မိဘနဲ့သားသမီးကြားက ဆက်ဆံရေးကို ပိုပြီးတည်တံ့ခိုင်မြဲစေနိုင်မယ့် နည်းလမ်း (၅) သွယ်

0
660

မိဘအုပ်ထိန်းမှုဆိုတာဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးအလုပ်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မွေးမေမေနဲ့ ကျွေးဖေဖေနှစ်ဦးစလုံးဟာ သားသမီးတွေကို လမ်းကြောင်းမှန်ပေါ်ရောက်စေဖို့အတွက် သူတို့ရဲ့အချိန်အများစုကို အမှားပြင်ခြင်း၊ ဆူငေါက်ခြင်း၊ အော်ဟစ်ခြင်း၊ သတိပေးခြင်း၊ ဝေဖန်ခြင်းနှင့် နားပူနာဆာလုပ်ခြင်းတို့အပေါ်မှာ ကုန်ဆုံးလေ့ရှိတတ်ကြပါတယ်။ အခုလိုအချက်တွေက ဘယ်လောက်ပဲ ကောင်းစေချင်လို့ ပြောတယ်ဆိုပေမယ့်လည်း အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုဖြစ်တဲ့အတွက် တစ်ဖက်ကနေလည်း အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်လေးတွေ ပြန်ပေါင်းထည့်ပြီး ဟန်ချက်ညီအောင် လုပ်ပေးဖို့က အင်မတန်အရေးကြီးပါတယ်။

-Advertisement-

ကိုယ့်အသက်လောက် ချစ်ရတဲ့သားငယ်၊ သမီးငယ်နဲ့ကြားက ဆက်ဆံရေးကို ပိုပြီးခိုင်မြဲစေဖို့အတွက် မိဘတွေအနေနဲ့ နေ့စဥ်လုပ်ပေးရမယ့် အလေ့အထလေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

များများပွေ့ဖက်ပေးပါ

ပွေ့ဖက်တယ်ဆိုတာဟာ ချစ်ခြင်းမေတ္တာရဲ့ခံစားချက်ကို အကောင်းဆုံးဖော်ကျူးနိုင်ပြီး သားသမီးတွေအပေါ် လုံခြုံမှုကို ပြသရာရောက်တဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ မနက်မိုးလင်အိပ်ယာထတဲ့အခါ၊ အပြင်သွားဖို့အတွက် နှုတ်ဆက်တဲ့အခါ၊ အိမ်ပြန်လာတဲ့အခါ မျက်လုံးချင်းဆုံပြီး အပြုံးလေးတွေနဲ့ ထွေးပွေ့ပေးခြင်းကတော့ အကောင်းဆုံးပါပဲ။

ပြုံးရယ်၊ ဆော့ကစားပါ

ကလေးငယ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားခြင်းက နှစ်ဦးစလုံးအတွင်းမှာ Endorphins နှင့် Oxytacin တို့ကို လှုံ့ဆော်ပေးရာရောက်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုကို ပြေလျော့စေကာ မိဘနဲ့သားသမီးကြား ပိုပြီးဆက်နွယ်မှုရှိစေပါတယ်။ မနက်စာလာစားဖို့ အော်ကြီးဟစ်ကျယ်နဲ့ပြောမယ့်အစား သူကြိုက်တဲ့ကာတွန်းဇာတ်ကောင်လေးတွေကို နာမည်တပ်ပြီး ခေါ်လိုက်ပါ။

နှစ်ဦးသားစကားပြောဆိုချိန်မှာ စက်ပစ္စည်းတွေဖယ်ထားပါ

ကိုယ်ကလူတစ်ယောက်နဲ့ စကားပြောနေချိန်မှာ ကိုယ်ပြောတာအာရုံမစိုက်ဘဲ ဖုန်းထိုင်သုံးနေရင် ကြိုက်ပါသလား။ သေချာတာကတော့ လုံးဝကြိုက်မှာမဟုတ်ပါဘူး။ မိဘနဲ့သားသမီးကြားမှာလည်း အတူတူပါပဲ။ ကိုယ့်ကလေးနဲ့ စကားပြော၊ ဆော့ကစားနေချိန်မှာ အာရုံထွေပြားစေမယ့် စက်ပစ္စည်းတွေကို ဘေးဖယ်ထားပြီး သားသမီးကိုလည်း တပုံစံတည်းလုပ်တတ်အောင် သင်ပေးပါ။

သူပြောတာနားထောင်ပြီး အတူမျှဝေခံစားကြည့်ပါ

လူတစ်ယောက်စကားပြောတာကို နောက်လူတစ်ယောက်က နားထောင်ပေးရာကနေစပြီးတော့ ဆက်သွယ်မှုဆိုတာက ဖြစ်တည်လာတာပါ။ ကလေးရဲ့ရှုထောင့်ကနေပြီး ပြဿနာကို နားလည်တတ်အောင်ကြိုးစားမယ်ဆိုရင် သူတို့ရဲ့အပြုအမူနောက်ကွယ်မှာ အကြောင်းအရင်းရှိနေတယ်ဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။ ကိုယ့်သားသမီးက ရန်သူမဟုတ်တဲ့အတွက် သူတို့လေးတွေပြောစကားကို နားထောင်ပေးရမှာက မိဘတာဝန်ဝတ္တရားပဲဖြစ်ပါတယ်။

အိပ်ခါနီးမှာ စကားလက်ဆုံပြောပါ

ကလေးငယ်တွေဟာ တစ်နေ့လုံး သူတို့ကြုံတွေ့ခဲ့ရသမျှကို မိဘတွေဆီ ပြန်ပြီးပြောပြ၊ ဝေမျှပေးချင်တတ်ကြပါတယ်။ ဒါကြောင့် ဘယ်လိုအရာတွေက ဘာကိုဆိုလိုတာလဲဆိုတာ သိအောင်အချိန်ယူပြီး သူတို့နားမလည်တာရှိရင် မေးခွန်းလေးတွေမေးပေးပါ။ ညအိပ်ရာမဝင်ခင် အိပ်ရာထဲမှာ စကားလက်ဆုံပြောကြခြင်းက အကောင်းဆုံးအချိန်နဲ့နေရာပဲဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-feedfond

Zawgyi

မိဘနဲ႔သားသမီးၾကားက ဆက္ဆံေရးကို ပိုၿပီးတည္တံ့ခိုင္ၿမဲေစႏိုင္မယ့္ နည္းလမ္း (၅) သြယ္

မိဘအုပ္ထိန္းမႈဆိုတာဟာ ကမာၻေပၚမွာ အခက္ခဲဆုံးအလုပ္ေတြထဲက တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ေမြးေမေမနဲ႔ ေကြၽးေဖေဖႏွစ္ဦးစလုံးဟာ သားသမီးေတြကို လမ္းေၾကာင္းမွန္ေပၚေရာက္ေစဖို႔အတြက္ သူတို႔ရဲ႕အခ်ိန္အမ်ားစုကို အမွားျပင္ျခင္း၊ ဆူေငါက္ျခင္း၊ ေအာ္ဟစ္ျခင္း၊ သတိေပးျခင္း၊ ေဝဖန္ျခင္းႏွင့္ နားပူနာဆာလုပ္ျခင္းတို႔အေပၚမွာ ကုန္ဆုံးေလ့ရွိတတ္ၾကပါတယ္။ အခုလိုအခ်က္ေတြက ဘယ္ေလာက္ပဲ ေကာင္းေစခ်င္လို႔ ေျပာတယ္ဆိုေပမယ့္လည္း အပ်က္သေဘာေဆာင္တဲ့ တုံ႔ျပန္မႈျဖစ္တဲ့အတြက္ တစ္ဖက္ကေနလည္း အျပဳသေဘာေဆာင္တဲ့ တုံ႔ျပန္ခ်က္ေလးေတြ ျပန္ေပါင္းထည့္ၿပီး ဟန္ခ်က္ညီေအာင္ လုပ္ေပးဖို႔က အင္မတန္အေရးႀကီးပါတယ္။

ကိုယ့္အသက္ေလာက္ ခ်စ္ရတဲ့သားငယ္၊ သမီးငယ္နဲ႔ၾကားက ဆက္ဆံေရးကို ပိုၿပီးခိုင္ၿမဲေစဖို႔အတြက္ မိဘေတြအေနနဲ႔ ေန႔စဥ္လုပ္ေပးရမယ့္ အေလ့အထေလးေတြကေတာ့ ေအာက္ပါအတိုင္းပဲျဖစ္ပါတယ္။

မ်ားမ်ားေပြ႕ဖက္ေပးပါ

ေပြ႕ဖက္တယ္ဆိုတာဟာ ခ်စ္ျခင္းေမတၱာရဲ႕ခံစားခ်က္ကို အေကာင္းဆုံးေဖာ္က်ဴးႏိုင္ၿပီး သားသမီးေတြအေပၚ လုံၿခဳံမႈကို ျပသရာေရာက္တဲ့ အျပဳအမူတစ္ခုျဖစ္ပါတယ္။ မနက္မိုးလင္အိပ္ယာထတဲ့အခါ၊ အျပင္သြားဖို႔အတြက္ ႏႈတ္ဆက္တဲ့အခါ၊ အိမ္ျပန္လာတဲ့အခါ မ်က္လုံးခ်င္းဆုံၿပီး အၿပဳံးေလးေတြနဲ႔ ေထြးေပြ႕ေပးျခင္းကေတာ့ အေကာင္းဆုံးပါပဲ။

ၿပဳံးရယ္၊ ေဆာ့ကစားပါ

ကေလးငယ္နဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေဆာ့ကစားျခင္းက ႏွစ္ဦးစလုံးအတြင္းမွာ Endorphins ႏွင့္ Oxytacin တို႔ကို လႈံ႕ေဆာ္ေပးရာေရာက္ပါတယ္။ စိုးရိမ္ေၾကာင့္ၾကမႈကို ေျပေလ်ာ့ေစကာ မိဘနဲ႔သားသမီးၾကား ပိုၿပီးဆက္ႏြယ္မႈရွိေစပါတယ္။ မနက္စာလာစားဖို႔ ေအာ္ႀကီးဟစ္က်ယ္နဲ႔ေျပာမယ့္အစား သူႀကိဳက္တဲ့ကာတြန္းဇာတ္ေကာင္ေလးေတြကို နာမည္တပ္ၿပီး ေခၚလိုက္ပါ။

ႏွစ္ဦးသားစကားေျပာဆိုခ်ိန္မွာ စက္ပစၥည္းေတြဖယ္ထားပါ

ကိုယ္ကလူတစ္ေယာက္နဲ႔ စကားေျပာေနခ်ိန္မွာ ကိုယ္ေျပာတာအာ႐ုံမစိုက္ဘဲ ဖုန္းထိုင္သုံးေနရင္ ႀကိဳက္ပါသလား။ ေသခ်ာတာကေတာ့ လုံးဝႀကိဳက္မွာမဟုတ္ပါဘူး။ မိဘနဲ႔သားသမီးၾကားမွာလည္း အတူတူပါပဲ။ ကိုယ့္ကေလးနဲ႔ စကားေျပာ၊ ေဆာ့ကစားေနခ်ိန္မွာ အာ႐ုံေထြျပားေစမယ့္ စက္ပစၥည္းေတြကို ေဘးဖယ္ထားၿပီး သားသမီးကိုလည္း တပုံစံတည္းလုပ္တတ္ေအာင္ သင္ေပးပါ။

သူေျပာတာနားေထာင္ၿပီး အတူမွ်ေဝခံစားၾကည့္ပါ

လူတစ္ေယာက္စကားေျပာတာကို ေနာက္လူတစ္ေယာက္က နားေထာင္ေပးရာကေနစၿပီးေတာ့ ဆက္သြယ္မႈဆိုတာက ျဖစ္တည္လာတာပါ။ ကေလးရဲ႕ရႈေထာင့္ကေနၿပီး ျပႆနာကို နားလည္တတ္ေအာင္ႀကိဳးစားမယ္ဆိုရင္ သူတို႔ရဲ႕အျပဳအမူေနာက္ကြယ္မွာ အေၾကာင္းအရင္းရွိေနတယ္ဆိုတာကို သေဘာေပါက္လာပါလိမ့္မယ္။ ကိုယ့္သားသမီးက ရန္သူမဟုတ္တဲ့အတြက္ သူတို႔ေလးေတြေျပာစကားကို နားေထာင္ေပးရမွာက မိဘတာဝန္ဝတၱရားပဲျဖစ္ပါတယ္။

အိပ္ခါနီးမွာ စကားလက္ဆုံေျပာပါ

ကေလးငယ္ေတြဟာ တစ္ေန႔လုံး သူတို႔ႀကဳံေတြ႕ခဲ့ရသမွ်ကို မိဘေတြဆီ ျပန္ၿပီးေျပာျပ၊ ေဝမွ်ေပးခ်င္တတ္ၾကပါတယ္။ ဒါေၾကာင့္ ဘယ္လိုအရာေတြက ဘာကိုဆိုလိုတာလဲဆိုတာ သိေအာင္အခ်ိန္ယူၿပီး သူတို႔နားမလည္တာရွိရင္ ေမးခြန္းေလးေတြေမးေပးပါ။ ညအိပ္ရာမဝင္ခင္ အိပ္ရာထဲမွာ စကားလက္ဆုံေျပာၾကျခင္းက အေကာင္းဆုံးအခ်ိန္နဲ႔ေနရာပဲျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here