Home Health & Beauty မှိုစွဲရောဂါလို့ခေါ်တဲ့ ပွေး၊ ဝဲ လိုမျိုး ယားနာတွေအတွက် အိမ်သုံးဆေးတစ်လက်
0
17383
ပွေး ဝဲ
ပွေး ဝဲ
-Advertisement-
နနွင်း
Turmeric and turmeric powder on white background
အသုံးပြုနည်း
Apple Cider Vingar
Apple cider vinegar in glass bottle and basket with fresh apples
အသုံးပြုနည်း
တမာရွက်
Medicinal Neem leaves in mortar and pestle with neem paste, juice and twigs on green background
အသုံးပြုပုံ
အုန်းဆီ
Coconut oil on table close-up
ကြက်သွန်ဖြူ
Organic garlic whole and cloves on the wooden background
အသုံးပြုပြု
လက်ဖက်ဆီ
Spa composition with tea tree oil on blue wooden background
အသုံးပြုပုံ
#Lifestyle_Myanmar
#Thar_Nage
မျက်နှာပေါ်က အမွှေးအမျှင်တွေကို သဘာဝအတိုင်း ဖယ်ရှားမယ်
Unicode
မှိုစွဲရောဂါလို့ခေါ်တဲ့ ပွေး၊ ဝဲ လိုမျိုး ယားနာတွေအတွက် အိမ်သုံးဆေးတစ်လက်
Dermatophytosis လို့ ခေါ်တဲ့လူသိများတဲ့ ပွေးကဲ့သို့ အရေးပြာမှိုစွဲတဲ့ ရောဂါဟာ အလွန်းကူးစက်တတ်ပြီး ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးစင်တာ (CDC) ရဲ့ အဆိုအရ နှစ်စဉ်လူပေါင်း ရသိန်းကျော်ဟာ ဒီရောဂါနဲ့ ပတ်သတ်ပြီး ဆရာဝန်ထံသွားရောက်ကုသမှုတွေပြုလုပ်နေရပါတယ်။ ဒီရောဂါဟာ အရေပြားနေရာအနှံ့မှာ ပေါက်လေ့ရှိပြီး ကူးစက်ရအရမ်းလွယ်ကူစေပါတယ်။ ရောဂါပြန့်ပွားမှုနှုန်း မြန်ဆန်ပေမဲ့ ဒါကို ဘယ်လိုကာကွယ်တားဆီးရမလဲဆိုတာ လူတိုင်းမသိကြပါဘူး။
နနွင်း
နနွင်းဟာ လူသိများတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ရောင်ရမ်းခြင်းအတွက် ထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်။ နနွင်းတက်ဟာ ဘယ်ပိုးမွှားမဆို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေရှိနေပါတယ်။
အသုံးပြုနည်း
လက်ဖက်ရည်သို့မဟုတ် အစားအစာထဲမှာ နနွင်းကို ထည့်ပြင်ဆင်ပြီး စားသုံးပေးပါ။ ရေသို့မဟုတ် အုန်းဆီ နဲ့ နနွင်းမှုန့်ကို ရောစက်ပြီး သင်အနာဖြစ်တဲ့ နေရာတစ်ဝှိုက်ကို သုတ်လိမ်းပေးလိုက်ပါ။ အနာကို ကိုင်ထားပြီးတဲ့အခါမျိုးမှာလည်း သင့်လက်ကို စင်ကြယ်အောင်ဆေးကြောဖို့လိုအပ်ပါတယ်။ အသားအရေကိုလည်း ဝင်းဝါစေတဲ့အပြင် မှိုစွဲရောဂါကိုလည်း ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ပါတယ်။
Apple Cider Vingar
Apple Cider ရှာလကာရည်ဟာ မှိုစွဲရောဂါဖြစ်တဲ့ ပွေးလိုမျိုးအနာနဲ့ အရေပြားခြောက်သွေ့ခြင်းအတွက် ထိရောက်စေပါတယ်။ အဆိုပါ Apple Cider Vingar ထဲမှာပါဝင်တဲ့ Neutralizing pH က yeast ကြီးထွားမှုနှုန်းကို ထိန်းညှိပေးပါတယ်။
အသုံးပြုနည်း
ဝါဂွမ်းထဲကို Apple Cider ရှာလကာရည်စွတ်ပြီး ယားနာဖြစ်တဲ့နေရာတစ်ဝှိုက်ကို သုတ်လိမ်းပေးလိုက်ပါ။ တစ်နေ့ သုံးကြိမ်အသုံးပြုနိုင်ပြီး ချွေးထွက်များတဲ့ အရေပြားနေရာတစ်ဝှိုက်ကို ဂရုတစိုက်နဲ့ ၁၅မိနစ်လောက်ကြာအောင် သေချာသုတ်လိမ်းပေးဖို့လိုအပ်ပါတယ်။
တမာရွက်
တမာရွက်ဟာ အိန္ဒိယလူမျိုးတွေအတွက် ရိုးရာဆေးတစ်လက်ဖြစ်သလို ဘယ်လိုယားနာမျိုးမဆို ပျောက်ကင်းနိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။ တမာရွတ်ဟာ ရောဂါပိုးနဲ့ အရေပြားနဲ့ ပတ်သတ်တဲ့ အနာတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။
အသုံးပြုပုံ
မိနစ်အနည်းငယ်လောက် တမာရွက်ကို ပြုတ်ပြီး ထိုရေဖြင့် အရေပြားမှာဖြစ်ပေါ်နေတဲ့ အနာတစ်ဝှိုက်ကို ဆေးကြောပေးပါ။ အချိန်တိုအတွက်မှာ သင့်အတွက် ရလဒ်ကောင်းတွေ ရရှိမှာပဲဖြစ်ပါတယ်။
အုန်းဆီ
အုန်းဆီဟာ မှိုရောဂါကြောင့်ပျက်စီးသွားတဲ့ အရေပြားမှာပေါ်က ဆဲလ်အမြှေးပါးတွေကို ပြန်လည်ကောင်းမွန်အောင် ထိန်းချုပ်နိုင်တဲ့ Fatty အက်ဆစ်အချို့ပါဝင်ပါတယ်။ အနာရောဂါ သိပ့်ပြီး မကြီးထွားသေးဘူးဆိုရင်တော့ ဒီဆေးဟာ ထိရောက်တဲ့ ဆေးတစ်လက်ပဲဖြစ်ပါတယ်။ ရေချိုးပြီးတဲ့အခါမျိုးမှာ သင့်ခန္ဓာကိုယ်ကို ရေခြောက်အောင် သေချာသုတ်သင်ပြီး ယားနာဖြစ်နေရာတစ်ဝှိုက်ကို အုန်းဆီကို သေသေချာချာ သုတ်လိမ်းပေးဖို့ လိုအပ်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ အိမ်တိုင်းလိုလို ရှိတဲ့ ပစ္စည်းဖြစ်တာကြောင့် ပြုလုပ်ရလွယ်ကူမယ်လို့ ထင်ပါတယ်။ ကြက်သွန်ဖြူဟာ ပွေးကြောင့်ဖြစ်တဲ့ Trichophyton, Torulopsis, Candida, Cryptococcus ရောဂါပိုးတွေကို ထိရောက်စွာ တားဆီးပေးနိုင်ပါတယ်။
အသုံးပြုပြု
ကြက်သွန်ဖြူကို ယားနာပေါ်ကို တိုက်ရိုက်သုတ်လိမ်းပေးခြင်းမျိုးမဟုတ်ဘဲ ကြက်သွန်ဖြူကို ကြိတ်ပြီး အုန်းဆီသို့မဟုတ် သံလွင်ဆီ တစ်ခုခုဖြင့် ရေားစပ်ပြီး ဂရှိလာတဲ့ အရည်ကို ဝါဂွမ်းသို့မဟုတ် အဝတ်စမှာ စွတ်ပြီး အနားနေရာတစ်ဝှိုက်ကို သုတ်လိမ်းပေးလိုက်ပါ။ တစ်နေ့နှစ်ကြိမ်ပြုလုပ်နိုင်ပြီး ထိုကြက်သွန်ဖြူရည် သုတ်လိမ်းပြီး၂နာရီကြာမှ ဆေးကြောခြင်းကို ပြုလုပ်ပေးနိုင်ပါတယ်။
လက်ဖက်ဆီ
သြစတြေးလျဒေသခံလူမျိုးတွေဟာ ရာစုနှစ်များစွာ ဘက်တီးရီးယားပိုးနဲ့ မှိုစွဲရောဂါအတွက် လက်ဖက်ဆီကို အသုံးပြုနေကြပြီး ကူးစက်မှုနဲ့ ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။
အသုံးပြုပုံ
အုန်းဆီနဲ့အတူ လက်ဖက်ဆီ ၂% ကို ရောစပ်ပြီး ယားနာတစ်ဝှိုက်ကို သုံးလိမ်းပေးလိုက်ပါ။ တစ်နေ့ကို ၃ကြိမ်အထိ အသုံးပြုနိုင်ပါတယ်။
မှိုစွဲရောဂါမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ။
ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တာဆီးရေးစင်တာရဲ့ အဆိုအရ မှိုစွဲရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ဖို့အတွက် အကြုံပြုထားပါတယ်။
၁။ ရေချိုးပြီးတဲ့အခါလိုမျိုးမှာ အရေပြားကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။
၂။ အိမ်စီးဖိနပ်ဝတ်ဆင်ပါ။
၃။ ရေချိုးခန်းမှ ရေထည့်တဲ့ ပစ္စည်းကအစ အားလုံးကို သန့်သန့်ရှင်းရှင်းဖြစ်အောင်ထားပြီး ရေချိုးတဲ့အခါ သင့်လျော်တဲ့ ဖိနပ်ကို ဝတ်ဆင်သင့်ပါတယ်။
၄။ ခြေအိတ်နဲ့ အတွင်းခံအဝတ်အစားတွေကို သန့်စင်အောင် သေချာလျှော်ဖွတ်သင့်ပြီး မလျှော်ဖွတ်ဘဲ အချိန်အကြာကြီး ဝတ်ဆင်ခြင်း မပြုသင့်ပါ။
၅။ ပူပြင်းတဲ့ ရာသီမှာ တင်းကျပ်ပြီး လေဝင်လေထွက်မရှိတဲ့ အဝတ်အစားမျိုးကို မဝတ်ဆင်သင့်ပါဘူး။
၆။ ခြေအိတ်၊ အတွင်းခံ၊ အိပ်ယာခင်း စတဲ့ ပစ္စည်းတွေကို ခွဲဝေအသုံးပြုခြင်း ရှောင်ကြဉ်ပါ။
၇။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ၊ ချွေးထွက်အောင် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးတဲ့အခါ ရေချိုးပြီးမှ အနားယူပါ။
၈။ ကလစ်၊ လက်သည်းတို့ကို သန့်ရှင်းအောင်ထားပြီး ယားနာဖြစ်တဲ့အခါ လက်ဖြင့် မကုန်မိအောင် သေချာဂရုစိုက်သင့်ပါတယ်။
NO COMMENTS
LEAVE A REPLY
Please enter your comment!
Please enter your name here