မူးယစ်ဆေးဝါး ဝယ်ဖို့ကြိုးစားတဲ့အတွက် B.I ကိုအပြစ်ပေးဖို့ ခက်ခဲလိမ့်မယ်လို့ ရှေ့နေကဖော်ပြခဲ့

0
270

မတ်လ ၁၃ရက်နေ့ရဲ့ Section TVအပိုင်းတွဲမှာ မူးယစ်ဆေးဝါး အမှုတွေမှာ အထူးအကျိုးဆောင်နေသူဖြစ်တဲ့ ရှေ့နေတစ်ယောက်က B.I ရဲ့ လက်ရှိမူးယစ်ဆေးဝါးအရှုပ်တော်ပုံနှင့် ပတ်သတ်ပြီး သူရဲ့ အတွေးကို ဖော်ပြခဲ့ပါတယ်။

မူးယစ်ဆေးဝါး အမှုပေါင်းများစွာမှာ အတွေ့အကြုံရှိတဲ့ ရှေ့နေဆိုသူက B.I ရဲ့ မူးယစ်ဆေးဝါးအမှုက အများရှုထောင့်အမြင်တွေအရ ထူးခြားခဲ့ကြောင်း ညွှန်ပြခဲ့ပါတယ်။ ၂၀၁၆မှာ B.I ရဲ့ အမှုနှင့်အတူ ဖြစ်ပျက်တဲ့ကိစ္စက မူးယစ် စုံစမ်းစစ်ဆေးမှုအတွက် သတ်မှတ်ချက် ပြည့်မီတဲ့ လုပ်ထုံးလုပ်နည်း မဟုတ်ခဲ့ကြောင်း သူကရှင်းလင်းခဲ့ပါတယ်။

မူးယစ်ဆေးဝါးဝယ်ယူဖို့ ကြိုးပမ်းယုံနဲ့တင် B.I ကို အပြစ်ပေးဖို့ ခက်ခဲလိမ့်မယ်လို့လည်း ဖော်ပြထားပါတယ်။ “မူးယစ်ဆေးဝါး ထုတ်လုပ်တာ ဒါမှမဟုတ် သွင်းကုန်/ထုတ်ကုန် အတွက် ပူးပေါင်းကြံစည်မှုကိုတောင် အပြစ်ပေးတဲ့ မူးယစ်ဆေးဝါးထိန်းချုပ်မှု အက်ဥပဒေတွေ ရှိပေမယ့် မူးယစ်ဆေးဝါး ဝယ်ယူဖို့ ကြိုးပမ်းမှုကို အပြစ်ပေးဖို့ ခက်ခဲတယ်”လို့ ရှေ့နေကပြောပါတယ်။

B.I ဟာ ၂၀၁၆မှာ ဆေးခြောက်နှင့် LSD (Lysergic acid diethylamide) ဝယ်ယူဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ သံသယရှိခဲ့ပြီးနောက် မူးယစ်ဆေးဝါး ဝယ်ယူမှုအကြောင်း မေးမြန်ထားတဲ့ B.I နှင့် ဟန်ဆိုဟီးအကြား ချက်တင်မှတ်တမ်းတွေကို Dispatch သတင်းမီဒီယာက ဖြန်ချီခဲ့ပါတယ်၊ ချက်တင်မှတ်တမ်းထဲမှာ ဟန်ဆိုဟီးနှင့်အတူ မူးယစ်ဆေးဝါးကိစ္စတွေ ရှိခဲ့ကြောင်း သူက ဝန်ခံခဲ့ပါတယ်။

B.I ဟာ အဲ့ဒီတုန်းက မူးယစ်ဆေးဝါးကို သုံးစွဲချင်ခဲ့ကြောင်း၊ တကယ် အသုံးပြုခဲ့တာ မဟုတ်ကြောင်း ဝန်ခံထားတာကို သူရဲ့ ဆိုရှယ်မီဒီယာမှာ ပိုစ့်တစ်ခု တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ YG Entertainment ကအတည်ပြုခဲ့သော iKONအဖွဲ့ကနေ ထွက်ခွာဖို့ သူ့ရဲ့ ရည်ရွယ်ချက်ကို ကြေညာခဲ့ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-koreaboo

ZawGyi

မူးယစ္ေဆးဝါး ဝယ္ဖို႔ႀကိဳးစားတဲ့အတြက္ B.I ကိုအျပစ္ေပးဖို႔ ခက္ခဲလိမ့္မယ္လို႔ ေရွ႕ေနကေဖာ္ျပခဲ့
မတ္လ ၁၃ရက္ေန႔ရဲ႕ Section TVအပိုင္းတြဲမွာ မူးယစ္ေဆးဝါး အမႈေတြမွာ အထူးအက်ိဳးေဆာင္ေနသူျဖစ္တဲ့ ေရွ႕ေနတစ္ေယာက္က B.I ရဲ႕ လက္ရွိမူးယစ္ေဆးဝါးအရႈပ္ေတာ္ပုံႏွင့္ ပတ္သတ္ၿပီး သူရဲ႕ အေတြးကို ေဖာ္ျပခဲ့ပါတယ္။

မူးယစ္ေဆးဝါး အမႈေပါင္းမ်ားစြာမွာ အေတြ႕အႀကဳံရွိတဲ့ ေရွ႕ေနဆိုသူက B.I ရဲ႕ မူးယစ္ေဆးဝါးအမႈက အမ်ားရႈေထာင့္အျမင္ေတြအရ ထူးျခားခဲ့ေၾကာင္း ၫႊန္ျပခဲ့ပါတယ္။ ၂၀၁၆မွာ B.I ရဲ႕ အမႈႏွင့္အတူ ျဖစ္ပ်က္တဲ့ကိစၥက မူးယစ္ စုံစမ္းစစ္ေဆးမႈအတြက္ သတ္မွတ္ခ်က္ ျပည့္မီတဲ့ လုပ္ထုံးလုပ္နည္း မဟုတ္ခဲ့ေၾကာင္း သူကရွင္းလင္းခဲ့ပါတယ္။

မူးယစ္ေဆးဝါးဝယ္ယူဖို႔ ႀကိဳးပမ္းယုံနဲ႔တင္ B.I ကို အျပစ္ေပးဖို႔ ခက္ခဲလိမ့္မယ္လို႔လည္း ေဖာ္ျပထားပါတယ္။ “မူးယစ္ေဆးဝါး ထုတ္လုပ္တာ ဒါမွမဟုတ္ သြင္းကုန္/ထုတ္ကုန္ အတြက္ ပူးေပါင္းႀကံစည္မႈကိုေတာင္ အျပစ္ေပးတဲ့ မူးယစ္ေဆးဝါးထိန္းခ်ဳပ္မႈ အက္ဥပေဒေတြ ရွိေပမယ့္ မူးယစ္ေဆးဝါး ဝယ္ယူဖို႔ ႀကိဳးပမ္းမႈကို အျပစ္ေပးဖို႔ ခက္ခဲတယ္”လို႔ ေရွ႕ေနကေျပာပါတယ္။

B.I ဟာ ၂၀၁၆မွာ ေဆးေျခာက္ႏွင့္ LSD (Lysergic acid diethylamide) ဝယ္ယူဖို႔ ႀကိဳးပမ္းခဲ့တယ္ဆိုတဲ့ သံသယရွိခဲ့ၿပီးေနာက္ မူးယစ္ေဆးဝါး ဝယ္ယူမႈအေၾကာင္း ေမးျမန္ထားတဲ့ B.I ႏွင့္ ဟန္ဆိုဟီးအၾကား ခ်က္တင္မွတ္တမ္းေတြကို Dispatch သတင္းမီဒီယာက ျဖန္ခ်ီခဲ့ပါတယ္၊ ခ်က္တင္မွတ္တမ္းထဲမွာ ဟန္ဆိုဟီးႏွင့္အတူ မူးယစ္ေဆးဝါးကိစၥေတြ ရွိခဲ့ေၾကာင္း သူက ဝန္ခံခဲ့ပါတယ္။
B.I ဟာ အဲ့ဒီတုန္းက မူးယစ္ေဆးဝါးကို သုံးစြဲခ်င္ခဲ့ေၾကာင္း၊ တကယ္ အသုံးျပဳခဲ့တာ မဟုတ္ေၾကာင္း ဝန္ခံထားတာကို သူရဲ႕ ဆိုရွယ္မီဒီယာမွာ ပိုစ့္တစ္ခု တင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ YG Entertainment ကအတည္ျပဳခဲ့ေသာ iKONအဖြဲ႕ကေန ထြက္ခြာဖို႔ သူ႔ရဲ႕ ရည္႐ြယ္ခ်က္ကို ေၾကညာခဲ့ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here