၁။ ရေခဲစိမ်ထားတဲ့ ဇွန်း
၂။ လက်ဖက်စိမ်းအိတ်
၃။ နို့အေး
၎။ သခွားသီးစိတ်
၅။ ကြက်ဥအကာ
#Lifestyle_Myanmar
#LM_Nandar
Source-steptohealth
Unicode
မျက်ကွငး်ညိုတာကို သဘာဝနည်းလမ်းလေးတွေနဲ့ ဘယ်လိုလျော့ချမလဲ?
မျက်ဝန်းအောက်မှာ မျက်ကွငး်ညိုရခြင်းရဲ့ အဓိကအကြောင်းတစ်ခုက အထူးသဖြင့် မျက်ဝန်းဧရိယာဟာ ပါးလွှာပြီး အထိခိုက်မခံတဲ့ အသားအရေဖြစ်တာကြောင့် ဖြစ်ပါတယ်။ အသက်အရွယ်ကြောင့် ဒါမှမဟုတ် နေရောင်ထိတွေ့မှုက အသားအရေကို ရေဓါတ်ခန်းခြောက်စေတာကြောင့် အသားအရေက မွဲခြောက်ခြောက် လျော့ရဲရဲဖြစ်လာပါတယ်။ ဒီလိုမျက်ဝန်းညိုလာတာဟာ မိန်းကလေးတိုင်း စိတ်ညစ်ရတဲ့ အလှအပပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်ဝန်းညိုတာတွေကို သဘာဝနည်းလေးတွေနဲ့ ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းတွေ မျှဝေပေးလိုက်ပါတယ်။
၁။ ရေခဲစိမ်ထားတဲ့ ဇွန်း
မျက်လုံးအောက်မှာ မျက်အိတ်ဖောင်းတာတွေ၊ မျက်ကွင်းညိုတာတွေကို အလွယ်တကူဖြေရှင်းနိုင်မယ့် နည်းလမ်းလေးပါ။
ပထမဆုံး ဇွန်း၂ချောင်းကို ရေခဲသေတ္တာထဲမှာ တစ်ညအအေးခံပါ။ မနက်ခင်းမှာ ထိုဇွန်း၂ချောင်းကို မျက်ဝန်းဧရိယာပေါ်မှာ တိုက်ရိုက်တင်ပေးထားပါ။ အဝတ်တစ်ခုထဲ ရေခဲတုံးလေးတွေထုပ်ပြီး မျက်ဝန်းပေါ်မှာ ဖိပေးထားနိုင်ပါတယ်။
၂။ လက်ဖက်စိမ်းအိတ်
Green tea မှာပါတဲ့ အင်တီအောက်ဆီဒင့်ကြောင့် အိုမင်းခြင်းကို နှေးကွေးစေပြီး အရေပြားပေါ်က အမဲစက်တွေကို ဖယ်ရှားပေးပါတယ်။ မျက်ကွင်းညိုနေရင် ဒါကအလုပ်ဖြစ်ပါတယ်။
Green tea ၂ထုပ်ကို ရေနွေးနွေးခွက်တစ်ခွက်ထဲမှာ ထည့်ထားပါ။ မိနစ် ၂ဝလောက်ထားပါ။ ပြီးမှ အိပ်ရာမဝင်ခင် အနည်းဆုံး ၃နာရီလောက် မျက်ဝန်းဧရိယာပေါ်မှာ အုပ်ပေးထားပါ။ တစ်ပတ်အတွင်းမှာ ရလဒ်ကောင်းတွေ ရရှိပါလိမ့်မယ်။
၃။ နို့အေး
ဒီသဘာဝဆေးနည်းက အလုပ်များနေတဲ့ သင့်အတွက် လွယ်ကူပါတယ်။နို့မှာပါတဲ့ အဆီက အစိုဓါတ်ကို ရရှိစေပြီး အသားအရေကို ပျော့ပြောင်းစေပါတယ်။ အအေး temperature က ရောင်ရမ်းခြင်းကို လျှင်မြန်စွာ လျှော့ချပေးပါလိမ့်မယ်။
ဝါဂွမ်းစ ၂ခုကိုယူပြီး နို့အေးအေးလေးကိုနှစ်ပါ။ မျက်ကွငး်ညိုနေတဲ့နေရာပေါ်မှာ အုပ်ထားပါ။ မိနစ်အနည်းငယ်လောက်ထားပေးရပါမယ်။
၄။ သခွားသီးစိတ်
သခွားသီးမှာပါတဲ့ caffeic အက်ဆစ်နဲ့ ဗီတာမင်စီကြောင့် မျက်နှာမှာ ရောင်ရမ်းမှုတွေကို လျော့ချပေးပါတယ်။
သခွားသီးကို အခွံနွာပြီး ပါးပါးလေး ၂ခြမ်းလှီးပါ။ နာရီအနည်းငယ်လောက် ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။ လုံလောက်တဲ့ အအေးရပြီဆိုရင် သင့်မျက်ဝန်းပေါ်မှာ ကပ်ပေးထားပါ။ ၁၅မိနစ်လောက် ကပ်ပေးပြီးမှ ရေနွေးနွေးနဲ့ ဆေးကြောပါ။
၅။ ကြက်ဥအကာ
ကြက်ဥအကာဟာ မျက်ကွငး်ညိုတာတွေအတွက် သဘာဝဆေးနည်းတစ်ခုဖြစ်တယ်ဆိုတာ လူသိပ်မသိကြပါဘူး။ သူတို့ဟာ အရမ်းထိရောက်ပါတယ်။အသားအရေကို နူးညံ့စေပြီး သွေးလည်ပတ်မှုကို တိုးတတ်စေတဲ့ ဗီတာမင် ဘီ12ပါဝင်ပါတယ်။
ကြက်ဥအကာကို ဇွန်းဖြင့် ခလောက်ပေးပါ။ မျက်ဝန်းအောက်က အရေပြားပေါ်မှာ နူးညံ့တဲ့ ဘရပ်တစ်ခုကိုသုံးပြီး လိမ်းပေးပါ။ ၁၅မိနစ်လောက်နေရင် ရေအေးများများနဲ့ ဆေးကြောပေးပါ။ ဒီကုစားနညး်တွေထဲက ဘယ်နည်းမဆို မျက်ဝန်းညိုတာကို အရင်ကထက် လျော့နည်းသွားအောင် ချုံ့ပေးပါတယ်။ အသုံးပြုဖို့ လွယ်ကူတာကြောင့် မျှဝေပေးလိုက်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source-steptohealth