မျက်နှာပေါ်က မလိုချင်တဲ့ အမွှေးအမျှင်တွေကို သဘာဝအတိုင်း ဖယ်ရှားနိုင်တဲ့ နည်းလမ်း ၈မျိုး

0
4030
အမွှေးအမျှင်တွေကို သဘာဝအတိုင်း ဖယ်ရှားနိုင်တဲ့ နည်းလမ်

ယောက်ျားလေးတွေအတွက် မျက်နှာပေါ်မှာ ပေါက်တဲ့ အမွှေးအမျှင်တွေက ယောက်ျားပီသတယ် ခန့်တယ်လို့ ဆိုကြပေမဲ့ အမျိုးသမီးတွေမှာပေါက်တယ်ဆိုရင်တော့ လှောင်ပြောင်ခံရမှာ အသေအချာပါပဲ။ ဒါ့အပြင် မိမိမျက်နှာပေါ်က အလှကိုဖုံးကွယ်စေတာကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း လျော့နည်းစေပါတယ်။ ဒီအမွှေးအမျှင်တွေက ရိတ်တယ်ဆိုရင်လည်း ပိုပြီး ထွက်တာကြောင့် ဘယ်လိုဖယ်ရှားရမလဲ ဖြေရှင်းရခက်နေသူတွေအတွက် သဘာဝနည်းလမ်း ၈မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

-Advertisement-

၁။ ပဲတီစိမ်း + နှင်းဆီရေ

ကြိတ်ထားတဲ့ ပဲတီစိမ်း ၂ဇွန်း
နှင်းဆီရေ ၁-၂ ဇွန်း
သံပုရာရည် ၁ဇွန်း
ပန်းကန်တစ်လုံးထဲကို အဆိုပါ ပါဝင်ပစ္စည်း ၃မျိုးကို ထည့်ပြီး သမအောင်ရောမွှေပေးပါ။ ပြီးလျှင် သင်အမွှေးအမျှငဖယ်ရှားချင်တဲ့နေရာတစ်ဝှိုက်ကို သုတ်လိမ်းပေးပါ။ ၂၀-၂၅ မိနစ်လောက်ကြာပြီး လုံးဝခြောက်သွေ့သွားတဲ့အခါမှာ သင့်လက်ချောင်းလေးဖတ်ပွတ်တိုက်ပြီး သန့်စင်ပေးလိုက်ပါ။ တစ်ပတ်ကို ၃-၄ကြိမ်အထိပြုလုပ်နိုင်ပြီး အစီမ်းရောင်ရှိတဲ့ ပဲတီစိမ်းက Exfoliating ဂုဏ်သတ္တိများစွာရှိပြီး နှင်းဆီရေဟာ ဆံသားကြီးထွားမှုနှုန်းကို တားစီးပေးနိုင်ပါတယ်။ ဒါ့အပြင် ဘယ်အသားအရေမဆို အသုံးပြုနိုင်ပြီး ဘေးထွက်ဆိုးကျိုးမရှိပါဘူး။

၂။ ကြက်သွန်နီ+ပင်စိမ်း

အလတ်စားကြက်သွန်နီ ၂လုံး
ပင်စိမ်းရွက် ၁၀-၁၂ရွက်
ပထမဦးစွာ ကြက်သွန်နီကို အခွံနွှာတဲ့အခါ ထွက်ပေါ်လာတဲ့ အမှေးပါးအလွှာလေးကို ယူပါ။ ပြီးလျှင် ပင်စိမ်းရွက်ကို ချေပေးပါ။ ပါဝင်ပစ္စည်းနှစ်ခုကို ရောနှောပြီး သင်ဖယ်ရှားချင်တဲ့အမွှေးအမျှင်နေရာတစ်ဝှိုက်ပေါ်သို့ သုတ်လိမ်းပေးလိုက်ပါ။ ၂၀-၂၅ မိနစ်လောက်ကြာတဲ့အခါမှ ဖယ်ရှားပြီး ရေနွေးနွေးလေးဖြင့် ဆေးကြောသန့်စင်ပေးလိုက်ပါ။ ၁-၂ လကြာတဲ့အခါ သိသိသာသာပြောင်းလဲမှုရှိပြီး တစ်ပတ်ကို ၃-၄ကြိမ်ထိ ပြုလုပ်နိုင်ပါတယ်။ ဘယ်အသားအရေမျိုးမဆို အသုံးပြုနိုင်ပါတယ်။

၃။ လာဗင်ဒါဆီ+လက်ဖက်ဆီ

လာဗင်ဒါဆီ လက်ဖက်ဇွန်း ၁ဇွန်း
လက်ဖက်ဆီ ၄-၆ ပေါက်
ပန်းကန်ထဲကို လက်ဖက်ဆီနဲ့ လာဗင်ဒါဆီကို ရောမွှေပေးပါ။ ဝါဂွမ်းစ ဖြင့်အဆိုပါ အဆီကို စွတ်ပြီး သင်အမွှေးအမျှင်ဖယ်ရှားချင်တဲ့နေရာတစ်ဝှိုက်ပေါ်ကို သုတ်လိမ်းပေးပါ။ ၃လအတွင်း သင်မလိုချင်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပေးနိုင်ပြီး တစ်နေ့ကို ၂-၃ကြိမ်အထိအသုံးပြုနိုင်ပါတယ်။ လာဗင်ဒါဆီနဲ့ လက်ဖက်ဆီဟာ ဆံပင်ကို ဖယ်ရှားဖို့အတွက် Anti- androgenic ဂုဏ်သတ္တိများစွာရှိပါတယ်။ အဆီပြန်၊ ဝက်ခြံရှိနေတဲ့ အသားအရေအတွက် အသုံးပြုဖို့ သင့်တော်ပါတယ်။

၄။ ပျားရည်+သကြား

ပျားရည် ၁ဇွန်း
သကြား ၂ဇွန်း
ရေ ၁ဇွန်း
ပန်းကန်တစ်လုံးထဲသို့ သကြားထည့်၊ ပျားရည်နဲ့ ရေထည့်ပြီး သကြားအရည်ပျော်တဲ့အထိ သမအောင်မွှေပေးပါ။ ပြီးလျှင် ၃၀ စက္ကန့်လောက် မိုက်ခရိုဝေ့ထဲမှာ ခဏထည့်ထားပေးလိုက်ပါ။ ပြီးလျှင် သင်မလိုချင်တဲ့ အမွှေးအမျှင်တွေရှိတဲ့နေရာတစ်ဝှိုက်မှာ သုတ်လိမ်းပေးလိုက်ပါ။ အချိန်အနည်းငယ်ကြာသွားတဲ့အခါ အဝတ်စတစ်ခုကို ရေအေးစွတ်ပြီး အဆိုပါနေရာကို သန့်စင်ပေးလိုက်ပါ။ ဆံပင်ကို ဖယ်ရှားပေးသော exfoliates အရေပြားဆဲလ်ကို သေစေတဲ့ ဂုဏ်သတ္တိမျာစွာပါဝင်ပြီး ဘယ်အသားအရေမဆိုအသုံးပြုနိုင်ပါတယ်။

၅။ အုတ်ဂျုံ+ငှက်ပျောသီး

အုတ်ဂျုံ ၂ဇွန်း
ငှက်ပျောသီး ၁လုံး
ငှက်ပျောသီးကို ချေပြီး အုတ်ဂျုံနဲ့ ရောသမမွှေပေးပါ။ ရရှိလာတဲ့ အရောအနှောကို မလိုချင်တဲ့ အမွှေးအမျှင်ပေါက်တဲ့နေရာ ပတ်ပတ်လည်လည်ကို သုတ်လိမ်းပေးလိုက်ပါ။ ၁၅-၂၀ မိနစ်လောက်ကြာတဲ့အခါကြမှ ရေအေးဖြင့် ဆေးကြောပေးလိုက်ပါ။ တစ်ပတ်ကို ၁-၂ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။ အုတ်ဂျုံက အသားအရေအတွက် ကောင်းမွန်တာကြောင့် ဘယ်အသားအရေမျိုးမဆို အသုံးပြုနိုင်ပါတယ်။

၆။ ဂျယ်လတင်း + နို့

ဂျယ်လတင်းမှုန့် ၁ဇွန်း
နွားနို့စစ်စစ် ၃ဇွန်း
သံပုရာရည် ၁-၂စက်
အဆိုပါ ပါဝင်ပစ္စည်းသုံးမျိုးကို ရောနှောကာ မိုက်ခရုဝေ့ထဲမှာ မိနစ်အနည်းငယ်ကြာအောင်ထားပြီး အအေးခံလိုက်ပါ။ အမွှေးအမျှင်တွေရှိတဲ့နေရာတစ်ဝှိုက်ကို သင့်လက်ချောင်းလေးဖြင့် သုတ်လိမ်းပေးပြီး ၅မိနစ်ခန့်လောက်ထားပေးလိုက်ပါ။ အဆိုပါ အရောအနှောဟာ ကော်လိုအရမ်းကပ်စေးတာကြောင့် သင်မလိုအပ်တဲ့
အမွှေးအမျှင်တွေကို ချွတ်ထွက်စေပါတယ်။ ဒါ့အပြင် အရေပြားဆဲလ်သေနဲ့ အမဲစက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အထိခိုက်မခံတဲ့ အသားအရေနဲ့ ဝက်ခြံရှိတဲ့သူတွေမှလွဲပြီး ဘယ်အသားအရေမဆို အသုံးပြုနိုင်ပါတယ်။

၇။ ကြက်ဥ+ပြောင်ဖူးကော်မှုန့်

ကြက်ဥ ၁လုံး
ပြောင်းဖူးကော်မှုန့် ဇွန်း ၁ ဝက်
သကြား ၁ဇွန်း
ပထမဦးစွာ ပန်းကန်တစ်လုံးထဲကို ကြက်ဥအကာ၊ သကြား နဲ့ ပြောင်းဖူးကော်မှုန့်တို့ကို ထည့်ပြီး ရောမွှေပေးပါ။ ပြီးလျှင် အမွှေးရှိတဲ့နေရာတစ်ဝှိုက်ကို သုတ်လိမ်းပေးပြီး မိနစ် ၂၀-၂၅ မိနစ်လောက် ထားပြီး အခြောက်ခံပေးပါ။ ခြောက်သွားတဲ့အခါမှ ခွာပေးလိုက်ပါ။ တစ်ပတ်ကို ၂-၃ကြိမ်အထိအသုံးပြု နိုင်ပါတယ်။ ဝက်ခြံရှိတဲ့နေရာနဲ့ အထိခိုက်မခံတဲ့နေရာမှလွယ်ပြီး ဘယ်အသားအရေမဆို အသုံးပြုနိုင်ပါတယ်။

၈။ သင်္ဘောသီး+နနွင်း

သင်္ဘောသီးမှည့်
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဝက်
သင်္ဘောသီးမှည့်ကို အနည်းငယ်ပိုင်းဖြတ်ပြီး နနွင်းမှုန်နဲ့ အတူ ကြေအောင်ချေပေးပါ။ ပြီးလျှင် သင်မလိုချင်တဲ့ အမွှေးပေါက်တဲ့ နေရာတစ်ဝှိုက်ကို သုတ်လိမ်းပေးပါ။ ပထဦးစွာ ညင်ညင်သာသာသုတ်လိမ်းပေးပြီး ပြီးလျှင် နှိပ်လိမ်းပေးပါ။ ၁၅-၂၀မိနစ်လောက်ကြာတဲ့အခါ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ။ တစ်ပတ်ကို ၂ကြိမ်အထိအသုံးပြုနိုင်ပြီး ဘယ်အသားအရေမဆို အသုံးပြုပေးနိုင်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

သေချာ ဂရုစိုက်ပေးသင့်တဲ့ ခန္ဓာကိုယ်အတွင်း ရောဂါဖြစ်ပေါ်နိုင်သော လက္ခဏာအချို့

Zawgyi Fonts

မ်က္ႏွာေပၚက မလိုခ်င္တဲ့ အေမႊးအမၽွင္ေတြကို သဘာဝအတိုင္း ဖယ္ရွားနိုင္တဲ့ နည္းလမ္း ၈မ်ိဳး

ေယာက္်ားေလးေတြအတြက္ မ်က္ႏွာေပၚမွာ ေပါက္တဲ့ အေမႊးအမၽွင္ေတြက ေယာက္်ားပီသတယ္ ခန္႔တယ္လို႔ ဆိုၾကေပမဲ့ အမ်ိဳးသမီးေတြမွာေပါက္တယ္ဆိုရင္ေတာ့ ေလွာင္ေျပာင္ခံရမွာ အေသအခ်ာပါပဲ။ ဒါ့အျပင္ မိမိမ်က္ႏွာေပၚက အလွကိုဖုံးကြယ္ေစတာေၾကာင့္ ကိုယ့္ကိုကိုယ္ယုံၾကည္မွုလည္း ေလ်ာ့နည္းေစပါတယ္။ ဒီအေမႊးအမၽွင္ေတြက ရိတ္တယ္ဆိုရင္လည္း ပိုၿပီး ထြက္တာေၾကာင့္ ဘယ္လိုဖယ္ရွားရမလဲ ေျဖရွင္းရခက္ေနသူေတြအတြက္ သဘာဝနည္းလမ္း ၈မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ပဲတီစိမ္း + ႏွင္းဆီေရ
ႀကိတ္ထားတဲ့ ပဲတီစိမ္း ၂ဇြန္း
ႏွင္းဆီေရ ၁-၂ ဇြန္း
သံပုရာရည္ ၁ဇြန္း
ပန္းကန္တစ္လုံးထဲကို အဆိုပါ ပါဝင္ပစၥည္း ၃မ်ိဳးကို ထည့္ၿပီး သမေအာင္ေရာေမႊေပးပါ။ ၿပီးလၽွင္ သင္အေမႊးအမၽွင္ဖယ္ရွားခ်င္တဲ့ေနရာတစ္ဝွိုက္ကို သုတ္လိမ္းေပးပါ။ ၂၀-၂၅ မိနစ္ေလာက္ၾကာၿပီး လုံးဝေျခာက္ေသြ႕သြားတဲ့အခါမွာ သင့္လက္ေခ်ာင္းေလးဖတ္ပြတ္တိုက္ၿပီး သန္႔စင္ေပးလိုက္ပါ။ တစ္ပတ္ကို ၃-၄ႀကိမ္အထိျပဳလုပ္နိုင္ၿပီး အစီမ္းေရာင္ရွိတဲ့ ပဲတီစိမ္းက Exfoliating ဂုဏ္သတၱိမ်ားစြာရွိၿပီး ႏွင္းဆီေရဟာ ဆံသားႀကီးထြားမွုႏွုန္းကို တားစီးေပးနိုင္ပါတယ္။ ဒါ့အျပင္ ဘယ္အသားအေရမဆို အသုံးျပဳနိုင္ၿပီး ေဘးထြက္ဆိုးက်ိဳးမရွိပါဘူး။

၂။ ၾကက္သြန္နီ+ပင္စိမ္း
အလတ္စားၾကက္သြန္နီ ၂လုံး
ပင္စိမ္းရြက္ ၁၀-၁၂ရြက္
ပထမဦးစြာ ၾကက္သြန္နီကို အခြံႏႊာတဲ့အခါ ထြက္ေပၚလာတဲ့ အေမွးပါးအလႊာေလးကို ယူပါ။ ၿပီးလၽွင္ ပင္စိမ္းရြက္ကို ေခ်ေပးပါ။ ပါဝင္ပစၥည္းႏွစ္ခုကို ေရာေႏွာၿပီး သင္ဖယ္ရွားခ်င္တဲ့အေမႊးအမၽွင္ေနရာတစ္ဝွိုက္ေပၚသို႔ သုတ္လိမ္းေပးလိုက္ပါ။ ၂၀-၂၅ မိနစ္ေလာက္ၾကာတဲ့အခါမွ ဖယ္ရွားၿပီး ေရေႏြးေႏြးေလးျဖင့္ ေဆးေၾကာသန္႔စင္ေပးလိုက္ပါ။ ၁-၂ လၾကာတဲ့အခါ သိသိသာသာေျပာင္းလဲမွုရွိၿပီး တစ္ပတ္ကို ၃-၄ႀကိမ္ထိ ျပဳလုပ္နိုင္ပါတယ္။ ဘယ္အသားအေရမ်ိဳးမဆို အသုံးျပဳနိုင္ပါတယ္။

လာဗင္ဒါဆီ+လက္ဖက္ဆီ
၃။ လာဗင္ဒါဆီ လက္ဖက္ဇြန္း ၁ဇြန္း
လက္ဖက္ဆီ ၄-၆ ေပါက္
ပန္းကန္ထဲကို လက္ဖက္ဆီနဲ႔ လာဗင္ဒါဆီကို ေရာေမႊေပးပါ။ ဝါဂြမ္းစ ျဖင့္အဆိုပါ အဆီကို စြတ္ၿပီး သင္အေမႊးအမၽွင္ဖယ္ရွားခ်င္တဲ့ေနရာတစ္ဝွိုက္ေပၚကို သုတ္လိမ္းေပးပါ။ ၃လအတြင္း သင္မလိုခ်င္တဲ့ အေမႊးအမၽွင္ေတြကို ဖယ္ရွားေပးနိုင္ၿပီး တစ္ေန႔ကို ၂-၃ႀကိမ္အထိအသုံးျပဳနိုင္ပါတယ္။ လာဗင္ဒါဆီနဲ႔ လက္ဖက္ဆီဟာ ဆံပင္ကို ဖယ္ရွားဖို႔အတြက္ Anti- androgenic ဂုဏ္သတၱိမ်ားစြာရွိပါတယ္။ အဆီျပန္၊ ဝက္ၿခံရွိေနတဲ့ အသားအေရအတြက္ အသုံးျပဳဖို႔ သင့္ေတာ္ပါတယ္။

၄။ ပ်ားရည္+သၾကား
ပ်ားရည္ ၁ဇြန္း
သၾကား ၂ဇြန္း
ေရ ၁ဇြန္း
ပန္းကန္တစ္လုံးထဲသို႔ သၾကားထည့္၊ ပ်ားရည္နဲ႔ ေရထည့္ၿပီး သၾကားအရည္ေပ်ာ္တဲ့အထိ သမေအာင္ေမႊေပးပါ။ ၿပီးလၽွင္ ၃၀ စကၠန္႔ေလာက္ မိုက္ခရိုေဝ့ထဲမွာ ခဏထည့္ထားေပးလိုက္ပါ။ ၿပီးလၽွင္ သင္မလိုခ်င္တဲ့ အေမႊးအမၽွင္ေတြရွိတဲ့ေနရာတစ္ဝွိုက္မွာ သုတ္လိမ္းေပးလိုက္ပါ။ အခ်ိန္အနည္းငယ္ၾကာသြားတဲ့အခါ အဝတ္စတစ္ခုကို ေရေအးစြတ္ၿပီး အဆိုပါေနရာကို သန္႔စင္ေပးလိုက္ပါ။ ဆံပင္ကို ဖယ္ရွားေပးေသာ exfoliates အေရျပားဆဲလ္ကို ေသေစတဲ့ ဂုဏ္သတၱိမ်ာစြာပါဝင္ၿပီး ဘယ္အသားအေရမဆိုအသုံးျပဳနိုင္ပါတယ္။

၅။ အုတ္ဂ်ဳံ+ငွက္ေပ်ာသီး
အုတ္ဂ်ဳံ ၂ဇြန္း
ငွက္ေပ်ာသီး ၁လုံး
ငွက္ေပ်ာသီးကို ေခ်ၿပီး အုတ္ဂ်ဳံနဲ႔ ေရာသမေမႊေပးပါ။ ရရွိလာတဲ့ အေရာအေႏွာကို မလိုခ်င္တဲ့ အေမႊးအမၽွင္ေပါက္တဲ့ေနရာ ပတ္ပတ္လည္လည္ကို သုတ္လိမ္းေပးလိုက္ပါ။ ၁၅-၂၀ မိနစ္ေလာက္ၾကာတဲ့အခါၾကမွ ေရေအးျဖင့္ ေဆးေၾကာေပးလိုက္ပါ။ တစ္ပတ္ကို ၁-၂ႀကိမ္အထိ ျပဳလုပ္ေပးနိုင္ပါတယ္။ အုတ္ဂ်ဳံက အသားအေရအတြက္ ေကာင္းမြန္တာေၾကာင့္ ဘယ္အသားအေရမ်ိဳးမဆို အသုံးျပဳနိုင္ပါတယ္။

၆။ ဂ်ယ္လတင္း + နို႔
ဂ်ယ္လတင္းမွုန္႔ ၁ဇြန္း
ႏြားနို႔စစ္စစ္ ၃ဇြန္း
သံပုရာရည္ ၁-၂စက္
အဆိုပါ ပါဝင္ပစၥည္းသုံးမ်ိဳးကို ေရာေႏွာကာ မိုက္ခ႐ုေဝ့ထဲမွာ မိနစ္အနည္းငယ္ၾကာေအာင္ထားၿပီး အေအးခံလိုက္ပါ။ အေမႊးအမၽွင္ေတြရွိတဲ့ေနရာတစ္ဝွိုက္ကို သင့္လက္ေခ်ာင္းေလးျဖင့္ သုတ္လိမ္းေပးၿပီး ၅မိနစ္ခန္႔ေလာက္ထားေပးလိုက္ပါ။ အဆိုပါ အေရာအေႏွာဟာ ေကာ္လိုအရမ္းကပ္ေစးတာေၾကာင့္ သင္မလိုအပ္တဲ့
အေမႊးအမၽွင္ေတြကို ခၽြတ္ထြက္ေစပါတယ္။ ဒါ့အျပင္ အေရျပားဆဲလ္ေသနဲ႔ အမဲစက္ေတြကိုလည္း ဖယ္ရွားေပးနိုင္ပါတယ္။ အထိခိုက္မခံတဲ့ အသားအေရနဲ႔ ဝက္ၿခံရွိတဲ့သူေတြမွလြဲၿပီး ဘယ္အသားအေရမဆို အသုံးျပဳနိုင္ပါတယ္။

၇။ ၾကက္ဥ+ေျပာင္ဖူးေကာ္မွုန႔္
ၾကက္ဥ ၁လုံး
ေျပာင္းဖူးေကာ္မွုန႔္ ဇြန္း ၁ ဝက္
သၾကား ၁ဇြန္း
ပထမဦးစြာ ပန္းကန္တစ္လုံးထဲကို ၾကက္ဥအကာ၊ သၾကား နဲ႔ ေျပာင္းဖူးေကာ္မွုန္႔တို႔ကို ထည့္ၿပီး ေရာေမႊေပးပါ။ ၿပီးလၽွင္ အေမႊးရွိတဲ့ေနရာတစ္ဝွိုက္ကို သုတ္လိမ္းေပးၿပီး မိနစ္ ၂၀-၂၅ မိနစ္ေလာက္ ထားၿပီး အေျခာက္ခံေပးပါ။ ေျခာက္သြားတဲ့အခါမွ ခြာေပးလိုက္ပါ။ တစ္ပတ္ကို ၂-၃ႀကိမ္အထိအသုံးျပဳ နိုင္ပါတယ္။ ဝက္ၿခံရွိတဲ့ေနရာနဲ႔ အထိခိုက္မခံတဲ့ေနရာမွလြယ္ၿပီး ဘယ္အသားအေရမဆို အသုံးျပဳနိုင္ပါတယ္။

၈။ သေဘၤာသီး+နႏြင္း
သေဘၤာသီးမွည့္
နႏြင္းမွုန္႔ လက္ဖက္ရည္ဇြန္း ၁ ဝက္
သေဘၤာသီးမွည့္ကို အနည္းငယ္ပိုင္းျဖတ္ၿပီး နႏြင္းမွုန္နဲ႔ အတူ ေၾကေအာင္ေခ်ေပးပါ။ ၿပီးလၽွင္ သင္မလိုခ်င္တဲ့ အေမႊးေပါက္တဲ့ ေနရာတစ္ဝွိုက္ကို သုတ္လိမ္းေပးပါ။ ပထဦးစြာ ညင္ညင္သာသာသုတ္လိမ္းေပးၿပီး ၿပီးလၽွင္ ႏွိပ္လိမ္းေပးပါ။ ၁၅-၂၀မိနစ္ေလာက္ၾကာတဲ့အခါ ေရေႏြးေႏြးေလးျဖင့္ ေဆးေၾကာေပးပါ။ တစ္ပတ္ကို ၂ႀကိမ္အထိအသုံးျပဳနိုင္ၿပီး ဘယ္အသားအေရမဆို အသုံးျပဳေပးနိုင္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here