မိဘအနေနဲ့ ကိုယ့်သားသမီးလေးတွေကို လုံးဝမပြောသင့်တဲ့ စကားလုံးများ

0
686

မိဘတစ်ယောက်ရယ်လို့ ဖြစ်လာပြီဆိုရင် တာဝန်ဝတ္တရားဆိုတာ ဘက်ပေါင်းစုံကနေ ရှိလာပြီးတော့ အထူးသဖြင့် သားသမီးကိုပြုစုပျိုးထောင်ရာမှာ အသုံးပြုရမယ့် စကားလုံးရွေးချယ်မှုပါပဲ။ စိတ်ထဲကမရှိဘဲနဲ့ပဲဖြစ်ဖြစ်၊ သိသိကြီးနဲ့ပဲဖြစ်ဖြစ် မတော်တဆ ပြောလိုက်မိတဲ့ စကားလုံးတွေက ကလေးတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ပေါ်အမြင်အပေါ်မှာ ပြောင်းလဲသွားစေနိုင်သလို၊ နောက်တစ်မျိုးအနေနဲ့ ဆိုးရွားတဲ့အကျင့်စရိုက်တွေကို တတ်သွားနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်သားသမီးလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအပေါ်မှာ ဆိုးရွားတဲ့သက်ရောက်မှုမရှိစေဖို့နဲ့ ပိုမိုလိမ္မာယဥ်ကျေးတဲ့ ကလေးငယ်လေးတွေဖြစ်စေဖို့ မပြောသင့်တဲ့ စကားလုံးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁။ လူကြီးတွေစကားနားထောင်ရမယ်

ဒီလိုကြားလိုက်ခြင်းအားဖြင့် ကလေးငယ်တစ်ယောက်ရဲ့စိတ်ထဲမှာ လူကြီးတွေအားလုံးက တော်ကြတတ်ကြီးပြီး လူကောင်းတွေဖြစ်လို့ ငါသူတို့ပြောစကားနားထောင်ရမယ်လို့ တွေးလိုက်နိုင်ပါတယ်။ သူစိမ်းတွေအပါအဝင် လူကြီးတွေအားလုံးပေါ်မှာ ကလေးငယ်တစ်ယောက်က စပြီးယုံကြည်လာမှာဖြစ်တဲ့အတွက်ကြောင့် ဒီလိုစကားပြောမျိုးဟာ အင်မတန်အန္တရာယ်ရှိပါတယ်။

ဒါကြောင့် အခုလိုပြောမယ့်အစား မိဘတွေပြောစကားကို နားထောင်ရမယ်လို့ ပြောင်းလဲပြောဆိုလိုက်ပါ။ သူစိမ်းတွေအပေါ်မှာ ယုံကြည်မယ့်အစား စဥ်းစားတွေးခေါ်နိုင်စွမ်းရည်ကို တိုးတက်စေရာရောက်ပါတယ်။

၂။ မငိုနဲ့တော့။

မိဘဆီကနေ ဒီလိုစကားမျိုးကြားလိုက်တဲ့အခါ ကလေးငယ်တစ်ယောက်ရဲ့စိတ်ထဲမှာ ခံစားချက်တွေကိုပြသတာက မကောင်းဘူး။ ငါငိုရင် ငိုလို့ဆိုပြီး အဆူခံရလိမ့်မယ် ဆိုပြီးတော့ တွေးမိရာကနေ ခံစားချက်ကင်းမဲ့တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာနိုင်ပါတယ်။

ပြန်ပြောင်းပြောရမယ့်စကားကတော့ “ဘာလို့ငိုနေတာလဲ” “ဘာက သား/သမီးကို စိတ်ညစ်စေတာလဲ” လို့ ချော့မော့မေးလိုက်ပါ။ အကယ်လို့ ကလေးက ချော်လဲလို့ ဒဏ်ရာရသွားချိန်မှာ “နာလို့ငိုနေတာလား ဒါမှမဟုတ် ကြောက်လို့ငိုနေတာလား” ဆိုပြီးတော့ မေးလိုက်ခြင်းအားဖြင့် ကလေးငယ်ရဲ့စိတ်ခံစားချက်ကို ဖွင့်လှစ်ပေးရာရောက်ပါတယ်။

၃။ လောဘမကြီးနဲ့

ဒီစကားကို ကြားလိုက်ရတဲ့ ကလေးငယ်ဟာ “အရာအားလုံးကို မျှပြီးသုံးရမယ်။ ငါပိုင်တာဆိုလို့ ဘာမှမရှိဘူး” ဆိုပြီး တွေးမိနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီလိုအတွေးတွေဟာ ကိုယ်ပိုင်သမျှ အရာအားလုံးကို ကိုယ်နဲ့မထိုက်တန်ဘူးလို့တွေးပြီး စွန့်လွှတ်အနစ်နာခံတတ်တဲ့ အကျင့်ကို ဖွံ့ဖြိုးလာစေနိုင်ပါတယ်။

ဒီအစား “သားရေ၊ သမီးရေ၊ သူငယ်ချင်းကို သားရဲ့အရုပ်လေး ခဏလောက် ပေးဆော့လိုက်လို့ရမလား” “ခဏလောက် အရုပ်လေးလဲဆော့ကြမလား” လို့ ပြောလိုက်ပြီး သူတို့ရဲ့ပစ္စည်းတွေကို သူတို့ကိုယ်တိုင် ကိုင်တွယ်စီမံနိုင်မယ့် အခွင့်အရေးကို ပေးရာရောက်ပါတယ်။

၄။ ကြည့်စမ်း၊ ဟိုကလေးနဲ့များ တခြားစီပဲ

“ငါက တခြားလူတွေလောက် အသုံးကိုမကျဘူး။ ဒါကြောင့် ဘာကိုပဲကြိုးစား ကြိုးစား အရာထင်မှာမဟုတ်ဘူး၊ အလုပ်ဖြစ်မှာမဟုတ်ဘူး” လို့ ကလေးရဲ့စိတ်ထဲမှာ တွေးထင်နိုင်တာကြောင့် တခြားကလေးတွေနဲ့ နှိုင်းယှဥ်ခြင်းကို ရှောင်ကြဥ်ပါ။

“သားလည်း ဒီလိုလုပ်နိုင်ပါတယ်” လို့ပြောပြီးတော့ သင့်ကလေးရဲ့အရည်အသွေးတွေကို ထောက်ပြပါ။ သူ့အပေါ်မှာ ကိုယ်ယုံကြည်တယ်ဆိုတဲ့အကြောင်းပြသပါ။

၅။ အိမ်ရောက်မှတွေ့မယ်။

အခုလိုစကားကို ကြားလိုက်တဲ့ ကလေးဆီမှာ “ငါ့မိဘတွေ ငါ့ကိုရိုက်တော့မယ်။ ငါ့ကိုမုန်းသွားပြီ။ အိမ်မပြန်ချင်တော့ဘူး” ဆိုတဲ့ အတွေးတွေဝင်သွားနိုင်ပါတယ်။ ချစ်တဲ့မိဘတွေနဲ့ မတူတော့ဘဲ ခြိမ်းခြောက်တဲ့မိဘနဲ့တူလာတာကြောင့် အိမ်ဆိုတဲ့နေရာကလည်း နေချင်စရာမဟုတ်တော့ဘဲ အပြစ်ပေးခံရမယ့် နေရာတစ်ခုလို ဖြစ်သွားနိုင်ပါတယ်။

“မေမေဘာမကြိုက်ဘူးလဲဆိုတာကို ပြောပြမယ်နော်” ဆိုပြီးတော့ ကိုယ့်အမြင်ကို ပြောပြခြင်းက နောက်ပိုင်းတွေမှာ ပြုလုပ်မယ့်ကိစ္စတွေကျရင် ကိုယ့်ရဲ့ခံစားချက်နဲ့ပတ်သက်လို့ သားသမီးက သေချာစဥ်းစားပြီးမှ ပြုလုပ်တော့မှာဖြစ်ပါတယ်။

Lifestyle_Myanmar

Thinzar

Ref;brightside

Zawgyi

မိဘအေနနဲ႔ ကိုယ့္သားသမီးေလးေတြကို လုံးဝမေျပာသင့္တဲ့ စကားလုံးမ်ား

မိဘတစ္ေယာက္ရယ္လို႔ ျဖစ္လာၿပီဆိုရင္ တာဝန္ဝတၱရားဆိုတာ ဘက္ေပါင္းစုံကေန ရွိလာၿပီးေတာ့ အထူးသျဖင့္ သားသမီးကိုျပဳစုပ်ိဳးေထာင္ရာမွာ အသုံးျပဳရမယ့္ စကားလုံးေ႐ြးခ်ယ္မႈပါပဲ။ စိတ္ထဲကမရွိဘဲနဲ႔ပဲျဖစ္ျဖစ္၊ သိသိႀကီးနဲ႔ပဲျဖစ္ျဖစ္ မေတာ္တဆ ေျပာလိုက္မိတဲ့ စကားလုံးေတြက ကေလးတစ္ေယာက္ရဲ႕ ပတ္ဝန္းက်င္ေပၚအျမင္အေပၚမွာ ေျပာင္းလဲသြားေစႏိုင္သလို၊ ေနာက္တစ္မ်ိဳးအေနနဲ႔ ဆိုး႐ြားတဲ့အက်င့္စ႐ိုက္ေတြကို တတ္သြားႏိုင္ပါတယ္။

ဒါေၾကာင့္ ကိုယ့္သားသမီးေလးေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးမႈအေပၚမွာ ဆိုး႐ြားတဲ့သက္ေရာက္မႈမရွိေစဖို႔နဲ႔ ပိုမိုလိမၼာယဥ္ေက်းတဲ့ ကေလးငယ္ေလးေတြျဖစ္ေစဖို႔ မေျပာသင့္တဲ့ စကားလုံးေတြကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။

၁။ လူႀကီးေတြစကားနားေထာင္ရမယ္။

ဒီလိုၾကားလိုက္ျခင္းအားျဖင့္ ကေလးငယ္တစ္ေယာက္ရဲ႕စိတ္ထဲမွာ လူႀကီးေတြအားလုံးက ေတာ္ၾကတတ္ႀကီးၿပီး လူေကာင္းေတြျဖစ္လို႔ ငါသူတို႔ေျပာစကားနားေထာင္ရမယ္လို႔ ေတြးလိုက္ႏိုင္ပါတယ္။ သူစိမ္းေတြအပါအဝင္ လူႀကီးေတြအားလုံးေပၚမွာ ကေလးငယ္တစ္ေယာက္က စၿပီးယုံၾကည္လာမွာျဖစ္တဲ့အတြက္ေၾကာင့္ ဒီလိုစကားေျပာမ်ိဳးဟာ အင္မတန္အႏၲရာယ္ရွိပါတယ္။

ဒါေၾကာင့္ အခုလိုေျပာမယ့္အစား မိဘေတြေျပာစကားကို နားေထာင္ရမယ္လို႔ ေျပာင္းလဲေျပာဆိုလိုက္ပါ။ သူစိမ္းေတြအေပၚမွာ ယုံၾကည္မယ့္အစား စဥ္းစားေတြးေခၚႏိုင္စြမ္းရည္ကို တိုးတက္ေစရာေရာက္ပါတယ္။

၂။ မငိုနဲ႔ေတာ့။

မိဘဆီကေန ဒီလိုစကားမ်ိဳးၾကားလိုက္တဲ့အခါ ကေလးငယ္တစ္ေယာက္ရဲ႕စိတ္ထဲမွာ ခံစားခ်က္ေတြကိုျပသတာက မေကာင္းဘူး။ ငါငိုရင္ ငိုလို႔ဆိုၿပီး အဆူခံရလိမ့္မယ္ ဆိုၿပီးေတာ့ ေတြးမိရာကေန ခံစားခ်က္ကင္းမဲ့တဲ့ ကေလးတစ္ေယာက္အျဖစ္ ႀကီးျပင္းလာႏိုင္ပါတယ္။

ျပန္ေျပာင္းေျပာရမယ့္စကားကေတာ့ “ဘာလို႔ငိုေနတာလဲ” “ဘာက သား/သမီးကို စိတ္ညစ္ေစတာလဲ” လို႔ ေခ်ာ့ေမာ့ေမးလိုက္ပါ။ အကယ္လို႔ ကေလးက ေခ်ာ္လဲလို႔ ဒဏ္ရာရသြားခ်ိန္မွာ “နာလို႔ငိုေနတာလား ဒါမွမဟုတ္ ေၾကာက္လို႔ငိုေနတာလား” ဆိုၿပီးေတာ့ ေမးလိုက္ျခင္းအားျဖင့္ ကေလးငယ္ရဲ႕စိတ္ခံစားခ်က္ကို ဖြင့္လွစ္ေပးရာေရာက္ပါတယ္။

၃။ ေလာဘမႀကီးနဲ႔။

ဒီစကားကို ၾကားလိုက္ရတဲ့ ကေလးငယ္ဟာ “အရာအားလုံးကို မွ်ၿပီးသုံးရမယ္။ ငါပိုင္တာဆိုလို႔ ဘာမွမရွိဘူး” ဆိုၿပီး ေတြးမိႏိုင္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် ဒီလိုအေတြးေတြဟာ ကိုယ္ပိုင္သမွ် အရာအားလုံးကို ကိုယ္နဲ႔မထိုက္တန္ဘူးလို႔ေတြးၿပီး စြန႔္လႊတ္အနစ္နာခံတတ္တဲ့ အက်င့္ကို ဖြံ႕ၿဖိဳးလာေစႏိုင္ပါတယ္။

ဒီအစား “သားေရ၊ သမီးေရ၊ သူငယ္ခ်င္းကို သားရဲ႕အ႐ုပ္ေလး ခဏေလာက္ ေပးေဆာ့လိုက္လို႔ရမလား” “ခဏေလာက္ အ႐ုပ္ေလးလဲေဆာ့ၾကမလား” လို႔ ေျပာလိုက္ၿပီး သူတို႔ရဲ႕ပစၥည္းေတြကို သူတို႔ကိုယ္တိုင္ ကိုင္တြယ္စီမံႏိုင္မယ့္ အခြင့္အေရးကို ေပးရာေရာက္ပါတယ္။

၄။ ၾကည့္စမ္း၊ ဟိုကေလးနဲ႔မ်ား တျခားစီပဲ။

“ငါက တျခားလူေတြေလာက္ အသုံးကိုမက်ဘူး။ ဒါေၾကာင့္ ဘာကိုပဲႀကိဳးစား ႀကိဳးစား အရာထင္မွာမဟုတ္ဘူး၊ အလုပ္ျဖစ္မွာမဟုတ္ဘူး” လို႔ ကေလးရဲ႕စိတ္ထဲမွာ ေတြးထင္ႏိုင္တာေၾကာင့္ တျခားကေလးေတြနဲ႔ ႏႈိင္းယွဥ္ျခင္းကို ေရွာင္ၾကဥ္ပါ။

“သားလည္း ဒီလိုလုပ္ႏိုင္ပါတယ္” လို႔ေျပာၿပီးေတာ့ သင့္ကေလးရဲ႕အရည္အေသြးေတြကို ေထာက္ျပပါ။ သူ႔အေပၚမွာ ကိုယ္ယုံၾကည္တယ္ဆိုတဲ့အေၾကာင္းျပသပါ။

၅။ အိမ္ေရာက္မွေတြ႕မယ္။

အခုလိုစကားကို ၾကားလိုက္တဲ့ ကေလးဆီမွာ “ငါ့မိဘေတြ ငါ့ကို႐ိုက္ေတာ့မယ္။ ငါ့ကိုမုန္းသြားၿပီ။ အိမ္မျပန္ခ်င္ေတာ့ဘူး” ဆိုတဲ့ အေတြးေတြဝင္သြားႏိုင္ပါတယ္။ ခ်စ္တဲ့မိဘေတြနဲ႔ မတူေတာ့ဘဲ ၿခိမ္းေျခာက္တဲ့မိဘနဲ႔တူလာတာေၾကာင့္ အိမ္ဆိုတဲ့ေနရာကလည္း ေနခ်င္စရာမဟုတ္ေတာ့ဘဲ အျပစ္ေပးခံရမယ့္ ေနရာတစ္ခုလို ျဖစ္သြားႏိုင္ပါတယ္။

“ေမေမဘာမႀကိဳက္ဘူးလဲဆိုတာကို ေျပာျပမယ္ေနာ္” ဆိုၿပီးေတာ့ ကိုယ့္အျမင္ကို ေျပာျပျခင္းက ေနာက္ပိုင္းေတြမွာ ျပဳလုပ္မယ့္ကိစၥေတြက်ရင္ ကိုယ့္ရဲ႕ခံစားခ်က္နဲ႔ပတ္သက္လို႔ သားသမီးက ေသခ်ာစဥ္းစားၿပီးမွ ျပဳလုပ္ေတာ့မွာျဖစ္ပါတယ္။

Lifestyle_Myanmar

Thinzar

Ref;brightside

LEAVE A REPLY

Please enter your comment!
Please enter your name here