မိဘေတြရဲ႕စြန္႔ပစ္ျခင္းခံရေပမဲ့ ဘဝကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ အသက္ရွင္ခြင့္ရခဲ့တဲ့ ကေလးငယ္

0
3218
စြန္႔ပစ္ကေလးငယ္
စြန္႔ပစ္ကေလးငယ္

ေလာကႀကီးမွာ ရွင္သန္ဖို႔ ကံၾကမၼာက ဖန္တီးလိုက္ေပမ့ဲ ရွင္သန္ခြင့္မရ၊ လူျဖစ္ခြင့္မရတဲ့သူေတြ ေန႔စဥ္နဲ႔ အမွ်ႀကံဳေတြ႕ေနရပါတယ္။ လူငယ္သဘာဝ ခ်စ္ႀကိဳက္ၿပီးမွ ျဖစ္ေပၚလာတဲ့ အက်ိဳးဆက္တာဝန္ကို ပခုံးမထမ္းခ်င္ၾကပဲ ေခါင္းေရွာင္တဲ့သူေတြေၾကာင့္ယေန႔ေလာကမွာ မိဘမဲ့ဆိုတဲ့ အမည္နဲ႔ ကေလးေတြ ထုနဲ႔ထည္ေပၚေပါက္ေနခဲ့တာပဲျဖစ္ပါတယ္။ ကိုယ္က်ိဳးတစ္ခုထဲအတြက္ ဒီျပႆနာကလႊတ္ရင္ၿပီးေရာဆိုၿပီး ကိုယ့္ကေလးကို ကိုယ္ စြန္႔ပစ္လိုက္ေပမဲ့ စြန္႔ပစ္ခံရတဲ့ကေလးအတြက္ကေတာ့ ရင္ေလးစရာပါပဲ။ ကံေကာင္းေထာက္မလို႔ သူေတာ္ေကာင္းနဲ႔ ေတြ႕ခ်င္ေတြ႕ေပမဲ့ ကံမေကာင္းတဲ့ကေလးက်ေတာ့ အပစ္မဲ့ ေသဆုံးရပါတယ္။

မၾကာေသးမီက ေမြးကင္းစ ကေလးငယ္တစ္ဦးကို စကၠဴပုံးထဲထည့္ၿပီး စြန္႔ပစ္ခဲ့လို႔ ဘုန္ႀကီးတစ္ပါးကေခၚယူေမြးစားခဲ့ရတယ္ဆိုတဲ့အေၾကာင္းတင္ထားတဲ့ ပို႔စ္တစ္ပို႔စ္ဟာ facebook မွာ ျပန္႔ႏွံ႔ခဲ့ပါတယ္။ အခ်ိဳ႕ေသာသူေတြက ဘုန္းႀကီးနဲ႔ ေတြ႕ခဲ့လို႔ ကံေကာင္းပါတယ္၊ ဝမ္းသာပီတိျဖစ္မိပါတယ္ ဆိုက်ေပမဲ့ အခ်ိဳ႕သူေတြကေတာ့ စြန္႔ပစ္သြားတဲ့ မိဘေတြကို တာဝန္ယူစိတ္မရွိလို႔ ျပစ္တင္ေဝဖန္မႈေပါင္းစုံ မွတ္ခ်က္ေတြေပးၾကပါတယ္။ ဒါေပမဲ့အခုဆိုရင္ ဒီကေလးေလးရဲ႕ ဘဝဟာ ၿငိမ္းခ်မ္းသေလာက္ရွိေနပါၿပီ။ ဘုန္းႀကီးတစ္ပါးရဲ႕ေမြးစားခ်င္းကို ခံရတာေၾကာင့္ ယခုဆိုရင္ ဘုရားရဲ႕ သားေတာ္အျဖစ္ သကၤန္စည္းခြင့္ရခဲ့ၿပီး က်န္းက်န္းမာမာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ရွင္သန္ႀကီးထြားလာတာကိုျမင္ေတြ႕ေနရလို႔ပဲျဖစ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

သင့္ရဲ႕တစ္ႏွစ္ေအာက္ ေဘဘီေလးကို မေကၽြးသင့္ေသးတဲ့ အစားအစာ (၁၀)မ်ိဳး

Unicode

မိဘတွေရဲ့စွန့်ပစ်ခြင်းခံရပေမဲ့ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသက်ရှင်ခွင့်ရခဲ့တဲ့ ကလေးငယ်
လောကကြီးမှာ ရှင်သန်ဖို့ ကံကြမ္မာက ဖန်တီးလိုက်ပေမဲ့ ရှင်သန်ခွင့်မရ၊ လူဖြစ်ခွင့်မရတဲ့သူတွေ နေ့စဉ်နဲ့ အမျှကြုံတွေ့နေရပါတယ်။ လူငယ်သဘာဝ ချစ်ကြိုက်ပြီးမှ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တာဝန်ကို ပခုံးမထမ်းချင်ကြပဲ ခေါင်းရှောင်တဲ့သူတွေကြောင့်ယနေ့လောကမှာ မိဘမဲ့ဆိုတဲ့ အမည်နဲ့ ကလေးတွေ ထုနဲ့ထည်ပေါ်ပေါက်နေခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်ကျိုးတစ်ခုထဲအတွက် ဒီပြဿနာကလွှတ်ရင်ပြီးရောဆိုပြီး ကိုယ့်ကလေးကို ကိုယ် စွန့်ပစ်လိုက်ပေမဲ့ စွန့်ပစ်ခံရတဲ့ကလေးအတွက်ကတော့ ရင်လေးစရာပါပဲ။ ကံကောင်းထောက်မလို့ သူတော်ကောင်းနဲ့ တွေ့ချင်တွေ့ပေမဲ့ ကံမကောင်းတဲ့ကလေးကျတော့ အပစ်မဲ့ သေဆုံးရပါတယ်။

မကြာသေးမီက မွေးကင်းစ ကလေးငယ်တစ်ဦးကို စက္ကူပုံးထဲထည့်ပြီး စွန့်ပစ်ခဲ့လို့ ဘုန်ကြီးတစ်ပါးကခေါ်ယူမွေးစားခဲ့ရတယ်ဆိုတဲ့အကြောင်းတင်ထားတဲ့ ပို့စ်တစ်ပို့စ်ဟာ facebook မှာ ပြန့်နှံ့ခဲ့ပါတယ်။ အချို့သောသူတွေက ဘုန်းကြီးနဲ့ တွေ့ခဲ့လို့ ကံကောင်းပါတယ်၊ ဝမ်းသာပီတိဖြစ်မိပါတယ် ဆိုကျပေမဲ့ အချို့သူတွေကတော့ စွန့်ပစ်သွားတဲ့ မိဘတွေကို တာဝန်ယူစိတ်မရှိလို့ ပြစ်တင်ဝေဖန်မှုပေါင်းစုံ မှတ်ချက်တွေပေးကြပါတယ်။ ဒါပေမဲ့အခုဆိုရင် ဒီကလေးလေးရဲ့ ဘဝဟာ ငြိမ်းချမ်းသလောက်ရှိနေပါပြီ။ ဘုန်းကြီးတစ်ပါးရဲ့မွေးစားချင်းကို ခံရတာကြောင့် ယခုဆိုရင် ဘုရားရဲ့ သားတော်အဖြစ် သင်္ကန်စည်းခွင့်ရခဲ့ပြီး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးထွားလာတာကိုမြင်တွေ့နေရလို့ပဲဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here