0
595
ယောက်သွား
ယောက်သွား
#Lifestyle_Myanmar
#Thar_Nage
ကန္တာရမြေကို တောအုပ်ကြီးဖြစ်ဖို့အတွက် နှစ်ပေါင်းလေးဆယ် ကြိုးစားခဲ့တဲ့ သူ
Unicode
မျိုးပွားနှုန်းမြင့်တက်လာပြီး လူသားတွေအတွက် အန္တရာယ်ရှိလာနိုင်တဲ့ အမေဇုန်မြစ်ကြောက ယောက်သွားတွေ
အမေဇုန်မြစ်ကြောတစ်လျှောက်မှာ ရွှေရောင်အဆင်းရှိတဲ့ ယောက်သွားတွေ ပြန့်ပွားလာတာေ ကြာင့် မြစ်ရဲ့ အစာကွင်းဆက်ကို ပြောင်းလဲစေခဲ့ပါတယ်။ အဆိုပါယောက်သွားတွေဟာ အုံလိုက် ခဲလိုက် မျိုးပွားစေပြီး မြစ်အတွင်းရှိ ရေနေသတ္တဝါတွေအတွက် အန္တရာယ်ရှိရုံမက လူတွေအသုံးပြုတဲ့ ရေပိုက်လိုင်းတွေမှာပါ အစုလိုက်အပြုံလိုက် တွယ်ကပ်ပိတ်ဆို့တာကြောင့် ကြာလာရင် လူတွေအတွက်ပါ စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒါ့အပြင် အဆိုပါ ရွှေရောင်ယောက်သွားတွေဟာ အဆိပ်ဓာတ်ငွေ့ကို ထုတ်လွှင့်နိုင်တာကြောင့် ငါးမျိုးစိပ်တော်တော်များများ သေကြေပျက်စီးစေပြီး ၎င်းရဲ့ အဆိပ်ဟာ မြစ်ရေအတွင်း အောက်စီဂျင်ထုတ်လွှတ်မှုကိုပါ လျော့နည်းစေတဲ့အခြေအနေအထိ ဖြစ်ပေါ်နိုင်ပါတယ်။
အမေဇုန်မြစ်ဟာ ရေချိုငါးမျိုးစိတ်အများဆုံး ပေါက်ဖွားကျက်စားတဲ့ မြစ်တစ်ခုဖြစ်တာကြောင့် ယခုအဖြစ်အပျက်ဟာ ငါးမျိုးစိပ်တော်တော်များများအတွက်တော့ ကြီးမားတဲ့ အန္တရာယ်ကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ ငါးတွေအတွက်တင်မကပါဘူး ထိုမြစ်ရေကို အတွင်း အသုံးပြုထားတဲ့ လျှပ်စစ်ဓာတ်အားပေးပိုက်လိုင်းတွေ၊ စက်ရုံသုံး ပိုက်လိုင်းတွေပါမကျန် အစုအပြံုလိုက် တွက်ကပ်ပိတ်ဆို့ထားတာကြောင့် ကြာလာရင် လူတွေအတွက်ပါ အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ ယောက်သွားတွေကြောင့် တစ်နေ့ကို ဒေါ်လာ ၂သောင်မက ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့လည်း ခန့်မှန်းသိရှိရပါတယ်။
ဗျူနိုအေးရိစ် တက္ကသိုလ်က Demetrio Boltovskoy ရဲ့ နှစ်ပေါင်း ၂၀ ကြာ လေ့လာကြည့်မှုအရ ဒီရွှေရောင်ယောက်သွားတွေဟာ သဘာဝဂေဟာစနစ်မှာ ကြံ့ကြံ့ခံနိုင်တဲ့ မျိုးစိပ်မျိုးဖြစ်ပြီး ဆားငန်ဓာတ်နဲ့ အက်ဆစ်ဓာတ်တွေ အပြင် မည်သည့်ရေအပူချိန်မှာ မဆို အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။ အချိန်တိုအတွင်း မျိုးပွားနိုင်တာကြောင့် နောက်ပိုင်း ကျွန်တော်တို့အသုံးပြုတဲ့ ရေပိုက်လိုင်းတွေ၊ အိမ်သာပိုက်လိုင်းတွေပါမကျန် မရောက်လာနိုင်ဘူးဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ အဆိုပါ ယောက်သွားမျိုးစိပ်ဟာ တရုတ်ဘက်က လာတာဖြစ်ပြီး ၁၉၉၀ ခုနှစ်လောက်က သင်္ဘောတွေမှာ ကပ်ပါလာရင်း အာဂျင်တီးနားမှာ မျိုးစိပ်ပြန့်ပွားခဲ့တာဖြစ်ပါတယ်။ သိပ့်မကြာခင်မှာ လူနေထူထပ်တဲ့ အာဂျင်တီးနားရှိ မြစ်တွေမှာပါ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါ ရွှေရောင်ယောက်သွား မျိုးစိပ်ကို မျိုးတုန်းအောင် အဆိပ်ချဖို့ ကြံစည်ပေမဲ့ ၎င်းတို့ဟာ အဆိပ်နံ့ကို သိနိုင်တာကြောင့် ရက်သတ္တပတ်အတော်ကြာအောင် အခွံပိတ်ပြီး နေတတ်ပါတယ်။ ဒါ့ကြောင့် သူတို့မသေဘဲ အခြား ငါမျိုးစိပ်တွေ သေမှာကြောင့်လို့ မျိုးတုန်းအောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာ သိပ္ပံပညာရှင်တွေအတွက်တော့ အခက်တွေ့စရာအဖြစ်အပျက်တစ်ခုပါ။ ယခုအချိန်ထိ အဆိုပါမျိုးစိပ်ကို ရပ်တန့်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ နည်းလမ်းရှာဖွေနေဆဲဖြစ်ပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here