မေမေတို့ရဲ့ ဘေဘီလေးကို ကောင်းကောင်း နားလည်စေနိုင်မယ့် လက္ခဏာများ

0
72

ဘေဘီလေး အရမ်းငယ်သေးတဲ့အချိန်မှာ မိဘတွေဟာ သူတို့ကလေးလေးရဲ့ ကျန်းမာရေးနှင့် ပတ်သတ်ပြီး စိုးရိမ်မှုတွေ ရှိကြပါတယ်။ မိဘတွေဟာ ဘေဘီလေး ဘာဖြစ်ချင်တာလဲ၊ ဘာ့ကြောင့်မအီမသာ ဖြစ်နေတာလဲဆိုတာ အတိအကျ ခန့်မှန်းဖို့ ကြိုးစားကြပါတယ်။ မိဘတိုင်းက ကလေးရဲ့ လက္ခဏာတစ်ခုခြင်းစီကို အဓိပ္ပာယ်သိနိုင်အောင်၊ နားလည်နိုင်အောင် လေ့လာကြပါတယ်။ ဒါပေမယ့် ဘေဘီလေးက စကားမပြောတတ်သေးတာကြောင့် မိဘအသစ်တွေအနေနဲ့ နားလည်ဖို့ သိပ်မလွယ်ပါဘူး။ ကျွမ်းကျင်သူများက ဘေဘီလေးဟာ လူကြီးတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်သွယ်နိုင်သလဲဆိုတဲ့ ဖော်ပြပေးထားပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ခွဲခြားဖို့ အသုံးပြုတဲ့ အချို့သော နည်းလမ်းလေးတွေက စိတ်ဝင်စားစရာ ပါပဲ။

၁။ သူတို့ငိုတဲ့ နည်းလမ်း

ငိုတာက သူတို့ဘဝရဲ့ ပထမ လေးလအတွင်းမှာ သူတို့လိုအပ်ချက်တွေကို ဖော်ပြတဲ့ အဓိက နည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် ကလေးက ဗိုက်ဆာလို့ငိုတာလား? နာကျင်လို့ ငိုတာလား၊ တခုခုကြောင့် ငိုတာလားဆိုတာကို မိဘတွေ ဘယ်လိုနားလည်နိုင်မလဲ?

မိဘတွေ လာခေါ်ဖို့ ငိုခြင်း။ ။ ကလေးဟာ တစ်ယောက်တည်း အချိန်အကြာကြီး နေခဲ့ရတဲ့အခါ ၊ မိဘတွေရဲ့ အချီအပိုးကို ခံချင်တဲ့အခါ ငိုတတ်ကြပါတယ်။သူတို့ဟာ ၅စက္ကန့် ၆စက္ကန့်လောက် ဆက်တိုက်ငိုပါတယ်။ ဘယ်သူလာချီမလဲလို့ စောင့်ဆိုင်းခြင်းဖြင့် ငိုတာကို စက္ကန့် ၂၀လောက် ခဏရပ်ထားပါတယ်။ မိဘက လာမချီဘူးဆိုရင် ဘေဘီလေးတွေဟာ အကြိမ်များစွာ ထပ်ခါထပ်ခါ ဆက်ငိုလာပါလိမ့်မယ်။

ဗိုက်ဆာလို့ ငိုခြင်း။ ။ ကလေးဟာ ကောက်ချီမခံရဘူး၊ နို့တိုက်မခံရဘူးဆိုရင် သံကုန်ဟစ်ပြီး ဆက်တိုက်ငိုလာပါလိမ့်မယ်။ ဘေဘီလေးဟာ ဗိုက်ဆာတဲ့အခါ သူတို့ခေါင်းကို ဟိုဘက်ဒီဘက်လှည့်ပြီး ပါးစပ်ကို တပြွတ်ပြွတ်နဲ့ လုပ်တတ်ပါတယ်။

နာကျင်လို့ ငိုခြင်း။ ။ အကောင်တစ်ခုခုကိုက်လို့ပဲဖြစ်ဖြစ် နာကျင်တဲ့အခါ ကလေးဟာ အသံကျယ်ကျယ်နဲ့ ဆက်တိုက်ငိုလာပါလိမ့်မယ်။ အာခေါင်ခြစ်ပြီး ငိုတာက သူတို့နာကျင်တာ ပိုခံစားရကြောင်း ပြတာပါ။ ကလေးဟာ နေမကောင်းရင် အသံကျယ်ကျယ် အော်ငိုဖို့ အားမရှိတာကြောင့် ဂျီကျသလို ငိုတတ်ကြပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကြောင့် ငိုခြင်း ။ ။ လေအောင့်တဲ့အခါ၊ ရှုးပေါက်ချတဲ့အခါ၊ ဒါမှမဟုတ် ကျင်ကြီးစွန့်ထားတဲ့အခါ ကလေးတစ်ယောက်အတွက် အဆင်မပြေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအခါ အသံကျယ်ကျယ်နဲ့ စူးစူးဝါးဝါး ငိုတတ်ကြပါတယ်။

အိပ်ချင်လို့ ငိုခြင်း။ ။ ဘေဘီလေးဟာ အိပ်ချင်နေပေမယ့် တချို့အကြောင်းရင်းတွေကြောင့် အိပ်မပျော်နိုင်တဲ့အခါ စိတ်မကျေမနပ်နှင့် ဂျီကျသလို ငိုလာပါလိမ့်မယ်။ ကလေးဟာ အိပ်ချင်တာကြောင့် သမ်းပြီး သူ့နားတွေ၊ မျက်လုံးတွေကို ပွတ်သပ်လာပါလိမ့်မယ်။

သက်တောင့်သက်သာမဖြစ်လို့ ငိုခြင်း။ ။ စိတ်တိုဒေါသထွက်ပြီး ပြတ်တောင်းပြတ်တောင်းနဲ့ ငိုလာပါလိမ့်မယ်။ မကြာခဏ ငနာမငြိမ်ဖြစ်လာပါလိမ့်မယ်။ ဘေဘီလေးဟာ ယက်ကန်ယက်ကန်နဲ့ ခန္ဓာကိုယ်ကို ကော့ထိုးပါလိမ့်မယ်။ ဒါက သူတို့ရဲ့ အနှီးကို စစ်ဆေးပေးဖို့ အချိန်ဖြစ်သလို သူတို့အဝတ်အစားမှာ အရမ်းပူနေလား? အေးနေလားဆိုတာကို စစ်ဆေးပေးဖို့ ဆိုလိုပါတယ်။
သို့သော် အရမ်းငယ်သေးတဲ့ ဘေဘီလေးတွေဟာ သူတို့အိပ်ရာထဲမှာ၊ ပုခက်ထဲမှာ နေရတာ ပျင်းလာတဲ့အခါ၊ သူတို့ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲချင်တဲ့အခါ ငိုနိုင်ပါတယ်။

သူတို့ပြုလုပ်တတ်ကြတဲ့ လှုပ်ရှားမှုများ

ခန္ဓာကိုယ်ဘာသာစကားက ကလေးတစ်ယောက်ရဲ့ ကျန်းမာပျော်ရွင်မှုနှင့်ပတ်သတ်ပြီး အများကြီးပြောနေပါတယ်။

သူတို့ရဲ့ ကျောကိုကော့ခြင်း
၂လအောက် ဘေဘီလေးတွေဟာ လေထိုးလေအောင့် ဖြစ်တဲ့အခါ ကျောကော့ပြီး ငိုတတ်ကြပါတယ်။ ကလေးဟာ အစာစားပြီး ကျောကော့နေလျှင် သူတို့ဗိုက်ပြည့်နေပြီလို့ ဆိုလိုပါတယ်။ အစာစားနေစဉ်အတွင်း ဒီလိုအပြုအမှုလုပ်တာ မကြာခဏမြင်ရင် အစာပြန်အန်မယ့် လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဘေဘီလေးက ၂လကျော်ပြီဆိုရင် ဒီလှုပ်ရှားမှုက ပုံမှန်အားဖြင့် မောပန်းခြင်းနှင့် မကောင်းတဲ့ စိတ်ခံစားချက်ကို ဖော်ပြနေပါတယ်။

သူတို့ခေါင်းကို လှည့်ခြင်း
ဒါက ဘေဘီလေးတွေအတွက် တည်ငြိမ်နေတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ သူတို့အိပ်မပျော်ခင် နဲ့ သူတို့မသိတဲ့လူ အနားမှာ ရှိတဲ့အခါ ဒီအပြုအမှုလေးတွေ ပြုလုပ်တတ်ပါသေးတယ်။

သူတို့နားကို ဆုပ်ထားတာ
အများအားဖြင့် ဒီလှုပ်ရှားမှုက သူတို့ခန္ဓာကိုယ်ကို စူးစမ်းယုံသာ ဖြစ်ပါတယ်။ သူတို့ နားကို မကြာခဏ ထပ်ခါထပ်ခါ ကိုင်ပြီး ငိုနေမယ်ဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

လက်သီးကို တင်းတင်းဆုပ်ထားတာ
ဒါက ဗိုက်ဆာနေတဲ့ လက္ခဏာတစ်ခုပါ။ ဒါကို မေမေတို့က သတိထားမိပြီး နို့တိုက်ပေးမယ်ဆိုရင် သူတို့ဗိုက်ဆာလို့ ငိုခြင်းကနေ တားဆီးနိုင်ပါတယ်။

ခြေထောက်တွေကို မြှောက်ထားခြင်း
ဒါက လေထိုးလေအောင့်နှင့် ဗိုက်နာခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ ကလေးဟာနာကျင်မှုကို သက်သာစေဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

သူတို့ရဲ့ လက်တွေကို ဆတ်ခနဲ ဆက်ခနဲမြှောက်ခြင်း
ဒီလှုပ်ရှားမှုက ဘေဘီလေး ထိတ်လန့်နေတယ်လို့ ဆိုလိုပါတယ်။ အသံကျယ်ကျယ်တွေ အလင်းရောင်စူးစူး တွေ၊ ရုတ်တရက် နှိုးတာတွေက ကလေးကို ရုတ်တရက် ထိတ်လန့်စေတာကြောင့် ဒီတုံ့ပြန်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီအချိန်မှာ ကလေးကို နှစ်သိမ့် ပေးဖို့ လိုအပ်ပါတယ်။

ကလေးအထူးကုတွေက ဘေဘီလေးတွေ ဘာမှ နားမလည်သေးပုံပေါ်ရင် တတ်နိုင်သလောက် မကြာခဏ စကားပြောပေးဖို့ နှင့် ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကို ပြသပြီး ရှင်းပြပေးဖို့ အကြံပြုထားပါတယ်။ ဒါမှသာ ကလေးက တစ်ဦးချင်းစီရဲ့ အသံနှင့် အမူအရာကို လျင်မြန်စွာ အသုံးပြုတတ်ပြီး ချစ်ရသူတွေနဲ့ မြန်မြန် ဆက်သွယ်ပြောဆိုနိုင်ပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ေမေမတို႔ရဲ႕ ေဘဘီေလးကို ေကာင္းေကာင္း နားလည္ေစႏိုင္မယ့္ လကၡဏာမ်ား
ေဘဘီေလး အရမ္းငယ္ေသးတဲ့အခ်ိန္မွာ မိဘေတြဟာ သူတို႔ကေလးေလးရဲ႕ က်န္းမာေရးႏွင့္ ပတ္သတ္ၿပီး စိုးရိမ္မႈေတြ ရွိၾကပါတယ္။ မိဘေတြဟာ ေဘဘီေလး ဘာျဖစ္ခ်င္တာလဲ၊ ဘာ့ေၾကာင့္မအီမသာ ျဖစ္ေနတာလဲဆိုတာ အတိအက် ခန္႔မွန္းဖို႔ ႀကိဳးစားၾကပါတယ္။ မိဘတိုင္းက ကေလးရဲ႕ လကၡဏာတစ္ခုျခင္းစီကို အဓိပၸာယ္သိႏိုင္ေအာင္၊ နားလည္ႏိုင္ေအာင္ ေလ့လာၾကပါတယ္။ ဒါေပမယ့္ ေဘဘီေလးက စကားမေျပာတတ္ေသးတာေၾကာင့္ မိဘအသစ္ေတြအေနနဲ႔ နားလည္ဖို႔ သိပ္မလြယ္ပါဘူး။ ကြၽမ္းက်င္သူမ်ားက ေဘဘီေလးဟာ လူႀကီးေတြကို ဘယ္လိုနည္းလမ္းေတြနဲ႔ ဆက္သြယ္ႏိုင္သလဲဆိုတဲ့ ေဖာ္ျပေပးထားပါတယ္။ သူတို႔ရဲ႕ လိုအပ္ခ်က္ေတြကို ခြဲျခားဖို႔ အသုံးျပဳတဲ့ အခ်ိဳ႕ေသာ နည္းလမ္းေလးေတြက စိတ္ဝင္စားစရာ ပါပဲ။

၁။ သူတို႔ငိုတဲ့ နည္းလမ္း

ငိုတာက သူတို႔ဘဝရဲ႕ ပထမ ေလးလအတြင္းမွာ သူတို႔လိုအပ္ခ်က္ေတြကို ေဖာ္ျပတဲ့ အဓိက နည္းလမ္းျဖစ္ပါတယ္။ ဒါေပမယ့္ ကေလးက ဗိုက္ဆာလို႔ငိုတာလား? နာက်င္လို႔ ငိုတာလား၊ တခုခုေၾကာင့္ ငိုတာလားဆိုတာကို မိဘေတြ ဘယ္လိုနားလည္ႏိုင္မလဲ?

မိဘေတြ လာေခၚဖို႔ ငိုျခင္း။ ။ ကေလးဟာ တစ္ေယာက္တည္း အခ်ိန္အၾကာႀကီး ေနခဲ့ရတဲ့အခါ ၊ မိဘေတြရဲ႕ အခ်ီအပိုးကို ခံခ်င္တဲ့အခါ ငိုတတ္ၾကပါတယ္။သူတို႔ဟာ ၅စကၠန္႔ ၆စကၠန္႔ေလာက္ ဆက္တိုက္ငိုပါတယ္။ ဘယ္သူလာခ်ီမလဲလို႔ ေစာင့္ဆိုင္းျခင္းျဖင့္ ငိုတာကို စကၠန္႔ ၂၀ေလာက္ ခဏရပ္ထားပါတယ္။ မိဘက လာမခ်ီဘူးဆိုရင္ ေဘဘီေလးေတြဟာ အႀကိမ္မ်ားစြာ ထပ္ခါထပ္ခါ ဆက္ငိုလာပါလိမ့္မယ္။

ဗိုက္ဆာလို႔ ငိုျခင္း။ ။ ကေလးဟာ ေကာက္ခ်ီမခံရဘူး၊ ႏို႔တိုက္မခံရဘူးဆိုရင္ သံကုန္ဟစ္ၿပီး ဆက္တိုက္ငိုလာပါလိမ့္မယ္။ ေဘဘီေလးဟာ ဗိုက္ဆာတဲ့အခါ သူတို႔ေခါင္းကို ဟိုဘက္ဒီဘက္လွည့္ၿပီး ပါးစပ္ကို တႁပြတ္ႁပြတ္နဲ႔ လုပ္တတ္ပါတယ္။

နာက်င္လို႔ ငိုျခင္း။ ။ အေကာင္တစ္ခုခုကိုက္လို႔ပဲျဖစ္ျဖစ္ နာက်င္တဲ့အခါ ကေလးဟာ အသံက်ယ္က်ယ္နဲ႔ ဆက္တိုက္ငိုလာပါလိမ့္မယ္။ အာေခါင္ျခစ္ၿပီး ငိုတာက သူတို႔နာက်င္တာ ပိုခံစားရေၾကာင္း ျပတာပါ။ ကေလးဟာ ေနမေကာင္းရင္ အသံက်ယ္က်ယ္ ေအာ္ငိုဖို႔ အားမရွိတာေၾကာင့္ ဂ်ီက်သလို ငိုတတ္ၾကပါတယ္။

ဇီဝကမၼျဖစ္စဥ္ေၾကာင့္ ငိုျခင္း ။ ။ ေလေအာင့္တဲ့အခါ၊ ရႈးေပါက္ခ်တဲ့အခါ၊ ဒါမွမဟုတ္ က်င္ႀကီးစြန္႔ထားတဲ့အခါ ကေလးတစ္ေယာက္အတြက္ အဆင္မေျပျဖစ္ေပၚေစႏိုင္ပါတယ္။ ဒီအခါ အသံက်ယ္က်ယ္နဲ႔ စူးစူးဝါးဝါး ငိုတတ္ၾကပါတယ္။

အိပ္ခ်င္လို႔ ငိုျခင္း။ ။ ေဘဘီေလးဟာ အိပ္ခ်င္ေနေပမယ့္ တခ်ိဳ႕အေၾကာင္းရင္းေတြေၾကာင့္ အိပ္မေပ်ာ္ႏိုင္တဲ့အခါ စိတ္မေက်မနပ္ႏွင့္ ဂ်ီက်သလို ငိုလာပါလိမ့္မယ္။ ကေလးဟာ အိပ္ခ်င္တာေၾကာင့္ သမ္းၿပီး သူ႔နားေတြ၊ မ်က္လုံးေတြကို ပြတ္သပ္လာပါလိမ့္မယ္။

သက္ေတာင့္သက္သာမျဖစ္လို႔ ငိုျခင္း။ ။ စိတ္တိုေဒါသထြက္ၿပီး ျပတ္ေတာင္းျပတ္ေတာင္းနဲ႔ ငိုလာပါလိမ့္မယ္။ မၾကာခဏ ငနာမၿငိမ္ျဖစ္လာပါလိမ့္မယ္။ ေဘဘီေလးဟာ ယက္ကန္ယက္ကန္နဲ႔ ခႏၶာကိုယ္ကို ေကာ့ထိုးပါလိမ့္မယ္။ ဒါက သူတို႔ရဲ႕ အႏွီးကို စစ္ေဆးေပးဖို႔ အခ်ိန္ျဖစ္သလို သူတို႔အဝတ္အစားမွာ အရမ္းပူေနလား? ေအးေနလားဆိုတာကို စစ္ေဆးေပးဖို႔ ဆိုလိုပါတယ္။
သို႔ေသာ္ အရမ္းငယ္ေသးတဲ့ ေဘဘီေလးေတြဟာ သူတို႔အိပ္ရာထဲမွာ၊ ပုခက္ထဲမွာ ေနရတာ ပ်င္းလာတဲ့အခါ၊ သူတို႔ရဲ႕ ပတ္ဝန္းက်င္ကို ေျပာင္းလဲခ်င္တဲ့အခါ ငိုႏိုင္ပါတယ္။

သူတို႔ျပဳလုပ္တတ္ၾကတဲ့ လႈပ္ရွားမႈမ်ား

ခႏၶာကိုယ္ဘာသာစကားက ကေလးတစ္ေယာက္ရဲ႕ က်န္းမာေပ်ာ္႐ြင္မႈႏွင့္ပတ္သတ္ၿပီး အမ်ားႀကီးေျပာေနပါတယ္။

သူတို႔ရဲ႕ ေက်ာကိုေကာ့ျခင္း
၂လေအာက္ ေဘဘီေလးေတြဟာ ေလထိုးေလေအာင့္ ျဖစ္တဲ့အခါ ေက်ာေကာ့ၿပီး ငိုတတ္ၾကပါတယ္။ ကေလးဟာ အစာစားၿပီး ေက်ာေကာ့ေနလွ်င္ သူတို႔ဗိုက္ျပည့္ေနၿပီလို႔ ဆိုလိုပါတယ္။ အစာစားေနစဥ္အတြင္း ဒီလိုအျပဳအမႈလုပ္တာ မၾကာခဏျမင္ရင္ အစာျပန္အန္မယ့္ လကၡဏာတစ္ခု ျဖစ္ႏိုင္ပါတယ္။ ေဘဘီေလးက ၂လေက်ာ္ၿပီဆိုရင္ ဒီလႈပ္ရွားမႈက ပုံမွန္အားျဖင့္ ေမာပန္းျခင္းႏွင့္ မေကာင္းတဲ့ စိတ္ခံစားခ်က္ကို ေဖာ္ျပေနပါတယ္။

သူတို႔ေခါင္းကို လွည့္ျခင္း
ဒါက ေဘဘီေလးေတြအတြက္ တည္ၿငိမ္ေနတဲ့ လႈပ္ရွားမႈ ျဖစ္ပါတယ္။ သူတို႔အိပ္မေပ်ာ္ခင္ နဲ႔ သူတို႔မသိတဲ့လူ အနားမွာ ရွိတဲ့အခါ ဒီအျပဳအမႈေလးေတြ ျပဳလုပ္တတ္ပါေသးတယ္။

သူတို႔နားကို ဆုပ္ထားတာ
အမ်ားအားျဖင့္ ဒီလႈပ္ရွားမႈက သူတို႔ခႏၶာကိုယ္ကို စူးစမ္းယုံသာ ျဖစ္ပါတယ္။ သူတို႔ နားကို မၾကာခဏ ထပ္ခါထပ္ခါ ကိုင္ၿပီး ငိုေနမယ္ဆိုရင္ ဆရာဝန္ကို ျပသသင့္ပါတယ္။

လက္သီးကို တင္းတင္းဆုပ္ထားတာ
ဒါက ဗိုက္ဆာေနတဲ့ လကၡဏာတစ္ခုပါ။ ဒါကို ေမေမတို႔က သတိထားမိၿပီး ႏို႔တိုက္ေပးမယ္ဆိုရင္ သူတို႔ဗိုက္ဆာလို႔ ငိုျခင္းကေန တားဆီးႏိုင္ပါတယ္။

ေျခေထာက္ေတြကို ေျမႇာက္ထားျခင္း
ဒါက ေလထိုးေလေအာင့္ႏွင့္ ဗိုက္နာျခင္းရဲ႕ လကၡဏာျဖစ္ပါတယ္။ ကေလးဟာနာက်င္မႈကို သက္သာေစဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။

သူတို႔ရဲ႕ လက္ေတြကို ဆတ္ခနဲ ဆက္ခနဲေျမႇာက္ျခင္း
ဒီလႈပ္ရွားမႈက ေဘဘီေလး ထိတ္လန္႔ေနတယ္လို႔ ဆိုလိုပါတယ္။ အသံက်ယ္က်ယ္ေတြ အလင္းေရာင္စူးစူး ေတြ၊ ႐ုတ္တရက္ ႏႈိးတာေတြက ကေလးကို ႐ုတ္တရက္ ထိတ္လန္႔ေစတာေၾကာင့္ ဒီတုံ႔ျပန္မႈေတြ ျဖစ္ေပၚႏိုင္ပါတယ္။ ဒီအခ်ိန္မွာ ကေလးကို ႏွစ္သိမ့္ ေပးဖို႔ လိုအပ္ပါတယ္။

ကေလးအထူးကုေတြက ေဘဘီေလးေတြ ဘာမွ နားမလည္ေသးပုံေပၚရင္ တတ္ႏိုင္သေလာက္ မၾကာခဏ စကားေျပာေပးဖို႔ ႏွင့္ ပတ္ဝန္းက်င္မွာရွိတဲ့ အရာအားလုံးကို ျပသၿပီး ရွင္းျပေပးဖို႔ အႀကံျပဳထားပါတယ္။ ဒါမွသာ ကေလးက တစ္ဦးခ်င္းစီရဲ႕ အသံႏွင့္ အမူအရာကို လ်င္ျမန္စြာ အသုံးျပဳတတ္ၿပီး ခ်စ္ရသူေတြနဲ႔ ျမန္ျမန္ ဆက္သြယ္ေျပာဆိုႏိုင္ပါလိမ့္မယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here