ယေန႔ေခတ္သစ္လူေနမႈပံုစံမွာ မ်ားစြာေသာအမ်ိဳးသမီးေတြဟာ အလုပ္ကတစ္ဖက္၊ အိမ္မႈကိစၥကတစ္ဖက္အလုပ္ရႈပ္တတ္ၾကတာေၾကာင့္ အစားအစာေတြကို ၂ရက္ -၃ရက္စာႀကိဳတင္ၿပီး ခ်က္ျပဳတ္ထားတတ္ၾကပါတယ္။ စားခါနီးမွ မိနစ္ အနည္းငယ္ေလာက္သာ အပူေပးရတာေၾကာင့္ အရမ္းအဆင္ေျပပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႔ အစားအေသာက္မ်ားဟာ ျပန္ေႏြးၿပီး စားလို႔ရေပမယ့္ တခ်ိဳ႕အစားအစာေတြက အာဟာရတန္ဖိုးဆံုးရံႈးျခင္း၊ က်န္းမာေရးအတြက္ အႏၱရာယ္ရွိျခင္းတို႔ ျဖစ္လာပါတယ္။ ဒါ့ေၾကာင့္ ဘယ္လိုအစားအစာေတြကို ျပန္ေႏႊးၿပီး မစားသင့္ဘူးလဲဆိုတာ သိရွိေစဖို႔ မွ်ေဝေပးလိုက္ပါတယ္။
၁။ ထမင္း
ဆန္ေစ့ေတြရဲ႕မ်က္ႏွာျပင္မွာ အစာအဆိပ္သင့္ျခင္းကို ျဖစ္ေစတဲ့ ဘက္တီးရီးယားေတြ ပါဝင္ႏိုင္ပါတယ္။ ဒီဘက္တီးရီးယားအခ်ိဳ႕မ်ိဳးစိတ္ေတြက အပူကို ခံႏိုင္ရည္ရွိၿပီး ထမင္းခ်က္ၿပီးရင္ေတာင္ အသက္ရွင္ႏိုင္စြမ္းရွိပါတယ္။ ခ်က္ၿပီးသားထမင္းကို အခန္းထဲမွာ ဒီအတိုင္းထားတဲ့အခါ အခန္းအပူခ်ိန္ႏွင့္ ထိိေတြ႕ၿပီး အစာအဆိပ္သင့္ျခင္းကို ျဖစ္ေစတဲ့ ဘက္တီးရီးယားေတြ ေပါက္ဖြားပါတယ္။ ေနာက္တစ္ေန႔ အပူျပန္ေပးျခင္းက အစာအဆိပ္သင့္ျခင္းကို ျဖစ္ေစပါတယ္။ ခ်က္ၿပီးသားထမင္းကို အခန္းအပူခ်ိန္မွာ တစ္နာရီထက္ပိုၿပီး မထားသင့္ပါဘူး။
၂။ အာလူး
အာလူးေတြကလည္း ဆန္လိုပါပဲ။ အခ်ိန္အေတာ္ၾကာၾကာ အခန္းအပူခ်ိန္မွာ မထားသင့္ပါဘူး။ ဒါက (ခႏၶာကိုယ္ရဲ႕ ဦးေႏွာက္အာရံုေၾကာစနစ္ကို သက္ေရာက္ေစတဲ့ ေရာဂါ)botulism ကို ျဖစ္ပြားေစတဲ့ ဘက္တီးရီးယားႀကီးထြားမႈကို ပံ့ပိုးေပးပါတယ္။ ဒီအေၾကာင္းရင္းေၾကာင့္ အာလူးဟင္းကို ခ်က္ျပဳတ္ၿပီးေနာက္ အကုန္စားသံုးဖို႔နဲ႔ ဟင္းက်န္ေနရင္လည္း ေရခဲေသတၱာထဲကို တတ္ႏိုင္သမွ် အျမန္ထည့္ထားဖို႔ အႀကံျပဳပါတယ္။
၃။ ဟင္းသီးဟင္းရြက္မ်ား
ဟင္းသီးဟင္းရြက္ေတြကုိ စနစ္တက်မဟုတ္ဘဲ သိုေလွာင္ျခင္း၊ ျပန္အပူေပးျခင္းက အႏၱရာယ္ရွိယံုမွ်မက က်န္းမာေရးကို ဆိုး၀ါးေစပါတယ္။ ကမၻာ့စားနပ္ရိကၡာထိန္းသိမ္းေရးအဖြဲ႔၏ အဆိုအရ က်န္ရွိတဲ့ ဟင္းသီးဟင္းရြက္မ်ားကို ၾကာရွည္စြာ သိမ္းဆည္းဖို႔ဆိုရင္ အၿမဲတမ္း 4 C မွာေအးခဲထားသင့္ပါတယ္။ ဟင္းႏုႏြယ္ရြက္၊အမဲသား၊ဆလတ္ႏွင့္ တရုတ္နံနံအရြက္ေတြက ႏိုက္ထရိတ္ဓါတ္ ျမင့္မားစြာပါ၀င္တာေၾကာင့္ အခန္းအပူခ်ိန္ႏွင့္ ထိေတြ႔ပါက စုၿပံဳၿပီးျပႆနာအေျမာက္အျမား ျဖစ္ေပၚေစႏိုင္ပါတယ္။ ႏိုက္ထရိတ္က သူ႔ဘာသာသူဆို က်န္းမာေရးအတြက္ အႏၱရာယ္မရွိေပမယ့္ အပူျပန္ေပးလိုက္တဲ့အခါ သူတို႔ဟာ လူေတြရဲ႕က်န္းမာေရးကို ထိခိုက္ေစတဲ့ ႏိုက္ထရိုက္ျဒပ္ေျပါငး္အအျဖစ္ ေျပာင္းလဲသြားပါတယ္။ ဒါ့ေၾကာင့္ ဟင္းသီးဟင္းရြက္ပါဝင္တဲ့ ဟင္းလ်ာေတြကို အထူးသျဖင့္ မိုက္ခရိုေဝ့ဖ္ထဲမွာ ျပန္ေႏြးမစားဖို႔ အႀကံျပဳပါတယ္။
၄။ မိႈ
မိႈကို စနစ္တက်မသိမ္းဆည္းတာ၊ ျပန္ၿပီးအပူေပးတာဟာ အဆိပ္အေတာက္နဲ႔ အစာေျခဖ်က္မႈျပႆနာကို ျဖစ္ေပၚေစၿပီး က်န္းမာေရးကို အႏၱရာယ္ ျဖစ္လာေစႏိုင္ပါတယ္။ မိႈဟင္းကိုစားလို႔မကုန္ဘူးဆုိရင္ ေရခဲေသတၱာထဲမွာ ထည့္ထားဖို႔ မေမ့ပါနဲ႔။ သို႔ေပမယ့္ ခ်က္ၿပီးသားမိႈကို ၂၄နာရီထက္ပိုၿပီး မသိမ္းထားဖို႔ အႀကံျပဳပါတယ္။
၅။ Root vegetables
ႏိုကိုဥ၊ မုန္လာဥနီ၊ မုန္လာဥဝါႏွင့္ တရုတ္နံနံတို႔ဟာ အေရွ႕မွာေဖာ္ျပခဲ့သလို သူတို႔မွာ ႏိုက္ထရိတ္ဓါတ္ ပါဝင္တာေၾကာင့္ အပူျပန္ေပးၿပီး မစားသင့္ပါဘူး။ တစ္နပ္စာအတြက္သာ ခ်က္စားသင့္ပါတယ္။
#Lifestyle_Myanmar
#LM_Nandar
Source- fabiosa
Unicode
မိုက်ခရိုဝေ့ဖ်ထဲမှာ ပြန်အပူပေးပြီး မစားသင့်တဲ့ အစားအစာ (၅)မျိုး
ယနေ့ခေတ်သစ်လူနေမှုပုံစံမှာ များစွာသောအမျိုးသမီးတွေဟာ အလုပ်ကတစ်ဖက်၊ အိမ်မှုကိစ္စကတစ်ဖက်အလုပ်ရှုပ်တတ်ကြတာကြောင့် အစားအစာတွေကို ၂ရက် -၃ရက်စာကြိုတင်ပြီး ချက်ပြုတ်ထားတတ်ကြပါတယ်။ စားခါနီးမှ မိနစ် အနည်းငယ်လောက်သာ အပူပေးရတာကြောင့် အရမ်းအဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ချို့ အစားအသောက်များဟာ ပြန်နွေးပြီး စားလို့ရပေမယ့် တချို့အစားအစာတွေက အာဟာရတန်ဖိုးဆုံးရှုံးခြင်း၊ ကျန်းမာရေးအတွက် အန္တရာယ်ရှိခြင်းတို့ ဖြစ်လာပါတယ်။
ဒါ့ကြောင့် ဘယ်လိုအစားအစာတွေကို ပြန်နွှေးပြီး မစားသင့်ဘူးလဲဆိုတာ သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။
၁။ ထမင်း
ဆန်စေ့တွေရဲ့မျက်နှာပြင်မှာ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပါဝင်နိုင်ပါတယ်။ ဒီဘက်တီးရီးယားအချို့မျိုးစိတ်တွေက အပူကို ခံနိုင်ရည်ရှိပြီး ထမင်းချက်ပြီးရင်တောင် အသက်ရှင်နိုင်စွမ်းရှိပါတယ်။ ချက်ပြီးသားထမင်းကို အခန်းထဲမှာ ဒီအတိုင်းထားတဲ့အခါ အခန်းအပူချိန်နှင့် ထိိတွေ့ပြီး အစာအဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားပါတယ်။ နောက်တစ်နေ့ အပူပြန်ပေးခြင်းက အစာအဆိပ်သင့်ခြင်းကို ဖြစ်စေပါတယ်။ ချက်ပြီးသားထမင်းကို အခန်းအပူချိန်မှာ တစ်နာရီထက်ပိုပြီး မထားသင့်ပါဘူး။
၂။ အာလူး
အာလူးတွေကလည်း ဆန်လိုပါပဲ။ အချိန်အတော်ကြာကြာ အခန်းအပူချိန်မှာ မထားသင့်ပါဘူး။ ဒါက (ခန္ဓာကိုယ်ရဲ့ ဦးနှောက်အာရုံကြောစနစ်ကို သက်ရောက်စေတဲ့ ရောဂါ)botulism ကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားကြီးထွားမှုကို ပံ့ပိုးပေးပါတယ်။ ဒီအကြောင်းရင်းကြောင့် အာလူးဟင်းကို ချက်ပြုတ်ပြီးနောက် အကုန်စားသုံးဖို့နဲ့ ဟင်းကျန်နေရင်လည်း ရေခဲသေတ္တာထဲကို တတ်နိုင်သမျှ အမြန်ထည့်ထားဖို့ အကြံပြုပါတယ်။
၃။ ဟင်းသီးဟင်းရွက်များ
ဟင်းသီးဟင်းရွက်တွေကို စနစ်တကျမဟုတ်ဘဲ သိုလှောင်ခြင်း၊ ပြန်အပူပေးခြင်းက အန္တရာယ်ရှိယုံမျှမက ကျန်းမာရေးကို ဆိုးဝါးစေပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာထိန်းသိမ်းရေးအဖွဲ့၏ အဆိုအရ ကျန်ရှိတဲ့ ဟင်းသီးဟင်းရွက်များကို ကြာရှည်စွာ သိမ်းဆည်းဖို့ဆိုရင် အမြဲတမ်း 4 C မှာအေးခဲထားသင့်ပါတယ်။ ဟင်းနုနွယ်ရွက်၊အမဲသား၊ဆလတ်နှင့် တရုတ်နံနံအရွက်တွေက နိုက်ထရိတ်ဓါတ် မြင့်မားစွာပါ၀င်တာကြောင့် အခန်းအပူချိန်နှင့် ထိတွေ့ပါက စုပြုံပြီးပြဿနာအမြောက်အမြား ဖြစ်ပေါ်စေနိုင်ပါတယ်။ နိုက်ထရိတ်က သူ့ဘာသာသူဆို ကျန်းမာရေးအတွက် အန္တရာယ်မရှိပေမယ့် အပူပြန်ပေးလိုက်တဲ့အခါ သူတို့ဟာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့ နိုက်ထရိုက်ဒြပ်ပြေါငး်အအဖြစ် ပြောင်းလဲသွားပါတယ်။ ဒါ့ကြောင့် ဟင်းသီးဟင်းရွက်ပါဝင်တဲ့ ဟင်းလျာတွေကို အထူးသဖြင့် မိုက်ခရိုဝေ့ဖ်ထဲမှာ ပြန်နွေးမစားဖို့ အကြံပြုပါတယ်။
၄။ မှို
မှိုကို စနစ်တကျမသိမ်းဆည်းတာ၊ ပြန်ပြီးအပူပေးတာဟာ အဆိပ်အတောက်နဲ့ အစာခြေဖျက်မှုပြဿနာကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးကို အန္တရာယ် ဖြစ်လာစေနိုင်ပါတယ်။ မှိုဟင်းကိုစားလို့မကုန်ဘူးဆိုရင် ရေခဲသေတ္တာထဲမှာ ထည့်ထားဖို့ မမေ့ပါနဲ့။ သို့ပေမယ့် ချက်ပြီးသားမှိုကို ၂၄နာရီထက်ပိုပြီး မသိမ်းထားဖို့ အကြံပြုပါတယ်။
၅။ Root vegetables
နိုကိုဥ၊ မုန်လာဥနီ၊ မုန်လာဥဝါနှင့် တရုတ်နံနံတို့ဟာ အရှေ့မှာဖော်ပြခဲ့သလို သူတို့မှာ နိုက်ထရိတ်ဓါတ် ပါဝင်တာကြောင့် အပူပြန်ပေးပြီး မစားသင့်ပါဘူး။ တစ်နပ်စာအတွက်သာ ချက်စားသင့်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source- fabiosa