၀က်ခြံ ၊ အစက်အပျောက်တွေ မျက်နှာပေါ် ရောက်လာတဲ့အခါ စိတ်အနှောင့်အယှက်တွေဖြစ်ရပြီပေ့ါ။ မျက်နှာပေါ်က ဒီအဖုအပိန့်တွေကို ဘယ်လိုနှိမ်နင်းကြမလဲ။ တခါတလေ နည်းလမ်းအမှားတွေကို လုပ်မိတတ်ပါတယ်။ ဒီအခါမှာ ဝက်ခြံတွေက မသက်သာတဲ့အပြင် ပိုဆိုးလာတတ်ပါတယ်။
လုံးဝမညှစ်ပါနဲ့
အဓိကရှောင်ရှားသင့်တဲ့ အချက်ကတော့ ဝက်ခြံပေါက်လာတဲ့အခါ လုံးဝမညှစ်ပါနဲ့။ မျက်နှာမှာဝက်ခြံ၊ အဖုအပိန့်တွေ ပေါက်လာတဲ့အခါ လူတွေလုပ်တတ်တဲ့ အကျင့်ဆိုးတစ်ခုရှိပါတယ်။ ဒါကတော့ ဝက်ခြံကိုညှစ်တာ၊ ဆွတာပါပဲ။ ဒါလုံးဝရှောင်ကြဉ်သင့်တဲ့ အပြုအမူဖြစ်ပါတယ်။ လက်မှာရှိတဲ့မမြင်ရတဲ့ ပိုးမွှားတွေက ဝက်ခြံတွင်းဝင်ရောက်ပြီး ပိုမိုဆိုးရွားလာတတ်ပါတယ်။

မျက်နှာသန့်ရှင်းဖို့ဂရုပြုပါ
မျက်နှာသစ်တဲ့အခါ သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။ မျက်နှာကို ပြီးစလွယ်သစ်တာမျိုးကို ရှောင်ကြဉ်ပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပေးသင့်ပါတယ်။ ပြင်ပကအညစ်အကြေးတွေဟာ မျက်နှာကိုမည်းညစ်ပြီး အဖုအပိန့်တွေဖြစ်ပေါ်စေပါတယ်။

ဘယ်လိုအစားအစာတွေရှောင်သင့်သလဲ
ဝက်ခြံနဲ့အဖုအပိန့်တွေကို အဓိကအားပေးတဲ့ အစားအစာကတော့ အဆီအဆိမ့်တွေပဲဖြစ်ပါတယ်။ ချောကလက်၊ နွားနို့၊ ထောပတ်စတဲ့အဆီဓာတ်ပြည့်ဝတဲ့အစားအစာတွေကို မစားသင့်ပါဘူး။ အဲ့အစားအစာတွေမှာ ပါဝင်တဲ့ဒြပ်တွေဟာ ဝက်ခြံနဲ့အဖုအပိန့်တွေကို ပိုမိုထွက်ရှိစေတဲ့အတွက်ဖြစ်ပါတယ်။

ဘယ်လိုကုသသင့်သလဲ
တီဗွီတွေ၊ အွန်လိုင်းတွေမှာကြော်ငြာတဲ့ ဝက်ခြံပျောက်ဆေးတွေ၊ လိမ်းဆေးတွေကိုစူးစမ်းပြီး မသုံးသင့်ပါဘူး။ ကိုယ့်အသားအရေနဲ့မကိုက်ညီတဲ့အခါ မသက်သာဘဲ ပိုမိုဆိုးရွာလာနိုင်ပါတယ်။ အရေပြားနဲ့ပတ်သတ်တဲ့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ပြသတိုင်ပင်ပြီး စနစ်တကျကုသသင့်ပါတယ်။

Lifestyle_Myanmar
ref-byrdie