မိုက်ခရိုဝေ့ထဲမှာ ပြန်နွှေးပြီးမစားသင့်တဲ့ အစားအစာ ၁၀ မျိုး

0
154

အစားစားတဲ့အချိန်တိုင်း ပြန်နွှေးပြီးပူပူနွေးနွေးလေး စားရတဲ့အရသာကို လူတိုင်းနှစ်သက်ကြပါတယ်။ ဒီလိုအစားအစာတွေကို ပြန်နွှေးဖို့အတွက် အချို့အစားအစာတွေကအဆင်ပြေပေမယ့် တချို့အစားအစာတွေကတော့ ယခုလိုပြန်နွှေးခြင်းဟာ အာဟာရဓါတ်ကိုပျက်စီးစေသလို အခန့်မသင့်ရင် အစာအဆိပ်သင့်မှုတွေ ဖြစ်စေနိုင်တာကြောင့် ဘယ်လိုအစားအစာတွေကို မိုက်ခရိုဝေ့ထဲမှာ ပြန်မနွှေးသင့်လဲဆိုတာကိုဖော်ပြလိုက်ပါတယ်။

၁။ ထမင်း
ထမင်းကို မိုက်ခရိုဝေ့နဲ့ ပြန်နွှေးခြင်းဟာ မှားယွင်းတဲ့နည်းလမ်းဖြစ်ပြီး Bacillus cereus bacteria ကြောင့်ဖြစ်တတ်တဲ့fried rice sydrome လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီဘက်တီးရီးယားအမျိုးအစားဟာ ချက်ပြုတ်ပြီးအစားအစာတွေဆီမှာ ရှိနေတတ်ပြီး ထမင်းကိုအခန်းအပူချိန်ထက် ကျော်လွန်တဲ့အခါမှာ ဒီဘက်တီးရီးယားဟာ လန်းဆန်းလာပါတယ်။ ထမင်းကို မိုက်ခရိုဝေ့နဲ့ပြန်နွှေးခြင်းဟာ သင့်ရဲ့အူတွေကို ဒုက္ခပေးတတ်တာကြောင့် ထမင်းကြမ်းတွေကို မိုက်ခရိုဝေ့နဲ့ ပြန်နွှေးပြီးစားတတ်တဲ့ အကျင့်ကိုရှောင်ရှားပါ။

ပူပြီးစပ်တဲ့ ပန်းငရုတ်များ
အရမ်းစပ်တဲ့ အဆိုပါငရုတ်သီးတွေကို မိုက်ခရိုဝေ့ထဲမှာ ပြန်နွှေးခြင်းဟာ မြင့်မားတဲ့အပူချိန်ကြောင့် ဒြပ်ပေါင်းတွေကို အငွေ့ပျံစေပြီး တကယ်လို့သင်စားတဲ့အခါမှာ
သင့်ရဲ့လည်ချောင်းနဲ့ မျက်စိကို အဆိုပါအပူကဒုက္ခပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းဟာ မိုက်ခရိုဝေ့နဲ့ချက်ပြုတ်ဖို့ အလွန်လွယ်ကူပါတယ်။ ဒါပေမယ့် ပန်းဂေါ်ဖီစိမ်းရဲ့ အာဟာရ ၉၇ % ကတော့ လုံးဝဆုံးရှုံးသွားပါလိမ့်မယ်။ ပန်းဂေါ်ဖီစိမ်းမှာ များပြားတဲ့အာဟာရနဲ့ antioxidants တွေပါဝင်တာကြောင့် မိုက်ခရိုဝေ့နဲ့ ချက်ပြုတ်ခြင်းအစား ရိုးရိုးgas မီးဖို သို့မဟုတ် လျှပ်စစ်မီးဖိုနဲ့ ချက်ပြုတ်ပြီးစားသုံးပါ။

အာလူး
အာလူးကို မိုက်ခရိုဝေ့မီးဖိုနဲ့ ချက်ပြုတ်လို့ရပါတယ်။ အဲ့လိုချက်ပြုတ်လို့ပြဿနာမရှိပေမယ့် ချက်ပြီးသားကို ပြန်နွှေးမယ်ဆိုရင်တော့ ပြဿနာရှိပါတယ်။ အာလူးမှာ C.botulinum ဆိုတဲ့ ဘက်တီးရီးယားတစ်မျိုးရှိနေတတ်ပြီး မိုက်ခရိုဝေ့ထဲမှာ ပြန်နွှေးတဲ့အခါ အဆိုပါပိုးက ရှင်သန်လာပြီး သင့်ကျန်းမာရေးအတွက် ထိခိုက်စေနိုင်ပါတယ်။

ကြက်သား
ကြက်သားမှာ salmonella ဆိုတဲ့ဘက်တီးရီးယား ရှိနေပြီး အပူပေးနေတဲ့ဖြစ်စဉ်မှာတောင် ရှင်သန်နိုင်ပါတယ်။ ချက်သားကိုချက်ပြုတ်တဲ့အခါ လုံးဝကျက်တဲ့အထိ ချက်ပြုတ်ဖို့လိုအပ်ပြီး မိုက်ခရိုဝေ့ထဲမှာ ပြန်နွှေးပြီးစားတဲ့အခါ အစာချေမှုပြဿနာတွေ ဖြစ်စေနိုင်ကြောင်း သိရပါတယ်။

မှို
မှိုဟင်းချက်စားပြီးလို့ ကျန်တာတွေကို နောက်တစ်ခေါက်စားဖို့ သိမ်းထားခြင်းထက် စွန့်ပစ်လိုက်တာက သင့်အတွက်ပိုကောင်းစေပါတယ်။ မှိုမှာမကောင်းတဲ့ဘက်တီးရီးယားတွေ ခိုအောင်းနေလေ့ရှိပြီး မှိုကို microwave ကနေပြန်နွှေးပြီးစားခြင်းဟာ သင့်ရဲ့ဝမ်းဗိုက်ကို ကောင်းကောင်းဒုက္ခပေးစေပါတယ်။

အရွက်များ
လေ့လာမှုအချို့ရဲ့ အဆိုအရ အစိမ်းရင့်ရောင်အရွက်တွေဖြစ်တဲ့ ကိုက်လန်၊ ဟင်းနုနယ် စတာတွေမှာ nitrates ပါဝင်နေပြီး မိုက်ကရိုဝေ့ထဲမှာ အပူပေးတဲ့အခါ nitrosamines ဖြစ်သွားပြီး အာဟာရဓါတ်အားလုံး ဆုံးရှုံးသလို အန္တရာယ်ပေးနိုင်တဲ့အရာဖြစ်သွားကြောင်း သိရှိရပါတယ်။ ဒါကြောင့် အရွက်တွေကို မိုက်ခရိုဝေ့ထဲမှာ ပြန်နွေးခြင်းကို ရှောင်ကျဉ်ပေးပါ။

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here