မုဒိန်းမှုကျူးလွန်သူကို ကြိုးတုတ်ပြီး ငယ်ပါကို ခွေးနဲ့ ကိုက်ဖြတ်ခိုင်းတဲ့ အဖြစ်အပျက် မက္ကစီကိုတွင်ဖြစ်ပွား

0
2579

ပြီးခဲ့တဲ့ လပိုင်းက မက္ကစီကိုမှာ လူတစ်ယောက်ကို လက်ထိပ်ခတ် ကြိုးတုတ်ကား လူ ၅ယောက်က ဆိုးဆိုးရွားရွား ညှဉ်းပန်းနှိပ်စက်တဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါအဖြစ်အပျက်ကို ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ် မျှဝေထားခဲ့ပါတယ်။ အဖြစ်အပျက်ကတော့ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ မုဒိန်းမှု ကျုးလွန်သူလို့ ယူဆရပြီး ဖမ်းမိတဲ့ အချိန်မှာတော့ အခုလို ညှဉ်းပန်းနှိပ်စက်ခဲ့တာဖြစ်ပါတယ်။

-Advertisement-

အဆိုပါ အမျိုးသားကို နှိပ်စက်ပြီးတဲ့ အခါမှာတော့ ကြိုးတုတ်ကာ ပေါင်ကို ကားထားပြီး လိင်အင်္ဂါကို ခွေးနဲ့ ကိုက်ဖြတ်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။ လက်နှစ်ဖက်ကို လက်ထိတ်ခက်ထားပြီး ခန္ဓာကိုယ်မှာလည်း အဝတ်အစားတွေ ချွတ်ထားပါတယ်။ ခွေးဟာ အဆိုပါ တရားခံ အမျိုးသားရဲ့ လိင်တံကို အစားအစာ တစ်ခုလို သတ်မှတ်ပြီး ကိုက်ဖြတ်ခဲ့တာပါ။ နာကျင်လို့ အော်ဟစ်တဲ့အခါမှာတော့ ပါးစပ်ကို အင်္ကျီစနဲ့ ဆို့ပြီး ပိတ်ထားခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့ လက ထွက်ပေါ်ခဲ့တာဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးဟာ သူမကို အဓမ္မပြုကျင့်ခဲ့ပြီးနောက် ပြစ်မှုကျုးလွန်သူကို ဖမ်းမိခဲ့တာကြောင်း ဒေသခံ မီဒီယာကို ပြောဆိုထားပါတယ်။ မက္ကဆီကိုဟာ ရာဇဝတ်သားတွေအတွက် ပြစ်မှုဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တဲ့ နည်းလမ်းတွေကို ယခင်ကထက်ပိုပြီး ရက်စက်ဖို့ ပြီးခဲ့တဲ့ နှစ်တွေက အဆင့်တိုးမြှင့်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ အမြင့်ဆုံး လူသတ်မှုနှုန်ဖြစ်ပွားတဲ့ နေရာလို့ ဆိုရမလို ရှိတဲ့ မက္ကဆီကိုမှာ နေ့တိုင်းလိုလို အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံနေရပြီး ပထမနှစ်ဝက်အတွင်း အသတ်ခံရသူ ဦးရေ ၁၇၀၀၀ လောက်ရှိခဲ့ပါတယ်။ ယခု အဓမ္မပြုကျင့်သူ အမျိုးသားလည်း ဗီဒီယိုက ဆုံးအောင် ရိုက်ကူးထားတာမဟုတ်တဲ့ အတွက် အသက်ရှင်လား မရှင်လား မသိရသေးပါဘူး။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts





LEAVE A REPLY

Please enter your comment!
Please enter your name here