မိမိလုပ်တဲ့အလုပ်အကိုင်ပေါ်မူတည်ပြီးဖြစ်ပေါ်လာတဲ့ ကောင်းကျိုးဆိုးကျိုးများ

0
55
အလုပ်အကိုင်ပေါ်မူတည်ပြီးဖြစ်ပေါ်လာတဲ့ ကောင်းကျိုးဆိုးကျိုး
အလုပ်အကိုင်ပေါ်မူတည်ပြီးဖြစ်ပေါ်လာတဲ့ ကောင်းကျိုးဆိုးကျိုး

လူတစ်ယောက်ဟာ တစ်ပတ်ကို နာရီ ၄၀ ပေါင်းအလုပ်လုပ်တဲ့အခါ လူ့သက်တမ်းရဲ့ အချိန် သုံးပုံတစ်ပုံထက်ပိုပြီး အသုံးပြုရပါတယ်။ ဒီလိုအလုပ်အချိန်တွေမှာပဲ နာရီးပေါင်းများစွာကျင်လည်နေတဲ့ ကျွန်တော့်တို့ဟာ ထိုအလုပ်မှရရှိတဲ့ အချို့အရာတွေက ကျွန်တော်တို့အတွက်ကောင်းတဲ့အချက်တွေရှိသလို မကောင်းတဲ့အချက်တွေကလည်း အများအပြားရှိပါတယ်။

၁။ စစ်မှုထမ်းအလုပ်လုပ်ကိုင်သူ

အိမ်ထောင်ဦးစီးတစ်ယောက်က စစ်မှုထမ်းအလုပ်ကိုလုပ်ကိုင်တဲ့အခါမှာ သူ့ရဲ့အလုပ်နဲ့ပတ်သက်ပြီး အိမ်မှာရှိတဲ့ မိသားစုအပေါ်မှာ အများကြီး အကျိုုးသက်ရောက်မှုများရှိပါတယ်။ အလုပ်မှာ စည်းစနစ်ကျကျနေတာများလာတော့ မိသားစုဝင်တွေကိုလည်း တင်းကျပ်တဲ့ စည်းကမ်းတွေချမတ်ပြီး တစ်သက်မှတ်ထဲအုပ်ချုပ်တတ်ပါတယ်။ ထိုအသိုင်းအဝိုင်းမှာ ကြီးပြင်းတဲ့ကလေးတွေဟာ ပြောရဆိုရလွယ်ကူပြီး ဂုဏ်သိက္ခာနဲ့ စာရိတ္တအပိုင်းမှာ ကောင်းမွန်တဲ့အားသာချက်တွေရှိပါတယ်။ ကိစ္စ/ပြဿနာတိုင်းမှာ ချစ်ခြင်းမေတ္တာကို ဘေးချထားတတ်ပြီး ဘက်မလိုက်ပဲမျှမျှတတပဲ ဆုံးဖြတ်တတ်တဲ့အကျင့်ရှိပါတယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန်နဲ့ ပိုမိုတင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ထိန်းချုပ်ရင်တော့ အဆိုးဘက်ကို ရောက်ဖို့အလားအလာများပါတယ်။ အသက်အရွယ် ပိုင်းခြား/ အခြေအနေကိစ္စရပ်ပေါ်မူတည်ပြီး စည်းကမ်းပိုင်းကို တင်းကျပ်သင့်၊ မသင့်စဉ်းစားပြီးမှ အိမ်က မိသားစုထိန်းချုပ်သင့်ပါတယ်။

၂။ ဆရာအလုပ်လုပ်ကိုင်သူ

ဆရာ/ဆရာမ အလုပ်ကို လုပ်ကိုင်တဲ့ ပရော်ဖက်ရှင်နယ်ဆရာတစ်ယောက်ဟာ ကြီးမားတဲ့အုပ်စုတစ်စုကို စီမံခန့်ခွဲ့နိုင်တဲ့ အရည်းအချင်းရှိကြပြီး မိသားစုထဲမှာ စည်းကမ်းကြီးပြီး သြဇာညောင်းသူလဲဖြစ်ကြပါတယ်။ အများအားဖြင့် မကြာခဏတွေ့ရှိရတဲ့ ဆရာဆရာမများမှာအခွင့်အာဏာရှိခြင်း၊ ရှေးရိုးစွဲခြင်း၊ ပင်ကိုယ်စကားကြောရှည်ခြင်း၊ လေးစားလိုက်နာမှုရှိခြင်း စတဲ့ အကျင့်စရိုက်များစွာပါဝင်လာပါတယ်။ ထိုအကျင့်စရိုက်တွေဟာ ကောင်းမွန်မှုရှိသလို မိမိအိမ် မိသားစုအတွက် ဆိုးမှုလည်း ဖြစ်ပေါ်နိုင်ပါတယ်။ မိမိက အကြံဉာဏ်ပေးရတာကို ကြိုက်နှစ်သက်ပြီး မိမိရဲ့ အကြံဉာဏ်ကို မလိုက်နာလျှင်လည်း အရမ်းကို ခံစားမှုဖြစ်ပေါ်ပါတယ်။ မိမ်ိရဲ့ သားသမီးတွေအပေါ်မှာလည်းသြဇာလွှမ်းမိုးမှုရှိပြီး သွန်သင်ဆုံးမမှုအမြဲရှိပါတယ်။

၃။ ရှေ့နေအလုပ်လုပ်ကိုင်သူ

ရှေ့နေများရဲ့ အလုပ်ဟာ ဖိအားအရမ်းများပြီး ကိုယ့်ကျင့်တရားအရမ်းကြီးမားတဲ့သူတွေအတွက်သာသင့်လျော်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ အလုပ်ကို စဉ်းစားဖို့အတွက် အဓိကလိုအပ်တဲ့အရာကတော့ တိတ်ဆိတ်တဲ့နေတဲ့အချိန်ပါပဲ။ အလုပ်အချိန်အတွင်းမှာအပြုံးများဝေနေပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့ တနေ့တာရဲ့ အလုပ်နဲ့ပတ်သတ်ပြီး ဒါမှမဟုတ် ရှေ့လုပ်ဆောင်ရဲ့ အလုပ်ကိစ္စ စတဲ့အမူကိစ္စ ပြဿနာများအပေါ်မှာ အမြဲလိုလိုစဉ်းစားတွေဝေနေတတ်ပါတယ်။ နေ့စဉ် ကြံုတွေနေရတဲ့ အခက်အခဲတွေပေါ်မူတည်ပြီး စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာနိုင်ပါတယ်။ များသောအားဖြင့်ရှေ့နေများရဲ့ စည်းကမ်းဟာ သူတို့ရဲ့အခြားကြီးမားတဲ့ ကိစ္စရပ်တွေနဲ့ ကျန်းမာရေးပြဿနာများကြောင့် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ရှေ့နေအလုပ်ကိုထိခိုက်ခြင်းမရှိအောင် ဖုံးကွယ်ထားတတ်ကြပါတယ်။

၄။ စာရင်းကိုင်အလုပ်လုပ်ကိုင်သူ

စာရင်းကိုင်အလုပ်ဟာ အရမ်းကို ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်ပြီး အမြဲတမ်း ကိန်းဂဏန်းတွေအပေါ်မှာပဲ အားရုံစူးစိုက်နေရတာဖြစ်ပါတယ်။ ငွေကြေးများအပေါ်မှာ စိုးရိမ်မှုဖြစ်ပေါ်တတ်ပြီ ရုံးပိတ်တဲ့ အားလပ်ရက်တွေတောင် အခြားသူတွေလို လွတ်လွတ်လပ်လပ်မနေရဘဲ စာရင်းဇယားများနဲ့အချိန်ကုန်စေပါတယ်။ မိသားစုရဲ့ ဝင်ငွေ ထွက်ငွေကို သေချာ စီစစ်နိုင်ပြီး ငွေကြေးပိုင်ဆိုင်ရာကိစ္စရပ်အားလုံးကို စနစ်တကျထိန်းသိမ်းနိုင်တဲ့အရည်အချင်းမျိုးရှိပါတယ်။ ငွေကြေးသုံးစွဲမှုအပေါ်မှာ သေချာစိစစ်မှုရှိတာကြောင့် ငွေကြေးဆိုင်ရာမှာ စည်းကမ်းအမျိုးမျိုး ထားရှိကြပါတယ်။

၅။ Freelancers အလွတ်တန်းအလုပ်လုပ်သူ

အလွတ်တန်းအလုပ်လုပ်သူတွေဟာ ကောင်းမွန်တဲ့ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းချမှတ်ထားလျှင် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဝင်ငွေမတည်မငြိမ်ဖြစ်တတ်ပြီး အခြားလူမှုရေးတွေမှာ အားနည်းချက်တွေဖြစ်ပေါ်တတ်ပါတယ်။ အလွတ်တန်းအလုပ်ဖြစ်တဲ့အတွက်ကြောင့်မိမိမှာ အလုပ်ချိန် စံသတ်မှတ်ချက်တွေဘာမှမရှိပါဘူး။ ဒါ့ကြောင့်တစ်ခါတလေမှာ ကိုယ်ပိုင်အလုပ်ချိန်သတ်မှတ်မှုမရှိတာကြောင့် ညဘက်သန်းကောင်ကျော်မှ အလုပ်ထလုပ်တာမျိုး စတဲ့ အမူအကျင့်အချို့ရှိရင်တော့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့လက္ခဏာတွေဖြစ်ပေါ်တတ်ပြီး အခြားလုပ်ငန်းကိုလည်း ပြောင်းလဲလုပ်ကိုင်ဖို့ အားနည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားအလုပ်ရဲ့စည်းမျဉ်းစည်းကမ်းနဲ့ အလုပ်အတွက် စံသတ်မှတ်ချက်တွေကို မလိုက်နာနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

၆။ ဗိသုကာ/ဒီဇိုင်နာပညာဖြင့်အလုပ်လုပ်ကိုင်သူ

ဗိသုကာ/ ဒီဇိုင်နာစတဲ့ ပညာရပ်မျိုးဖြင့်အသက်မွေးဝမ်းကျောင်းသူတွေဟာ များသောအားဖြင့် အလုပ်ထဲမှာစိတ်ဝင်စားသွားတဲ့အခါမျိုးမျာ အချိန်ကို မသိတော့ပါဘူး။ မိမိအတွက် အိပ်ချိန် နားချိန်ရယ်လို့ စဉ်းစားမှုမရှိတော့ပဲ မိမိရဲ့ အလုပ်ထဲမှာပဲ နှစ်မြောနေတတ်ပါတယ်။ ၎င်းရဲ့ အလုပ်ဟာ စိတ်ပါဝင်စားမှုအားကောင်းခြင်း နဲ့ တိတ်ဆိတ်တဲ့ အချိန်မျိုးမှာ လုပ်ကိုင်ရတာ ပိုမိုကောင်းမွန်တာကြောင့် များသောအားဖြင့် ညဘက်တွေမှာ အလုပ်လုပ်ကို လုပ်တာများပါတယ်။ မိမိရဲ့ ဖန်တီးမှုကို ဖောက်သည်များ ကျေးနပ်အားရမှုရှိအောင် ဝန်ဆောင်မှုပေးရပြီး တခါတလေမှာတော့ အခက်အခဲ အမျိုးမျိုးကြံုတွေ့ရတတ်ပါတယ်။ အခက်ခဲအမျိုးမျိုးနဲ့ ကြံုတွေ့ရတဲ့အခါမျိုးမှာ စိတ်ကျဝေဒနာကို ခံစားရဖို့ နည်းလမ်းများပါတယ်။

#Lifestyle_Myanmar

#Thar_Nage

သင်မွေးဖွားတဲ့ရာသီခွင်က ပြောပြနေတဲ့ သင့်ရဲ့ လှို့ဝှက် အကြောက်ဆုံးအရာ

Zawgyi fonts

မိမိလုပ္တဲ့အလုပ္အကိုင္ေပၚမူတည္ၿပီးျဖစ္ေပၚလာတဲ့ ေကာင္းက်ိဳးဆိုးက်ိဳးမ်ား

လူတစ္ေယာက္ဟာ တစ္ပတ္ကို နာရီ ၄၀ ေပါင္းအလုပ္လုပ္တဲ့အခါ လူ႔သက္တမ္းရဲ့ အခ်ိန္ သုံးပုံတစ္ပုံထက္ပိုၿပီး အသုံးျပဳရပါတယ္။ ဒီလိုအလုပ္အခ်ိန္ေတြမွာပဲ နာရီးေပါင္းမ်ားစြာက်င္လည္ေနတဲ့ ကၽြန္ေတာ့္တို႔ဟာ ထိုအလုပ္မွရရွိတဲ့ အခ်ိဳ႕အရာေတြက ကၽြန္ေတာ္တို႔အတြက္ေကာင္းတဲ့အခ်က္ေတြရွိသလို မေကာင္းတဲ့အခ်က္ေတြကလည္း အမ်ားအျပားရွိပါတယ္။

၁။ စစ္မွုထမ္းအလုပ္လုပ္ကိုင္သူ
အိမ္ေထာင္ဦးစီးတစ္ေယာက္က စစ္မွုထမ္းအလုပ္ကိုလုပ္ကိုင္တဲ့အခါမွာ သူ႔ရဲ့အလုပ္နဲ႔ပတ္သက္ၿပီး အိမ္မွာရွိတဲ့ မိသားစုအေပၚမွာ အမ်ားႀကီး အက်ိဳုးသက္ေရာက္မွုမ်ားရွိပါတယ္။ အလုပ္မွာ စည္းစနစ္က်က်ေနတာမ်ားလာေတာ့ မိသားစုဝင္ေတြကိုလည္း တင္းက်ပ္တဲ့ စည္းကမ္းေတြခ်မတ္ၿပီး တစ္သက္မွတ္ထဲအုပ္ခ်ဳပ္တတ္ပါတယ္။ ထိုအသိုင္းအဝိုင္းမွာ ႀကီးျပင္းတဲ့ကေလးေတြဟာ ေျပာရဆိုရလြယ္ကူၿပီး ဂုဏ္သိကၡာနဲ႔ စာရိတၱအပိုင္းမွာ ေကာင္းမြန္တဲ့အားသာခ်က္ေတြရွိပါတယ္။ ကိစၥ/ျပႆနာတိုင္းမွာ ခ်စ္ျခင္းေမတၱာကို ေဘးခ်ထားတတ္ၿပီး ဘက္မလိုက္ပဲမၽွမၽွတတပဲ ဆုံးျဖတ္တတ္တဲ့အက်င့္ရွိပါတယ္။ ဒါေပမဲ့ ျပင္းျပင္းထန္ထန္နဲ႔ ပိုမိုတင္းက်ပ္တဲ့ စည္းကမ္းေတြနဲ႔ ထိန္းခ်ဳပ္ရင္ေတာ့ အဆိုးဘက္ကို ေရာက္ဖို႔အလားအလာမ်ားပါတယ္။ အသက္အရြယ္ ပိုင္းျခား/ အေျခအေနကိစၥရပ္ေပၚမူတည္ၿပီး စည္းကမ္းပိုင္းကို တင္းက်ပ္သင့္၊ မသင့္စဥ္းစားၿပီးမွ အိမ္က မိသားစုထိန္းခ်ဳပ္သင့္ပါတယ္။

၂။ ဆရာအလုပ္လုပ္ကိုင္သူ
ဆရာ/ဆရာမ အလုပ္ကို လုပ္ကိုင္တဲ့ ပေရာ္ဖက္ရွင္နယ္ဆရာတစ္ေယာက္ဟာ ႀကီးမားတဲ့အုပ္စုတစ္စုကို စီမံခန႔္ခြဲ႕နိုင္တဲ့ အရည္းအခ်င္းရွိၾကၿပီး မိသားစုထဲမွာ စည္းကမ္းႀကီးၿပီး ၾသဇာေညာင္းသူလဲျဖစ္ၾကပါတယ္။ အမ်ားအားျဖင့္ မၾကာခဏေတြ႕ရွိရတဲ့ ဆရာဆရာမမ်ားမွာအခြင့္အာဏာရွိျခင္း၊ ေရွးရိုးစြဲျခင္း၊ ပင္ကိုယ္စကားေၾကာရွည္ျခင္း၊ ေလးစားလိုက္နာမွုရွိျခင္း စတဲ့ အက်င့္စရိုက္မ်ားစြာပါဝင္လာပါတယ္။ ထိုအက်င့္စရိုက္ေတြဟာ ေကာင္းမြန္မွုရွိသလို မိမိအိမ္ မိသားစုအတြက္ ဆိုးမွုလည္း ျဖစ္ေပၚနိုင္ပါတယ္။ မိမိက အႀကံဉာဏ္ေပးရတာကို ႀကိဳက္ႏွစ္သက္ၿပီး မိမိရဲ့ အႀကံဉာဏ္ကို မလိုက္နာလၽွင္လည္း အရမ္းကို ခံစားမွုျဖစ္ေပၚပါတယ္။ မိမ္ိရဲ့ သားသမီးေတြအေပၚမွာလည္းၾသဇာလႊမ္းမိုးမွုရွိၿပီး သြန္သင္ဆုံးမမွုအျမဲရွိပါတယ္။

၃။ ေရွ႕ေနအလုပ္လုပ္ကိုင္သူ
ေရွ႕ေနမ်ားရဲ့ အလုပ္ဟာ ဖိအားအရမ္းမ်ားၿပီး ကိုယ့္က်င့္တရားအရမ္းႀကီးမားတဲ့သူေတြအတြက္သာသင့္ေလ်ာ္တဲ့အလုပ္တစ္ခုျဖစ္ပါတယ္။ သူတို႔ရဲ့ အလုပ္ကို စဥ္းစားဖို႔အတြက္ အဓိကလိုအပ္တဲ့အရာကေတာ့ တိတ္ဆိတ္တဲ့ေနတဲ့အခ်ိန္ပါပဲ။ အလုပ္အခ်ိန္အတြင္းမွာအျပဳံးမ်ားေဝေနေပမဲ့အိမ္ျပန္ေရာက္တဲ့အခါမွာေတာ့ တေန႔တာရဲ့ အလုပ္နဲ႔ပတ္သတ္ၿပီး ဒါမွမဟုတ္ ေရွ႕လုပ္ေဆာင္ရဲ့ အလုပ္ကိစၥ စတဲ့အမူကိစၥ ျပႆနာမ်ားအေပၚမွာ အျမဲလိုလိုစဥ္းစားေတြေဝေနတတ္ပါတယ္။ ေန႔စဥ္ ႀကံဳေတြေနရတဲ့ အခက္အခဲေတြေပၚမူတည္ၿပီး စိတ္က်ေရာဂါနဲ႔ စိုးရိမ္ပူပန္မွုမ်ားျဖစ္ေပၚလာနိုင္ပါတယ္။ မ်ားေသာအားျဖင့္ေရွ႕ေနမ်ားရဲ့ စည္းကမ္းဟာ သူတို႔ရဲ့အျခားႀကီးမားတဲ့ ကိစၥရပ္ေတြနဲ႔ က်န္းမာေရးျပႆနာမ်ားေၾကာင့္ သူတို႔ရဲ့ အသက္ေမြးဝမ္းေက်ာင္းျဖစ္တဲ့ ေရွ႕ေနအလုပ္ကိုထိခိုက္ျခင္းမရွိေအာင္ ဖုံးကြယ္ထားတတ္ၾကပါတယ္။

၄။ စာရင္းကိုင္အလုပ္လုပ္ကိုင္သူ
စာရင္းကိုင္အလုပ္ဟာ အရမ္းကို ခက္ခဲတဲ့ အလုပ္တစ္ခုျဖစ္ၿပီး အျမဲတမ္း ကိန္းဂဏန္းေတြအေပၚမွာပဲ အား႐ုံစူးစိုက္ေနရတာျဖစ္ပါတယ္။ ေငြေၾကးမ်ားအေပၚမွာ စိုးရိမ္မွုျဖစ္ေပၚတတ္ၿပီ ႐ုံးပိတ္တဲ့ အားလပ္ရက္ေတြေတာင္ အျခားသူေတြလို လြတ္လြတ္လပ္လပ္မေနရဘဲ စာရင္းဇယားမ်ားနဲ႔အခ်ိန္ကုန္ေစပါတယ္။ မိသားစုရဲ့ ဝင္ေငြ ထြက္ေငြကို ေသခ်ာ စီစစ္နိုင္ၿပီး ေငြေၾကးပိုင္ဆိုင္ရာကိစၥရပ္အားလုံးကို စနစ္တက်ထိန္းသိမ္းနိုင္တဲ့အရည္အခ်င္းမ်ိဳးရွိပါတယ္။ ေငြေၾကးသုံးစြဲမွုအေပၚမွာ ေသခ်ာစိစစ္မွုရွိတာေၾကာင့္ ေငြေၾကးဆိုင္ရာမွာ စည္းကမ္းအမ်ိဳးမ်ိဳး ထားရွိၾကပါတယ္။

၅။ Freelancers အလြတ္တန္းအလုပ္လုပ္သူ
အလြတ္တန္းအလုပ္လုပ္သူေတြဟာ ေကာင္းမြန္တဲ့ကိုယ္ပိုင္စည္းမ်ဥ္းစည္းကမ္းခ်မွတ္ထားလၽွင္ ေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္လာနိုင္ပါတယ္။ ဒါေပမဲ့ ဝင္ေငြမတည္မၿငိမ္ျဖစ္တတ္ၿပီး အျခားလူမွုေရးေတြမွာ အားနည္းခ်က္ေတြျဖစ္ေပၚတတ္ပါတယ္။ အလြတ္တန္းအလုပ္ျဖစ္တဲ့အတြက္ေၾကာင့္မိမိမွာ အလုပ္ခ်ိန္ စံသတ္မွတ္ခ်က္ေတြဘာမွမရွိပါဘူး။ ဒါ့ေၾကာင့္တစ္ခါတေလမွာ ကိုယ္ပိုင္အလုပ္ခ်ိန္သတ္မွတ္မွုမရွိတာေၾကာင့္ ညဘက္သန္းေကာင္ေက်ာ္မွ အလုပ္ထလုပ္တာမ်ိဳး စတဲ့ အမူအက်င့္အခ်ိဳ႕ရွိရင္ေတာ့ က်န္းမာေရးနဲ႔ မညီညႊတ္တဲ့လကၡဏာေတြျဖစ္ေပၚတတ္ၿပီး အျခားလုပ္ငန္းကိုလည္း ေျပာင္းလဲလုပ္ကိုင္ဖို႔ အားနည္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အျခားအလုပ္ရဲ့စည္းမ်ဥ္းစည္းကမ္းနဲ႔ အလုပ္အတြက္ စံသတ္မွတ္ခ်က္ေတြကို မလိုက္နာနိုင္တဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။

၆။ ဗိသုကာ/ဒီဇိုင္နာပညာျဖင့္အလုပ္လုပ္ကိုင္သူ
ဗိသုကာ/ ဒီဇိုင္နာစတဲ့ ပညာရပ္မ်ိဳးျဖင့္အသက္ေမြးဝမ္းေက်ာင္းသူေတြဟာ မ်ားေသာအားျဖင့္ အလုပ္ထဲမွာစိတ္ဝင္စားသြားတဲ့အခါမ်ိဳးမ်ာ အခ်ိန္ကို မသိေတာ့ပါဘူး။ မိမိအတြက္ အိပ္ခ်ိန္ နားခ်ိန္ရယ္လို႔ စဥ္းစားမွုမရွိေတာ့ပဲ မိမိရဲ့ အလုပ္ထဲမွာပဲ ႏွစ္ေျမာေနတတ္ပါတယ္။ ၎ရဲ့ အလုပ္ဟာ စိတ္ပါဝင္စားမွုအားေကာင္းျခင္း နဲ႔ တိတ္ဆိတ္တဲ့ အခ်ိန္မ်ိဳးမွာ လုပ္ကိုင္ရတာ ပိုမိုေကာင္းမြန္တာေၾကာင့္ မ်ားေသာအားျဖင့္ ညဘက္ေတြမွာ အလုပ္လုပ္ကို လုပ္တာမ်ားပါတယ္။ မိမိရဲ့ ဖန္တီးမွုကို ေဖာက္သည္မ်ား ေက်းနပ္အားရမွုရွိေအာင္ ဝန္ေဆာင္မွုေပးရၿပီး တခါတေလမွာေတာ့ အခက္အခဲ အမ်ိဳးမ်ိဳးႀကံဳေတြ႕ရတတ္ပါတယ္။ အခက္ခဲအမ်ိဳးမ်ိဳးနဲ႔ ႀကံဳေတြ႕ရတဲ့အခါမ်ိဳးမွာ စိတ္က်ေဝဒနာကို ခံစားရဖို႔ နည္းလမ္းမ်ားပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here