မျက်တောင်တုကို မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ ဘယ်လိုတပ်ရမလဲဆိုတာ လေလ့ာချင်ပါသလား? ဒါက အလေ့အကျင့်မရှိရင် ပထမဆုံးစတပ်တဲ့အခါ စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါတယ်။ မျက်တောင်အတုတပ်ဖို့ မရှက်ပါနဲ့။ လူတိုင်းက ထူထဲရှည်လျားတဲ့မျက်တောင်တွေနဲ့ မွေးလာကြတာမဟုတ်ပါဘူး။ မျက်တောင်တုကို နေ့စဉ်မိတ်ကပ်ပြင်ဆင်တဲ့အခါတော့ အမြဲတမ်းတပ်လေ့မရှိကြပေမယ့် ပွဲတတ်အခမ်းအနားရှိတဲ့အခါ ၊ဓါတ်ပုံရိုက်စရာရှိတဲ့အခါ သုံးလို့ရပါတယ်.။ ဒါ့ကြောင့် မျက်တောင်တုမတပ်ဘူးသေးတဲ့သူတွေအတွက် မျက်တောင်တုတပ်နည်းလေးကို မျှဝေပေးလိုက်တယ်နော်။
လိုအပ်တာကတော့
မျက်တောင်တုတစ်စုံ
ဇာကနာတစ်ချောင်း
မျက်တောင်ကပ်ကော်
ဂွမ်းတံ
အဆင့် ၁။ ကိုယ်နဲ့လိုက်မယ့် အမျိုးအစားကိုရွေးပါ
မျက်တောင်တုတွေမှာ ခပ်ထူထူတပ်ချင်သလား၊ ခပ်ရှည်ရှည်တပ်ချင်သလား အမျိုးမျိုးရှိပါတယ်။ အရွယ်အစားနဲ့ ပုံစံမတူတာကြောင့် ကိုယ်နဲ့ လိုက်မလိုက်ဆိုတာ အစမ်းတပ်ကြည့်ပါ။ ပါကင်ထဲကနေ မျက်တောင်တုကို ယူမယ်ဆိုရင် ဇာကနာကိုသုံးပြီး ဖြည်းဖြည်းနဲ့ ညင်ညင်သာသာ ယူပါ။ မျက်တောင်တုကို သင့်မျက်တောင်လိုင်းပေါ်မှာ အနီးစပ်ဆုံးတင်ပြီး တိုင်းပါ။ ကိုယ့်မျက်လုံးနဲ့ အစွန်းထွက်နေတယ်ဆိုရင် ဘေးနှစ်ဘက်ကို ကပ်ကြေးနဲ့ ညှပ်ပေးလို့ရပါတယ်။
၂။ မျက်တောင်ကပ်ကော် သုတ်ပါ
မျက်တောင်တုတွေရဲ့ အနားစွန်းတွေပေါ်မှာ စေးကပ်ကပ်လေး ခံစားရပါလိမ့်မယ်။ ဒါပေမယ့် အခိုင်မာဆုံးမျက်တောင် တွေတောင်မှ တခါတရံမှာ ကျွတ်ကျလေ့ရှိပါတယ်။ ဒါ့ကြောင့် မျက်တောင်ကပ် ကော်ကိုအသုံးပြုဖို့ အကြံပြုပါတယ်။ ကော်နဲ့ မျက်တောင်တုတွေရဲ့ အစွန်းကို သုတ်လိမ်းပါ။ ကော်သုတ်စရာ တုတ်တံ ရှာမတွေ့တာတို့ ပျောက်သွားတာတို့ဖြစ်လျှင် နားကျပ်ဂွမ်းတံကို အသုံးပြုနိုင်ပါတယ်။ ကော်ကို အရမ်းပျစ်ပျစ်ကြီး မသုံးသင့်ပါဘူး။
၃။ ကော်ကို အခြောက်ခံပါ
မျက်တောင်တုကို ချက်ချင်းမတပ်ပါနဲ့။ စက္ကန့်အနည်းငယ်လောက်စောင့်ပါ။ ကော်အကြည်ကိုအသုံးပြုတယ်ဆိုရင် အပြာရောင်ပြောင်းသွားပါလိမ့်မယ်။ ဒါဆိုရင် တပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ မျက်တောင်တုကို တစ်ကြိမ်တည်းနဲ့ မြန်မြန်တပ်ပါ။ မျက်တောင်တုတပ်တဲ့အခါ ဇာကနာလေးနဲ့ ယူပြီး တပ်ပေးပါ။
၎။ မျက်တောင်ကော့ဆေးလိမ်းပါ
ဘယ်အချိန်မှာ မျက်တောင်ကော့ဆေး လိမ်းသင့်သလဲ? မျက်တောင်အတုတပ်ပြီးနောက်လား၊ မတပ်ခင်လား? ဒါက သင့်ရဲ့အကြိုက်ပေါ် မူတည်ပါတယ်။ ကျွန်မကတော့ မျက်တောင်တုမတပ်ခင်မှာ ကိုယ့်ရဲ့နဂိုမျက်တောင်ကို မျက်တောင်ကော့ဆေးအရင်သုံးပါတယ်။ ပြီးမှ မျက်တောင်တုတပ်တဲ့အခါ အပေါ်ကတစ်ထပ် ထပ်ဆိုးပေးပါတယ်။
၅။ မျက်တောင်တွေနဲ့ တွဲပါ
မျက်တောင်တုတပ်တဲ့အခါ မျက်တောင်လိုင်းနားလောက်မှာ တပ်ပါ။ အိုင်းလိုင်နာဆိုးထားတဲ့ အပေါ်ကနေ ကပ်ပေးရမှာ ဖြစ်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar