မေးရိုးကားခြင်းကို ပယ်ဖျက်ပြီး ခွဲစိတ်စရာမလိုဘဲ ဗွီရှိတ်ပုံစံ ပုံသွင်းနိုင်တဲ့ လေ့ကျင့်ခန်း

0
1142
မေးရိုးကားခြင်

မေးရိုးကားခြင်းကို ငွေကုန်ကြေးကျတွေ အများကြီးခံပြီး ကုသတာက အခက်မသင့်ရင် သင့်အတွက် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် Lifestyle_Myanmar ပရိတ်သတ်ကြီးအတွက် ငွေကုန်ကြေးကျလည်း ခံစရာမလို၊ ဘေးထွက်ဆိုးကျိုးလည်း မရှိစေဘဲ မျက်နှာကို V shape ပုံစံအဖြစ် ပြောင်းလဲပေးမဲ့ လေ့ကျင့်ခန်း အချို့ကို မျှဝေပေးလိုက်ပါတယ်။

-Advertisement-

လေ့ကျင့်ခန်း ၁

ပါးပြင်က ကြွက်သားတွေအတွက် ပထမဦးဆုံး သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ လိုအပ်ပါတယ်။ ဒါကတော့ ခက်ခက်ခဲခဲ မဟုတ်ပါဘူး သင့်ပါးစပ်ကနေ I, O, E, A ဆိုတဲ့ အက္ခရာကို ပါးစပ်က ဟန်ရေးပါးပါး ရွတ်ဆိုပေးရုံပါပဲ။ သင့်မျက်နှာတစ်ခုလုံး အနွေးဓာတ်ရတဲ့အထိ ထို အက္ခရာ လေးလုံးကို ရွတ်ဆိုပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၂

ပထမဦးစွာ ထိုင်ခုံတစ်ခုံမှာ ထိုင်ပြီး သင့်မျက်နှာရဲ့ မေးရိုးအောက်က ကြွက်သားတွေ တင်းလာတဲ့အထိ ခေါင်းကို မော့ထားပေးပါ။ ပြီးတဲ့အခါ အောက်နှုတ်ခမ်းကို ပုံမှာဖော်ပြထားပေးသလို အပေါ်ကို ထိုးတင်ပေးထားပြီး ထိုအနေအထားအတိုင်း ၅-၁၀ အထိ နေပေးထားပါ။ ထိုနည်းအတိုင်း ၂ကြိမ်ကနေ ၃ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း ၃

လက်နှစ်ဖက်ကို လက်ပိုက်ထားတဲ့ ပုံစံအနေအထားအတိုင်း နေပေးပြီး လက်မောင်းသားနှစ်ဖက်ကို ကိုင်ထားပေးပါ။ ပြီးလျှင် သင့်ရဲ့ ဦးခေါင်းကို အပေါ်ကို တန်းတန်းမတ်မတ် မော့ပေးလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၁၀ စက္ကန့်ကနေ ၁၅ စက္ကန့်အထိ နေပြီးမှ ဖြည်းဖြည်းချင်း ခေါင်းကို အောက်သို့ ပြန်ချပေးလိုက်ပါ။

လေ့ကျင့်ခန်း ၄

ဒီနည်းလမ်းလေးကတော့ အရမ်းကို ရိုးရှင်းလွယ်ကူပြီး ထိရောက်တဲ့ လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ပါးပြင်မှာရှိတဲ့ ကြွက်သားတွေ ကျုံ့နိုင် ဆန့်နိုင်တဲ့ ဂုဏ်သတ္တိတွေ ဆုံးရှုံးမှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကတော့ နှုတ်ခမ်းထောင့်စွန်း နှစ်ဖက်ကို အောက်ကို မဲ့တဲ့ ပုံစံမျိုး ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ စက္ကန့်အနည်းငယ် ထိုအနေအထားအတိုင်းနေပြီး နှုတ်ခမ်းကို ပုံမှန်အနေအထားအတိုင်း ပြန်ထားပေးပါ။ ကြွက်သားတင်းမာမှု ခံစားရတဲ့ အထိ အနည်းဆုံး ၅ကြိမ်းလောက် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၅

ဒီလေ့ကျင့်ခန်းကို ပြုလုပ်ဖို့အတွက် ခဲတံ သို့မဟုတ် ဘောပင်တစ်ချောင်းလိုအပ်ပါတယ်။ ပထမဦးစွာ ပါးစပ်က ခဲတံ သို့မဟုတ် ဘောပင်တစ်ချောင်းကို ကိုက်ထားပေးပါ။ ပြီးလျှင် ခေါင်းက လှုပ်ရှားခြင်းမရှိဘဲ လေထုထဲမှာ သင့်ကိုက်ထားတဲ့ ခဲတံ/ ဘောပင်နဲ့ သင့်ရဲ့ နာမည် သို့မဟုတ် အင်္ဂလိပ် အက္ခရာ တစ်ချို့ကို ရေးဆွဲကြည့်ပါ။ အနည်းဆုံး အချိန် ၃မိနစ်လောက် ကြာတဲ့ အထိပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၆

ယခုဖော်ပြမဲ့ လေ့ကျင့်ခန်းဟာ လည်ပင်းကြွက်သားနဲ့ မျက်နှာပတ်ပတ်လည်ရှိ ကြွက်သားတွေကို ပိုပြီးတိုးတက်ကောင်းမွန်စေပါတယ်။ ဒါကတော့ နားရွက်နဲ့ ပုခုံးထိလောက်မဲ့ အနေအထားထိခေါင်းကို တစ်ဖက်တစ်ချက်ကို စောင်းပေးရမှာဖြစ်ပြီး စောင်းတဲ့ဘက်က လက်က ခေါင်းကို ကိုင်ထားပေးရမှာဖြစ်ပါတယ်။ ထိုအနေအထားအတိုင်း ၁၀စက္ကန့်လောက်နေပြီး ကျန်တဲ့ တစ်ဖက်ကို ထိုနည်းအတိုင်း ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၇

ပထမဦးစွာ အသက်ပြင်းပြင်းရှူပြီး သင့်ပါးနှစ်ဖက်ကိုဖောင်းထားပေးပါ။ ပါးစပ်ကို လေပြန်မထွက်နိုင်အောင် ပိတ်ထားပေးပြီး လက်နှစ်ဖက်က နှစ်ရွက်နှစ်ဖက်ကို ဖုံးအုပ်ပြီး ပုံမှာဖော်ပြထားသလို ပါးနှစ်ဖက်ကို ညစ်ထားပေးလိုက်ပါ။ ပြီးလျှင် ထိုအနေအထားအတိုင်း ၅-၁၀ စက္ကန့်လောက်နေပေးပါ။ ထိုနည်းအတိုင်း ၅ကြိမ်ကနေ ၆ကြိမ်အထိ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၈

သင့်ပါးစပ်ကို ဖွင့်ထားပေးပြီး သင့်နှုတ်ခမ်းက သွားတွေကို ဖုံးအုပ်ထားပေးပါ။ ပြီးလျှင် သင့် မေးရိုးကို အရှေ့ကို ထုတ်ပေးပါ။ လက်တစ်ဖက်က ထွက်လာတဲ့ မေးရိုးကို ဆန့်ကျင့်ဖက် ပြန်တွန်းထားပေးဖို့ လိုအပ်ပါတယ်။ စက္ကန့်အနည်းငယ်ကြာအောင် ထိုအနေအထားအတိုင်နေပေးပြီး၁၀ကြိမ်အထိ ပြုလုပ်ပေးရမှာြဖစ်ပါတယ်။

လေ့ကျင့်ခန်း ၉

ဒီလေ့ကျင့်ခန်းဟာ မေးရိုးကြွက်သားတွေနဲ့ လျှာအောက်မှာရှိတဲ့ ကြွက်သားတွေကို ပိုမိုအားကောင်းလာစေပါတယ်။ သင့်မေးရိုးအောင်မှာ လက်နှစ်ဖက်ကို လက်သီးဆုပ်ပြီး ထောက်ထားေပးပါ။ ပြီးလျှင် နှုတ်ခမ်းအောက်နေရာတွေကို လျှာဖြင့် နှိပ်ပေးထားပါ။ လျှာက နှိပ်တဲ့ အားကို လက်သီးက တွန်းခံပေးထားရမှာဖြစ်ပါတယ်။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀အထိ လုပ်နေရမှာဖြစ်ပြီး ၁၀ကြိမ်အထိ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

အမျိုးသမီးတိုင်း အိမ်မှာပဲအလွယ်တကူပြုနိုင်မယ့် လက်မောင်းလေ့ကျင့်ခန်း (5) မျိုး

Zawgyi Fonts

ေမးရိုးကားျခင္းကို ပယ္ဖ်က္ၿပီး ခြဲစိတ္စရာမလိုဘဲ ဗြီရွိတ္ပုံစံ ပုံသြင္းနိုင္တဲ့ ေလ့က်င့္ခန္း
ေမးရိုးကားျခင္းကို ေငြကုန္ေၾကးက်ေတြ အမ်ားႀကီးခံၿပီး ကုသတာက အခက္မသင့္ရင္ သင့္အတြက္ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္ေပၚေစနိုင္ပါတယ္။ ဒါ့ေၾကာင့္ Lifestyle_Myanmar ပရိတ္သတ္ႀကီးအတြက္ ေငြကုန္ေၾကးက်လည္း ခံစရာမလို၊ ေဘးထြက္ဆိုးက်ိဳးလည္း မရွိေစဘဲ မ်က္ႏွာကို V shape ပုံစံအျဖစ္ ေျပာင္းလဲေပးမဲ့ ေလ့က်င့္ခန္း အခ်ိဳ႕ကို မၽွေဝေပးလိုက္ပါတယ္။

ေလ့က်င့္ခန္း ၁
ပါးျပင္က ႂကြက္သားေတြအတြက္ ပထမဦးဆုံး ေသြးပူေလ့က်င့္ခန္း လုပ္ဖို႔ လိုအပ္ပါတယ္။ ဒါကေတာ့ ခက္ခက္ခဲခဲ မဟုတ္ပါဘူး သင့္ပါးစပ္ကေန I, O, E, A ဆိုတဲ့ အကၡရာကို ပါးစပ္က ဟန္ေရးပါးပါး ရြတ္ဆိုေပး႐ုံပါပဲ။ သင့္မ်က္ႏွာတစ္ခုလုံး အေႏြးဓာတ္ရတဲ့အထိ ထို အကၡရာ ေလးလုံးကို ရြတ္ဆိုေပးရမွာျဖစ္ပါတယ္။

ေလ့က်င့္ခန္း ၂
ပထမဦးစြာ ထိုင္ခုံတစ္ခုံမွာ ထိုင္ၿပီး သင့္မ်က္ႏွာရဲ့ ေမးရိုးေအာက္က ႂကြက္သားေတြ တင္းလာတဲ့အထိ ေခါင္းကို ေမာ့ထားေပးပါ။ ၿပီးတဲ့အခါ ေအာက္ႏွုတ္ခမ္းကို ပုံမွာေဖာ္ျပထားေပးသလို အေပၚကို ထိုးတင္ေပးထားၿပီး ထိုအေနအထားအတိုင္း ၅-၁၀ အထိ ေနေပးထားပါ။ ထိုနည္းအတိုင္း ၂ႀကိမ္ကေန ၃ႀကိမ္အထိ ျပဳလုပ္ေပးနိုင္ပါတယ္။

ေလ့က်င့္ခန္း ၃
လက္ႏွစ္ဖက္ကို လက္ပိုက္ထားတဲ့ ပုံစံအေနအထားအတိုင္း ေနေပးၿပီး လက္ေမာင္းသားႏွစ္ဖက္ကို ကိုင္ထားေပးပါ။ ၿပီးလၽွင္ သင့္ရဲ့ ဦးေခါင္းကို အေပၚကို တန္းတန္းမတ္မတ္ ေမာ့ေပးလိုက္ပါ။ ထိုအေနအထားအတိုင္း စကၠန္႔ ၁၀ စကၠန္႔ကေန ၁၅ စကၠန္႔အထိ ေနၿပီးမွ ျဖည္းျဖည္းခ်င္း ေခါင္းကို ေအာက္သို႔ ျပန္ခ်ေပးလိုက္ပါ။

ေလ့က်င့္ခန္း ၄
ဒီနည္းလမ္းေလးကေတာ့ အရမ္းကို ရိုးရွင္းလြယ္ကူၿပီး ထိေရာက္တဲ့ ေလ့က်င့္ခန္းေလးပဲျဖစ္ပါတယ္။ ဒီေလ့က်င့္ခန္းဟာ ပါးျပင္မွာရွိတဲ့ ႂကြက္သားေတြ က်ဳံ႕နိုင္ ဆန္႔နိုင္တဲ့ ဂုဏ္သတၱိေတြ ဆုံးရွုံးမွုမရွိေအာင္ ကာကြယ္ေပးနိုင္ပါတယ္။ ဒါကေတာ့ ႏွုတ္ခမ္းေထာင့္စြန္း ႏွစ္ဖက္ကို ေအာက္ကို မဲ့တဲ့ ပုံစံမ်ိဳး ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။ စကၠန္႔အနည္းငယ္ ထိုအေနအထားအတိုင္းေနၿပီး ႏွုတ္ခမ္းကို ပုံမွန္အေနအထားအတိုင္း ျပန္ထားေပးပါ။ ႂကြက္သားတင္းမာမွု ခံစားရတဲ့ အထိ အနည္းဆုံး ၅ႀကိမ္းေလာက္ ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။

ေလ့က်င့္ခန္း ၅
ဒီေလ့က်င့္ခန္းကို ျပဳလုပ္ဖို႔အတြက္ ခဲတံ သို႔မဟုတ္ ေဘာပင္တစ္ေခ်ာင္းလိုအပ္ပါတယ္။ ပထမဦးစြာ ပါးစပ္က ခဲတံ သို႔မဟုတ္ ေဘာပင္တစ္ေခ်ာင္းကို ကိုက္ထားေပးပါ။ ၿပီးလၽွင္ ေခါင္းက လွုပ္ရွားျခင္းမရွိဘဲ ေလထုထဲမွာ သင့္ကိုက္ထားတဲ့ ခဲတံ/ ေဘာပင္နဲ႔ သင့္ရဲ့ နာမည္ သို႔မဟုတ္ အဂၤလိပ္ အကၡရာ တစ္ခ်ိဳ႕ကို ေရးဆြဲၾကည့္ပါ။ အနည္းဆုံး အခ်ိန္ ၃မိနစ္ေလာက္ ၾကာတဲ့ အထိျပဳလုပ္ေပးရမွာျဖစ္ပါတယ္။

ေလ့က်င့္ခန္း ၆
ယခုေဖာ္ျပမဲ့ ေလ့က်င့္ခန္းဟာ လည္ပင္းႂကြက္သားနဲ႔ မ်က္ႏွာပတ္ပတ္လည္ရွိ ႂကြက္သားေတြကို ပိုၿပီးတိုးတက္ေကာင္းမြန္ေစပါတယ္။ ဒါကေတာ့ နားရြက္နဲ႔ ပုခုံးထိေလာက္မဲ့ အေနအထားထိေခါင္းကို တစ္ဖက္တစ္ခ်က္ကို ေစာင္းေပးရမွာျဖစ္ၿပီး ေစာင္းတဲ့ဘက္က လက္က ေခါင္းကို ကိုင္ထားေပးရမွာျဖစ္ပါတယ္။ ထိုအေနအထားအတိုင္း ၁၀စကၠန္႔ေလာက္ေနၿပီး က်န္တဲ့ တစ္ဖက္ကို ထိုနည္းအတိုင္း ျပဳလုပ္ေပးပါ။

ေလ့က်င့္ခန္း ၇
ပထမဦးစြာ အသက္ျပင္းျပင္းရွူၿပီး သင့္ပါးႏွစ္ဖက္ကိုေဖာင္းထားေပးပါ။ ပါးစပ္ကို ေလျပန္မထြက္နိုင္ေအာင္ ပိတ္ထားေပးၿပီး လက္ႏွစ္ဖက္က ႏွစ္ရြက္ႏွစ္ဖက္ကို ဖုံးအုပ္ၿပီး ပုံမွာေဖာ္ျပထားသလို ပါးႏွစ္ဖက္ကို ညစ္ထားေပးလိုက္ပါ။ ၿပီးလၽွင္ ထိုအေနအထားအတိုင္း ၅-၁၀ စကၠန္႔ေလာက္ေနေပးပါ။ ထိုနည္းအတိုင္း ၅ႀကိမ္ကေန ၆ႀကိမ္အထိ ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။

ေလ့က်င့္ခန္း ၈
သင့္ပါးစပ္ကို ဖြင့္ထားေပးၿပီး သင့္ႏွုတ္ခမ္းက သြားေတြကို ဖုံးအုပ္ထားေပးပါ။ ၿပီးလၽွင္ သင့္ ေမးရိုးကို အေရွ႕ကို ထုတ္ေပးပါ။ လက္တစ္ဖက္က ထြက္လာတဲ့ ေမးရိုးကို ဆန္႔က်င့္ဖက္ ျပန္တြန္းထားေပးဖို႔ လိုအပ္ပါတယ္။ စကၠန္႔အနည္းငယ္ၾကာေအာင္ ထိုအေနအထားအတိုင္ေနေပးၿပီး၁၀ႀကိမ္အထိ ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။

ေလ့က်င့္ခန္း ၉
ဒီေလ့က်င့္ခန္းဟာ ေမးရိုးႂကြက္သားေတြနဲ႔ လၽွာေအာက္မွာရွိတဲ့ ႂကြက္သားေတြကို ပိုမိုအားေကာင္းလာေစပါတယ္။ သင့္ေမးရိုးေအာင္မွာ လက္ႏွစ္ဖက္ကို လက္သီးဆုပ္ၿပီး ေထာက္ထားေပးပါ။ ၿပီးလၽွင္ ႏွုတ္ခမ္းေအာက္ေနရာေတြကို လၽွာျဖင့္ ႏွိပ္ေပးထားပါ။ လၽွာက ႏွိပ္တဲ့ အားကို လက္သီးက တြန္းခံေပးထားရမွာျဖစ္ပါတယ္။ ထိုအေနအထားအတိုင္း စကၠန္႔ ၃၀အထိ လုပ္ေနရမွာျဖစ္ၿပီး ၁၀ႀကိမ္အထိ ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here