ဆယ်ကျော်သက် မိန်းကလေးတွေအတွက် ပေါ့ပေါ့ပါးပါး နွေရာသီ ဖက်ရှင်
– ကျားသစ်ကွက် မီနီစကတ်
– ကိုရီးယားစတိုင်
ပါတီဝတ်စုံ
နွေရာသီအတွက် Crop top အနက်ရောင်ဖက်ရှင်
အလုပ်ဝတ်စုံဒီဇိုင်း
#Lifestyle_Myanmar
#TB_Nandar
Souce- .outfittrend
Unicode
မီနီစကတ်လေးတွေကို ဘယ်လို ချစ်စရာကောင်းအောင် ၀တ်ဆင်မလဲ?
မီနီစကတ်များက နွေရာသီအတွက် အကောင်းဆုံး အဝတ်အစားတစ်စုံဖြစ်ပါတယ်။ ၀တ်ရတာပေါ့ပေါ့ပါးပါးရှိပြီး လူငယ်ဆန်စေပါတယ်။ မီနီစကတ်က သွယ်လျတဲ့ခန္ဓာကိုယ်ရှိတဲ့ မိန်းကလေးများနဲ့ လိုက်ဖက်ပြီး ဆယ်ကျော်သက်အများစု ၀တ်ဆင်ကြပါတယ်။
– Crop top နှင့် မီနီစကတ်
အဖြူရောင်ဆွဲသား လက်မပါတဲ့ ခါးတိုအကျီ င်္နဲ့ ၀တ်ဆင်နိုင်ပြီး မီးခိုးရောင်မီနီစကတ် အတွင်းထဲ ထည့်ဝတ်နိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်အဖြူရောင်လေးကို စီးပြီး လည်ဆွဲရှည်လေးကို ၀တ်ဆင်မယ်ဆိုရင် သင့်ကို ဖက်ရှင်ကျ လှပစေပါတယ်။ ဒါကို ပါတီများ၊ရှောပင်ထွက်တဲ့အခါ ၀တ်ဆင်နိုင်ပါတယ်။
– နာမည်ကြီးမင်းသမီးတွေ မီနီစကတ်ကို ဘယ်လို၀တ်ဆင်လဲ
ဒီစကတ်ကို အဖြူရောင်တီရှပ်နဲ့ ၀တ်ဆင်နိုင်ပါတယ်။ အကျီ င်္က အံဝင်ခွင်ကျ ဖြစ်ဖို့လိုပါတယ်။ မီနီစကတ်က ပွယောင်းယောင်းအကျီ င်္တွေနဲ့ မလိုက်ဖက်ပါဘူး။ လက်ဝတ်ရတနာကိုတော့ အညိုရောင် ဒါမှမဟုတ် ငွေရောင် ၀တ်ဆင်နိုင်ပါတယ်။
-ဆယ်ကျော်သက်မိန်းကလေးစတိုင်
အနက်ရောင် အသားကပ်ဘောင်းဘီနဲ့ အတူ ဆွယ်တာအကျီ င်္ဒီဇိုင်းဖြစ်ပါတယ်။ နွေရာသီမှာ ၀တ်ဆင်မယ်ဆိုရင်တော့ ဆွယ်တာအစား တီရှပ်ကိုဝတ်ဆင်လို့ ရပါတယ်။ ချစ်စရာကောင်းပြီး ဆက်စီကျစေဖို့ အနက်ရောင်ဒေါက်ဖိနပ်ကို ၀တ်ဆင်ပေးပါ။
– ကိုရီးယားစတိုင်
အလျားလိုက်လိုင်းတွေနဲ့ စကတ်က သင့်ဗီဒိုထဲမှာ ရှိရမယ့် ဖက်ရှင်အသစ်တစ်ခုဖြစ်ပါတယ်။ အနီရောင်ကန့်လန့်လိုင်းပုံစံ မီနီစကတ်ကို အဖြူရောင် ပါးလွှာတဲ့ ချီပွန်ရှပ်အကျီ င်္နှင့်ဝတ်ဆင်ပြီး စကတ်အတွင်းထဲကို ထည့်ပြီးဝတ်ဆင်ပါ။ သင့်ဝတ်စုံကို ပိုပြီးလိုက်ဖက်အောင် အနက်ရောင် ဘရာဇီယာ ၀တ်ဆင်ပေးဖို့ သေချာပါစေ။
ပါတီဝတ်စုံ
ပါတီတတ်ဖို့ ဆိုရင်တော့ အပြာရောင်သက်သက် မီနီစကတ်နှင့်အတူ ကြိုးပျောက်အကျီ င်္နဲ့ တွဲဝတ်ဆင်နိုင်ပါတယ်။
#Nandar
Souce-.outfittrend