Home Family မေမေတို့ကို တခဏလေးတောင်မှ အနားမပေးနိုင်ကြောင်း သက်သေပြုထားတဲ့ ဘေဘီတို့ရဲ့ ဓါတ်ပုံလေးတွေ

မေမေတို့ကို တခဏလေးတောင်မှ အနားမပေးနိုင်ကြောင်း သက်သေပြုထားတဲ့ ဘေဘီတို့ရဲ့ ဓါတ်ပုံလေးတွေ

0
65

နံရံမှာ ဆော့ပင်နဲ့ လျှောက်ခြစ်ထားတာမျိုး၊ ခြင်းထဲထည့်ထားတဲ့ ပစ္စည်းတွေကို အပြင်ကို ဆွဲထုတ်ပြီး ပြန့်ကျဲထားတာမျိုး၊ ဖုန်း၊ ကွန်ပျူတာလို တန်ဖိုးကြီးပစ္စည်းတွေကို ချိုးပစ်လိုက်တာ၊ ဖျက်ဆီးပစ်လိုက်တာမျိုးဟာ ကလေးငယ်ရှိတဲ့ အိမ်တွေမှာ မလွှဲမရှောင် ကြုံတွေ့ရမယ့် အဖြစ်အပျက်လေးတွေပါနော်။ သူတို့ဖွသမျှ လိုက်ကောက်သိမ်းရတာက မေမေတို့အတွက် အလုပ်တစ်ခုပါပဲ။ ကလေးရှိတဲ့ မေမေတို့လည်း ဒီလိုဒုက္ခတွေကို တစ်နည်းမဟုတ် တစ်နည်းကြုံကြရမှာပါ။ သူတို့ရဲ့ အပြုအမှုတွေက စိတ်ဆိုးရမှာထက် ချစ်စရာကောင်းသလို၊ ရယ်စရာလည်းကောင်းပါတယ်။ ကလေးတွေ ဘယ်လောက် သောင်းကျန်းတတ်သလဲဆိုတာ အောက်ကပုံလေးတွေက သက်သေပြနေပါတယ်၊

ဒါကတော့ ၄နှစ်သမီးလေးက သူမ ဟင်းချက်ထားတာပါတဲ့။

နွားနို့ကို ခွက်နဲ့မသောက်ချင်တဲ့ ကလေးလေးပါ။

သူ့အိမ်မက်က ကမ္ဘာကြီးကို ဖျက်စီးဖို့ဆိုပဲ။ ဒီလိုကလေးမျိုးကို မျက်စိအောက်က အပျောက်မခံသင့်ပါဘူးနော်။

လက်နှင့် မစားနဲ့ပြောလို့လေ။ တကယ်ဆို မေမေတို့ ဇွန်းလေးဘာလေး ပေးသင့်တာပေါ့။

ကျွန်တော့်တူလေးက ဒေါ်လာတစ်ရွက် တောင်းပေမယ့် သူလည်း သူများတွေလို အကြွေစေ့ပစ် ဆုတောင်းချင်တယ်ဆိုတာ မပြောခဲ့ပါဘူး။

ရုတ်တရက် ပင်ပန်းတဲ့အခါ

စောင်ခြုံပြီး ခေါင်းအုံးရမှာလေ။

ဖိနပ်စီးတာတော့ အဆင်ပြေပါရဲ့။ ဘယ်နဲ့ ညာမှားနေတာတစ်ခုပဲ။

မေ့မေ့ရဲ့ စျေးကြီးတဲ့ လက်သည်းနီကတော့ ကုန်ပါပြီ။

Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here