မိမိရဲ့ ခန္ဓာကိုယ်ဟာ မိမိစိတ်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိနေပါတယ်။ ဒါပေမဲ့ မိမိရဲ့စိတ်ကို မိမိကိုယ်တိုင်ထိန်းချုပ်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ဒါပေမဲ့ ယခုဖော်ပြမဲ့ လူ ၁၁ဦးကတော့ မိမိရဲ့ စိတ်ကို ထိန်းချုပ်နိုင်ပြီး မကောင်းတဲ့ အရာတွေ၊ အမူအကျင့်တွေကို စွန့်လွှတ်ခဲ့ကြပါတယ်။ ဒီလို စွန့်လွှတ်လိုက်တဲ့အတွက် သူတို့ရဲ့ ရလဒ်က ဘာဖြစ်မလဲဆိုတာ Lifestyle_Myanmar ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
၁။ အစားပုတ်တဲ့ သူငယ်ချင်းနှစ်ယောက် မိမိတို့ရဲ့ မကောင်းတဲ့ အကျင့်ကို စွန့်လွှတ်ပြီး ဝိတ်ချလိုက်တဲ့အခါ အခုလို သေသပ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်လာကြပါတယ်။
၂။ ဒါကတော့ မိမိချစ်သူက အလွန်ဝတယ်လို့ ပြောလို့ အချစ်အတွက် ပေါင် ၉၉ ပေါင်ထိလျော့ချလိုက်တဲ့ အချစ်သူရဲကောင်းမလေးပဲဖြစ်ပါတယ်။
၃။ သူကတော့ ၂နှစ်အတွင်း ခန္ဓာကိုယ်ကို ပြောင်းလဲဖို့ ဆုံဖြတ်ခဲ့ပြီး တစ်နှစ်ခွဲလောက်ထိ မာရသွန်အပြေးလေ့ကျင့်ခန်းကို တစ်စိုက်မတ်မတ်လုပ်ခဲ့လို့ အခုလို ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
၎။ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်ကနေ အခုထိ ၂၃ရက်ကို ၃ကြိမ်သာ မာရသွန်အပြေးလေ့ကျင့်ခန်းကို ဖြေးဖြေးနဲ့ မှန်မှန်လုပ်ခဲ့လို့ ပေါင် ၁၆၀ လျော့ချပြီး ဝိတ်ချနိုင်ခဲ့တာဖြစ်ပါတယ်။
၅။ ဒီမိန်းကလေးကတော့ Anorexia ရောဂါကို ခံစားရပြီး ပိန်ကျုံ့တဲ့ ဘဝကို ရောက်ခဲ့ပေမဲ့ ပုံမှန်လေ့ကျင်ခန်းနဲ့ Gym ဆော့ဖြစ်တာကြောင့် အခုလို ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
၆။ အသက် ၅၅ နှစ်ရှိပေမဲ့ တစ်နှစ်အတွင်း ပေါင် ၁၀၅ ပေါင်အထိ လျော့ချနိုင်ခဲ့ပြီး မိန်းမဖြစ်သူကနဲ့ ယောက်ျားနဲ့ တန်းတူ ပေါင် ၆၁ပေါင်အထိ လျော့ချနိုင်ခဲ့တဲ့ အတွဲပဲဖြစ်ပါတယ်။
၇။ အလွန်ဝလွန်းပေမဲ့ ဆယ်စုနှစ်အတွင်းမှာ ပေါင် ၂၉၅ ပေါင်အထိ လျော့ချနိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။
၈။ ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်ဟာ အရက်ဖြတ်ပြီး ၉လအကြာမှာ ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်အချိုးအစားပဲဖြစ်ပါတယ်။
၉။ အသက် ၂၅ နှစ်မှာ ပေါင် ၃၇၀ ရှိပေမဲ့ ၁၁အတွင်းမှာ ၁၇၁ ပေါင်ထိ လျော့ချနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။
၁၀။ သူကတော့ အရက်ဖြတ်ပြီး ၁နှစ်အတွင်း ပေါင် ၅၃ပေါင်အထိ လျော့ချခဲ့တဲ့အပြင် အရွယ်ပါ ပြန်နုသွားစေတဲ့ အမျိုးသားပဲဖြစ်ပါတယ်။
၁၁။ အရမ်းပိန်လို့ ဝေဖန်ခံရပေမဲ့ တစ်ပတ်ကို ၃ကြိမ်နှုန်းနဲ့ ကျန်မာရေးအတွက် ကောင်းမွန်တဲ့အစားအသောက်ပေးခြင်း ရေကူးပေးခြင်းတို့ကြောင့် ၃နှစ်အတွင်းမှာ ကျန်းမာကြံ့ခိုင်တဲ့ ပုံမှန်ကိုယ်အလေးချိန်ကို ရရှိခဲ့တဲ့အမျိုးသမီးပဲဖြစ်ပါတယ်။
အခြားသူတွေထက် ပိုပြီး သင်ခြင်ကိုက်ခံရတဲ့ အကြောင်းရင်း (၈) ချက်
#Lifestyle_Myanmar
#Thar_Nage