မိဘတွေ အားလုံး သိထားရမယ့် ဆင်ခြင်တုံ တရားရှိသူအဖြစ် ပြောင်းလဲပစ်နိုင်သောအပြုအမှု (၆) မျိုး

0
360

မိဘအားလုံးက ကိုယ့်သားသမီးတွေကို ချစ်တယ်ဆိုတာ သဘာဝပါပဲ။ ဒါပေမယ့် သားသမီးနှင့် ပတ်သတ်လာရင် ကိုယ့်ကလေးမှ ကလေးလို့ထင်သော အရမ်းအတ္တကြီးတဲ့ မိဘတွေ၊ မိဘဘဝဆိုတာ တခြားသူတွေထက် ပိုပြီးအမျှော်အမြင်ရှိသူ၊ အခွင့်အရေးတွေ၊ အကျိုးခံစားခွင့်တွေ အပြည့်အဝရရှိထားသူလို့ မှတ်ယူကြတဲ့ တချို့မိဘတွေ ရှိကြပါတယ်။ တခါတလေမှာ မိဘတွေဟာ ကိုယ့်သားသမီးအကြောင်း ဇာတ်လမ်းရှည်ကြီးကို ပြောပြခြင်းဖြင့် လုပ်ဖော်ကိုင်ဘက်တွေရဲ့ အဖိုးတန်အချိန်ကို ဖြုန်းတတ်ကြပါတယ်။ ဘယ်သူမှမမေးရင်တောင် သူတို့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကို မျှဝေရတာကို ပျော်ရွင်ကြပါတယ်။

မိသားစုအပေါ်အချစ်ကြီးတာက ကောင်းပေမယ့် တခြားသူတွေကို မထိခိုက်စေတဲ့ ချစ်ခြင်းမေတ္တာဖြစ်ဖို့လိုပါတယ်။ ဘယ်အရာမှ အစွန်းမရောက်သင့်ဘူးလို့ ထင်ပါတယ်။ ဒါတွေကတော့ တချို့မိဘတွေမှာ ရှိနိင်တဲ့ မကောင်းသော အပြုအမှုတွေပဲ ဖြစ်ပါတယ်။ လေ့လာမှုတွေမှာ ဒီလိုအပြုအမှုတွေက တခြားသူတွေကို စိတ်ဆိုးစရာဖြစ်ယုံသာမက မိဘကိုယ်တိုင်နှင့် သူတို့ကလေးတွေအပေါ် ထိခိုက်စေနိုင်ကြောင်း သက်သေပြထားပါတယ်။

၁။ ကလေးတစ်ယောက်ဆိုတဲ့ ဆင်ခြေနှင့်အတူ လူမှုရေးစံချိန်စံညွှန်းများကို ချိုးဖောက်ခြင်း

တချို့လူကြီးတွေအတွက် ကလေးနဲ့ပတ်သတ်လာရင် ယေဘုယျအားဖြင့် လက်ခံထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်မိရင်တောင် တချို့အပြုအမှုတွေကို ခွင့်ပြုရမယ်လို့ ခံယူထားပါတယ်။ ဒါက ဥပမာ- စူပါမားကတ်မှာ တန်းစီတဲ့အခါ ကလေးမအေပဲဆိုပြီး ရှေ့ဆုံးကို ကျော်တတ်နေရာယူတာမျိုး၊ ကလေးကို ပန်းခြံအလယ်မှာ အဝတ်အစားချွတ်ပြီး သေးပေါက်စေတာမျိုး၊ အများသူငါ စားသောက်နေတဲ့ ဆိုင်မှာ ကလေးဒိုက်ပါလဲပေးတာမျိုး၊ အမျိုးသမီး အဝတ်အစားလဲခန်းတစ်ခုထဲကို အရွယ်ရောက်လုနီးပါးသားကို ခေါ်သွားတာမျိုး စတဲ့ အသေးအမွှားကအစ အကြီးကြီးထိ ရှိနိုင်ပါတယ်။ အဲ့လိုမိဘတွေကို ဒီလိုမလုပ်ဖို့ သင်သွားပြောမယ်ဆိုရင် သူတို့မှာ တန်းတူအခွင့်အရေးရှိကြောင်း အော်လာနိုင်ပါတယ်။

၂။ ကလေးတွေက အမြဲတမ်းမှန်တယ်လို့ တွေးခြင်း

အရင်တုန်းက ကလေးတွေဟာ သူတို့မိဘတွေ ဘာပြောပြော လိုက်နာကြပြီး မိသားစုထဲမှာ မပြောရသလောက်ရှိပါတယ်၊ ယခုခေတ်မှာတော့ တချို့ခေတ်သစ် မိဘတွေက ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ သူတို့ကလေးတွေဟာ သူတို့အတွက် အရေးပါဆုံးမိသားစုဝင်ဖြစ်ပြီး ဘယ်ဝေဖန်မှုမဆို ဆတ်ဆတ်ထိမခံ ဖြစ်လာကြပါတယ်။ (ဥပမာ- စတိုးဆိုင်တစ်ခုထဲမှာ စျေးဝယ်တုန်း ကလေးက သူကြိုက်တာ တစ်ခုခုကို ယူပြီး အိတ်ထဲထည့်လိုက်တယ်ဆိုပါစို့။ ‘အစ်မသားပစ္စည်းတစ်ခုယူထားတယ်နော်’လို့ ဝန်ထမ်းကပြောလာရင် သားမယူရဘူးလေလို့ ပြောရမယ့်အစား “ကလေးသဘာဝ လိုချင်လို့ ယူတာပေါ့”ဆိုတာမျိုးက ကိုယ့်အတွက်လည်းမကောင်း၊ ကလေးအတွက်လည်းမကောင်းပါဘူး။)

ဒီလိုမိဘတွေဟာ ကိုယ့်ကလေး ဘာအမှားလုပ်လုပ် မျှတတယ်လို့ ထင်ကြပါတယ်။ သူက တခြားကလေးတွေကို ရိုက်လိုက်တာလား? သူတို့က အရင်စပြီး ရိုက်တာလည်း ဖြစ်နိုင်တာပဲ! သားက သူ့အစ်မဆီကနေ ပိုက်ဆံခိုးတာလား? နောင်ပြောင်တာလည်း ဖြစ်နိုင်တာပဲ။! စတိုးဆိုင်ထဲက သကြားလုံးတချို့ကို မဝယ်ဘဲ စားနေတာလား? သူက ကလေးပဲလေ, ကလေးဆိုတော့ စားချင်လို့ ဖြစ်မှာပါလေ! လို့တွေးတတ်ကြပါတယ်။ ထိုကဲ့သို့ လူကြီးတွေဟာ သူတို့ကလေး မကောင်းတာတွေ လုပ်တဲ့အတွက် မကြာခဏ တာဝန်ယူလိုစိတ်မရှိကြပါဘူး။ သူတို့သင်ယူလေ့လာနေတာလေ၊ ကလေးတစ်ယောက်မို့လို့ ဆိုကြပါတယ်။ တကယ်တော့ ဒါတွေက တခြားသူတွေကို ဒေါသထွက်စေပါတယ်။

၃။ ကလေးမရှိတဲ့ သူတွေထက် ပိုကောင်းတယ်လို့ တွေးခြင်း

ကလေးတွေဟာ လူတိုင်းအတွက်တော့ မိသားစုဝင်အသစ်တွေ မဟုတ်ပါဘူး။ တခါတရံ ကလေးတွေကို မိဘတွေရဲ့ လူမူရေးအဆင့်အတန်း တိုးမြှင့်ဖို့ နည်းလမ်းတစ်ခု အဖြစ်သာ အသုံးပြုကြပါတယ်။ တချို့လူကြီးတွေက သူတို့ ကလေးကို မွေးပေးပြီးတဲ့အခါ သူတို့မှာ နိုင်ငံသား တာဝန်ကျေပြီလို့ ထင်ကြပါတယ်။ သူတို့ကလေးက သူတို့ကို ပိုပြီးအရေးပါစေတယ်လို့ ထင်ကြပါတယ်။ အထူးသဖြင့် ဒါက ဘဝမှာ အကျိုးစီးပွားတွေ(သို့) တခြားအောင်မြင်မှုတွေ မရှိတဲ့သူတွေမှာ ပိုပြီးသိသာပါတယ်။ မိဘတစ်ယောက်ဖြစ်လာယုံနဲ့ သူတို့ဟာ အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းရှိသူနှင့် ကလေးမရှိသူ မိတ်ဆွေတွေထက် ပိုကောင်းတယ်လို့ ခံစားရနိုင်ပါတယ်။ လူလွတ်တွေက မိသားစုရှိသူထက် တစ်နှစ်ကို ၅ကြိမ်လောက် အားလပ်ရက် အပန်းဖြေခရီးထွက်နိုင်ကြတာကြောင့် မိသားစုရှိသူတွေက “ဒီကောင် အားနေ ငွေပဲဖြုန်းနေတယ်၊ စုမယ်ဆောင်းမယ်မရှိဘူး၊ ဒီကောင် မရင့်ကျက်သေးဘူး”လို့ ဆိုလာနိုင်ပါတယ်။ ဒီအပြုအမှုကြောင့် လူတွေက သူတို့ကို စကားပြောချင်ကြမှာ မဟုတ်ပါဘူး။

၄။ အလုပ်အပေါ်မှာ အထင်သေးသော သဘောထား ထားရှိခြင်း

အထူးသဖြင့် ကလေးတွေအများကြီး မွေးထားတဲ့ တချို့အမျိုးသမီးတွေဟာ ကလေးမွေးပြီးရင် ကလေးပြုစုပျိုးထောင်တဲ့နေရာမှာ ကိုယ့်ကိုယ်ကို အပြည့်အဝ နှစ်မြှုပ်ထားဖို့ ဆုံးဖြတ်တတ်ကြပါတယ်။ သူတို့ရဲ့ ရွေးချယ်မှုက မှန်ကန်တဲ့ ရွေးချယ်မှုမဟုတ်ကြောင်းလည်း သူတို့ နားလည်သဘောပေါက်ကြပါတယ်။ တတ်နိုင်မျှ အမြန်ဆုံး အလုပ်ပြန်လုပ်ချင်ကြတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ တချို့က အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခု ရှိဖို့အတွက် ကလေးပြုစုစောင့်ရှောက်မှုကို အရှုံးပေးဖို့တောင် အဆင်သင့်ဖြစ်ကြပါတယ်။

တစ်ချို့မိခင်တွေက သူတို့မှာ ကလေးတွေရှိတယ်ဆိုတဲ့ အချက်နဲ့တင် သူတို့ကို တခြားသူတွေ လေးစားဖို့ လိုလားကြပြီး လူတွေအားလုံးဟာ ကိုယ့်လုပ်နေရတဲ့ အလုပ်တွေကို မုန်းကြပေမယ့် ပိုက်ဆံအတွက် အလုပ်လုပ်နေရတယ်လို့ ထင်ကြပါတယ်။ ဒါ့ကြောင့် အဲဒီလိုမိခင်တွေဟာ အလုပ်လုပ်နေတဲ့ တခြားမိခင်တွေအပေါ် အနုတ်လက္ခဏာ သဘောထားတစ်ခုရှိကြပါတယ်။

၅။ သူတို့ကလေးတွေဟာ သူတို့ရဲ့ ပထမဦးစားပေးဖြစ်ခြင်းကို ဂုဏ်ယူခြင်း

သူတို့သားသမီးတွေဟာ အကောင်းတကာ့ အကောင်းဆုံးမှ ရသင့်တယ်လို့ တချို့မိဘတွေက ထင်ကြတယ်။ ထိုကဲ့သို့သော မိသားစုကလာတဲ့ မိခင်တစ်ယောက်ဟာ သူမရဲ့ကလေးကို ပြုစုစောင့်ရှောက်နိုင်ဖို့အတွက် သူမရဲ့ အောင်မြင်နေတဲ့ အသက်မွေးဝမ်းကျောင်းကို ဘယ်လို စွန့်လွှတ်ထားတယ်ဆိုတာ ဂုဏ်ယူစွာ ရှင်းပြနိုင်ပါတယ်။ ဖခင်တစ်ယောက်ဟာ သူရဲ့ ကလေးတွေက ကစားစရာ အသစ်တွေဖြစ်စေ၊ devices အသစ်တွေဖြစ်စေ တခုခုကို အမြဲတမ်း လိုအပ်နေတာကြောင့် နှစ်အတော်ကြာ အပန်းဖြေခရီးမထွက်နိုင်ကြောင်း ပြောလာနိုင်ပါတယ်။

ဒီချဉ်းကပ်မှုက ကလေးတွေအတွက် ဘယ်လိုကောင်းသလဲ၊ ဆိုးသလဲဆိုတာ ပြောဖို့ တကယ်ခက်ခဲပါတယ်။ “သူတို့လိုချင်တာ တတိုင်းရနေတယ်”လို့ တွေးတဲ့ ကလေးတစ်ယောက်ဟာ မိဘတွေက အမြဲတမ်းပံ့ပိုးပေးနေတာကြောင့် ကြီးပြင်းတဲ့အထိ သူတို့ကိုယ်သူတို့ အားကိုးချင်တော့မှာမဟုတ်ပါဘူး။ ဒီလိုကလေးတွေဟာ အပြင်ထွက် အလုပ်မလုပ်ချင်ကြတာကြောင့် တစ်ခုခု အကူအညီလိုအပ်ပြီဆိုရင် မိဘဆီ ပြေးသွားတတ်ကြပါတယ်၊ ဒါက သက်ကြီးရွယ်အိုမိဘဆွေမျိုးတွေဟာ အရွယ်ရောက်ပြီးတဲ့ သားတွေ၊ သမီးတွေကို ကြည့်ရှုစောင့်ရှောက်နေရဆဲ အခြေအနေများကို ဦးတည်စေပါတယ်။

၆။ အထူးအခွင့်အရေးတွေ ပေးဖို့ လိုအပ်တယ်လို့ ထင်ခြင်း

တကယ်တော့ ဒါက ဘတ်စ်ကားပေါ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ထိုင်ခုံတစ်လုံး ပေးခြင်းအကြောင်း မဟုတ်ပါဘူး။ ဒါက ပိုကြီးမားတဲအရာတွေနဲ့ ပတ်သတ်တာပါ။ ဥပမာ- ဒီလို မိဘတွေက အိမ်မှာ ကလေးတစ်ယာက်ရှိတာကြောင့် သူတို့ အိမ်စောစောပြန်ဖို့ (သို့)ပိတ်ရက်ယူဖို့ သူဌေးကို မကြာခဏ ခွင့်တောင်းတတ်ကြပါတယ်။

ဘတ်စ်ကားစီးတဲ့အခါ လူအများစုက ကလေးချီထားတဲ့ မိခင်တွေ့ရင် ထိုင်ခုံပေးတတ်တာမျိုး၊ ကလေးချီပေးထားတာမျိုး၊ ကူညီပေးတာမျိုး ရှိကြပါတယ်။ ဒါပေမယ့် တချို့ကလေးမိခင်တွေက ပေါင်ပေါ်တင်ထားလို့ရတဲ့ ကလေးကို ဘေးခုံမှာချပြီး တခြားသူကို ပေးမထိုင်တာမျိုးစတဲ့ လိုတာထက် အခွင့်အရေးယူတာမျိုးတွေ ရှိကြပါတယ်။ တခါတလေ သူတို့ဟာ တန်းစီရင် ထိပ်ဆုံးကနေရာရဖို့ ၊ ပန်းခြံခုံတန်းရှည်ပေါ်မှာ သူတို့ကို ထိုင်ခွင့်ပေးဖို့ တခြားသူတွေကို တောင်းဆိုတတ်ကြပါတယ်။ ဒီအရာတွေက ကလေးမအေဟာ ကလေးကို ဗန်းပြပြီး ကိုယ်ကောင်းစားဖို့အတွက် အခွင့်အရေးယူတယ်လို့ တစ်ခြားသူတွေကို ခံစားရစေပါတယ်။ တကယ်တော့ လူတိုင်းက ဒါကို သည်းမခံနိုင်ပါဘူး။ အထူးသဖြင့် ကလေးမချစ်တတ်တဲ့ သူတွေအတွက်တော့ စိတ်အနှောက်အယှက်ပါပဲ။

သင့်ရဲ့ ဘဝဟာ သင့်ကလေးပေါ် လုံးဝဗဟိုပြုတာက ဘာ့ကြောင့် အန္တရာယ်ရှိတာလဲ?
ခေတ်သစ်လေ့လာမှုတွေမှာ ကလေးတစ်ယောက်အပေါ် လုံးဝပုံအပ်ထားခြင်းက ကလေးနှင့် မိဘတွေကို အန္တရာယ်ဖြစ်နိုင်ကြောင်း တွေ့ရပါတယ်။

လူငယ်မိခင်အတော်များများက သူတို့ဟာ လူမှုရေး လှုပ်ရှားမှုတွေ မရှိတာ၊ အားလပ်ချိန် မရှိတာတွေကြောင့် စိတ်ကျေနပ်မှု မရရှိခဲ့ကြောင်း၊ စိတ်ဓါတ်ကျခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
ကလေးမရှိတဲ့သူတွေဟာ သူတို့လိုချင်တာတွေပေါ်မှာ ပိုက်ဆံပိုပြီးသုံးနိုင်၊ ပိုပြီးခရီးသွားနိုင်တာကြောင့် ကလေးမရှိသူတွေကို ငယ်ရွယ်တဲ့ မိဘတွေက မကြာခဏ မနာလိုဖြစ်ခဲ့ကြပါတယ်။
ကလေးအပေါ်မှာ ကိုယ့်ကိုယ်ကို လုံးဝမြုပ်နှံထားတဲ့ သူတွေဟာ ကလေးတွေကြီးပြင်း လာတဲ့အခါ၊ အိမ်ကို စွန့်ခွာသွားတဲ့အခါ ဆုံးရှုံးသွားသလို၊ ဘာမှမရှိတော့သလို မကြာခဏ ခံစားကြရပါတယ်။
ကလေးဘဝမှာ အများကြီး ဂရုစိုက်ခံရတဲ့ တချို့ကလေးတွေဟာ တစ်ခုခုဆိုရင် အလိုမကျစိတ်တွေ၊ စိတ်ဓါတ်ကျတာတွေ၊ စိုးရိမ်ပူပန်မှုတွေနှင့် ကြီးပြင်းကြရပါတယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကို အားကိုးဖို့ အသုံးမချခဲ့ကြတာကြောင့် လူကြီးဘဝကို အသုံးချဖို့ သူတို့အတွက် ခက်ခဲပါတယ်။
တခြားတစ်ဖက်ကကြည့်ရင် ကိုယ့်ကိုယ်ကို အားကိုးတဲ့ကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ပိုပြီးပျော်ရွင်သော လူကြီးတွေအဖြစ် ကြီးပြင်းကြပါတယ်၊ သူတို့အကြိုက်ဆုံး ဝါသနာတွေနဲ့ ခင်ပွန်းအပေါ် သားသမီးအပေါ် အချိန်တွေ ပိုပေးထားတဲ့ မိဘတွေဟာ အိမ်ထောင်ရေးကွာရှင်းမှု နည်းပါးသလို သူတို့မိသားစုထဲမှာ ပိုပြီး အဆင်ပြေသလို ခံစားရပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

ZawGyi

မိဘေတြ အားလုံး သိထားရမယ့္ ဆင္ျခင္တုံ တရားရွိသူအျဖစ္ ေျပာင္းလဲပစ္ႏိုင္ေသာအျပဳအမႈ (၆) မ်ိဳး
မိဘအားလုံးက ကိုယ့္သားသမီးေတြကို ခ်စ္တယ္ဆိုတာ သဘာဝပါပဲ။ ဒါေပမယ့္ သားသမီးႏွင့္ ပတ္သတ္လာရင္ ကိုယ့္ကေလးမွ ကေလးလို႔ထင္ေသာ အရမ္းအတၱႀကီးတဲ့ မိဘေတြ၊ မိဘဘဝဆိုတာ တျခားသူေတြထက္ ပိုၿပီးအေမွ်ာ္အျမင္ရွိသူ၊ အခြင့္အေရးေတြ၊ အက်ိဳးခံစားခြင့္ေတြ အျပည့္အဝရရွိထားသူလို႔ မွတ္ယူၾကတဲ့ တခ်ိဳ႕မိဘေတြ ရွိၾကပါတယ္။ တခါတေလမွာ မိဘေတြဟာ ကိုယ့္သားသမီးအေၾကာင္း ဇာတ္လမ္းရွည္ႀကီးကို ေျပာျပျခင္းျဖင့္ လုပ္ေဖာ္ကိုင္ဘက္ေတြရဲ႕ အဖိုးတန္အခ်ိန္ကို ျဖဳန္းတတ္ၾကပါတယ္။ ဘယ္သူမွမေမးရင္ေတာင္ သူတို႔ရဲ႕တန္ဖိုးမျဖတ္ႏိုင္တဲ့ အေတြ႕အႀကဳံေတြကို မွ်ေဝရတာကို ေပ်ာ္႐ြင္ၾကပါတယ္။

မိသားစုအေပၚအခ်စ္ႀကီးတာက ေကာင္းေပမယ့္ တျခားသူေတြကို မထိခိုက္ေစတဲ့ ခ်စ္ျခင္းေမတၱာျဖစ္ဖို႔လိုပါတယ္။ ဘယ္အရာမွ အစြန္းမေရာက္သင့္ဘူးလို႔ ထင္ပါတယ္။ ဒါေတြကေတာ့ တခ်ိဳ႕မိဘေတြမွာ ရွိနိင္တဲ့ မေကာင္းေသာ အျပဳအမႈေတြပဲ ျဖစ္ပါတယ္။ ေလ့လာမႈေတြမွာ ဒီလိုအျပဳအမႈေတြက တျခားသူေတြကို စိတ္ဆိုးစရာျဖစ္ယုံသာမက မိဘကိုယ္တိုင္ႏွင့္ သူတို႔ကေလးေတြအေပၚ ထိခိုက္ေစႏိုင္ေၾကာင္း သက္ေသျပထားပါတယ္။

၁။ ကေလးတစ္ေယာက္ဆိုတဲ့ ဆင္ေျခႏွင့္အတူ လူမႈေရးစံခ်ိန္စံၫႊန္းမ်ားကို ခ်ိဳးေဖာက္ျခင္း

တခ်ိဳ႕လူႀကီးေတြအတြက္ ကေလးနဲ႔ပတ္သတ္လာရင္ ေယဘုယ်အားျဖင့္ လက္ခံထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ ခ်ိဳးေဖာက္မိရင္ေတာင္ တခ်ိဳ႕အျပဳအမႈေတြကို ခြင့္ျပဳရမယ္လို႔ ခံယူထားပါတယ္။ ဒါက ဥပမာ- စူပါမားကတ္မွာ တန္းစီတဲ့အခါ ကေလးမေအပဲဆိုၿပီး ေရွ႕ဆုံးကို ေက်ာ္တတ္ေနရာယူတာမ်ိဳး၊ ကေလးကို ပန္းၿခံအလယ္မွာ အဝတ္အစားခြၽတ္ၿပီး ေသးေပါက္ေစတာမ်ိဳး၊ အမ်ားသူငါ စားေသာက္ေနတဲ့ ဆိုင္မွာ ကေလးဒိုက္ပါလဲေပးတာမ်ိဳး၊ အမ်ိဳးသမီး အဝတ္အစားလဲခန္းတစ္ခုထဲကို အ႐ြယ္ေရာက္လုနီးပါးသားကို ေခၚသြားတာမ်ိဳး စတဲ့ အေသးအမႊားကအစ အႀကီးႀကီးထိ ရွိႏိုင္ပါတယ္။ အဲ့လိုမိဘေတြကို ဒီလိုမလုပ္ဖို႔ သင္သြားေျပာမယ္ဆိုရင္ သူတို႔မွာ တန္းတူအခြင့္အေရးရွိေၾကာင္း ေအာ္လာႏိုင္ပါတယ္။

၂။ ကေလးေတြက အၿမဲတမ္းမွန္တယ္လို႔ ေတြးျခင္း

အရင္တုန္းက ကေလးေတြဟာ သူတို႔မိဘေတြ ဘာေျပာေျပာ လိုက္နာၾကၿပီး မိသားစုထဲမွာ မေျပာရသေလာက္ရွိပါတယ္၊ ယခုေခတ္မွာေတာ့ တခ်ိဳ႕ေခတ္သစ္ မိဘေတြက ဆန္႔က်င္ဘက္ျဖစ္ေနပါတယ္။ သူတို႔ကေလးေတြဟာ သူတို႔အတြက္ အေရးပါဆုံးမိသားစုဝင္ျဖစ္ၿပီး ဘယ္ေဝဖန္မႈမဆို ဆတ္ဆတ္ထိမခံ ျဖစ္လာၾကပါတယ္။ (ဥပမာ- စတိုးဆိုင္တစ္ခုထဲမွာ ေစ်းဝယ္တုန္း ကေလးက သူႀကိဳက္တာ တစ္ခုခုကို ယူၿပီး အိတ္ထဲထည့္လိုက္တယ္ဆိုပါစို႔။ ‘အစ္မသားပစၥည္းတစ္ခုယူထားတယ္ေနာ္’လို႔ ဝန္ထမ္းကေျပာလာရင္ သားမယူရဘူးေလလို႔ ေျပာရမယ့္အစား “ကေလးသဘာဝ လိုခ်င္လို႔ ယူတာေပါ့”ဆိုတာမ်ိဳးက ကိုယ့္အတြက္လည္းမေကာင္း၊ ကေလးအတြက္လည္းမေကာင္းပါဘူး။)

ဒီလိုမိဘေတြဟာ ကိုယ့္ကေလး ဘာအမွားလုပ္လုပ္ မွ်တတယ္လို႔ ထင္ၾကပါတယ္။ သူက တျခားကေလးေတြကို ႐ိုက္လိုက္တာလား? သူတို႔က အရင္စၿပီး ႐ိုက္တာလည္း ျဖစ္ႏိုင္တာပဲ! သားက သူ႔အစ္မဆီကေန ပိုက္ဆံခိုးတာလား? ေနာင္ေျပာင္တာလည္း ျဖစ္ႏိုင္တာပဲ။! စတိုးဆိုင္ထဲက သၾကားလုံးတခ်ိဳ႕ကို မဝယ္ဘဲ စားေနတာလား? သူက ကေလးပဲေလ, ကေလးဆိုေတာ့ စားခ်င္လို႔ ျဖစ္မွာပါေလ! လို႔ေတြးတတ္ၾကပါတယ္။ ထိုကဲ့သို႔ လူႀကီးေတြဟာ သူတို႔ကေလး မေကာင္းတာေတြ လုပ္တဲ့အတြက္ မၾကာခဏ တာဝန္ယူလိုစိတ္မရွိၾကပါဘူး။ သူတို႔သင္ယူေလ့လာေနတာေလ၊ ကေလးတစ္ေယာက္မို႔လို႔ ဆိုၾကပါတယ္။ တကယ္ေတာ့ ဒါေတြက တျခားသူေတြကို ေဒါသထြက္ေစပါတယ္။

၃။ ကေလးမရွိတဲ့ သူေတြထက္ ပိုေကာင္းတယ္လို႔ ေတြးျခင္း

ကေလးေတြဟာ လူတိုင္းအတြက္ေတာ့ မိသားစုဝင္အသစ္ေတြ မဟုတ္ပါဘူး။ တခါတရံ ကေလးေတြကို မိဘေတြရဲ႕ လူမူေရးအဆင့္အတန္း တိုးျမႇင့္ဖို႔ နည္းလမ္းတစ္ခု အျဖစ္သာ အသုံးျပဳၾကပါတယ္။ တခ်ိဳ႕လူႀကီးေတြက သူတို႔ ကေလးကို ေမြးေပးၿပီးတဲ့အခါ သူတို႔မွာ ႏိုင္ငံသား တာဝန္ေက်ၿပီလို႔ ထင္ၾကပါတယ္။ သူတို႔ကေလးက သူတို႔ကို ပိုၿပီးအေရးပါေစတယ္လို႔ ထင္ၾကပါတယ္။ အထူးသျဖင့္ ဒါက ဘဝမွာ အက်ိဳးစီးပြားေတြ(သို႔) တျခားေအာင္ျမင္မႈေတြ မရွိတဲ့သူေတြမွာ ပိုၿပီးသိသာပါတယ္။ မိဘတစ္ေယာက္ျဖစ္လာယုံနဲ႔ သူတို႔ဟာ ေအာင္ျမင္တဲ့ အသက္ေမြးဝမ္းေက်ာင္းရွိသူႏွင့္ ကေလးမရွိသူ မိတ္ေဆြေတြထက္ ပိုေကာင္းတယ္လို႔ ခံစားရႏိုင္ပါတယ္။ လူလြတ္ေတြက မိသားစုရွိသူထက္ တစ္ႏွစ္ကို ၅ႀကိမ္ေလာက္ အားလပ္ရက္ အပန္းေျဖခရီးထြက္ႏိုင္ၾကတာေၾကာင့္ မိသားစုရွိသူေတြက “ဒီေကာင္ အားေန ေငြပဲျဖဳန္းေနတယ္၊ စုမယ္ေဆာင္းမယ္မရွိဘူး၊ ဒီေကာင္ မရင့္က်က္ေသးဘူး”လို႔ ဆိုလာႏိုင္ပါတယ္။ ဒီအျပဳအမႈေၾကာင့္ လူေတြက သူတို႔ကို စကားေျပာခ်င္ၾကမွာ မဟုတ္ပါဘူး။

၄။ အလုပ္အေပၚမွာ အထင္ေသးေသာ သေဘာထား ထားရွိျခင္း

အထူးသျဖင့္ ကေလးေတြအမ်ားႀကီး ေမြးထားတဲ့ တခ်ိဳ႕အမ်ိဳးသမီးေတြဟာ ကေလးေမြးၿပီးရင္ ကေလးျပဳစုပ်ိဳးေထာင္တဲ့ေနရာမွာ ကိုယ့္ကိုယ္ကို အျပည့္အဝ ႏွစ္ျမႇဳပ္ထားဖို႔ ဆုံးျဖတ္တတ္ၾကပါတယ္။ သူတို႔ရဲ႕ ေ႐ြးခ်ယ္မႈက မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈမဟုတ္ေၾကာင္းလည္း သူတို႔ နားလည္သေဘာေပါက္ၾကပါတယ္။ တတ္ႏိုင္မွ် အျမန္ဆုံး အလုပ္ျပန္လုပ္ခ်င္ၾကတဲ့ အမ်ိဳးသမီးေတြလည္း ရွိပါတယ္။ တခ်ိဳ႕က ေအာင္ျမင္တဲ့ အသက္ေမြးဝမ္းေက်ာင္းတစ္ခု ရွိဖို႔အတြက္ ကေလးျပဳစုေစာင့္ေရွာက္မႈကို အရႈံးေပးဖို႔ေတာင္ အဆင္သင့္ျဖစ္ၾကပါတယ္။

တစ္ခ်ိဳ႕မိခင္ေတြက သူတို႔မွာ ကေလးေတြရွိတယ္ဆိုတဲ့ အခ်က္နဲ႔တင္ သူတို႔ကို တျခားသူေတြ ေလးစားဖို႔ လိုလားၾကၿပီး လူေတြအားလုံးဟာ ကိုယ့္လုပ္ေနရတဲ့ အလုပ္ေတြကို မုန္းၾကေပမယ့္ ပိုက္ဆံအတြက္ အလုပ္လုပ္ေနရတယ္လို႔ ထင္ၾကပါတယ္။ ဒါ့ေၾကာင့္ အဲဒီလိုမိခင္ေတြဟာ အလုပ္လုပ္ေနတဲ့ တျခားမိခင္ေတြအေပၚ အႏုတ္လကၡဏာ သေဘာထားတစ္ခုရွိၾကပါတယ္။

၅။ သူတို႔ကေလးေတြဟာ သူတို႔ရဲ႕ ပထမဦးစားေပးျဖစ္ျခင္းကို ဂုဏ္ယူျခင္း

သူတို႔သားသမီးေတြဟာ အေကာင္းတကာ့ အေကာင္းဆုံးမွ ရသင့္တယ္လို႔ တခ်ိဳ႕မိဘေတြက ထင္ၾကတယ္။ ထိုကဲ့သို႔ေသာ မိသားစုကလာတဲ့ မိခင္တစ္ေယာက္ဟာ သူမရဲ႕ကေလးကို ျပဳစုေစာင့္ေရွာက္ႏိုင္ဖို႔အတြက္ သူမရဲ႕ ေအာင္ျမင္ေနတဲ့ အသက္ေမြးဝမ္းေက်ာင္းကို ဘယ္လို စြန္႔လႊတ္ထားတယ္ဆိုတာ ဂုဏ္ယူစြာ ရွင္းျပႏိုင္ပါတယ္။ ဖခင္တစ္ေယာက္ဟာ သူရဲ႕ ကေလးေတြက ကစားစရာ အသစ္ေတြျဖစ္ေစ၊ devices အသစ္ေတြျဖစ္ေစ တခုခုကို အၿမဲတမ္း လိုအပ္ေနတာေၾကာင့္ ႏွစ္အေတာ္ၾကာ အပန္းေျဖခရီးမထြက္ႏိုင္ေၾကာင္း ေျပာလာႏိုင္ပါတယ္။

ဒီခ်ဥ္းကပ္မႈက ကေလးေတြအတြက္ ဘယ္လိုေကာင္းသလဲ၊ ဆိုးသလဲဆိုတာ ေျပာဖို႔ တကယ္ခက္ခဲပါတယ္။ “သူတို႔လိုခ်င္တာ တတိုင္းရေနတယ္”လို႔ ေတြးတဲ့ ကေလးတစ္ေယာက္ဟာ မိဘေတြက အၿမဲတမ္းပံ့ပိုးေပးေနတာေၾကာင့္ ႀကီးျပင္းတဲ့အထိ သူတို႔ကိုယ္သူတို႔ အားကိုးခ်င္ေတာ့မွာမဟုတ္ပါဘူး။ ဒီလိုကေလးေတြဟာ အျပင္ထြက္ အလုပ္မလုပ္ခ်င္ၾကတာေၾကာင့္ တစ္ခုခု အကူအညီလိုအပ္ၿပီဆိုရင္ မိဘဆီ ေျပးသြားတတ္ၾကပါတယ္၊ ဒါက သက္ႀကီး႐ြယ္အိုမိဘေဆြမ်ိဳးေတြဟာ အ႐ြယ္ေရာက္ၿပီးတဲ့ သားေတြ၊ သမီးေတြကို ၾကည့္ရႈေစာင့္ေရွာက္ေနရဆဲ အေျခအေနမ်ားကို ဦးတည္ေစပါတယ္။

၆။ အထူးအခြင့္အေရးေတြ ေပးဖို႔ လိုအပ္တယ္လို႔ ထင္ျခင္း

တကယ္ေတာ့ ဒါက ဘတ္စ္ကားေပၚမွာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ေယာက္ကို ထိုင္ခုံတစ္လုံး ေပးျခင္းအေၾကာင္း မဟုတ္ပါဘူး။ ဒါက ပိုႀကီးမားတဲအရာေတြနဲ႔ ပတ္သတ္တာပါ။ ဥပမာ- ဒီလို မိဘေတြက အိမ္မွာ ကေလးတစ္ယာက္ရွိတာေၾကာင့္ သူတို႔ အိမ္ေစာေစာျပန္ဖို႔ (သို႔)ပိတ္ရက္ယူဖို႔ သူေဌးကို မၾကာခဏ ခြင့္ေတာင္းတတ္ၾကပါတယ္။

ဘတ္စ္ကားစီးတဲ့အခါ လူအမ်ားစုက ကေလးခ်ီထားတဲ့ မိခင္ေတြ႕ရင္ ထိုင္ခုံေပးတတ္တာမ်ိဳး၊ ကေလးခ်ီေပးထားတာမ်ိဳး၊ ကူညီေပးတာမ်ိဳး ရွိၾကပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ကေလးမိခင္ေတြက ေပါင္ေပၚတင္ထားလို႔ရတဲ့ ကေလးကို ေဘးခုံမွာခ်ၿပီး တျခားသူကို ေပးမထိုင္တာမ်ိဳးစတဲ့ လိုတာထက္ အခြင့္အေရးယူတာမ်ိဳးေတြ ရွိၾကပါတယ္။ တခါတေလ သူတို႔ဟာ တန္းစီရင္ ထိပ္ဆုံးကေနရာရဖို႔ ၊ ပန္းၿခံခုံတန္းရွည္ေပၚမွာ သူတို႔ကို ထိုင္ခြင့္ေပးဖို႔ တျခားသူေတြကို ေတာင္းဆိုတတ္ၾကပါတယ္။ ဒီအရာေတြက ကေလးမေအဟာ ကေလးကို ဗန္းျပၿပီး ကိုယ္ေကာင္းစားဖို႔အတြက္ အခြင့္အေရးယူတယ္လို႔ တစ္ျခားသူေတြကို ခံစားရေစပါတယ္။ တကယ္ေတာ့ လူတိုင္းက ဒါကို သည္းမခံႏိုင္ပါဘူး။ အထူးသျဖင့္ ကေလးမခ်စ္တတ္တဲ့ သူေတြအတြက္ေတာ့ စိတ္အေႏွာက္အယွက္ပါပဲ။

သင့္ရဲ႕ ဘဝဟာ သင့္ကေလးေပၚ လုံးဝဗဟိုျပဳတာက ဘာ့ေၾကာင့္ အႏၲရာယ္ရွိတာလဲ?
ေခတ္သစ္ေလ့လာမႈေတြမွာ ကေလးတစ္ေယာက္အေပၚ လုံးဝပုံအပ္ထားျခင္းက ကေလးႏွင့္ မိဘေတြကို အႏၲရာယ္ျဖစ္ႏိုင္ေၾကာင္း ေတြ႕ရပါတယ္။
လူငယ္မိခင္အေတာ္မ်ားမ်ားက သူတို႔ဟာ လူမႈေရး လႈပ္ရွားမႈေတြ မရွိတာ၊ အားလပ္ခ်ိန္ မရွိတာေတြေၾကာင့္ စိတ္ေက်နပ္မႈ မရရွိခဲ့ေၾကာင္း၊ စိတ္ဓါတ္က်ခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္။
ကေလးမရွိတဲ့သူေတြဟာ သူတို႔လိုခ်င္တာေတြေပၚမွာ ပိုက္ဆံပိုၿပီးသုံးႏိုင္၊ ပိုၿပီးခရီးသြားႏိုင္တာေၾကာင့္ ကေလးမရွိသူေတြကို ငယ္႐ြယ္တဲ့ မိဘေတြက မၾကာခဏ မနာလိုျဖစ္ခဲ့ၾကပါတယ္။
ကေလးအေပၚမွာ ကိုယ့္ကိုယ္ကို လုံးဝျမဳပ္ႏွံထားတဲ့ သူေတြဟာ ကေလးေတြႀကီးျပင္း လာတဲ့အခါ၊ အိမ္ကို စြန္႔ခြာသြားတဲ့အခါ ဆုံးရႈံးသြားသလို၊ ဘာမွမရွိေတာ့သလို မၾကာခဏ ခံစားၾကရပါတယ္။
ကေလးဘဝမွာ အမ်ားႀကီး ဂ႐ုစိုက္ခံရတဲ့ တခ်ိဳ႕ကေလးေတြဟာ တစ္ခုခုဆိုရင္ အလိုမက်စိတ္ေတြ၊ စိတ္ဓါတ္က်တာေတြ၊ စိုးရိမ္ပူပန္မႈေတြႏွင့္ ႀကီးျပင္းၾကရပါတယ္။ သူတို႔ဟာ ကိုယ့္ကိုယ္ကို အားကိုးဖို႔ အသုံးမခ်ခဲ့ၾကတာေၾကာင့္ လူႀကီးဘဝကို အသုံးခ်ဖို႔ သူတို႔အတြက္ ခက္ခဲပါတယ္။
တျခားတစ္ဖက္ကၾကည့္ရင္ ကိုယ့္ကိုယ္ကို အားကိုးတဲ့ကေလးေတြဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိၿပီး ပိုၿပီးေပ်ာ္႐ြင္ေသာ လူႀကီးေတြအျဖစ္ ႀကီးျပင္းၾကပါတယ္၊ သူတို႔အႀကိဳက္ဆုံး ဝါသနာေတြနဲ႔ ခင္ပြန္းအေပၚ သားသမီးအေပၚ အခ်ိန္ေတြ ပိုေပးထားတဲ့ မိဘေတြဟာ အိမ္ေထာင္ေရးကြာရွင္းမႈ နည္းပါးသလို သူတို႔မိသားစုထဲမွာ ပိုၿပီး အဆင္ေျပသလို ခံစားရပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here