လူသားတွေဟာ မိခင်ဗိုက်ထဲက ထွက်မလာသေးခင်အချိန်မှာတောင် တချို့အရာတွေကို သင်ယူကြတယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ ဘယ်အရာတွေကို သင်ယူသလဲဆိုတာ ကြည့်လိုက်ရအောင်။
၁။ အရသာအတွေ့အကြုံ
ဘဲလ်ဖတ်ရှိ Queen’s တက္ကသိုလ်မှ ပါမောက္ခ Peter Hepperက သင်မမွေးသေးခင်မှာတောင် အစားအစာ ကြိုက်နှစ်သက်နိုင်ခြင်း ရှိမရှိကို သိချင်ခဲ့ပါတယ်။ သူဟာ မကြာခင် မိခင်ဖြစ်လာတော့မယ့် ကိုယ်ဝန်ဆောင်တွေကို လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကြက်သွန်ဖြူစားတဲ့ မိခင်တွေကနေ မွေးဖွားလာတဲ့ ကလေးတွေဟာ အသက် ၈နှစ် ၉နှစ်အရွယ်မှာတောင် ကြက်သွန်ဖြူပါတဲ့အစားအစာကို စားရတာ နှစ်သက်ကြကြောင်း တွေ့ရှိခဲ့ပါတယ်။
အလားတူပဲ မုန်လာဥနီဖျော်ရည်သောက်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကနေ မွေးဖွားလာတဲ့ကလေးတွေဟာ အသက် ၅လ -၆လမှာ မုန်လာဥနီကို အရမ်းနှစ်ခြိုက်ကြတယ်လို့ဖော်ပြထားပါတယ် ။

၂။ အသံကြားခြင်း
ဖင်လန်နိုင်ငံမှ သိပ္ပံပညာရှင်အုပ်စုတစ်စုက ကိုယ်ဝန်ဆောင်အမျိုးသမီး အုပ်စုနှစ်စုကို စမ်းသပ်လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ အုပ်စုတစ်စုကို နေ့စဉ် ကလေးချော့တေးတွေကို နားထောင်ခိုင်းပြီး အခြားအုပ်စုကိုတော့ မနားထောင်စေခဲ့ပါဘူး။ ရလဒ်တော့ ပထမအုပ်စုက ကလေးတွေဟာ သီချင်းတွေကို တုန့်ပြန်ပြီး အခြားကလေးအုပ်စုကတော့ စိတ်မဝင်စားခြင်းဖြစ်ပါတယ်။ ကလေးတွေဟာ ဗိုက်ထဲမှာရှိနေစဉ် ကလေးချော့တေးတွေကို လေ့လာသင်ယူကြောင်း သုတေသီတွေက ပြောကြားခဲ့ပါတယ်။

၃။ စကားပြောပုံဆိုပုံတွေကို အသိအမှတ်ပြုခြင်း
နယူးယောက်တက္ကသိုလ်မှ စိတ်ပညာရှင် Athena Vouloumanos က human speech နှင့် အသံတွေအား မွေးကင်းစကလေးတွေရဲ့တုံပြန်မှုကို နှိုင်းယှဉ်ခဲ့ပြီး ကလေးတွေဟာ စကားပြောခြင်းကို တုံ့ပြန်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ကလေးတွေဟာ သူတို့မိခင်ရဲ့ဘာသာစကားကို ကြားရတဲ့အခါ ပိုပြီးစိတ်ဝင်စားကြတာကို တွေ့ရပါတယ်။
ကြားသိမှုဆိုင်ရာ ပတ်ဝန်းကျင်ကောင်းက မမွေးသေးတဲ့ ကလေးတွေအတွက် မဖြစ်နေလိုအပ်ကြောင်း၊ လူသားစကားကို သူတို့အလုံအလောက်မကြားရင် speech disorders ရှိနိုင်တဲ့အတွက် လမစေ့ခင်မွေးဖွားကြောင်း အရေးကြီးတဲ့ အယူအဆတွေကို သုတေသနပြုမှုကသက်သေပြနိုင်ခဲ့ပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-brightside