မျက်နှာပေါ်က အမွှေးအမျှင်တွေကို သဘာဝအတိုင်း ဖယ်ရှားမယ်

0
262


-Advertisement-

၁။ နနွင်း

၂။ ဥများ

၃။ သင်္ဘောသီး
သင်္ဘောသီးကို နနွင်းအနည်းငယ်နဲ့ရောစပ်ပြီး နှုတ်ခမ်း၊ မေးစေ့ နဲ့ နားသယ်စပ်တို့မှာ လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေကို သဘာဝအတိုင်း ဖယ်ရှားပစ်နိုင်ပါတယ်။

သင့်ကလေးရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ကင်းစေမယ့် ကစားစရာအရုပ်

#Lifestyle_Myanmar
#LM_Naung_Naung

Unicode

မျက်နှာပေါ်မှာ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေ ပေါက်လာခြင်းဟာ အမျိုးသားတွေအတွက် သာမာန်ဖြစ်စဉ်ဖြစ်သော်လည်း အမျိုးသမီးတွေအတွက်တော့ တကယ့်ကိုအိမ်မက်ဆိုးပါပဲ။ ဒီလိုမလိုချင်တဲ့ အမွှေးအမျှင်တွေကို ရိတ်ခြင်းနှုတ်ခြင်းနဲ့ ဖယောင်းသွင်းခြင်းဟာ ပြဿနာကိုဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု မဟုတ်ပါဘူး။ အခန့်မသင့်ရင် နောက်ထပ်ပိုကြမ်းတဲ့ အမွှေးအမျှင်တွေ ပိုထွက်လာတတ်ပါတယ်။ ဒီလိုပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် မီးဖိုချောင်သုံးပစ္စည်းတွေကို အသုံးပြုပြီး လွယ်ကူတဲ့နည်းလမ်းလေးတွေ ရှိပါတယ်။

၁။ နနွင်း
နနွင်းဟာ အစွမ်းထက်ပိုးသတ်ဂုဏ်သတ္တိတွေ ပါဝင်ပြီး မျက်နှာကအမွှေးတွေရှင်သန်လာမှုကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ လုပ်ရမှာက လွယ်လွယ်လေးပါပဲ။ ဆနွင်းမှုန့်ကို ရေနဲ့ဖျော်စပ်ပြီး မျက်နှာပေါ်က အမွှေးပေါက်တဲ့နေရာတွေကို သုတ်လိမ်းပေးပါ။ လိမ်းပြီးလျှင်ခြောက်အောင်ထားပြီး မျက်နှာသုတ်ပဝါကို ရေနွေးနွေးနဲ့ စိမ်ပြီး ၎င်းဧရိယာကို ပွတ်တိုက်ပေးပါ။

၂။ ဥများ
ကြက်ဥဟာ အရေပြားအတွက် အံ့သြဖွယ် အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တာ လူတိုင်းသိပါတယ်။ဒါ့အပြင် ကြက်ဥဟာ မျက်နှာပေါ်က မလိုလားအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပေးဖို့လည်း ကူညီပေးနိုင်ပါသေးတယ်။ ကြက်ဥကို ပြောင်းမှုန့်တစ်ဇွန်း သကြားတစ်ဇွန်းနဲ့ ဆတူရောစပ်ပါ။ ပြီးလျှင်အမွှေးရှိတဲ့ နေရာမှာ သုတ်လိမ်းပြီး ခြောက်အောင်ထားပေးပြီး ပြောင်အောင်ရေနဲ့ မျက်နှာသစ်ပေးပါ။

၃။ သင်္ဘောသီး
သင်္ဘောသီးကို နနွင်းအနည်းငယ်နဲ့ရောစပ်ပြီး နှုတ်ခမ်း၊ မေးစေ့တို့မှာ လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေကို သဘာဝအတိုင်း ဖယ်ရှားပစ်နိုင်ပါတယ်။

#Lifestyle_Myanmar
#LM_Naung_Naung

LEAVE A REPLY

Please enter your comment!
Please enter your name here