဖြစ်လာနိုင်ပါတယ်။ ဓာတ်အပြင်းစားပါဝင်တဲ့ အလှကုန်ပစ္စည်းတွေက ဓာတ်မတည့်မှုတွေ ပိုဖြစ်ပွားနိုင်ပါတယ်။ ဝက်ခြံ ၊ ပြည်တည်ဖု ၊ အဆီဖု ၊ ရေကျောက် စတဲ့ အရေပြားပြသနာတွေကြောင့်လည်း အမည်းစက်တွေ ဖြစ်လာနိုင်ပါတယ်။

Lifestyle_Myanmar
ref-mayoclinic