မိုင္ေတြေဝးေနတဲ့ခ်စ္သူႏွစ္ဦးအတြက္ အဆင္ေျပေစမဲ့ နည္းလမ္းအခ်ိဳ႕

0
3254
မိုင္ေတြေဝးေနတဲ့ခ်စ္သူ
မိုင္ေတြေဝးေနတဲ့ခ်စ္သူ

ခ်စ္သူ ႏွစ္ဦး တစ္ဦးအေပၚတစ္ဦး သစၥာရွိေပမဲ့ ဘာေၾကာင့္လမ္းခြဲသြားခဲ့ရတာလဲ။ ဒီအခ်က္က သင့္တို႔ႏွစ္ဦးစလုံးကို သာမန္ထက္ပိုၿပီး ခံစားရေစပါတယ္။

၁။ ယုံၾကည္မႈအျပန္အလွန္ထားရွိပါ။
အေနေဝးေနတဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ယုံၾကည္မႈေတြ မရွိဘူးဆိုရင္ေတာ့ သင္တို႔ရဲ႕ ဆက္ဆံေရးကလည္း ေရရွည္တည္ၿမဲမွာမဟုတ္ပါဘူး။ အၿမဲတမ္းအနီးကပ္ရင္းႏွီးေနထိုင္တဲ့ အတြဲေတြထက္ သင္တို႔က ႏွစ္ဦးက ပိုၿပီး ရင့္က်က္သင့္ပါတယ္။ တစ္ေယာက္ကို တစ္ေယာက္ သံသယကင္းကင္းနဲ႔ ေနထိုင္တာ ပိုအဆင္ေျပပါလိမ့္မယ္။ သင္တို႔ရဲ႕ အတိတ္ကျဖစ္ပ်က္ခဲ့တဲ့အေၾကာင္းအရာေတြကို ေမ့ေပ်ာက္ထားၿပီးေတာ့ လက္ရွိအေျခအေနကိုပဲ ေကာင္းမြန္ေအာင္တည္ေဆာက္ပါ။ ဘာေၾကာင့္လဲဆိုေတာ့တခါတေလ ဒီလိုအေနေဝးေနတဲ့ အခ်ိန္မ်ိဳးမွာ ေဘးပတ္ဝန္းက်င္ရဲ႕ စကားေတြေၾကာင့္ ဒါမွမဟုတ္ အတိတ္ကျဖစ္ပ်က္ခဲ့တဲ့အေၾကာင္းအရာေတြက သင့္ဆီကို တစ္ဖန္ျပန္ေရာက္လာတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒီစကားသံေတြေၾကာင့္ တစ္ေယာက္ကိုတစ္ေယာက္ သံသယေတြဝင္ၿပီးယုံၾကည္မႈေတြေလ်ာ့နည္းသြားရင္ေတာ့ သင္တို႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးကလည္း ဆုတ္ယုတ္သြားမွာျဖစ္ပါတယ္။

၂။ ပြင့္ပြင့္လင္းလင္း ေျပာဆိုဆံဆက္ပါ။
ေဝးကြာေနတဲ့သူႏွစ္ေယာက္ ေတြဆုံႏိုင္ဖို႔ဆိုတာ online တစ္ခုပဲရွိပါတယ္။ Online ဆက္ဆံေရး သင္တို႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးကို မပ်က္စီးသြားေအာင္ ထိန္းသိမ္းႏိုင္ဖို႔ေလာက္ပဲ လုံေလာက္ပါတယ္။ ပိုၿပီး ရင္းႏွီးေႏြးေထြးသြားတယ္ဆိုတာက ရာခိုင္ႏႈန္းနည္းပါတယ္။ ဒါေၾကာင့္တစ္ေယာက္နဲ႔တစ္ေယာက္ စကားေျပာတဲ့အခါမွာ ပြင့္ပြင့္လင္းလင္းေျပာဆိုဆက္ဆံသင့္ၿပီး စိတ္ကြက္တာမ်ိဳး၊ မ်ိဳသိပ့္ထားတာမ်ိဳးကို ေရွာင္ၾကဥ္သင့္ပါတယ္။ တစ္ေယာက္မႀကိဳက္တဲ့အခ်က္ကို တစ္ေယာက္က ပြင့္ပြင့္လင္းလင္းေျပာဆိုသင့္ပါတယ္။ အျပင္မွာလို အနီးကပ္ေျပာဆိုဆက္ဆံတာမဟုတ္တဲ့အတြက္ တစ္ေယာက္ရဲ႕ အမူအရာကို တစ္ေယာက္က ျမင္ႏိုင္မွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ သင္ စိတ္ေကာက္ေနလား၊ စိတ္ဆိုးေနတာလား၊ သင္ဘာျဖစ္ေနတာလည္းဆိုတာ အတိအက်သိႏိုင္မွာမဟုတ္ပါဘူး။ (ဥပမာအားျဖင့္ online ကေန “အင္း ၿပီးေရာ” ဆိုတဲ့ စာတစ္ေၾကာင္းပို႔တယ္ဆိုပါစို႔။ ဒီစာက သင့္ကို ရြဲ႕ၿပီးပို႔တာလား၊ ဒီအတိုင္းပဲ သာမန္ပို႔တာလားဆိုတာ သိခ်င္မွသိပါလိမ့္မယ္။ အျပင္မွာဆိုရင္ေတာ့ သင့္ရဲ႕ မ်က္ႏွာအမူအရာကို ၾကည့္ၿပီး စိတ္ဆိုးတာလား ဒါမွမဟုတ္ သင္ဘာျဖစ္တာလဲဆိုတာ သိႏိုင္ပါတယ္။

၃။ ကိုယ္ခ်င္းစာစိတ္အျပန္အလွန္ထားရွိပါ။
သူ႔ေနရာမွာ ငါဆိုရင္ေရာဆိုတဲ့ ကိုယ္ခ်င္စာစိတ္ကို ေမြးျမဴထားရင္ တစ္ဦးအေပၚတစ္ဦး ခြင့္လြတ္နားလည္လာပါလိမ့္မယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ ေသးေသးမႊားမႊားျပႆနာေလးကလည္း သင္တို႔ႏွစ္ဦးအတြက္ ႀကီးမားတဲ့ ျပႆနာႀကီးတစ္ခုျဖစ္ရင္ ျဖစ္လာပါလိမ့္မယ္။ ဒါ့ေၾကာင့္အမွားတစ္စုံတစ္ခုလုပ္မိတဲ့အခါ ဒီအမွားက ခြင့္လႊတ္လို႔ရတဲ့ အမွားမ်ိဳးဆို ကိုယ္ခ်င္စားစိတ္ထားၿပီး ခြင့္လြတ္ေပးလိုက္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ အေနေဝးတဲ့အခါ တစ္ဦးဘာျဖစ္ေနလဲဆိုတာ တစ္ဦးက ခေရေစ့တြင္းက် သိႏိုင္မွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အေနနီးေနတဲ့သူတို႔ထက္သင္တို႔ႏွစ္ဦးက ပိုၿပီး ကိုယ္ခ်င္စာစိတ္ထားေပးဖို႔လိုအပ္ပါတယ္။

၄။ တစ္ဦးအေပၚတစ္ဦး သစၥာရွိပါ။
ဒီစကားကေတာ့ အထူးေျပာျပဖို႔မလိုပါဘူး။ အေနေဝးတဲ့ခ်စ္သူပဲျဖစ္ျဖစ္၊ အေနနီးတဲ့ခ်စ္သူေတြပဲျဖစ္ျဖစ္ သစၥာရွိဖို႔က အဓိကက်ပါတယ္။ အျခားအရာေတြကို ခြင့္လႊတ္သည္းခံႏိုင္ေပမဲ့ ဒီအခ်က္နဲ႔ ပတ္သတ္ရင္ေတာ့ ဘယ္သူမွ သည္းခံႏိုင္ၾကမွာမဟုတ္ပါဘူး။ ဒါေပမဲ့ အေနေဝးတဲ့ခ်စ္သူေတြကေတာ့ ပိုၿပီး သစၥာေစာင့္ထိန္းဖို႔ လိုမယ္ထင္ပါတယ္။ ႏွစ္ဦးသာ ဘဝလက္တြဲမယ္လို႔ ဆုံးျဖတ္ထားၿပီး အေနအေျခအေၾကာင္းေၾကာင္းေၾကာင့္ တစ္နယ္တေက်းမ်ာ အလုပ္လုပ္ရတာပဲျဖစ္ျဖစ္၊ ႏိုင္ငံျခားေရာက္ေနတာပဲျဖစ္ျဖစ္ ဒီလိုအခ်ိန္မ်ိဳးမွာ သူမွမရွိတာ၊ သူသိမွာမဟုတ္ေလာက္ပါဘူးဆိုတဲ့ အေတြးမ်ိဳးေမြးၿပီး ေျခ႐ႈပ္ေနရင္ေတာ့ ဒါကလူသားမဆန္တဲ့လုပ္ရပ္တစ္ခုလို႔ ထင္ပါတယ္။ ဒီလိုေဖာက္ျပန္ဖို႔ ႀကံရြယ္မိတိုင္း ကိုယ္ခ်င္းစာစိတ္ေမြးၾကည့္လိုက္ပါ။ ငါ့ေနရာမွာသူ ဆိုရင္ေရာ၊ သူလဲ ငါ့လိုေဖာက္ျပန္ေနရင္ ငါ့ဘက္က သည္းခံခြင့္လႊတ္ႏိုင္ပါ့မလားဆိုတဲ့ အေတြးမ်ိဳးကိုေမြးၾကည့္လိုက္ပါ။ ကိုယ္ခ်င္းစာစိတ္ေမြးတာကသင့္အတြက္ ပိုအဆင္ေျပမယ္လို႔ ထင္ပါတယ္။

၅။ အျပန္အလွန္အဆက္အသြယ္လုပ္ပါ။
အေနေဝးေနတဲ့ Relationship တစ္ခုအတြက္ အဆက္အသြယ္က အေရးႀကီးပါတယ္။ အဆက္အသြယ္မရွိမွေတာ့ သင္တို႔ရဲ႕ အခ်စ္ေရးကလည္း ခိုင္ၿမဲမွာမဟုတ္ေတာ့ပါဘူး။ သင္မအားရင္ေတာင္မွာ message ပို႔တာမ်ိဳးျဖစ္ျဖစ္ ျပဳလုပ္သင့္ပါတယ္။ အေနေဝးေနတဲ့အတြက္ အဆက္အသြယ္တစ္ရက္ေလာက္ပ်က္သြားတာနဲ႔ တစ္ေယာက္ေပၚတစ္ေယာက္ သံသယဝင္လာၿပီး ေနာက္ဆက္တြဲမလိုအပ္တဲ့ ျပႆနာေတြပါ ဆင့္ပြားပါလာတတ္ပါတယ္။ ကိုယ့္ဘက္က အေၾကာင္းတစ္ခုခုေၾကာင့္ မအားတဲ့အခါ မအားတဲ့အေၾကာင္းကို ခိုင္လုံတဲ့အေၾကာင္းျပခ်က္ေပးထားခဲ့ပါ။ တခါတေလမွာအေနေဝးတာေၾကာင့္ ကိုယ္က အားတဲ့အခ်ိန္မွာ သူက မအား၊ သူအားတဲ့အခ်ိန္ ကိုယ္ကမအားစတဲ့ ျပႆနာေတြျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ပတ္မွာ သုံး ေလး ရက္ေလာက္ျဖစ္ျဖစ္ ႏွစ္ေယာက္သားအားမဲ့အခ်ိန္မ်ိဳးကို သတ္မွတ္ၿပီး စကားေျပာတာမ်ိဳးကို ျပဳလုပ္သင့္ပါတယ္။ အေနေဝးလို႔ေသြးေအးတယ္ဆိုတဲ့ စကားလိုပဲ အဆက္အသြယ္ေတြနည္းလာေလေလ ကိုယ္ေတြရဲ႕ ဆက္ဆံေရးကလည္း ေသြးေအးလာေလေလျဖစ္တတ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

အမ်ိဳးသားထုႀကီးကို နည္းအမ်ိဳးမ်ိဳးနဲ႔ ဖမ္းစားစြဲေဆာင္တတ္တဲ့ အမ်ိဳးသမီးအခ်ိဳ႕ရဲ႕ အျပဳအမူလကၡဏာ

Unicode

မိုင်တွေဝေးနေတဲ့ချစ်သူနှစ်ဦးအတွက် အဆင်ပြေစေမဲ့ နည်းလမ်းအချို့
ချစ်သူ နှစ်ဦး တစ်ဦးအပေါ်တစ်ဦး သစ္စာရှိပေမဲ့ ဘာကြောင့်လမ်းခွဲသွားခဲ့ရတာလဲ။ ဒီအချက်က သင့်တို့နှစ်ဦးစလုံးကို သာမန်ထက်ပိုပြီး ခံစားရစေပါတယ်။

၁။ ယုံကြည်မှုအပြန်အလှန်ထားရှိပါ။
အနေဝေးနေတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ယုံကြည်မှုတွေ မရှိဘူးဆိုရင်တော့ သင်တို့ရဲ့ ဆက်ဆံရေးကလည်း ရေရှည်တည်မြဲမှာမဟုတ်ပါဘူး။ အမြဲတမ်းအနီးကပ်ရင်းနှီးနေထိုင်တဲ့ အတွဲတွေထက် သင်တို့က နှစ်ဦးက ပိုပြီး ရင့်ကျက်သင့်ပါတယ်။ တစ်ယောက်ကို တစ်ယောက် သံသယကင်းကင်းနဲ့ နေထိုင်တာ ပိုအဆင်ပြေပါလိမ့်မယ်။ သင်တို့ရဲ့ အတိတ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို မေ့ပျောက်ထားပြီးတော့ လက်ရှိအခြေအနေကိုပဲ ကောင်းမွန်အောင်တည်ဆောက်ပါ။ ဘာကြောင့်လဲဆိုတော့တခါတလေ ဒီလိုအနေဝေးနေတဲ့ အချိန်မျိုးမှာ ဘေးပတ်ဝန်းကျင်ရဲ့ စကားတွေကြောင့် ဒါမှမဟုတ် အတိတ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေက သင့်ဆီကို တစ်ဖန်ပြန်ရောက်လာတာမျိုးဖြစ်တတ်ပါတယ်။ ဒီစကားသံတွေကြောင့် တစ်ယောက်ကိုတစ်ယောက် သံသယတွေဝင်ပြီးယုံကြည်မှုတွေလျော့နည်းသွားရင်တော့ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကလည်း ဆုတ်ယုတ်သွားမှာဖြစ်ပါတယ်။

၂။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆံဆက်ပါ။
ဝေးကွာနေတဲ့သူနှစ်ယောက် တွေဆုံနိုင်ဖို့ဆိုတာ online တစ်ခုပဲရှိပါတယ်။ Online ဆက်ဆံရေး သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို မပျက်စီးသွားအောင် ထိန်းသိမ်းနိုင်ဖို့လောက်ပဲ လုံလောက်ပါတယ်။ ပိုပြီး ရင်းနှီးနွေးထွေးသွားတယ်ဆိုတာက ရာခိုင်နှုန်းနည်းပါတယ်။ ဒါကြောင့်တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါမှာ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံသင့်ပြီး စိတ်ကွက်တာမျိုး၊ မျိုသိပ့်ထားတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ တစ်ယောက်မကြိုက်တဲ့အချက်ကို တစ်ယောက်က ပွင့်ပွင့်လင်းလင်းပြောဆိုသင့်ပါတယ်။ အပြင်မှာလို အနီးကပ်ပြောဆိုဆက်ဆံတာမဟုတ်တဲ့အတွက် တစ်ယောက်ရဲ့ အမူအရာကို တစ်ယောက်က မြင်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင် စိတ်ကောက်နေလား၊ စိတ်ဆိုးနေတာလား၊ သင်ဘာဖြစ်နေတာလည်းဆိုတာ အတိအကျသိနိုင်မှာမဟုတ်ပါဘူး။ (ဥပမာအားဖြင့် online ကနေ “အင်း ပြီးရော” ဆိုတဲ့ စာတစ်ကြောင်းပို့တယ်ဆိုပါစို့။ ဒီစာက သင့်ကို ရွဲ့ပြီးပို့တာလား၊ ဒီအတိုင်းပဲ သာမန်ပို့တာလားဆိုတာ သိချင်မှသိပါလိမ့်မယ်။ အပြင်မှာဆိုရင်တော့ သင့်ရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး စိတ်ဆိုးတာလား ဒါမှမဟုတ် သင်ဘာဖြစ်တာလဲဆိုတာ သိနိုင်ပါတယ်။

၃။ ကိုယ်ချင်းစာစိတ်အပြန်အလှန်ထားရှိပါ။
သူ့နေရာမှာ ငါဆိုရင်ရောဆိုတဲ့ ကိုယ်ချင်စာစိတ်ကို မွေးမြူထားရင် တစ်ဦးအပေါ်တစ်ဦး ခွင့်လွတ်နားလည်လာပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ သေးသေးမွှားမွှားပြဿနာလေးကလည်း သင်တို့နှစ်ဦးအတွက် ကြီးမားတဲ့ ပြဿနာကြီးတစ်ခုဖြစ်ရင် ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့်အမှားတစ်စုံတစ်ခုလုပ်မိတဲ့အခါ ဒီအမှားက ခွင့်လွှတ်လို့ရတဲ့ အမှားမျိုးဆို ကိုယ်ချင်စားစိတ်ထားပြီး ခွင့်လွတ်ပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ အနေဝေးတဲ့အခါ တစ်ဦးဘာဖြစ်နေလဲဆိုတာ တစ်ဦးက ခရေစေ့တွင်းကျ သိနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အနေနီးနေတဲ့သူတို့ထက်သင်တို့နှစ်ဦးက ပိုပြီး ကိုယ်ချင်စာစိတ်ထားပေးဖို့လိုအပ်ပါတယ်။

၄။ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိပါ။
ဒီစကားကတော့ အထူးပြောပြဖို့မလိုပါဘူး။ အနေဝေးတဲ့ချစ်သူပဲဖြစ်ဖြစ်၊ အနေနီးတဲ့ချစ်သူတွေပဲဖြစ်ဖြစ် သစ္စာရှိဖို့က အဓိကကျပါတယ်။ အခြားအရာတွေကို ခွင့်လွှတ်သည်းခံနိုင်ပေမဲ့ ဒီအချက်နဲ့ ပတ်သတ်ရင်တော့ ဘယ်သူမှ သည်းခံနိုင်ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အနေဝေးတဲ့ချစ်သူတွေကတော့ ပိုပြီး သစ္စာစောင့်ထိန်းဖို့ လိုမယ်ထင်ပါတယ်။ နှစ်ဦးသာ ဘဝလက်တွဲမယ်လို့ ဆုံးဖြတ်ထားပြီး အနေအခြေအကြောင်းကြောင်းကြောင့် တစ်နယ်တကျေးမျာ အလုပ်လုပ်ရတာပဲဖြစ်ဖြစ်၊ နိုင်ငံခြားရောက်နေတာပဲဖြစ်ဖြစ် ဒီလိုအချိန်မျိုးမှာ သူမှမရှိတာ၊ သူသိမှာမဟုတ်လောက်ပါဘူးဆိုတဲ့ အတွေးမျိုးမွေးပြီး ခြေရှုပ်နေရင်တော့ ဒါကလူသားမဆန်တဲ့လုပ်ရပ်တစ်ခုလို့ ထင်ပါတယ်။ ဒီလိုဖောက်ပြန်ဖို့ ကြံရွယ်မိတိုင်း ကိုယ်ချင်းစာစိတ်မွေးကြည့်လိုက်ပါ။ ငါ့နေရာမှာသူ ဆိုရင်ရော၊ သူလဲ ငါ့လိုဖောက်ပြန်နေရင် ငါ့ဘက်က သည်းခံခွင့်လွှတ်နိုင်ပါ့မလားဆိုတဲ့ အတွေးမျိုးကိုမွေးကြည့်လိုက်ပါ။ ကိုယ်ချင်းစာစိတ်မွေးတာကသင့်အတွက် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။

၅။ အပြန်အလှန်အဆက်အသွယ်လုပ်ပါ။
အနေဝေးနေတဲ့ Relationship တစ်ခုအတွက် အဆက်အသွယ်က အရေးကြီးပါတယ်။ အဆက်အသွယ်မရှိမှတော့ သင်တို့ရဲ့ အချစ်ရေးကလည်း ခိုင်မြဲမှာမဟုတ်တော့ပါဘူး။ သင်မအားရင်တောင်မှာ message ပို့တာမျိုးဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။ အနေဝေးနေတဲ့အတွက် အဆက်အသွယ်တစ်ရက်လောက်ပျက်သွားတာနဲ့ တစ်ယောက်ပေါ်တစ်ယောက် သံသယဝင်လာပြီး နောက်ဆက်တွဲမလိုအပ်တဲ့ ပြဿနာတွေပါ ဆင့်ပွားပါလာတတ်ပါတယ်။ ကိုယ့်ဘက်က အကြောင်းတစ်ခုခုကြောင့် မအားတဲ့အခါ မအားတဲ့အကြောင်းကို ခိုင်လုံတဲ့အကြောင်းပြချက်ပေးထားခဲ့ပါ။ တခါတလေမှာအနေဝေးတာကြောင့် ကိုယ်က အားတဲ့အချိန်မှာ သူက မအား၊ သူအားတဲ့အချိန် ကိုယ်ကမအားစတဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် တစ်ပတ်မှာ သုံး လေး ရက်လောက်ဖြစ်ဖြစ် နှစ်ယောက်သားအားမဲ့အချိန်မျိုးကို သတ်မှတ်ပြီး စကားပြောတာမျိုးကို ပြုလုပ်သင့်ပါတယ်။ အနေဝေးလို့သွေးအေးတယ်ဆိုတဲ့ စကားလိုပဲ အဆက်အသွယ်တွေနည်းလာလေလေ ကိုယ်တွေရဲ့ ဆက်ဆံရေးကလည်း သွေးအေးလာလေလေဖြစ်တတ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here