မျက်နှာပေါ်မှာ ဝက်ခြံဖြစ်လာအောင်လို့ နေ့စဥ်ပြုလုပ်မိနေတဲ့ အမူအကျင့်များ

0
428

ဝက်ခြံဆိုတာဟာ အသက်ကြီးငယ်မရွေး လူတိုင်းနီးပါးကြုံတွေ့ရင်ဆိုင်နေရတဲ့ အသားအရေဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်ပါတယ်။ အရေပြားရောဂါအထူးကုများကတော့ လူတွေရဲ့ အသားအရေထိန်းသိမ်းမှု မှားယွင်းခြင်းကြောင့် ဝက်ခြံတွေဖြစ်လာရတာလို့ ဆိုကြပါတယ်။ နောက်ပြီးတော့ နေ့စဥ်ပြုလုပ်နေတဲ့ အလေ့အကျင့်တွေကနေလည်း ဝက်ခြံကို ဖြစ်လာစေနိုင်ပါသေးတယ်။

-Advertisement-

အသက်အရွယ်နဲ့ကိုက်ညီတဲ့ အလှကုန်ပစ္စည်းများ အသုံးမပြုခြင်း

လူအများစုက သူ့တို့သက်တမ်းတစ်လျှောက် အလှကုန်ပစ္စည်းတစ်မျိုးတည်းကိုသာ အသုံးပြုတတ်ကြပါတယ်။ ဒါပေမယ့် လူ့အသက်ဆိုတာ ငယ်သွားတာလည်းမဟုတ်သလို တစ်ချိန်တည်းမှာပဲ ရပ်တန့်နေတာလည်းမဟုတ်ပါဘူး။ အသက်အရွယ်ရလာတာနဲ့အမျှ အသားအရေအနေအထားတွေကလည်း ပြောင်းလဲလာတာဖြစ်လို့ ကိုယ့်အရွယ်နဲ့ကိုက်ညီတဲ့ အလှကုန်ပစ္စည်းတွေကို ပြောင်းလဲအသုံးပြုသင့်ပါတယ်။ တွေ့ရာပစ္စည်းကို ဝယ်ပြီးသုံးတာမျိုးမလုပ်ဘဲနဲ့ အသားအရေပိုင်းဆိုင်ရာကျွမ်းကျင်သူများနှင့် ဆရာဝန်တို့ညွှန်ကြားပေးသည့် အလှကုန်ပစ္စည်းတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။

ဆပ်ပြာတုံးနဲ့ မျက်နှာသစ်ခြင်း

အရေပြားရောဂါအထူးကုတစ်ဦးဖြစ်သည့် ဒေါက်တာ Nivedita Dadu ပြောစကားအရ ဆပ်ပြာတုံးတွေမှာ ကြမ်းတမ်းတဲ့ဓာတုပစ္စည်းတွေပါဝင်လို့ မျက်နှာသစ်ဆေးအနေနဲ့ လုံးဝအသုံးမပြုသင့်ပါဘူး။ ဆပ်ပြာတုံးတွေကိုသုံးပြီး မျက်နှာသစ်ခြင်းက အသားအရေကိုခြောက်သွေ့ယားယံစေပြီး ထိုမှတဆင့် ဝက်ခြံကို ဖြစ်လာစေပါတယ်။

စမတ်ဖုန်းတွေ

သင်အသုံးပြုနေတဲ့ စမတ်ဖုန်းတွေကလည်း ဝက်ခြံကိုဖြစ်စေနိုင်တယ်ဆိုရင် ယုံနိုင်ပါ့မလား။ ဘက်တီးရီးယားအမြောက်အမြားဟာ ဖုန်းမျက်နှာပြင်နဲ့ နောက်ကျောဖက်မှာ စုဝေးနေပြီး မျက်နှာအသားအရေနဲ့ထိတွေ့သည့်အခါ အနီစက်တွေနဲ့ ဝက်ခြံကို ဖြစ်စေနိုင်ပါတယ်။

မျက်နှာကိုမကြာမကြာထိတွေ့ခြင်း

လူအများစုဟာ သတိမထားမိတဲ့အချိန်တွေမှာ သန့်ရှင်းမှုမရှိတဲ့ လက်ချောင်းလေးတွေနဲ့ မျက်နှာကို မကြာမကြာထိတွေ့လေ့ရှိကြပါတယ်။ ဒီအခါ အဆီပိုထွက်လာကာ အညစ်အကြေးတွေ ပိုးမွှားတွေကလည်း အသားအရေပေါ်မှာ ပိုပြီးစွဲလာကြပါတယ်။ ဆံကေသာအတွက် အသုံးပြုတဲ့ အလှကုန်ပစ္စည်းတွေကလည်း မျက်နှာပေါ်ကိုရောက်ကာ ချွေးပေါက်တွေကို ပိတ်စေနိုင်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here