မိသားစုဝင်တွေနဲ့ဆက်ဆံရေးကို ပိုပြီးချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ဖြစ်လာစေဖို့အတွက်

0
41

လောကမှာ ကိုယ့်အတွက် အရာရာကို အမြဲနားလည်နိုင်ပြီး ချစ်ခင်ပေးနိုင်တာ ကိုယ့်ရဲ့မိသားစုဝင်တွေပါ။ ဘယ်လိုအခြေအနေတွေမှာဖြစ်ဖြစ် ကိုယ့်ဖက်မှာ အမြဲရှိပေးပြီး ဘယ်လောက်ပဲ တခြားလူတွေက ကိုယ့်အကြောင်း မကောင်းသတင်းတွေပြောပြော ကိုယ့်ကို အားပေးနှစ်သိမ့်စကားတွေကို ပြောပေးတာဟာလည်း မိသားစုဝင်တွေပါပဲ။
အခုလိုမျိုး ကိုယ့်ဘဝအတွက် အရာရာဖြစ်တဲ့ မိသားစုဝင်တွေနဲ့ ဆက်ဆံရေးကို အချိန်အကြာကြီး ကောင်းကောင်းမွန်မွန်နဲ့ဆက်လက်ထိန်းသိမ်းထားဖို့ရယ်၊ ပိုပြီးကောင်းမွန်စေဖို့အတွက် ဘယ်လိုမျိုးလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

မျက်နှာချင်းဆိုင်ဆုံတွေ့ပြီး စကားပြောပါ။

သိပ်ပြီးအရေးမကြီးတဲ့ ကိစ္စတွေ သို့မဟုတ် မိသားစုဝင်တွေက တစ်နေရာစီဖြစ်နေချိန်မှသာလျှင် Message ပို့တာ၊ အီးမေးလ်ပို့တာမျိုး ပြုလုပ်ပါ။ မဟုတ်ပါက ကိုယ့်မိသားစုဝင်တွေနဲ့ အတူမျက်နှာချင်းဆိုင်ထိုင်ပြီးတော့ စကားလက်ဆုံပြောပေးပါ။ အခုလိုလုပ်ပေးခြင်းက မိသားစုဝင်တွေကြားက ဆက်သွယ်ပြောဆိုရေးကို ပိုပြီးရင်းရင်းနှီးနှီးရှိလာစေမှာဖြစ်ပါတယ်။
စကားပြောတဲ့အခါ နူးညံ့ညင်သာမှုရှိပါ။

မိသားစုဝင်တွေဆိုပေမယ့်လည်း တခါတရံ စိတ်တိုစရာ စိတ်ထိခိုက်စရာ ကိစ္စတွေကြုံတွေ့လာရပါက စကားသံတွေမှာ ဒေါသသံပါလာနိုင်ပါတယ်။ သို့သော်လည်း အခုလိုစိတ်လိုက်မာန်ပါမပြောဆိုခင်မှာ ကိုယ်သာသူ့နေရာမှာဆို ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်ကလေးပြေးကပ်လိုက်ပါ။ ခေတ္တခဏ ဒေါသထွက်ချိန်ကြောင့် ကိုယ့်ရဲ့မိသားစုဝင်တွေကို စိတ်ထိခိုက်မသွားပါစေနဲ့။
ကိုယ်ဘယ်လိုခံစားနေရလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပါ။

ဘယ်လောက်ပဲ မိသားစုဝင်တွေလို့ပဲပြောပြော မုသားကျူးလွန်လို့ရတယ်လို့မဆိုလိုပါဘူး။ သူများကိုလည်း အပြစ်မတင်သင့်သလို ကိုယ်အပြစ်လုပ်ထားပါကလည်း လုပ်ထားတယ်ဆိုတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြပြီးတော့ ဝန်ချတောင်းပန်ပါ။ ဒါ့အပြင် ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတဲ့အကြောင်းကိုလည်း ကွယ်ဝှက်မထားဘဲနဲ့ အပွင့်လင်းဆုံးပြောပေးပါ။ မဟုတ်ပါက နားလည်လွဲမှုတွေစုပြုံလာပြီး မိသားစုဝင်တွေကြားမှာ ဆက်ဆံရေးပြိုကွဲလာနိုင်ပါတယ်။

အခုပြောပြပေးခဲ့တဲ့ အချက်လေးတွေကို အမြဲသတိထားပြီး လိုက်လံလုပ်ဆောင်ပေးမယ်ဆိုရင်တော့ ကိုယ့်မိသားစုဝင်တွေကြားက ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေနိုင်မှာဖြစ်သလို အမြဲတမ်းလည်း သာယာပျော်ရွှင်ရပြီပေါ့။

#Lifestyle_Myanmar

#Thinzar

Ref-psychologies

Zawgyi Font

မိသားစုဝင္ေတြနဲ႔ဆက္ဆံေရးကို ပိုၿပီးခ်စ္ခ်စ္ခင္ခင္ ရင္းရင္းႏွီးႏွီး ျဖစ္လာေစဖို႔အတြက္

ေလာကမွာ ကိုယ့္အတြက္ အရာရာကို အၿမဲနားလည္ႏိုင္ၿပီး ခ်စ္ခင္ေပးႏိုင္တာ ကိုယ့္ရဲ႕မိသားစုဝင္ေတြပါ။ ဘယ္လိုအေျခအေနေတြမွာျဖစ္ျဖစ္ ကိုယ့္ဖက္မွာ အၿမဲရွိေပးၿပီး ဘယ္ေလာက္ပဲ တျခားလူေတြက ကိုယ့္အေၾကာင္း မေကာင္းသတင္းေတြေျပာေျပာ ကိုယ့္ကို အားေပးႏွစ္သိမ့္စကားေတြကို ေျပာေပးတာဟာလည္း မိသားစုဝင္ေတြပါပဲ။
အခုလိုမ်ိဳး ကိုယ့္ဘဝအတြက္ အရာရာျဖစ္တဲ့ မိသားစုဝင္ေတြနဲ႔ ဆက္ဆံေရးကို အခ်ိန္အၾကာႀကီး ေကာင္းေကာင္းမြန္မြန္နဲ႔ဆက္လက္ထိန္းသိမ္းထားဖို႔ရယ္၊ ပိုၿပီးေကာင္းမြန္ေစဖို႔အတြက္ ဘယ္လိုမ်ိဳးလုပ္ေဆာင္ရမလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

မ်က္ႏွာခ်င္းဆိုင္ဆုံေတြ႕ၿပီး စကားေျပာပါ။

သိပ္ၿပီးအေရးမႀကီးတဲ့ ကိစၥေတြ သို႔မဟုတ္ မိသားစုဝင္ေတြက တစ္ေနရာစီျဖစ္ေနခ်ိန္မွသာလွ်င္ Message ပို႔တာ၊ အီးေမးလ္ပို႔တာမ်ိဳး ျပဳလုပ္ပါ။ မဟုတ္ပါက ကိုယ့္မိသားစုဝင္ေတြနဲ႔ အတူမ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီးေတာ့ စကားလက္ဆုံေျပာေပးပါ။ အခုလိုလုပ္ေပးျခင္းက မိသားစုဝင္ေတြၾကားက ဆက္သြယ္ေျပာဆိုေရးကို ပိုၿပီးရင္းရင္းႏွီးႏွီးရွိလာေစမွာျဖစ္ပါတယ္။
စကားေျပာတဲ့အခါ ႏူးညံ့ညင္သာမႈရွိပါ။

မိသားစုဝင္ေတြဆိုေပမယ့္လည္း တခါတရံ စိတ္တိုစရာ စိတ္ထိခိုက္စရာ ကိစၥေတြႀကဳံေတြ႕လာရပါက စကားသံေတြမွာ ေဒါသသံပါလာႏိုင္ပါတယ္။ သို႔ေသာ္လည္း အခုလိုစိတ္လိုက္မာန္ပါမေျပာဆိုခင္မွာ ကိုယ္သာသူ႔ေနရာမွာဆို ဘယ္လိုလုပ္မလဲဆိုတဲ့ စိတ္ကေလးေျပးကပ္လိုက္ပါ။ ေခတၱခဏ ေဒါသထြက္ခ်ိန္ေၾကာင့္ ကိုယ့္ရဲ႕မိသားစုဝင္ေတြကို စိတ္ထိခိုက္မသြားပါေစနဲ႔။
ကိုယ္ဘယ္လိုခံစားေနရလဲဆိုတာကို ပြင့္ပြင့္လင္းလင္းေျပာပါ။

ဘယ္ေလာက္ပဲ မိသားစုဝင္ေတြလို႔ပဲေျပာေျပာ မုသားက်ဴးလြန္လို႔ရတယ္လို႔မဆိုလိုပါဘူး။ သူမ်ားကိုလည္း အျပစ္မတင္သင့္သလို ကိုယ္အျပစ္လုပ္ထားပါကလည္း လုပ္ထားတယ္ဆိုတဲ့အေၾကာင္းကို ပြင့္ပြင့္လင္းလင္းေျပာျပၿပီးေတာ့ ဝန္ခ်ေတာင္းပန္ပါ။ ဒါ့အျပင္ ကိုယ္ဘယ္လိုခံစားေနရတယ္ဆိုတဲ့အေၾကာင္းကိုလည္း ကြယ္ဝွက္မထားဘဲနဲ႔ အပြင့္လင္းဆုံးေျပာေပးပါ။ မဟုတ္ပါက နားလည္လြဲမႈေတြစုၿပဳံလာၿပီး မိသားစုဝင္ေတြၾကားမွာ ဆက္ဆံေရးၿပိဳကြဲလာႏိုင္ပါတယ္။

အခုေျပာျပေပးခဲ့တဲ့ အခ်က္ေလးေတြကို အၿမဲသတိထားၿပီး လိုက္လံလုပ္ေဆာင္ေပးမယ္ဆိုရင္ေတာ့ ကိုယ့္မိသားစုဝင္ေတြၾကားက ဆက္ဆံေရးကို ပိုမိုေကာင္းမြန္ေစႏိုင္မွာျဖစ္သလို အၿမဲတမ္းလည္း သာယာေပ်ာ္႐ႊင္ရၿပီေပါ့။

LEAVE A REPLY

Please enter your comment!
Please enter your name here