Home Health & Beauty မျက်နှာတစ်ပြင်လုံးမှာရှိတဲ့ အရေးကြောင်းတွေကို ဖယ်ရှားပြီး မျက်နှာပြန်လည်နုပျိုစေမဲ့လေ့ကျင့်ခန်း

မျက်နှာတစ်ပြင်လုံးမှာရှိတဲ့ အရေးကြောင်းတွေကို ဖယ်ရှားပြီး မျက်နှာပြန်လည်နုပျိုစေမဲ့လေ့ကျင့်ခန်း

0
211
နုပျိုစေမဲ့လေ့ကျင့်ခန်း
နုပျိုစေမဲ့လေ့ကျင့်ခန်း

ယခုခေတ်မှာ မျက်နှာက အရေးကြောင်းတွေ ဖြစ်လာပြီဆို ခွဲစိတ်ပြုပြင်တာတွေ၊ ကော်လဂျင်ကြိုးထည့်တာတွေပြုလုပ်နေတတ်ကြပါတယ်။ ဒါက သင့်ကို နာကျင်စေတဲ့အပြင် အကုန်အကျလည်း များပါတယ်။ ဒါ့ကြောင့် မျက်နှာပေါ်က အိုမင်းခြင်းပုံရိပ်ကိုဖြစ်ပေါ်စေတဲ့ အရေးကြောင်းတွေကို သဘာဝအတိုင်း ဖယ်ရှားနိုင်ဖို့အတွက် မျက်နှာလေ့ကျင့်ခန်းပြုလုပ်နည်းကို Liffestyle_Myanmar ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။ အဆိုပါလေ့ကျင့်ခန်းဟာ အသားအရေကို တင်းရင်းစေပြီး မျက်နှာပေါ်က အရေးကြောင်းတွေကို
ကာလတိုအတွက် ဖယ်ရှားပေးနိုင်ပါတယ်။

၁။ပြုံးတဲ့အခါ ပါးချိုင့်နေရာတစ်ဝှိုက်က အရေးကြောင်းတွေပေါ်ခြင်း

နှုတ်ခမ်းနှစ်ဖက်ရဲ့ ဘေးအပေါ်ဘက်နဲ့ နှာခေါင်းအောက်ကြား အရေးကြောင်းတွေဖြစ်တဲ့အခါ ပုံမှာဖော်ပြထားသလို အရေးကြောင်းဖြစ်တဲ့နေရာတစ်ဝှိုက်ကို လက်ညိုးနှစ်ဖက်နဲ့ ဆန့်ကျင်ဘက်တွန်းပေးပါ။ ထိုကဲ့သိုပြုလုပ်ခြင်းဟာ ပါးရှိကြွက်သားတွေကို တင်းမာလာစေပြီး အရေးကြောင်းတွေကို ပပျောက်စေပါတယ်။ ထိုကဲ့သို အနည်းဆုံး ၁၀ကြိမ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

၂။ နှုတ်ခမ်းဖူးဖူးလေးဖြစ်ဖို့အတွက်

နှုတ်ခမ်းအသားအရေးက တင်းရင်းပြီး ဖူးဖူးလေးဖြစ်နေမှ စွဲဆောင်မှုရှိတဲ့နှုတ်ခမ်းလေးဖြစ်မှာပါ။ ဒါ့ကြောင့် ဒီလို နှုတ်ခမ်းလေးကို ပိုင်ဆိုင်ခြင်ရင်တော့ သင့်နှုတ်ခမ်းကို လေချွန်တဲ့ ပုံစံမျိုးပြုလုပ်ပေးရမှာဖြစ်ပြီး ထိုအနေအထားအတိုင်း ၅စက္ကန့် – ၁၀စက္ကန့်လောက် ငြိမ်နေပေးရမှာဖြစ်ပါတယ်။ ထိုကဲ့သိုပြုလုပ်တာဟာ နှုတ်ခမ်းကြွက်သားတွေကို တင်းမာလာစေတာကြောင့် နှုတ်ခမ်းကိုလည်းဖူးဖူးလေးဖြစ်စေပါတယ်။ ထိုလေ့ကျင့်ခန်းကို အနည်းဆုံး ၅ကြိမ်ပြုပ်လုပ်နိုင်ပါတယ်။

၃။ မျက်လုံးတစ်ဝှိုက်အရေးကြောင်းတွေအတွက်

အောက်မျက်ခမ်းနေရာတစ်ဝှိုက်မှာ အရေးကြောင်းတွေဖြစ်ပေါ်တဲ့အခါ ပုံမှာဖော်ပြထားသလို နှာခေါင်းအနီးတစ်ဝှိုက်မှာ လက်ချောင်း ၂ဖက်ကို ထားပြီး စပလိမ်ပုံစံ ပတ်ပတ်လည် ညင်ညင်သာသာ နှိပ်ပေးပါ။

၄။ ပါးပြင်ပေါ်က အရေးကြောင်းတွေအတွက်

ပါးပြင်ပေါ်က အရေးကြောင်းတွေ ဖယ်ရှားဖို့အတွက် ပထမဦးစွာ နှာခေါင်းကနေ လေပြင်းပြင်းလေး ရှူပြီး ပါးကို ဖောင်းထားပေးပါ။ ၃-၅စက္ကန့်လောက်ကြာမှ နှုတ်ခမ်းကို မဖွင့်ပဲ လေကို ဖြည်းဖြည်းခြင်း ပြန်ထုတ်လိုက်ပါ။

၅။ နှဖူးပေါ်က အရေးကြောင်းတွေအတွက်

မျက်ခုံးအထက် နှဖူးပေါ်က အရေးကြောင်းတွေဖြစ်ပေါ်တဲ့အခါ လက်ချောင်း လေးချောင်းစီနဲ့ မျက်ခုံးကို မြှင့်တင်ပြီး နှိပ်နယ်ပေးပါ။ ထိုကဲ့သို အကြိမ် ၂၀ ထိ နှိပ်နယ်ပေးနိုင်ပါတယ်။ အကြိမ်ကြာလာတာနဲ့အမျှ အကြိမ်အရေအတွက် တိုးပြီး နှိပ်နယ်နိုင်ပါတယ်။

၆။အရေးကြောင်းတွေ ဖယ်ရှားဖို့အတွက် ဗီတာမင် အီးကို သုံးပါ။

ဗီတာမင် အီးဟာ အသား အရေနုပျိုဖို့အတွက် အစွမ်းထက်တဲ့ ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ၄င်းဟာ အရေးကြောင်းတွ ဖယ်းရှားဖို့အတွက်အသုံးပြုခြင်း၊ အမာရွတ်တွေ ပပျောက်ဖို့အတွက် အသုံးပြုခြင်း၊ အရေပြားကင်ဆာကို ကာကွယ်ပေးခြင်းနဲ့ နေရောင်ခြည်ဒဏ်ကို အများကြီး ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် အီး အဆီကို မျက်နှာမှာ လိမ်းပေးပါက ရလဒ်ကောင်းတွေ အများကြီး ရရှိနိုင်မှာဖြစ်ပါတယ်။

#lifestyle_Myanmar

#Thar_Nage

ဘယ်ဖက်ကိုစောင်းပြီး အိပ်စက်ခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၃) မျိုး

Zawgyi fonts

မ်က္ႏွာတစ္ျပင္လုံးမွာရွိတဲ့ အေရးေၾကာင္းေတြကို ဖယ္ရွားၿပီး မ်က္ႏွာျပန္လည္ႏုပ်ိဳေစမဲ့ေလ့က်င့္ခန္း
ယခုေခတ္မွာ မ်က္ႏွာက အေရးေၾကာင္းေတြ ျဖစ္လာၿပီဆို ခြဲစိတ္ျပဳျပင္တာေတြ၊ ေကာ္လဂ်င္ႀကိဳးထည့္တာေတြျပဳလုပ္ေနတတ္ၾကပါတယ္။ ဒါက သင့္ကို နာက်င္ေစတဲ့အျပင္ အကုန္အက်လည္း မ်ားပါတယ္။ ဒါ့ေၾကာင့္ မ်က္ႏွာေပၚက အိုမင္းျခင္းပုံရိပ္ကိုျဖစ္ေပၚေစတဲ့ အေရးေၾကာင္းေတြကို သဘာဝအတိုင္း ဖယ္ရွားနိုင္ဖို႔အတြက္ မ်က္ႏွာေလ့က်င့္ခန္းျပဳလုပ္နည္းကို Liffestyle_Myanmar ပရိတ္သတ္ႀကီးအတြက္ မၽွေဝေပးလိုက္ပါတယ္။ အဆိုပါေလ့က်င့္ခန္းဟာ အသားအေရကို တင္းရင္းေစၿပီး မ်က္ႏွာေပၚက အေရးေၾကာင္းေတြကို
ကာလတိုအတြက္ ဖယ္ရွားေပးနိုင္ပါတယ္။

၁။ျပဳံးတဲ့အခါ ပါးခ်ိဳင့္ေနရာတစ္ဝွိုက္က အေရးေၾကာင္းေတြေပၚျခင္း
ႏွုတ္ခမ္းႏွစ္ဖက္ရဲ့ ေဘးအေပၚဘက္နဲ႔ ႏွာေခါင္းေအာက္ၾကား အေရးေၾကာင္းေတြျဖစ္တဲ့အခါ ပုံမွာေဖာ္ျပထားသလို အေရးေၾကာင္းျဖစ္တဲ့ေနရာတစ္ဝွိုက္ကို လက္ညိဳးႏွစ္ဖက္နဲ႔ ဆန္႔က်င္ဘက္တြန္းေပးပါ။ ထိုကဲ့သိုျပဳလုပ္ျခင္းဟာ ပါးရွိႂကြက္သားေတြကို တင္းမာလာေစၿပီး အေရးေၾကာင္းေတြကို ပေပ်ာက္ေစပါတယ္။ ထိုကဲ့သို အနည္းဆုံး ၁၀ႀကိမ္ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။

၂။ ႏွုတ္ခမ္းဖူးဖူးေလးျဖစ္ဖို႔အတြက္
ႏွုတ္ခမ္းအသားအေရးက တင္းရင္းၿပီး ဖူးဖူးေလးျဖစ္ေနမွ စြဲေဆာင္မွုရွိတဲ့ႏွုတ္ခမ္းေလးျဖစ္မွာပါ။ ဒါ့ေၾကာင့္ ဒီလို ႏွုတ္ခမ္းေလးကို ပိုင္ဆိုင္ျခင္ရင္ေတာ့ သင့္ႏွုတ္ခမ္းကို ေလခၽြန္တဲ့ ပုံစံမ်ိဳးျပဳလုပ္ေပးရမွာျဖစ္ၿပီး ထိုအေနအထားအတိုင္း ၅စကၠန္႔ – ၁၀စကၠန္႔ေလာက္ ၿငိမ္ေနေပးရမွာျဖစ္ပါတယ္။ ထိုကဲ့သိုျပဳလုပ္တာဟာ ႏွုတ္ခမ္းႂကြက္သားေတြကို တင္းမာလာေစတာေၾကာင့္ ႏွုတ္ခမ္းကိုလည္းဖူးဖူးေလးျဖစ္ေစပါတယ္။ ထိုေလ့က်င့္ခန္းကို အနည္းဆုံး ၅ႀကိမ္ျပဳပ္လုပ္နိုင္ပါတယ္။

၃။ မ်က္လုံးတစ္ဝွိုက္အေရးေၾကာင္းေတြအတြက္
ေအာက္မ်က္ခမ္းေနရာတစ္ဝွိုက္မွာ အေရးေၾကာင္းေတြျဖစ္ေပၚတဲ့အခါ ပုံမွာေဖာ္ျပထားသလို ႏွာေခါင္းအနီးတစ္ဝွိုက္မွာ လက္ေခ်ာင္း ၂ဖက္ကို ထားၿပီး စပလိမ္ပုံစံ ပတ္ပတ္လည္ ညင္ညင္သာသာ ႏွိပ္ေပးပါ။

၄။ ပါးျပင္ေပၚက အေရးေၾကာင္းေတြအတြက္
ပါးျပင္ေပၚက အေရးေၾကာင္းေတြ ဖယ္ရွားဖို႔အတြက္ ပထမဦးစြာ ႏွာေခါင္းကေန ေလျပင္းျပင္းေလး ရွူၿပီး ပါးကို ေဖာင္းထားေပးပါ။ ၃-၅စကၠန္႔ေလာက္ၾကာမွ ႏွုတ္ခမ္းကို မဖြင့္ပဲ ေလကို ျဖည္းျဖည္းျခင္း ျပန္ထုတ္လိုက္ပါ။

၅။ ႏွဖူးေပၚက အေရးေၾကာင္းေတြအတြက္
မ်က္ခုံးအထက္ ႏွဖူးေပၚက အေရးေၾကာင္းေတြျဖစ္ေပၚတဲ့အခါ လက္ေခ်ာင္း ေလးေခ်ာင္းစီနဲ႔ မ်က္ခုံးကို ျမႇင့္တင္ၿပီး ႏွိပ္နယ္ေပးပါ။ ထိုကဲ့သို အႀကိမ္ ၂၀ ထိ ႏွိပ္နယ္ေပးနိုင္ပါတယ္။ အႀကိမ္ၾကာလာတာနဲ႔အမၽွ အႀကိမ္အေရအတြက္ တိုးၿပီး ႏွိပ္နယ္နိုင္ပါတယ္။

၆။အေရးေၾကာင္းေတြ ဖယ္ရွားဖို႔အတြက္ ဗီတာမင္ အီးကို သုံးပါ။
ဗီတာမင္ အီးဟာ အသား အေရႏုပ်ိဳဖို႔အတြက္ အစြမ္းထက္တဲ့ ေဆးတစ္မ်ိဳးပဲျဖစ္ပါတယ္။ ၄င္းဟာ အေရးေၾကာင္းတြ ဖယ္းရွားဖို႔အတြက္အသုံးျပဳျခင္း၊ အမာရြတ္ေတြ ပေပ်ာက္ဖို႔အတြက္ အသုံးျပဳျခင္း၊ အေရျပားကင္ဆာကို ကာကြယ္ေပးျခင္းနဲ႔ ေနေရာင္ျခည္ဒဏ္ကို အမ်ားႀကီး ကာကြယ္ေပးနိုင္ပါတယ္။ ဗီတာမင္ အီး အဆီကို မ်က္ႏွာမွာ လိမ္းေပးပါက ရလဒ္ေကာင္းေတြ အမ်ားႀကီး ရရွိနိုင္မွာျဖစ္ပါတယ္။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here