၁။ သန့်စင်ခြင်း
၂။ တိုနာအသုံးပြုခြင်း
၎။ မိတ်ကပ်
၅။ FACIAL
၆။ နေရောင်ကာကွယ်ဆေး
၇။ Moisturization
၈။ ရေများများသောက်ပါ
#Lifestyle_Myanmar
#TB_Nandar
Unicode
မိုးရာသီမှာ သင့်အသားအရေကို ထိန်းသိမ်းဖို့ သိကောင်းစရာလေးတွေ
မိုးရာသီအတွင်းမှာ အသားအရေပုံမှန်ထိန်းသိမ်းခြင်းက အရမ်းကို အရေးပါပါတယ်။ အသားအရေကို သေချာ ထိန်းသိမ်းစောင့် ရှောက်မှသာ သင့်အသားအရေ ဟာ ပျက်စီးမှု မှ သက်သာနိုင် မှာဖြစ်ပါတယ်။ ဒါ့ကြောင့် မိုးရာသီမှာ အသားအရေကို ဂရုစိုက်ဖို့ အခြေခံနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ သန့်စင်ခြင်း
တစ်နေ့ကို အနည်းဆုံး ၃ကြိမ်လောက် အပျော့စား မျက်နှာသစ်ဆပ်ပြာကို အသုံးပြုခြင်းဖြင့် သင့်အသားအရေကို သန့်စင်ပါ။ ဒါက အရေပြားချွေးပေါက်တွေထဲက အညစ်အကြေးများနှင့် အဆီပိုတွေ အားလုံးကို ဖယ်ရှားပေးတာကြောင့် ကျန်းမာပြီး တောက်ပတဲ့ အသားအရေကို ရရှိမှာဖြစ်ပါတယ်။
၂။ တိုနာအသုံးပြုခြင်း
မိုးရာသီမှာ စိုထိုင်းမှုက အသားအရေကို sensitive ဖြစ်စေပါတယ်။ အယ်ကိုဟော မပါဝင်တဲ့ တိုနာမျိုးကို အသုံးပြုရပါမယ်။ တိုနာကို ဂွမ်းလေးနဲ့တို့ပြီး တစ်ပတ်ကို အနည်းဆုံး၂ကြိမ်လောက် မျက်နှာပေါ်မှာ လိမ်းပေးရပါမယ်။ ဒါက ချွေးပေါက်ထဲကနေ အသားအရေအတွင်းပိုင်းကို သန့်စင်စေမှာဖြစ်ပါတယ်။
၃။ exfoliate လုပ်ပေးခြင်း
တစ်ပတ်ကို တစ်ကြိမ်လောက် သင့်အသားအရေကို exfoliate လုပ်ပေးသင့်ပါတယ်။ exfoliation လုပ်ပေးခြင်းအားဖြင့် အရေပြားကနေ ဖုန်များ၊ အညစ်အကြေးများ၊ အဆီပိုများ၊ ပိုးမွှားများနှင့် ဘက်တီးရီးယားများကို ဖယ််ရှားပေးပါတယ်။ သဘာဝပါဝင်ပစ္စညး်များနှင့်အတူ အိမ်မှာ ပွတ်တိုက်ပေးပါ။ အရေပြားကြမ်းတမ်းခြင်းကို ဖြစ်ပေါ်စေတဲ့ exfoliations အလွန်အကျွံလုပ်ခြင်းကို ရှောင်ကြဉ်ပါ။
၄။ မိတ်ကပ်
မိုးရာသီမှာ အရမ်းထူပိန်းတဲ့ မိတ်ကပ်ကို ရှောင်ရှားတာက ကောင်းပါတယ်။ အရည်အသွေးကောင်း အလှကုန်ကို အသုံးပြုခြင်းဖြင့် အပျော့စားမိတ်ကပ်ကို အသုံးပြုပါ။ သင့်အသားအရေနှင့် အကောင်းဆုံးကိုက်ညီတဲ့ အလှကုန်ကို ရွေးချယ်ဖိို့ ကြိုးစားပါ။ Lip Balm ကို အသုံးပြုခြင်းဖြင့် နှုတ်ခမ်းကွဲအက်ခြင်းမှ ကာကွယ်ပါ။ တစ်ညလုံး နှုတ်ခမ်းကို အစိုဓါတ်ရရှိစေဖို့ ညမအိပ်ခင် အုန်းဆီလိမ်းပေးထားပါ။
၅။ FACIAL
မိုးရာသီမှာ အသားအရေကို ကြမ်းတမ်းစေတဲ့ အလွန်အမင်း ကြေးချွတ်တာမျိုး၊ အရောင်ချွတ်တာမျိုးကို ရှောင်ကြဉ်ပါ။ ကိုယ်တိုင်ပြင်ဆင်ခြင်းဖြင့် သဘာဝမျက်နှာ Pack ကို အသုံးပြုဖို့ ကြိုးစားပါ။ ဒါက ဘာဘေးထွက်ဆိုးကျိုးမှ မဖြစ်စေပဲ သားအရေကို ကျမ်းမာစွာ ထိန်းသိမ်းပေးပါတယ်။ တစ်နေ့လုံးအသားအရေကို အစိုဓါတ်ရရှိစေဖို့ သဘာဝ ပါဝင်ပစ္စညး်များကိုသာ အသုံးပြုပါ။ ခြေထောက်တွေ လက်တွေမှာ ရောဂါပိုးကူးစက်မှုမှ ရှောင်ရှားနိုင်ဖို့ ပုံမှန်ခြေသည်း လက်သည်းညှပ်ပြီး သန့်ရှင်းစွာထားပါ။
၆။ နေရောင်ကာကွယ်ဆေး
နွေရာသီမဟုတ်တာတောင် နေရောင်ကာကွယ်ဆေးကို လိမ်းသင့်ပါတယ်။ ရာသီဥတုအေးတယ်ဆိုပြီး မလိမ်းဘဲမနေပါနဲ့။ ဒါက တစ်နေ့လုံးရောဂါကူးစက်မှုများနှင့် ညစ်ညမ်းမှုတွေကနေ သင့်အသားအရေကို ကာကွယ်ပေးပါတယ်။ အရည်အသွေးမြင့် sunscreen တစ်ခုကို အသုံးပြုပေးပါ။
၇။ Moisturization
မိုးရာသီမှာ သင့်အသားအရေကို ကျန်းမာပြီး စိုစွတ်နေစေဖို့ အာဟာရဓါတ်များပါဝင်တဲ့ moisturizer တစ်ခုခုကို အသုံးပြုပါ။
၈။ ရေများများသောက်ပါ
စိုထိုင်းဆတွေကြောင့် သင့်အသားအရေဟာ ချွေးအများကြီး ထွက်နိုင်ပါတယ်။ အရေပြားဟာ လုံလောက်တဲ့ အစိုဓါတ်မရှိဘူးဆိုရင် ခြောက်သွေ့ပြီး မည်းတယ်လို့ ထင်ရပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံး ရေ၈ခွက်မှ ၁ဝခွက်အထိသောက်ပါ။ဒါက ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ထွက်စေပါတယ်။
၉။ ဦးရေပြားကို ဂရုစိုက်ပါ
မိုးရာသီမှာ စိုထိုင်းဆတွေကြောင့် ဦးရေပြားမှာ ရောဂါပိုးများနှင့် ဖုန်မှုန့်အညစ်အကြေးများ ကပ်ညှိနေတတ်ပါတယ်။ ပိုးကူးစက်မှုကနေ ဦးရေပြားကို ကာကွယ်ဖို့ မိုးရာသီမှာ ပုံမှန် ခေါင်းလျှော်ပေးပြီး ပျော့ဆေးသုံးပေးပါ။ မိုးရာသီမှာ ဆံပင်တွေအခြောက်ခံဖို့ Hair Dryer ကို အသုံးပြုပေးဖို့ လို အပ်ပါတယ်။ မျက်နှာသုတ်ပဝါတွေက ဆံသားရှိ ရေစိုထိုင်းစတွေကိုမဖယ်ရှားနိုင်တာကြောင့် Dryer ကို အသုံးပြုပေးဖို့ လိုပါတယ်။
#Lifestyle_Myanmar
#TB_Nandar