မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ခရီးထွက်ကြတဲ့အခါ ပိုက်ဆံချွေတာနိုင်မယ့် နည်းလမ်းလေးတွေ

0
126

မိသားစုနဲ့အတူထွက်တဲ့ ခရီးစဥ်တိုင်းက ဘယ်လိုမှမေ့ဖျောက်မရနိုင်တဲ့ အမှတ်တရလေးတွေပဲဖြစ်ပါတယ်။ အခုလိုမျိုး အမြဲတမ်းအမှတ်ရနေမယ့် ခရီးစဥ်လေးတွေကို စီစဥ်ရေးဆွဲတဲ့အခါမှာ ကိုယ့်လိုပဲ လူအများစုက ကုန်ကျစရိတ်တွေကို လျှော့ချချင်ကြသူတွေချည်းပါပဲ။ အခုလိုမျိုး မိသားစုအတူခရီးထွက်တဲ့အခါ အတတ်နိုင်ဆုံး ခရီးစရိတ်ကို သက်သာအောင် ကြိုးစားချင်သူများအတွက် သိထားသင့်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

-Advertisement-

Awards Program တွေဆီကနေ အခွင့်ကောင်းယူပါ

မိသားစုခရီးထွက်ဖို့အတွက် ပိုက်ဆံကိုချွေတာချင်သူတိုင်း သိထားသင့်တဲ့ အချက်တစ်ခုကတော့ Reward Programs တွေကို အကျိုးရှိရှိ အသုံးချတတ်ဖို့ပါပဲ။ လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေက ပေးတတ်တဲ့ Reward Programs တွေကို သေချာလေ့လာပြီးတော့ အသုံးချမယ်ဆိုရင်တော့ ပုံမှန်ကျသင့်မယ့်စရိတ်ထက် သက်သာသွားနိုင်ပါလိမ့်မယ်။

သရေစာမုန့်တွေထည့်သွားပါ

တစ်ဦးတစ်ယောက်တည်း ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ခရီးသွားတာထက် မိသားစုဝင်တွေနဲ့ ခရီးအတူသွားတာက မယုံမရှိပေမယ့်လည်း သရေစာမုန့်တွေကြောင့် ကုန်ရတဲ့စရိတ်စက က မနည်းမနောလှပါပဲ။ ခရီးသွားရင်းနဲ့ သရေစာစားရတာကို ကြိုက်တဲ့အပေါ် အပြစ်ပြောလို့မရပေမယ့်လည်း အပိုကုန်တာမျိုးမဖြစ်စေဖို့အတွက် ကြိုဝယ်ပြီးတော့ ထည့်သွားမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်နိုင်ပါတယ်။

လက်ဆောင်ပစ္စည်းတွေအတွက် ပိုက်ဆံသပ်သပ်ဖယ်ထားပါ

ခရီးတစ်ခုကို အမှတ်ရစေဖို့အတွက် သွားခဲ့တဲ့နေရာက လက်ဆောင်ပစ္စည်းလေးတွေ ဝယ်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အခုလိုပြောလို့လည်း စိတ်တိုင်းကျတာတွေ့သမျှ ဝယ်လို့မဖြစ်ပါဘူး။ ခရီးမထွက်ခင်ကတည်းက လက်ဆောင်ဝယ်ဖို့အတွက် တိကျတဲ့ပိုက်ဆံပမာဏကို သပ်သပ်ဖယ်ထားပြီး ဖယ်ထားတဲ့ပမာဏရှိသလောက်ပဲ လောက်အောင်ဝယ်ပါ။ အပိုပိုက်ဆံမထုတ်ပါနဲ့။

မနက်စာကျွေးတဲ့ ဟိုတယ်မှာရွေးတည်းပါ

နောက်ထပ်ပိုက်ဆံချွေတာနိုင်မယ့် နည်းလမ်းတစ်ခုကတော့ မနက်စာတည်ခင်းဧည့်ခံတဲ့ ဟိုတယ်ကိုရွေးချယ်တတ်ဖို့ပါပဲ။ တစ်ချို့သောဟိုတယ်တွေ၊ မိုတယ်တွေက မနက်စာကောင်းကောင်း ကျွေးတတ်ကြတာကြောင့် ပိုက်ဆံချွေတာနိုင်ရုံသာမက တစ်နေ့တာကိုလည်း ပေါ့ပေါ့ပါးပါးနဲ့ စတင်နိုင်မှာဖြစ်ပါတယ်။

Happy Hours ရှိတဲ့ စားသောက်ဆိုင်လေးတွေကို ရှာဖွေပါ

စားသောက်ဆိုင်အများစုက နေ့လည်ခင်းကျော်သွားတဲ့အခါ ဈေးလျှော့ပြီး ရောင်းလေ့ရှိကြပါတယ်။ ဒါကြောင့် မိသားစုနဲ့အတူ ခရီးသွားတဲ့အခါမှာ အခုလိုအခွင့်အရေးကောင်းတွေကို အကျိုးယူတတ်ပြီး ပိုက်ဆံချွေတာလိုက်ပါ။

#Lifestyle_Myanmar

#Thinzar

Ref-momblogsociety

Zawgyi

မိသားစုနဲ႔အတူ ေပ်ာ္ေပ်ာ္ပါးပါး ခရီးထြက္ၾကတဲ့အခါ ပိုက္ဆံေခြၽတာႏိုင္မယ့္ နည္းလမ္းေလးေတြ

မိသားစုနဲ႔အတူထြက္တဲ့ ခရီးစဥ္တိုင္းက ဘယ္လိုမွေမ့ေဖ်ာက္မရႏိုင္တဲ့ အမွတ္တရေလးေတြပဲျဖစ္ပါတယ္။ အခုလိုမ်ိဳး အၿမဲတမ္းအမွတ္ရေနမယ့္ ခရီးစဥ္ေလးေတြကို စီစဥ္ေရးဆြဲတဲ့အခါမွာ ကိုယ့္လိုပဲ လူအမ်ားစုက ကုန္က်စရိတ္ေတြကို ေလွ်ာ့ခ်ခ်င္ၾကသူေတြခ်ည္းပါပဲ။ အခုလိုမ်ိဳး မိသားစုအတူခရီးထြက္တဲ့အခါ အတတ္ႏိုင္ဆုံး ခရီးစရိတ္ကို သက္သာေအာင္ ႀကိဳးစားခ်င္သူမ်ားအတြက္ သိထားသင့္တဲ့ နည္းလမ္းေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

Awards Program ေတြဆီကေန အခြင့္ေကာင္းယူပါ

မိသားစုခရီးထြက္ဖို႔အတြက္ ပိုက္ဆံကိုေခြၽတာခ်င္သူတိုင္း သိထားသင့္တဲ့ အခ်က္တစ္ခုကေတာ့ Reward Programs ေတြကို အက်ိဳးရွိရွိ အသုံးခ်တတ္ဖို႔ပါပဲ။ ေလေၾကာင္းလိုင္းေတြ၊ ဟိုတယ္ေတြက ေပးတတ္တဲ့ Reward Programs ေတြကို ေသခ်ာေလ့လာၿပီးေတာ့ အသုံးခ်မယ္ဆိုရင္ေတာ့ ပုံမွန္က်သင့္မယ့္စရိတ္ထက္ သက္သာသြားႏိုင္ပါလိမ့္မယ္။

သေရစာမုန႔္ေတြထည့္သြားပါ

တစ္ဦးတစ္ေယာက္တည္း ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔ ခရီးသြားတာထက္ မိသားစုဝင္ေတြနဲ႔ ခရီးအတူသြားတာက မယုံမရွိေပမယ့္လည္း သေရစာမုန႔္ေတြေၾကာင့္ ကုန္ရတဲ့စရိတ္စက က မနည္းမေနာလွပါပဲ။ ခရီးသြားရင္းနဲ႔ သေရစာစားရတာကို ႀကိဳက္တဲ့အေပၚ အျပစ္ေျပာလို႔မရေပမယ့္လည္း အပိုကုန္တာမ်ိဳးမျဖစ္ေစဖို႔အတြက္ ႀကိဳဝယ္ၿပီးေတာ့ ထည့္သြားမယ္ဆိုရင္ေတာ့ အေကာင္းဆုံးျဖစ္ႏိုင္ပါတယ္။

လက္ေဆာင္ပစၥည္းေတြအတြက္ ပိုက္ဆံသပ္သပ္ဖယ္ထားပါ

ခရီးတစ္ခုကို အမွတ္ရေစဖို႔အတြက္ သြားခဲ့တဲ့ေနရာက လက္ေဆာင္ပစၥည္းေလးေတြ ဝယ္တာက အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။ အခုလိုေျပာလို႔လည္း စိတ္တိုင္းက်တာေတြ႕သမွ် ဝယ္လို႔မျဖစ္ပါဘူး။ ခရီးမထြက္ခင္ကတည္းက လက္ေဆာင္ဝယ္ဖို႔အတြက္ တိက်တဲ့ပိုက္ဆံပမာဏကို သပ္သပ္ဖယ္ထားၿပီး ဖယ္ထားတဲ့ပမာဏရွိသေလာက္ပဲ ေလာက္ေအာင္ဝယ္ပါ။ အပိုပိုက္ဆံမထုတ္ပါနဲ႔။

မနက္စာေကြၽးတဲ့ ဟိုတယ္မွာေ႐ြးတည္းပါ

ေနာက္ထပ္ပိုက္ဆံေခြၽတာႏိုင္မယ့္ နည္းလမ္းတစ္ခုကေတာ့ မနက္စာတည္ခင္းဧည့္ခံတဲ့ ဟိုတယ္ကိုေ႐ြးခ်ယ္တတ္ဖို႔ပါပဲ။ တစ္ခ်ိဳ႕ေသာဟိုတယ္ေတြ၊ မိုတယ္ေတြက မနက္စာေကာင္းေကာင္း ေကြၽးတတ္ၾကတာေၾကာင့္ ပိုက္ဆံေခြၽတာႏိုင္႐ုံသာမက တစ္ေန႔တာကိုလည္း ေပါ့ေပါ့ပါးပါးနဲ႔ စတင္ႏိုင္မွာျဖစ္ပါတယ္။

Happy Hours ရွိတဲ့ စားေသာက္ဆိုင္ေလးေတြကို ရွာေဖြပါ

စားေသာက္ဆိုင္အမ်ားစုက ေန႔လည္ခင္းေက်ာ္သြားတဲ့အခါ ေဈးေလွ်ာ့ၿပီး ေရာင္းေလ့ရွိၾကပါတယ္။ ဒါေၾကာင့္ မိသားစုနဲ႔အတူ ခရီးသြားတဲ့အခါမွာ အခုလိုအခြင့္အေရးေကာင္းေတြကို အက်ိဳးယူတတ္ၿပီး ပိုက္ဆံေခြၽတာလိုက္ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here