မီးဖိုေခ်ာင္ထဲက အစားအစာေတြကို အေလ့အလြင့္မျဖစ္ေအာင္ သန္႔ရွင္းေရးလုပ္တဲ့အခါ အသံုးျပဳနည္း

0
275
သန္႔ရွင္းတဲ့

အိမ္ဟာ ကၽြန္ေတာ္တို႔ရဲ႕ ခိုလံႈရာျဖစ္ပါတယ္။ သန္႔ရွင္းတဲ့ အိမ္တစ္လံုးဟာ က်န္းမာေရးႏွင့္ သက္ေတာင့္သက္သာရွိမႈရဲ႕ အုတ္ျမစ္တစ္ခုျဖစ္ပါတယ္။ ဒီ့အတြက္ ပိုက္ဆံအမ်ားႀကီးသံုးဖို႔ မလိုပါဘူး။ ကၽြမ္းက်င္ housekeeper မ်ား အမ်ားဆံုးအသံုးျပဳၾကတဲ့ နည္းလမ္းေလးေတြကို အသံုးျပဳလို႔ရပါတယ္။ မိသားစု ဘတ္ဂ်က္ကိုလည္း ေခၽြတာေရာက္တဲ့အျပင္ အိမ္မႈကိစၥမ်ားကို ျမန္ျမန္ဆန္ဆန္ပိုလုပ္ႏိုင္မယ့္ နည္းလမ္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

၁။ ေကာ္ဖီက မႏွစ္ၿမိဳ႕ဖြယ္အနံ႔ကို ပ်က္ျပယ္ေစပါတယ္

 

ေကာ္ဖီေဖ်ာ္ၿပီးရင္ အမႈန္႔ေတြကို အေဆာတလ်င္ မလႊင့္ပစ္ပါနဲ႔။ သူတို႔က မႏွစ္ၿမိဳ႕ဖြယ္အနံ႔ေတြကို ေလ်ာ့ပါးေစပါတယ္။ အမိႈက္အိတ္တစ္ခုရဲ႕ ေအာက္ေျခေပၚမွာ ေကာ္ဖီၾကမ္းမႈန္႔ေတြကို ျဖဴးထားပါ။ဒါမွမဟုတ္ သားငါးတင္လွီးတဲ့ စင္းႏွီတံုးေပၚမွာ ေကာ္ဖီမႈန္႔နဲ႔ ပြတ္ေပးပါ။ ကား (သို႔) အခန္းထဲမွာ မႏွစ္ၿမိဳ႕ဖြယ္အနံ႔ေတြရိွရင္ ပိတ္စထူထူနဲ႔ အိတ္တစ္လံုးလုပ္ၿပီး လတ္လတ္ဆတ္ဆတ္ ေကာ္ဖီမႈန္႔ကိုထည့္ၿပီး ထားေပးပါ။

၂။ အပင္က အရြက္ေတြကို ေတာက္ပေစဖို႔အတြက္ ငွက္ေပ်ာခြံ

ငွက္ေပ်ာသီးတစ္လံုးရဲ႕ ဘယ္အစိတ္အပိုင္းမဆို အလြန္အသံုးဝင္ပါတယ္။ အာဟာရႏွင့္ အရသာရွိယံုသာမဟုတ္ဘဲ သန္႔ရွင္းေရး အတြက္လညး္ အသံုးဝင္ပါတယ္။ အိမ္အတြင္းမွာ စိုက္ထားတဲ့အပင္က အရြက္ေလးေတြကို ငွက္ေပ်ာခြံအတြင္းသားနဲ႔ သုတ္ေပးလို႔ ရပါတယ္။ အရြက္ေလးေတြ အခ်ိန္အေတာ္ၾကာၾကာ ေတာက္ပေနပါလိမ့္မယ္။ ဒါ့အျပင္ အခြံကို သဘာဝ ဓါတ္ေျမၾသဇာအျဖစ္ အသံုးျပဳႏိုင္ပါေသးတယ္။

၃။ သစ္သားပရိေဘာဂမ်ားကို ေတာက္ပေစဖို႔ သံလြင္ဆီ

သင္အႀကိဳက္ဆံုး သစ္သားပရိေဘာဂေတြမွာ အျခစ္ရာေတြထင္တာ၊ ေမွးမွိန္တာေတြျဖစ္တဲ့အခါ သံလြင္ဆီက ျပႆနာေတြကို ေျဖရွင္းကူညီေပးပါလိမ့္မယ္။ သံလြင္ဆီအစက္အနည္းငယ္နဲ႔ ပရိေဘာဂေတြကို ပြတ္ေပးပါ။ အသစ္အတိုင္း ေတာက္ပလာပါလိမ့္မယ္။

၄။ လည္သာပစၥည္းမ်ားအတြက္ အာလူးစိမ္း

အာလူးကို အလွအပအတြက္ အသံုးျပဳတဲ့အခါ အက်ိဳးေက်းဇူးအမ်ားႀကီးရွိတယ္ဆိုတာ သိၾကပါတယ္။ အာလူးေတြကို လည္သာပစၥညး္ေတြအတြက္ အသံုးျပဳလို႔ရတယ္ဆိုတာ သိသူနည္းပါတယ္။ သင့္လည္သာရႈးဖိနပ္ကို ျပန္ၿပီးေတာက္ေျပာင္ေနေစဖို႔ႏွင့္ အျခစ္ရာ အေသးအဖြဲေတြကို ဖံုးကြယ္ဖို႔ အာလူးတစ္ျခမ္းႏွင့္ ပြတ္ေပးပါ။ ၿပီးေနာက္ ဖိနပ္polishကို အသံုးျပဳေပးပါ။

၅။ အဝတ္အထည္ေတြကို ေတာက္ပေစဖို႔ ငရုတ္ေကာင္း

အေရာင္နဲ႔ အဝတ္အထည္ေတြက ေမွးမွိန္ေလ့ရွိပါတယ္။ ဒီျပႆနာကို ေျဖရွင္းဖို႔ ဆပ္ျပာမႈန္႔ႏွင့္အတူ ငရုတ္ေကာင္း အနည္းငယ္ကို ထည့္ေလွ်ာ္ပါ။ ဒါက အေရာင္ေမွးမွိန္ျခင္းကေန ထိန္းသိမ္းဖို႔ ကူညီေပးပါတယ္။

၆။ ပိုက္လိုင္းပိတ္ဆို႔မႈအတြက္ ဆိုဒါႏွင့္ ရွာလကာရည္ကို အသံုးျပဳလုိ႔ရပါတယ္

ပိုက္ပိတ္ဆို႔တာက ျပႆနာတစ္ခု မဟုတ္ေတာ့ပါဘူး။ ပိုက္လိုင္းထဲကို မုန္႔ဖုတ္ဆိုဒါ ဖန္ခြက္တစ္ဝက္ေလာင္းထည့္ၿပီး ရွာလကာရည္အခ်ိဳ႕ေလာင္းထည့္ပါ။ နာရီဝက္ေလာက္ေနရင္ ေသးငယ္တဲ့ပိတ္ဆို႔မႈေတြ ၊မိလႅာကေန မႏွစ္ၿမိဳ႕ဖြယ္အနံ႔ေတြကို ဖယ္ရွားပစ္ပါလိမ့္မယ္။

၇။ ရွာလကာရည္ႏွင့္ ေရပန္းေခါင္းေတြကို သန္႔ရွင္းလို႔ရပါတယ္

ေရပန္းေခါင္းကို အသစ္လို ေတာက္ပေနေစဖို႔ ၊ေရအားေကာင္းေစဖို႔ ပလတ္စတစ္အိတ္ထဲမွာ ရွာလကာရည္ကို ျဖည့္ပါ။ ထိုအိတ္ကို ေရပန္းေခါင္းမွာစြပ္ၿပီး သားေရကြင္းျဖင့္ ခ်ည္ေႏ်ာင္ပါ။ နာရီဝက္ေလာက္ေနရင္ ေရပန္းေခါငး္က အသစ္လိုျဖစ္သြားပါလိမ့္မယ္။
#Lifestyle_Myanmar
#LM_Nandar
Source-fabiosa

Unicode

မီးဖိုချောင်ထဲက အစားအစာတွေကို အလေ့အလွင့်မဖြစ်အောင် သန့်ရှင်းရေးလုပ်တဲ့အခါ အသုံးပြုနည်း
အိမ်ဟာ ကျွန်တော်တို့ရဲ့ ခိုလှုံရာဖြစ်ပါတယ်။ သန့်ရှင်းတဲ့ အိမ်တစ်လုံးဟာ ကျန်းမာရေးနှင့် သက်တောင့်သက်သာရှိမှုရဲ့ အုတ်မြစ်တစ်ခုဖြစ်ပါတယ်။ ဒီ့အတွက် ပိုက်ဆံအများကြီးသုံးဖို့ မလိုပါဘူး။ ကျွမ်းကျင် housekeeper များ အများဆုံးအသုံးပြုကြတဲ့ နည်းလမ်းလေးတွေကို အသုံးပြုလို့ရပါတယ်။ မိသားစု ဘတ်ဂျက်ကိုလည်း ချွေတာရောက်တဲ့အပြင် အိမ်မှုကိစ္စများကို မြန်မြန်ဆန်ဆန်ပိုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ကော်ဖီက မနှစ်မြို့ဖွယ်အနံ့ကို ပျက်ပြယ်စေပါတယ်

ကော်ဖီဖျော်ပြီးရင် အမှုန့်တွေကို အဆောတလျင် မလွှင့်ပစ်ပါနဲ့။ သူတို့က မနှစ်မြို့ဖွယ်အနံ့တွေကို လျော့ပါးစေပါတယ်။ အမှိုက်အိတ်တစ်ခုရဲ့ အောက်ခြေပေါ်မှာ ကော်ဖီကြမ်းမှုန့်တွေကို ဖြူးထားပါ။ဒါမှမဟုတ် သားငါးတင်လှီးတဲ့ စင်းနှီတုံးပေါ်မှာ ကော်ဖီမှုန့်နဲ့ ပွတ်ပေးပါ။ ကား (သို့) အခန်းထဲမှာ မနှစ်မြို့ဖွယ်အနံ့တွေရှိရင် ပိတ်စထူထူနဲ့ အိတ်တစ်လုံးလုပ်ပြီး လတ်လတ်ဆတ်ဆတ် ကော်ဖီမှုန့်ကိုထည့်ပြီး ထားပေးပါ။

၂။ အပင်က အရွက်တွေကို တောက်ပစေဖို့အတွက် ငှက်ပျောခွံ

ငှက်ပျောသီးတစ်လုံးရဲ့ ဘယ်အစိတ်အပိုင်းမဆို အလွန်အသုံးဝင်ပါတယ်။ အာဟာရနှင့် အရသာရှိယုံသာမဟုတ်ဘဲ သန့်ရှင်းရေး အတွက်လညး် အသုံးဝင်ပါတယ်။ အိမ်အတွင်းမှာ စိုက်ထားတဲ့အပင်က အရွက်လေးတွေကို ငှက်ပျောခွံအတွင်းသားနဲ့ သုတ်ပေးလို့ ရပါတယ်။ အရွက်လေးတွေ အချိန်အတော်ကြာကြာ တောက်ပနေပါလိမ့်မယ်။ ဒါ့အပြင် အခွံကို သဘာဝ ဓါတ်မြေသြဇာအဖြစ် အသုံးပြုနိုင်ပါသေးတယ်။

၃။ သစ်သားပရိဘောဂများကို တောက်ပစေဖို့ သံလွင်ဆီ

သင်အကြိုက်ဆုံး သစ်သားပရိဘောဂတွေမှာ အခြစ်ရာတွေထင်တာ၊ မှေးမှိန်တာတွေဖြစ်တဲ့အခါ သံလွင်ဆီက ပြဿနာတွေကို ဖြေရှင်းကူညီပေးပါလိမ့်မယ်။ သံလွင်ဆီအစက်အနည်းငယ်နဲ့ ပရိဘောဂတွေကို ပွတ်ပေးပါ။ အသစ်အတိုင်း တောက်ပလာပါလိမ့်မယ်။

၄။ လည်သာပစ္စည်းများအတွက် အာလူးစိမ်း

အာလူးကို အလှအပအတွက် အသုံးပြုတဲ့အခါ အကျိုးကျေးဇူးအများကြီးရှိတယ်ဆိုတာ သိကြပါတယ်။ အာလူးတွေကို လည်သာပစ္စညး်တွေအတွက် အသုံးပြုလို့ရတယ်ဆိုတာ သိသူနည်းပါတယ်။ သင့်လည်သာရှုးဖိနပ်ကို ပြန်ပြီးတောက်ပြောင်နေစေဖို့နှင့် အခြစ်ရာ အသေးအဖွဲတွေကို ဖုံးကွယ်ဖို့ အာလူးတစ်ခြမ်းနှင့် ပွတ်ပေးပါ။ ပြီးနောက် ဖိနပ်polishကို အသုံးပြုပေးပါ။

၅။ အဝတ်အထည်တွေကို တောက်ပစေဖို့ ငရုတ်ကောင်း

အရောင်နဲ့ အဝတ်အထည်တွေက မှေးမှိန်လေ့ရှိပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဆပ်ပြာမှုန့်နှင့်အတူ ငရုတ်ကောင်း အနည်းငယ်ကို ထည့်လျှော်ပါ။ ဒါက အရောင်မှေးမှိန်ခြင်းကနေ ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။

၆။ ပိုက်လိုင်းပိတ်ဆို့မှုအတွက် ဆိုဒါနှင့် ရှာလကာရည်ကို အသုံးပြုလို့ရပါတယ်

ပိုက်ပိတ်ဆို့တာက ပြဿနာတစ်ခု မဟုတ်တော့ပါဘူး။ ပိုက်လိုင်းထဲကို မုန့်ဖုတ်ဆိုဒါ ဖန်ခွက်တစ်ဝက်လောင်းထည့်ပြီး ရှာလကာရည်အချို့လောင်းထည့်ပါ။ နာရီဝက်လောက်နေရင် သေးငယ်တဲ့ပိတ်ဆို့မှုတွေ ၊မိလ္လာကနေ မနှစ်မြို့ဖွယ်အနံ့တွေကို ဖယ်ရှားပစ်ပါလိမ့်မယ်။

၇။ ရှာလကာရည်နှင့် ရေပန်းခေါင်းတွေကို သန့်ရှင်းလို့ရပါတယ်

ရေပန်းခေါင်းကို အသစ်လို တောက်ပနေစေဖို့ ၊ရေအားကောင်းစေဖို့ ပလတ်စတစ်အိတ်ထဲမှာ ရှာလကာရည်ကို ဖြည့်ပါ။ ထိုအိတ်ကို ရေပန်းခေါင်းမှာစွပ်ပြီး သားရေကွင်းဖြင့် ချည်နျောင်ပါ။ နာရီဝက်လောက်နေရင် ရေပန်းခေါငး်က အသစ်လိုဖြစ်သွားပါလိမ့်မယ်။
#Lifestyle_Myanmar
#LM_Nandar
Source-fabiosa

LEAVE A REPLY

Please enter your comment!
Please enter your name here