မ်က္ေတာင္အတုတပ္စရာမလိုဘဲ သဘာဝအတိုင္း ပင္ကုိယ္မ်က္ေတာင္ေမႊးရွည္ေအာင္ျပဳလုပ္နည္း

0
339
မ်က္ေတာင္ေမႊးရွည္ေအာင္ျပဳလုပ္နည္း
မ်က္ေတာင္ေမႊးရွည္ေအာင္ျပဳလုပ္နည္း

လူတစ္ေယာက္မွာ မ်က္ေတာင္ေမႊးရွည္ခ်င္ကလည္း အလွအပကို စြဲေဆာင္ေစတဲ့ အဓိကအခ်က္တစ္ခ်က္ပါပဲ။ ဒါေပမဲ့ မ်က္ေတာင္ေမႊးရွည္ျခင္းဟာလူတိုင္းလိုလိုေတာ့ မရရွိႏိုင္တဲ့ ရွားပါးတဲ့ အလွတရား လကၡဏာတစ္ရပ္ပဲျဖစ္တာေၾကာင့္ မ်က္ေတာင္ေမႊးကို ရွည္ေအာင္ဘယ္လိုျပဳလုပ္မလဲ၊ ထိန္းသိမ္းမလဲ ဆိုတာ Lifestyle Myanmar ပရိတ္သတ္ႀကီးအတြက္ မွ်ေဝေပးလုိက္ပါတယ္။

-Advertisement-

ဗီတာမင္အီး

မ်က္ေတာင္ေကာ့တဲ့အခါမွာအသုံးျပဳတဲ့ Brush တံကို ဗီတာမင္အီး အနည္းငယ္စြတ္ၿပီး သင့္ရဲ႕ မ်က္ေတာင္ေမႊးကို အခ်ိန္ ၅မိနစ္ေလာက္ ၿဖီးလိမ္းေပးပါ။တစ္ေန႔ကို ႏွစ္ႀကိမ္ျပဳလုပ္ႏိုင္ၿပီး ထိုသို႔ျပဳလုပ္ျခင္းဟာ မ်က္ေတာင္ေမႊးရဲ႕ ႀကီးထြားႏႈန္းကို လႈံ႕ေဆာ္ေပးေစတဲ့အျပင္ သာမန္ထက္လည္း အရွည္ပိုျမန္ေစပါတယ္။

အုန္းဆီ သို႔မဟုတ္ သံလြင္ဆီ

အုန္းဆီ ဒါမွမဟုတ္ သံလြင္ဆီတြင္ အဟာရဓာတ္မ်ားၾကြယ္ဝေစတဲ့ Fatty Acids မ်ားစြာပါဝင္တာေၾကာင့္ သင့္မ်က္ေတာင္ေမႊးအတြက္ အထူးေကာင္းမြန္ပါတယ္။ သန္႔စင္တဲ့ Brush တံ သို႔မဟုတ္ လက္နဲ႔ပဲျဖစ္ျဖစ္ အုန္ဆီ/သံလြင္ဆီကို နည္းငယ္စြတ္ၿပီး အိမ္ယာသို႔ မဝင္ခင္သုတ္လိမ္းေပးပါ။

Petroleum ခရင္မ္

Petroleum ခရင္မ္ဟာ မ်က္ေတာင္ေမႊးေျခာက္ေသြ႕ျခင္းနဲ႔ ကၽြတ္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ အိပ္ယာသို႔ မဝင္ခင္ မ်က္ေတာင္ေကာ့တဲ့အခါမွာအသုံးျပဳတဲ့ Brush တံ သို႔မဟုတ္ လက္နဲ႔ပဲျဖစ္ျဖစ္ Petroleum ခရင္မ္အနည္းငယ္ သုတ္လိမ္းေပးပါ။ မ်က္လုံးမထိေအာင္ ဂ႐ုတစိုက္သုတ္လိမ္းသင့္ၿပီး မနက္အိပ္ယာထတဲ့အခါ မ်က္ႏွာကိုသန္႔စင္ေအာင္ ေဆးေၾကာေပးပါ။

ဗီတာမင္ၾကြယ္ဝေသာ အစားအစာ

ဗီတာမင္ၾကြယ္ဝမႈမရွိလွ်င္ ဆံပင္မ်ား၊ မ်က္ေတာင္ေမႊးမ်ား ကၽြတ္ျခင္း စတဲ့ ဆုံး႐ႈံးမႈေတြျဖစ္ေပၚႏိုင္ပါတယ္။ ဒါေၾကာင့္ ပ႐ိုတိန္းဓာတ္၊ ဗီတာမင္ နဲ႔ Fatty Acids ၾကြယ္ဝမႈရွိတဲ့ အခြံမာသီး၊ အသား၊ ငါး၊ ဥ၊ အသီးအႏွံ နဲ႔ ဟင္းသီးဟင္းရြက္မ်ားကို မွ်မွ်တတ စားသုံးသင့္ပါတယ္။

အစိမ္းေရာင္လက္ဖက္

အစိမ္းေရာင္လက္ဖက္တြင္ Antioxidants ဓာတ္မ်ားနဲ႔ ဗီတာမင္းမ်ားစြာပါဝင္တာေၾကာင့္ အလွကုန္ပစၥည္းေတာ္ေတာ္မ်ားမ်ားမွာပါဝင္ပါတယ္။ဆံပင္ဆုံး႐ႈံးမႈကို အထူးကာကြယ္ေပးတာေၾကာင့္ သင့္မ်က္ေတာင္ေမႊးအတြက္လည္း အထူးေကာင္းမြန္ပါတယ္။ အစိမ္းေရာင္လက္ဖက္ရည္ကို အေအးခံၿပီးဝါဂြမ္းျဖင့္ သင့္ရဲ႕ မ်က္ေတာင္ေမႊးကို တစ္ေန႔ ႏွစ္ႀကိမ္သုတ္လိမ္းေပးပါ။

ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္ဟာ ဆံေကသာအတြက္လည္း အားေကာင္းေစၿပီး မ်က္ေတာင္ေမႊးအတြက္လည္း အသုံးျပဳႏိုင္ပါတယ္။လတ္ဆတ္တဲ့ရွားေစာင္းလက္ပတ္ရြက္မွ အရည္ကိုညွစ္ယူၿပီး သၾကားမႈန္႔ သို႔မဟုတ္ သံလြင္ဆီ အနည္းငယ္ေရာေမႊေပးပါ။ ညအိပ္ယာမဝင္ခင္ထိုရည္ျဖင့္ သင့္ရဲ႕ မ်က္ေတာင္ေမႊးကိုသုတ္လိမ္းေပးၿပီး နံနက္မိုးလင္းတဲ့အခါ မ်က္လုံးကို သန္႔စင္ေအာင္ ေဆးေၾကာေပးပါ။

ႏွိပ္နယ္ေပးျခင္း

မ်က္ေတာင္ေနရာတစ္ဝိႈက္ကို ႏွိပ္နယ္ေပးျခင္းဟာ မ်က္ေတာင္ေမႊးႀကီးထြားႏႈန္းကို လႈံ႕ေဆာ္ေပးေစပါတယ္။ မႏွိပ္ခင္သင့္လက္ကို သန္႔စင္ေအာင္အရင္ေဆးေၾကာပါ။ ၿပီးလွ်င္ သင့္လက္ေခ်ာင္းကို သံလြင္ဆီ ဒါမွမဟုတ္ အုန္ဆီအနည္းငယ္သုတ္ၿပီး ၅မိနစ္ခန္႔ မ်က္ခမ္း နဲ႔ မ်က္ေတာင္တစ္ေလွ်ာက္ကိုႏွိပ္နယ္ေပးပါ။ တစ္ပတ္ကို အႀကိမ္းေပါင္းမ်ားစြာ ျပဳလုပ္ႏိုင္ပါတယ္။

ၾကက္ဥ

ၾကက္ဥဟာ ဆံပင္နဲ႔ မ်က္ေတာင္ေမႊး ကို အားေကာင္းလာေစတဲ့ ဗီတာမင္ဘီအုပ္စုမ်ားစြာပါဝင္ပါတယ္။ ၾကက္ဥတစ္လုံးကို အလွဆီ သို႔မဟုတ္ Petroleum ခရင္မ္ စာပြဲတင္ဇြန္း တစ္ဇြန္းစာ ေရာေႏွာၿပီး သင့္ရဲ႕ မ်က္ေတာင္ေပၚတြင္ သုတ္လိမ္းေပးပါ။ တစ္ပတ္ကို ၃ႀကိမ္ထိျပဳလုပ္ႏိုင္ပါတယ္။

သန္႔စင္ေပးျခင္း

မ်က္ေတာင္ေကာ့ေဆးကို အသုံးျပဳၿပီးတဲ့အခါမွာ ညဘက္အိပ္ယာဝင္လွ်င္ သင့္မ်က္ႏွာကို စင္ၾကယ္ေအာင္ေဆးေၾကာဖို႔ မေမ့ပါနဲ႔။ အဆိုပါ မ်က္ေတာင္ေကာ့ေဆးဟာHair Spray နဲ႔တူတာေၾကာင့္ ေခါင္းဦး သို႔မဟုတ္ တစ္ခုခုနဲ႔ ထိတဲ့အခါ ကၽြတ္ျခင္း ပ်က္စီးျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါေၾကာင့္ ညဘက္အိပ္တဲ့အခါ မ်က္ႏွာကိုႏႈိက္ႏႈိက္ခၽြတ္ခၽြတ္ေဆးေၾကာေပးသင့္ပါတယ္။

#Lifestyle_Myanmar

ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာပဲ သင့္ရဲ႕ရင္ေသြးေလးကို ေပ်ာ္ရြင္ေအာင္လုပ္ေပးႏိုင္မယ့္ နည္းလမ္း ၄ ခ်က္

#Thar_Nage

Unicode

မျက်တောင်အတုတပ်စရာမလိုဘဲ သဘာဝအတိုင်း ပင်ကိုယ်မျက်တောင်မွှေးရှည်အောင်ပြုလုပ်နည်း
လူတစ်ယောက်မှာ မျက်တောင်မွှေးရှည်ချင်ကလည်း အလှအပကို စွဲဆောင်စေတဲ့ အဓိကအချက်တစ်ချက်ပါပဲ။ ဒါပေမဲ့ မျက်တောင်မွှေးရှည်ခြင်းဟာလူတိုင်းလိုလိုတော့ မရရှိနိုင်တဲ့ ရှားပါးတဲ့ အလှတရား လက္ခဏာတစ်ရပ်ပဲဖြစ်တာကြောင့် မျက်တောင်မွှေးကို ရှည်အောင်ဘယ်လိုပြုလုပ်မလဲ၊ ထိန်းသိမ်းမလဲ ဆိုတာ Lifestyle Myanmar ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

ဗီတာမင်အီး
မျက်တောင်ကော့တဲ့အခါမှာအသုံးပြုတဲ့ Brush တံကို ဗီတာမင်အီး အနည်းငယ်စွတ်ပြီး သင့်ရဲ့ မျက်တောင်မွှေးကို အချိန် ၅မိနစ်လောက် ဖြီးလိမ်းပေးပါ။တစ်နေ့ကို နှစ်ကြိမ်ပြုလုပ်နိုင်ပြီး ထိုသို့ပြုလုပ်ခြင်းဟာ မျက်တောင်မွှေးရဲ့ ကြီးထွားနှုန်းကို လှုံ့ဆော်ပေးစေတဲ့အပြင် သာမန်ထက်လည်း အရှည်ပိုမြန်စေပါတယ်။

အုန်းဆီ သို့မဟုတ် သံလွင်ဆီ

အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီတွင် အဟာရဓာတ်များကြွယ်ဝစေတဲ့ Fatty Acids များစွာပါဝင်တာကြောင့် သင့်မျက်တောင်မွှေးအတွက် အထူးကောင်းမွန်ပါတယ်။ သန့်စင်တဲ့ Brush တံ သို့မဟုတ် လက်နဲ့ပဲဖြစ်ဖြစ် အုန်ဆီ/သံလွင်ဆီကို နည်းငယ်စွတ်ပြီး အိမ်ယာသို့ မဝင်ခင်သုတ်လိမ်းပေးပါ။

Petroleum ခရင်မ်

Petroleum ခရင်မ်ဟာ မျက်တောင်မွှေးခြောက်သွေ့ခြင်းနဲ့ ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အိပ်ယာသို့ မဝင်ခင် မျက်တောင်ကော့တဲ့အခါမှာအသုံးပြုတဲ့ Brush တံ သို့မဟုတ် လက်နဲ့ပဲဖြစ်ဖြစ် Petroleum ခရင်မ်အနည်းငယ် သုတ်လိမ်းပေးပါ။ မျက်လုံးမထိအောင် ဂရုတစိုက်သုတ်လိမ်းသင့်ပြီး မနက်အိပ်ယာထတဲ့အခါ မျက်နှာကိုသန့်စင်အောင် ဆေးကြောပေးပါ။

ဗီတာမင်ကြွယ်ဝသော အစားအစာ

ဗီတာမင်ကြွယ်ဝမှုမရှိလျှင် ဆံပင်များ၊ မျက်တောင်မွှေးများ ကျွတ်ခြင်း စတဲ့ ဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ပရိုတိန်းဓာတ်၊ ဗီတာမင် နဲ့ Fatty Acids ကြွယ်ဝမှုရှိတဲ့ အခွံမာသီး၊ အသား၊ ငါး၊ ဥ၊ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်များကို မျှမျှတတ စားသုံးသင့်ပါတယ်။

အစိမ်းရောင်လက်ဖက်

အစိမ်းရောင်လက်ဖက်တွင် Antioxidants ဓာတ်များနဲ့ ဗီတာမင်းများစွာပါဝင်တာကြောင့် အလှကုန်ပစ္စည်းတော်တော်များများမှာပါဝင်ပါတယ်။ဆံပင်ဆုံးရှုံးမှုကို အထူးကာကွယ်ပေးတာကြောင့် သင့်မျက်တောင်မွှေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ အစိမ်းရောင်လက်ဖက်ရည်ကို အအေးခံပြီးဝါဂွမ်းဖြင့် သင့်ရဲ့ မျက်တောင်မွှေးကို တစ်နေ့ နှစ်ကြိမ်သုတ်လိမ်းပေးပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဟာ ဆံကေသာအတွက်လည်း အားကောင်းစေပြီး မျက်တောင်မွှေးအတွက်လည်း အသုံးပြုနိုင်ပါတယ်။လတ်ဆတ်တဲ့ရှားစောင်းလက်ပတ်ရွက်မှ အရည်ကိုညှစ်ယူပြီး သကြားမှုန့် သို့မဟုတ် သံလွင်ဆီ အနည်းငယ်ရောမွှေပေးပါ။ ညအိပ်ယာမဝင်ခင်ထိုရည်ဖြင့် သင့်ရဲ့ မျက်တောင်မွှေးကိုသုတ်လိမ်းပေးပြီး နံနက်မိုးလင်းတဲ့အခါ မျက်လုံးကို သန့်စင်အောင် ဆေးကြောပေးပါ။

နှိပ်နယ်ပေးခြင်း

မျက်တောင်နေရာတစ်ဝှိုက်ကို နှိပ်နယ်ပေးခြင်းဟာ မျက်တောင်မွှေးကြီးထွားနှုန်းကို လှုံ့ဆော်ပေးစေပါတယ်။ မနှိပ်ခင်သင့်လက်ကို သန့်စင်အောင်အရင်ဆေးကြောပါ။ ပြီးလျှင် သင့်လက်ချောင်းကို သံလွင်ဆီ ဒါမှမဟုတ် အုန်ဆီအနည်းငယ်သုတ်ပြီး ၅မိနစ်ခန့် မျက်ခမ်း နဲ့ မျက်တောင်တစ်လျှောက်ကိုနှိပ်နယ်ပေးပါ။ တစ်ပတ်ကို အကြိမ်းပေါင်းများစွာ ပြုလုပ်နိုင်ပါတယ်။

ကြက်ဥ

ကြက်ဥဟာ ဆံပင်နဲ့ မျက်တောင်မွှေး ကို အားကောင်းလာစေတဲ့ ဗီတာမင်ဘီအုပ်စုများစွာပါဝင်ပါတယ်။ ကြက်ဥတစ်လုံးကို အလှဆီ သို့မဟုတ် Petroleum ခရင်မ် စာပွဲတင်ဇွန်း တစ်ဇွန်းစာ ရောနှောပြီး သင့်ရဲ့ မျက်တောင်ပေါ်တွင် သုတ်လိမ်းပေးပါ။ တစ်ပတ်ကို ၃ကြိမ်ထိပြုလုပ်နိုင်ပါတယ်။

သန့်စင်ပေးခြင်း

မျက်တောင်ကော့ဆေးကို အသုံးပြုပြီးတဲ့အခါမှာ ညဘက်အိပ်ယာဝင်လျှင် သင့်မျက်နှာကို စင်ကြယ်အောင်ဆေးကြောဖို့ မမေ့ပါနဲ့။ အဆိုပါ မျက်တောင်ကော့ဆေးဟာHair Spray နဲ့တူတာကြောင့် ခေါင်းဦး သို့မဟုတ် တစ်ခုခုနဲ့ ထိတဲ့အခါ ကျွတ်ခြင်း ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်အိပ်တဲ့အခါ မျက်နှာကိုနှိုက်နှိုက်ချွတ်ချွတ်ဆေးကြောပေးသင့်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here