မ်က္ႏွာေပၚက အစြန္းအထင္းနဲ႔ အမဲစက္ေတြအတြက္ မိနစ္ ၃၀ေလာက္ လိမ္းေပး႐ုံျဖင့္ ေပ်ာက္ကင္းႏိုင္မဲ့ နည္းလမ္းအခ်ိဳ႕

0
944

လူတစ္ေယာက္ရဲ႕ မ်က္ႏွာဟာ အသားျဖဴတာ ႐ုပ္ရည္ေခ်ာေမာတာထက္ မ်က္ႏွာေပၚမွာ ဘာအနာအဆာမွမရွိဘဲ သန္႔ရွင္းေနရင္ ေတာ္ေတာ္ေလး ၾကည့္ေကာင္းၾကပါတယ္။ ဒါေပမဲ့ မ်က္ႏွာေပၚမွာ ဘာအစြန္းအထင္း၊ အစက္အေပ်ာက္မွ မရွိဘူးဆိုတာ ရွားပါတယ္။ ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္၊ ေနေရာက္တိုက္႐ိုက္ထိေတြ႕ျခင္း၊ အသက္အရြယ္အရ အိုမင္းျခင္း၊ မ်ိဳး႐ိုးဗီဇ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မ်က္ႏွာေပၚတြက္ အစက္အေျပာက္မ်ား၊ အမဲစက္မ်ားျဖစ္ေပၚတတ္ပါတယ္။ ဒါ့ေၾကာင့္ ယခုမွ်ေဝေပးမဲ့နည္းလမ္းကေတာ့ မ်က္ႏွာကို ရွင္းလင္းၿပီး ဘာအနာအဆာမွမရွိေအာင္စြမ္းေဆာင္ေပးမဲ့ နည္းလမ္းေလးပဲျဖစ္ပါတယ္။ သဘာဝနည္းလမ္းေလးျဖစ္တာေၾကာင့္ ေဘးထြက္ဆိုးက်ိဳးမရွိသလို ျပဳလုပ္ရလည္း လြယ္ကူတဲ့ နည္းလမ္းေလးပဲျဖစ္ပါတယ္။

-Advertisement-

ပါဝင္ပစၥည္းမ်ား
သဘာဝ ပ်ားရည္ ၁ဇြန္း
အုတ္ဂ်ဳံ ၂ဇြန္း

အသုံးျပဳပုံ
ပထမဦးစြာ အဆိုပါ ပါဝင္ပစၥည္းႏွစ္ခုကို သမေအာင္ ေရာေမႊပါ။ ၿပီးလွ်င္သင့္ရဲ႕မ်က္ႏွာကို စင္ၾကယ္ေအာင္ေဆးေၾကာၿပီး အဆိုပါ အေရာအေႏွာကို လိမ္းခ်ယ္ႏိုင္ပါတယ္။ မိနစ္ ၃၀ခန္႔ၾကာတဲ့အခါ မ်က္ႏွာကို ေရေႏြးေႏြးေလးျဖင့္ဖန္ေရေဆးေပးပါ။ အိပ္ယာမဝင္ခင္ ျပဳလုပ္ေပျခင္းက အေကာင္းဆုံးျဖစ္ပါတယ္။ အုတ္ဂ်ဳံဟာ ကစီဓာတ္ပါဝင္တာေၾကာင့္ မ်က္ႏွာေပၚက အစြန္းအထင္နဲ႔ အမဲစက္မ်ားကို ပယ္ဖယ္ေပးႏိုင္ပါတယ္။ ယခင္ရာစုႏွစ္မ်ားစြာကလည္း အဆိုပါ အုတ္ဂ်ဳံကို အထည္မ်ား၊ ပန္ခ်ီပိတ္ကားမ်ား သန္႔ရွင္ဖို႔အတြက္ အသုံးျပဳခဲ့ၾကပါတယ္။

အသားအေရအစက္အေျပာက္မ်ားမျဖစ္ေအာင္ ဘယ္လိုကာကြယ္မလဲ။
အသားအေရ အစက္အေျပာက္မ်ားျဖစ္ေပၚျခင္း၊ အမက္စက္မ်ားျဖစ္ေပၚျခင္းရဲ႕ အဓိကတရားခံကေတာ့ ေနေရာင္ျခည္ျဖစ္ပါတယ္။ ဒါေၾကာင့္ေနပူထဲထြက္တဲ့အခါ ေနေရာင္ကာကြယ္ေဆးလိမ္းျခင္း၊ လက္ရွည္အက်ၤ ီဝတ္ဆင္ျခင္း၊ ဦးထုပ္/ထီး စတဲ့ အကာအကြယ္ပါမွ ေနေရာင္ျခည္ေအာက္ထြက္ ဖို႔ သင့္ေတာ္ပါတယ္။ အသီးအႏွံ၊ အသီးအရြက္မ်ား ေန႔စဥ္စားသုံးသင့္ၿပီး ေရကိုလည္း တစ္ေန႔ကို ၆ခြက္ကေန ၈ ခြက္ေလာက္ထိ ေသာက္သုံးသင့္ပါတယ္။ ထိုကဲ့သို႔ သဘာဝနည္းလမ္းအတိုင္းႀကိဳင္တင္ကာကြယ္တာကသင့္အတြက္ ပိုၿပီးထိေရာက္မႈရွိပါတယ္။

ကားပိုင္ဆိုင္သူမ်ားအတြက္ ကားသန္႔ရွင္းေရး သိေကာင္းစရာမ်ား

#Lifestyle_Myanmar

#Thar_Nage


Unicode

မျက်နှာပေါ်က အစွန်းအထင်းနဲ့ အမဲစက်တွေအတွက် မိနစ် ၃၀လောက် လိမ်းပေးရုံဖြင့် ပျောက်ကင်းနိုင်မဲ့ နည်းလမ်းအချို့
လူတစ်ယောက်ရဲ့ မျက်နှာဟာ အသားဖြူတာ ရုပ်ရည်ချောမောတာထက် မျက်နှာပေါ်မှာ ဘာအနာအဆာမှမရှိဘဲ သန့်ရှင်းနေရင် တော်တော်လေး ကြည့်ကောင်းကြပါတယ်။ ဒါပေမဲ့ မျက်နှာပေါ်မှာ ဘာအစွန်းအထင်း၊ အစက်အပျောက်မှ မရှိဘူးဆိုတာ ရှားပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်၊ နေရောက်တိုက်ရိုက်ထိတွေ့ခြင်း၊ အသက်အရွယ်အရ အိုမင်းခြင်း၊ မျိုးရိုးဗီဇ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်တွက် အစက်အပြောက်များ၊ အမဲစက်များဖြစ်ပေါ်တတ်ပါတယ်။ ဒါ့ကြောင့် ယခုမျှဝေပေးမဲ့နည်းလမ်းကတော့ မျက်နှာကို ရှင်းလင်းပြီး ဘာအနာအဆာမှမရှိအောင်စွမ်းဆောင်ပေးမဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ သဘာဝနည်းလမ်းလေးဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးမရှိသလို ပြုလုပ်ရလည်း လွယ်ကူတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
သဘာဝ ပျားရည် ၁ဇွန်း
အုတ်ဂျုံ ၂ဇွန်း

အသုံးပြုပုံ
ပထမဦးစွာ အဆိုပါ ပါဝင်ပစ္စည်းနှစ်ခုကို သမအောင် ရောမွှေပါ။ ပြီးလျှင်သင့်ရဲ့မျက်နှာကို စင်ကြယ်အောင်ဆေးကြောပြီး အဆိုပါ အရောအနှောကို လိမ်းချယ်နိုင်ပါတယ်။ မိနစ် ၃၀ခန့်ကြာတဲ့အခါ မျက်နှာကို ရေနွေးနွေးလေးဖြင့်ဖန်ရေဆေးပေးပါ။ အိပ်ယာမဝင်ခင် ပြုလုပ်ပေခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အုတ်ဂျုံဟာ ကစီဓာတ်ပါဝင်တာကြောင့် မျက်နှာပေါ်က အစွန်းအထင်နဲ့ အမဲစက်များကို ပယ်ဖယ်ပေးနိုင်ပါတယ်။ ယခင်ရာစုနှစ်များစွာကလည်း အဆိုပါ အုတ်ဂျုံကို အထည်များ၊ ပန်ချီပိတ်ကားများ သန့်ရှင်ဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။

အသားအရေအစက်အပြောက်များမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။
အသားအရေ အစက်အပြောက်များဖြစ်ပေါ်ခြင်း၊ အမက်စက်များဖြစ်ပေါ်ခြင်းရဲ့ အဓိကတရားခံကတော့ နေရောင်ခြည်ဖြစ်ပါတယ်။ ဒါကြောင့်နေပူထဲထွက်တဲ့အခါ နေရောင်ကာကွယ်ဆေးလိမ်းခြင်း၊ လက်ရှည်အကျင်္ ီဝတ်ဆင်ခြင်း၊ ဦးထုပ်/ထီး စတဲ့ အကာအကွယ်ပါမှ နေရောင်ခြည်အောက်ထွက် ဖို့ သင့်တော်ပါတယ်။ အသီးအနှံ၊ အသီးအရွက်များ နေ့စဉ်စားသုံးသင့်ပြီး ရေကိုလည်း တစ်နေ့ကို ၆ခွက်ကနေ ၈ ခွက်လောက်ထိ သောက်သုံးသင့်ပါတယ်။ ထိုကဲ့သို့ သဘာဝနည်းလမ်းအတိုင်းကြိုင်တင်ကာကွယ်တာကသင့်အတွက် ပိုပြီးထိရောက်မှုရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here