ဆားဝက်ခြံ ဟာ လူတိုင်းရဲ့မျက်နှာမှာ ရှိနိုင်ပါတယ်။ အထူးသဖြင့် အပြင်ကိုနေ့တိုင်းသွားပြီး အလုပ်လုပ်နေကြသူတွေရဲ့ မျက်နှာမှာ ဆားဝက်ခြံတွေရှိနိုင်ပါတယ်။ သူတို့တွေက သူများတွေလို အချိန်တကူးတကပေးပြီး မျက်နှာအသားအရည်ကို ထိန်းသိမ်းဖို့ အချိန်မပေးနိုင်ကြဘူးလေ။ ဒါပေမယ့် စိတ်ညစ်စရာဆားဝက်ခြံတွေ သင့်မျက်နှာပေါ်ရောက်နေပြီဆိုရင်တော့ အောက်ပါသဘာဝပစ္စည်းတွေနဲ့ မျက်နှာပေါ်က တိုက်ထုတ်ကြည့်လိုက်ပါ။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးနှစ်လုံးခန့်ကို ပျစ်သွားတဲ့အထိလက်နဲ့ဖြစ်စေ၊ စက်နဲ့ဖြစ်စေ ကြိတ်ခြေပေးပါ။ အဲ့နောက် ဆားဝက်ခြံရှိတဲ့နေရာမှာ သေချာအသားထဲစိမ့်ဝင်အာင် လိမ်းလိုက်ပါ။ ၁၅မိနစ်ခန့်ကြာတဲ့အခါမှာ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

လိမ္မော်ခွံ
လိမ္မော်သီးအခွံကိုကြိတ်ပြီး ရေလေးနဲ့ပျစ်နေအောင်ဖျော်ပါ။ ဆားဝက်ခြံရှိတဲ့နေရာကို သေချာနှံ့စပ်အောင်သုတ်လိမ်းပြီး တစ်ညထားရပါတယ်။ မနက်အိပ်ယာနိုးလာတဲ့အချိန်မှာ မျက်နှာသစ်ဆေးအပျော့စားနဲ့ မျက်နှာသစ်ပေးလိုက်ပါ။

ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဟာ အသားအရေအတွက် အထူးသင့်တော်တဲ့ သဘာဝအပင်တစ်မျိုးဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ကို အလယ်ကခွဲပြီး အထဲကအစေးတွေကို ထုတ်ယူလိုက်ပါ။ ပြီးတဲ့နောက် ဆားဝက်ခြံရှိတဲ့နေရာမှာ မိနစ်-၂၀ခန့်ကပ်ထားလိုက်ရုံနဲ့ ဆားဝက်ခြံတွေကို သိသိသာသာပျောက်ကင်းစေနိုင်ပါတယ်။

Lifestyle_Myanmar
ref-readersdigest