မုန့်ဖုတ်ဆိုဒါရဲ့ ဘက်စုံ အသုံးဝင်ပုံ (၉)မျိုး

0
777

မုန့်ဖုတ်ဆိုဒါ သို့မဟုတ် ဆိုဒီယမ်ဘိုင်ကာဘွန်နိတ်သည် တကယ့်ကို အံ့သြဖွယ် ဓါတ်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အံ့သြဖွယ်အကျိုးကျေးဇူးများ ရှိယုံသာမကဘးအန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေမဖြစ်စေဘဲ နေရာအတော်များများမှာ အသုံးဝင်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးပါ။ ဒါ့ကြောင့် မုန့်ဖုတ်ဆိုဒါရဲ့အသုံးဝင်တဲ့ နည်းလမ်း တွေထဲက ၉ ခုကို ဖော်ပြပေးလိုက်ပါတယ်။

-Advertisement-

၁။ သင့်ရဲ့လျှော်မယ့်အ၀တ်အစားများအတွက် အသုံးဝင်ပါတယ်


မုန့်ဖုတ်ဆိုဒါကို ရေနှင့်ဖျော်ပြီး သင့်အ၀တ်အစားတွေပေါ်မှာ တိုက်ရိုက်အသုံးပြုခြင်း သို့မဟုတ် သင့်အ၀တ်လျှော်စက်ထဲမှာ ထည့်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။
– အ၀တ်အစားတွေကို ပျော့ပျောင်းစေပြီး အနံ့တွေ ပျောက်စေပါတယ်။
– အောက်ခံအ၀တ်အစားများနှင့် အ၀တ်အထည်များမှ အ၀ါရောင်အစွန်းများကို ဖယ်ရှားပေးပါတယ်။
– ကော်လာနှင့် ဘောင်းဘီအနားက အစွန်းများကို ဖယ်ရှားပေးပါတယ်။
– နေ့စဉ် အ၀တ်လျှော်တဲ့အခါ ပုံမှန်ထည့်သုံးပေးခြင်းဖြင့် အ၀တ်အစားများကို ဖြူစင်စေပါတယ်။
– အသီးနှင့် ၀ိုင်အစွန်းအထင်းများကို ဖယ်ရှားလို့ရပါတယ်။
– အမဲဆီ အစွန်းအထင်းများကို ဖယ်ရှားလို့ရပါတယ်။
– မင်အစွန်းများကို ဖယ်ရှားလို့ရပါတယ်။

၂။ မီးဖိုချောင်အတွက် အလွန်အစွမ်းထက်တဲ့ အသုံးဝင်မှု


မုန့်ဖုတ်ဆိုဒါက အလွန်ထိရောက်ပြီး သဘာဝ သန့်ရှင်းရေးပစ္စည်းတစ်ခု ဖြစ်ပါတယ်။ စိုစွတ်တဲ့ အ၀တ်စတစ်ခု သို့မဟုတ် ရေမြှုပ်တစ်ခုပေါ်မှာ မုန့်ဖုတ်ဆိုဒါအချို့ကို ထည့်ပြီး အသုံးပြုနိုင်ပါတယ်။
– မိုက်ခရိုဝေ့မီးဖိုနှင့် ရိုးရိုးမီးဖိုကို သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။
– သစ်သားပရိဘောဂများနှင့် ဂတ်စ်မီးဖိုကနေ အမဲဆီအစွန်းအထင်းများကို ဖယ်ရှားခြင်းမှာ အသုံးပြုနိုင်ပါတယ်။
– စဉ်းနှီတုံးများကို ပိုးသတ်ခြင်းနှင့် အနံ့အသက်တွေကို ဖယ်ရှားပေးပါတယ်။
– မီးဖိုချောင်က ဗီဒိုမှန်များကို သန့်ရှင်းလို့ရပါတယ်။
– လက်ဖက်ရည်နှင့် ကော်ဖီအစွန်းအထင်းများကို ဖယ်ရှားပေးပါတယ်။
– သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များက ပိုးသတ်ဆေးများကို ဖယ်ရှားပစ်ဖို့ ဆေးကြောတဲ့အခါ အသုံးပြုနိုင်ပါတယ်။
– ရေခဲသေတ္တာနှင့် ရေခဲသေတ္တာအတွင်းပိုင်းကို သန့်ရှင်းစေပါတယ်။
– ချက်ပြုတ်တဲ့အခါ အနံ့စူးစူးတွေကို ဖယ်ရှားတဲ့အခါ အသုံးပြုနိုင်ပါတယ်။
– သင့်ရဲ့ အိုးခွက်ပန်းကန်များကို အသစ်ကဲ့သို့ သန့်ရှင်းစေပါတယ်။
– ဒယ်အိုးတွေမှာ အစားအစာတွေ ကပ်နေတာတွေကို ဖယ်ရှားနိုင်ပါတယ်။

၃။ သင့်အိမ်သန့်ရှင်းရေးအတွက် အသုံးပြုနိုင်ပါတယ်။


အစွမ်းထက် ဘက်စုံသုံး သန့်ရှင်းရေးပစ္စည်းရှာဖွေနေပါသလား? မုန့်ဖုတ်ဆိုဒါအချို့ကို ရေနှင့်ဖျော်ပြီး စပရေးဘူးတစ်ခုထဲထည့်ကာ အ၀တ်စ သို့မဟုတ် ရေမြုပ်နှင့် အသုံးပြုနိုင်ပါတယ်။
– လက်ဝတ်ရတနာ၊ ငွေနှင့် သတ္တုပစ္စ်းများကို သန့်ရှင်းဖို့နှင့် chrome ပစ္စည်းများကို အရောင်တင်ဖို့
– အိမ်သာ၊ ရေချိုးခန်းကြမ်းပြင် ပိုးသတ်ရန်နှင့် ရေချိုးခန်းလိုက်ကာတွေပေါ် မှိုများကို ဖယ်ရှားပစ်ရန်
– ပိုက်လုံးတွေ ပိတ်ဆို့တာကို ဖယ်ရှားဖို့
– သစ်သားပရိဘောဂ အစွန်းအထင်းများကို ဖယ်ရှားရန်
– ဖန်ထည်နှင့် ခရစ်စတယ်တွေကို သန့်စင်တောက်ပစေရန်
– ရောင်စုံခဲတံအစွန်းအထင်းများ ၊ မင်များ၊ Marker အစွန်းအထင်းများကို ဖယ်ရှားရန်
– မီးလင်းဖိုအုတ်က ကျပ်ခိုးအစွန်းများကို ရှင်းလင်းစေဖို့
– အကင်ဆန်ကာများကို သန်စင်စေဖို့
– အားကစားဖိနပ်တွေကို အသစ်အတိုင်းပြန်လည် ဖြူဖွေးစေဖို့
– မီးပူက အစွန်းအထင်းများကို သန့်စင်စေဖို့
– သတ္တု ကိရိယာများမှ သံချေးများကို ဖယ်ရှားဖို့

၎။ အနံ့ဆိုးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးပါတယ်


မုန့်ဖုတ်ဆိုဒါ အနံ့အသတ်များကို ဖယ်ရှားတဲ့အခါ အစွမ်းထက်ပါတယ်။ စိုစွတ်တဲ့ အ၀တ်စတစ်ခုပေါ်မှာ အမှုန့်ကိုထည့်ပြီး အသုံးပြုနိုင်ပါတယ်။
– ရှုးဖိနပ်က အနံ့အသက်များကို ပျောက်ကင်းစေပါတယ်
– ရေခဲသေတ္တာနှင့် မိုက်ခရိုဝေ့ထဲက အနံ့များကို ဖယ်ရှားနိုင်ပါတယ်
– ကြောင်၊ခွေးများရဲ့ သေးနံ့များကို ဖယ်ရှားလျှင် အသုံးပြုနိုင်ပါတယ်
– မွေ့ယာက အနံ့အသက်များကို ဖယ်ရှားတဲ့အခါ အသုံးပြုနိုင်ပါတယ်
– အ၀တ်သေတ္တာထဲက အနံ့အသက်များနှင့် ကားထဲက မကောင်းတဲ့အနံ့များကို ဖယ်ရှားနိုင်ပါတယ်။

၅။ ချက်ပြုတ်ခြင်းများအတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခုဖြစ်ပါတယ်


မုန့်ဖုတ်ဆိုဒါက မီးဖိုချောင်ထဲမှာ အသုံးဝင်တဲ့ ပစ္စည်းပါ။
– အမဲသားနှင့် ကြက်သားတွေကို နူးအိစေဖို့
– ထောင်းထားတဲ့ အာလူးအသားတွေကို မွစေဖို့
– လိမ္မော်ရည်ရဲ့အချဉ်စူးစူးဓါတ်ကို လျှော့ချဖို့
– ဂေါ်ဖီပန်းပွင့်ရဲ့ အဖြူရောင်ကို မမဲစေဖို့နှင့် အနံ့များကို ဖယ်ရှားဖို့
– ရှာလကာရည်ရဲ့ အနံ့နှင့် အရသာကို ဖယ်ရှားပစ်ဖို့
– နွားနို့ အချဉ်မပေါက်အောင် ကာကွယ်တားဆီးဖို့

၆။ တချို့ရောဂါကုသမှုအတွက် ထိရောက်ပါတယ်


အချို့သာမန်ရောဂါများကို ကုသဖို့ မုန့်ဖုတ်ဆိုဒါကို သုံးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေဖျော်ပြီး ပလုတ်ကျင်းဖို့ အသုံးပြုနိုင်ပါတယ်
– အစာမကြေခြင်းကို ကုသရန်( ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် ထိရောက်သော antacid ဖြစ်ပါတယ်)
– ဟင်းသီးဟင်းရွက်များ စားသုံးမှုကြောင့် ဖြစ်ရတဲ့ ဂတ်စ်များကို ဖယ်ရှားပေးရန်
– ရေခူဆူး သို့မဟုတ် Ivy ပန်းအဆိပ်ကြောင့် ဖြစ်တဲ့ ယားယံခြင်းများကို လျှော့ချပေးပါတယ်။
– ရေကျောက်ကြောင့် ဖြစ်ပေါ်တဲ့ ယားယံခြငိးု သက်သာစေပါတယ်
– နှာခေါင်းပိတ်တဲ့အခါ သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်
– ခန္ဓာကိုယ်မှာ အဆစ်နာကျင်မှုကို သက်သာစေပါတယ်
– လျှာပူလောင်မှုကို သက်သာစေပါတယ်
– ခံတွင်းအနာများကိုလည်း သက်သာစေပါတယ်

၇။ အကောင်းဆုံး သွားစောင့်ရှောက်ရေး ကုန်ပစ္စည်း


မုန့်ဖုတ်ဆိုဒါက သွားကျန်းမာရေး သွားနဲ့သွားဖုံးကျန်းမာရေးမှာလည်း ကောင်းကျိုးပြုနိုင်ပါသေးတယ်။
– အစွန်းအထင်းများကို ဖယ်ရှားဖို့နှင့် သွားကျောက်တည်ခြင်း ၊သွားချေးများကို တားဆီးပေးပါတယ်။
– ခံတွင်းကမကောင်းတဲ့ အနံ့အသက်များကို ဖယ်ရှားပေးပါတယ်
– သွားချေးတွေ ကင်းစင်စေပြီး သွားဖုံးရောင်ခြင်းကို ကာကွယ်ပေးပါတယ်
– ပါးစပ်ထောင့် ကွဲအက်တာတွေ၊ ခံတွင်းက အနာများကို သက်သာစေပါတယ်။
– သွားကို ဖြူစင်စေပါတယ်။

၈။ သင့်အသားအရေနှင့် ဆံပင်အတွက် အကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်


မုန့်ဖုတ်ဆိုဒါက အသားအရေနှင့် ဆံပင်ထိန်းသိမ်းရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။
– အမွှေးရိတ်ပြီးနောက် အရေပြားယားယံခြင်းမှ ကာကွယ်ရန်
– ၀က်ခြံနှင့် အမည်းစက်များကို တိုက်ဖျက်ရန်၊ မုန့်ဖုတ်ဆိုဒါကို မျက်နှာနှင့် ခန္ဓာကိုယ် scrub အဖြစ်အသုံးပြုနိုင်ပါတယ်။
– အသားအရေနှင့် ဆံကေသာမှာ ဓာတုပစ္စည်းများစုပုံလာမှုကို ဖယ်ရှားပေးခြင်း
– သင့်ဆံကေသာကို ခေါင်းလျှော်ရည်မပါဘဲ လျှော်ဖို့ အသုံးပြုနိုင်ပါတယ်
– ဆံကေသာမှ ဘောက်များကို ကာကွယ်ရန်
– ဆံကေသာကို ပျော့ပျောင်းနူးညံ့စေဖို့
– ချိုင်းကြားမည်းတာတွေကို ဖြူစေဖို့
– တံတောင်ဆစ်နှင့် ဒူးအသားအရေကို နူးညံ့စေဖို့

၉။ မုန့်ဖုတ်ဆိုဒါရဲ့ အခြားအံ့သြစရာ အသုံးဝင်မှု


မုန့်ဖုတ်ဆိုဒါကို အခြားနေရာတွေမှာလည်း အသုံးပြုလို့ရပါတယ်။
– မုန့်ဖုတ်ဆိုဒါကို အရေးပေါ်အခြေအနေမှာ မီးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
– မုန့်ဖုတ်ဆိုဒါသည် သဘာဝ fungicideနှင့် အိမ်လုပ်ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်
– ပုရွတ်ဆိတ်တွေကို ဖယ်ရှားပစ်ဖို့ မုန့်ဖုတ်ဆိုဒါနှင့် သကြားမှုန့်ကိုသုံးပြီး ဖြန်းပေးနိုင်ပါတယ်။
– မုန့်ဖုတ်ဆိုဒါက ပိုးဟပ်များကို ဖယ်ရှားပေးနိုင်ပါတယ်။
– ဥယျာဉ်အတွင်းက ပိုးမွှားများကို ထိန်းချုပ်ဖို့ အသုံးပြုနိုင်ပါတယ်
– မြက်ခင်းထဲက ပေါင်းပင်များကို ဖယ်ရှားဖို့ မုန့်ဖုတ်ဆော်ဒါကို အသုံးပြုပါ။

#Lifestyle_Myanmar
#LM_Nandar
Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here