မိဘတွေ လုပ်မိတတ်ကြတဲ့ ကလေးရဲ့ အိပ်စက်မှုကို ပျက်စီးစေသော အမှား (၈)ခု

0
600

ကောင်းမွန်သော အိပ်စက်ခြင်းဟာ ကလေးရဲ့ ဖွံ့ဖြိုးဆဲ ဦးနှောက်အတွက် အရမ်းအရေးကြီးပြီး အိပ်စက်မှု မလုံလောက်ခြင်းဟာ ADHD (အာရုံစူးစိုက်မှု လိုအပ်တဲ့ hyperactivity disorder)လို့ခေါ်တဲ့ ပြဿနာများ၊ ဘာသာစကားနှင့် စာဖတ်ခြင်း ပြဿနာတွေကို ဦးတည်နိုင်စေပါတယ်။ ကလေးတွေရဲ့ ကျန်းမာ၊ ပျော်ရွင်မှုအတွက် အိပ်စက်မှုက အရေးကြီးတာကြောင့် ယနေ့မှာ ကလေးကောင်းကောင်း အိပ်စက်နိုင်အောင် မိဘတွေ ရှောင်ကြဉ်သင့်တဲ့ အမှားတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

-Advertisement-

၁။ အိပ်ရာဝင်ချိိန် ပုံမှန်မရှိတာ

ကလေးရဲ့ အိပ်ရာဝင်ချိန်က ပုံမှန်ဖြစ်ဖို့ လိုပါတယ်။ အိပ်ချိန် ပုံမှန်ရှိခြင်းက ကလေးအတွက် ငြိမ်သက်မှုကို ခံစားရစေနိုင်ပြီး လျင်မြန်စွာ အိပ်ပျော်စေနိုင်ပါတယ်။ ကလေးက အိပ်ချိန်ရောက်တဲ့အခါ အိပ်ချိန်မှန်း ကောင်းကောင်းသတ်မှတ်နိုင်မှာဖြစ်ပြီး ပုံမှန်အိပ်စက်တတ်တဲ့ အကျင့်ရသွားမှာ ဖြစ်ပါတယ်။

၂။ သင့်ကလေး နိုးနေချိန်အတွင်းမှာ လုံလောက်တဲ့ ဖျော်ဖြေမှု မပေးတာ

ကလေးတွေလည်း ကျွန်တော်တို့လိုပါပဲ။ ကျွန်တော်တို့ဟာ နေ့အချိန် အလုပ်များလေ ပင်ပန်းနွမ်းနယ်ပြီး အိပ်ဖို့ လွယ်လေဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးကို တတ်နိုင်သလောက် လှုပ်ရှားမှု များများရှိဖို့ ကြိုးစားပေးပါ။ သူတို့ကို စကားပြောပါ။ သီချင်းဆိုပြပါ။ သူတို့ကြွက်သားတွေကို ဆန့်ပေးပါ။ ဒါ့မှမဟုတ် အိမ်ပြင်ထွက်ပြီး လမ်းလျှောက်ပေးပါ။ ထိုအရာတွေအားလုံးက သင့်ကလေးကို ပိုပင်ပန်းစေပြီး အိပ်စက်ဖို့ အဆင်သင့် ဖြစ်စေနိုင်ပါတယ်။

၃။ ကလေးအိပ်ချင်နေတဲ့ လက္ခဏာများကို အသိအမှတ်မပြုတာ

တခါတရံမှာ မိဘတွေဟာ ကလေးကို တရေးမသိပ်ခင်မှာ အချိန်များစွာ စောင့်ဆိုင်းတတ်ကြပါတယ်။ ဥပမာ- ငိုတဲ့အထိ စောင့်နေကြပါတယ်။ ကလေးက ပင်ပန်းနွမ်းနယ်နေပြီး အိပ်ချင်နေကြောင်းပြတဲ့ အခြားလက္ခဏာတွေရှိပါတယ်။ မျက်မှောင်ကြုတ်ထားခြင်း၊ လက်သီး ဆုပ်ထားခြင်း၊ ဂျီကျလာခြင်း၊ လက်တွေ၊ ခြေထောက်တွေ လှုပ်ရှားခြင်းနှင့် မျက်စိနှင့် နားတွေကို ပွတ်သပ်ခြင်းများ ပြုလုပ်ပါက အိပ်စက်ချိန် ရောက်နေပြီလို့ ဆိုလိုနိုင်ပါတယ်။

၄။ ကလေးကို သူ့ဘာသာ အိပ်ပျော်ခွင့် မပေးတာ

ပုခက်ထဲထည့်ပြီး လှုပ်ပေးခြင်း၊ ပွတ်ပေးခြင်း ကဲ့သို့သော လုပ်ရိုးလုပ်စဉ်တွေက သင့်ကလေးကို အနားယူဖို့၊ အိပ်ဖို့ အချိန်ရောက်ပြီဟု နားလည်စေနိုင်ပါတယ်။ သို့သော် တခါတရံမှာ ၎င်းတို့ကို ကျော်လိုက်ပြီး ကလေးကို သူ့ဘာသာအိပ်ပျော်စေတာက ပိုကောင်းပါတယ်။ သို့မှသာ သူတို့ဟာ မေမေ့ရဲ့အကူအညီမပါဘဲ အိပ်ပျော်သွားနိုင်မှာ ဖြစ်ပါတယ်။ မေမေတို့အနေနဲ့ ကလေးအိပ်နေစဉ် အသံတိတ်ဆိတ်စွာ နေပေးသင့်ပါတယ်။ အသံတွေကြားရင် ထိုအသံတွေကြောင့် ကလေးနိုးသွားနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ မိဘတွေအနေနဲ့ ကလေးကို အိပ်ရေးဝဝအိပ်ပြီး နိုးလာတဲ့အထိ စောင့်ဆိုင်းပေးတဲ့အခါ ကလေးဟာ သူ့ဘာသာ အိပ်တတ်လာကြောင်း တွေ့ရှိခဲ့ရပါတယ်။

၅။ အလင်းရောင်ကောင်းတဲ့ အခန်းမှာ အိပ်စေတာ

အချို့သော မိဘတွေက နေ့ခင်းဘက် တရေးသိပ်တဲ့အခါ ကလေးကို နေ့နဲ့ည ခွဲခြားသိမြင်အောင် အလင်းရောင်ရှိတဲ့ အခန်းထဲမှာ ထည့်သိပ်သင့်တယ်လို့ ယူဆကြပါတယ်။ သို့သော် ဒါက အယူအဆမှားတစ်ခု ဖြစ်ပါတယ်။ မှောင်နေတာက ကလေးတွေကို အေးဆေး တည်ငြိမ်စေပါတယ်။ အမှောင်က အိပ်စက်ခြင်းကို ထိန်းညှိပေးတဲ့ မယ်လတိုနင်ဟော်မုန်း ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။

၆။ ဆူညံသံတွေကို ပိတ်ဆို့တာ

အာရုံပျံ့လွင်စရာအသံတွေကို ဖယ်ရှားပစ်ဖို့ မကြိုးစားပါနဲ့။ တကယ်လို့ သင်ကလေးက လုံးဝတိတ်ဆိတ်မှ အိပ်ပျော်တတ်တဲ့ အကျင့်ဖြစ်သွားရင် နောက်ပိုင်းမှာ အိပ်ပျော်ဖို့ အခက်အခဲ ရှိလာနိုင်ပါတယ်။ တခါတရံမှာ သီချင်းသံအေးအေးလေးတွေကို ဖွင့်ပေးထားဖို့ အကြံပြုပါတယ်။ သင့်ကလေးကို အိပ်ပျော်ဖို့ လွယ်ကူစေနိုင်ပေမယ့် ၎င်းတို့ကို သတိဖြင့် အသုံးပြုသင့်ပါတယ်။

၇။ အိပ်ရာတစ်ခုထဲမှာ မျှအိပ်ခြင်း

အချို့မိဘတွေက အိပ်ယာထဲမှာ ကလေးနှင့်အတူ အိပ်ဖို့ ရွေးချယ်ကြပါတယ်။ ကလေးဟာ အိပ်တဲ့နေရာနှင့် ပတ်သတ်ပြီး ရောထွေးနေပါလိမ့်မယ်။ ဒါ့အပြင် သူတို့ဟာ ပုခက်ထဲမှာ အိပ်ပျော်ဖို့ ခက်ခဲစေနိုင်သလို မိဘနားမှာ နီးနီးကပ်ကပ် မဟုတ်ရင် မအိပ်တတ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ထို့အပြင် တစ်အိပ်ရာထဲ အိပ်ခြင်းက SIDS (ရုတ်တရက် မွေးကင်းစကလေး သေဆုံးမှု) နှင့် အခြားအိပ်စက်မှုနှင့် ဆက်စပ်နေတဲ့ သေဆုံးမှုတွေကို တိုးပွားစေနိုင်ပါတယ်။

၈။ ကလေးကို နေ့ခင်းဘက် တစ်ရေးတစ်မောသိပ်တဲ့အခါ အကြာကြီး အိပ်စေခြင်း

မွေးကင်းစကလေးတွေဟာ တစ်နေ့လျှင် ၁၃ နာရီမှ ၁၅နာရီထိ အိပ်တတ်ကြပါတယ်။ သို့သော် ကလေးငယ် ကြီးလာတဲ့အခါ တစ်ရေးတစ်မောအိပ်ချိန်ကို တနေ့လျှင် စုစုပေါင်း (၃)နာရီထက်ပိုပြီး မသိပ်သင့်ပါဘူး။ တစ်နေ့တာအတွင်း အလွန်အမင်း အိပ်စက်ခြင်းက ကျန်းမာရးနှင့် မညီညွတ်တဲ့ အိပ်ချိန်ဇယားကို ဖြစ်ပေါ်စေပါတယ်။ ထိုအ့ပြင် သင့်ကလေးဟာ မြန်မြန်အိပ်ပျော်ဖို့ ခက်ခဲ နိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

Zawgyi

မိဘေတြ လုပ္မိတတ္ၾကတဲ့ ကေလးရဲ႕ အိပ္စက္မႈကို ပ်က္စီးေစေသာ အမွား (၈)ခု
ေကာင္းမြန္ေသာ အိပ္စက္ျခင္းဟာ ကေလးရဲ႕ ဖြံ႕ၿဖိဳးဆဲ ဦးေႏွာက္အတြက္ အရမ္းအေရးႀကီးၿပီး အိပ္စက္မႈ မလုံေလာက္ျခင္းဟာ ADHD (အာ႐ုံစူးစိုက္မႈ လိုအပ္တဲ့ hyperactivity disorder)လို႔ေခၚတဲ့ ျပႆနာမ်ား၊ ဘာသာစကားႏွင့္ စာဖတ္ျခင္း ျပႆနာေတြကို ဦးတည္ႏိုင္ေစပါတယ္။ ကေလးေတြရဲ႕ က်န္းမာ၊ ေပ်ာ္႐ြင္မႈအတြက္ အိပ္စက္မႈက အေရးႀကီးတာေၾကာင့္ ယေန႔မွာ ကေလးေကာင္းေကာင္း အိပ္စက္ႏိုင္ေအာင္ မိဘေတြ ေရွာင္ၾကဥ္သင့္တဲ့ အမွားတစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အိပ္ရာဝင္ခ်ိိန္ ပုံမွန္မရွိတာ

ကေလးရဲ႕ အိပ္ရာဝင္ခ်ိန္က ပုံမွန္ျဖစ္ဖို႔ လိုပါတယ္။ အိပ္ခ်ိန္ ပုံမွန္ရွိျခင္းက ကေလးအတြက္ ၿငိမ္သက္မႈကို ခံစားရေစႏိုင္ၿပီး လ်င္ျမန္စြာ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။ ကေလးက အိပ္ခ်ိန္ေရာက္တဲ့အခါ အိပ္ခ်ိန္မွန္း ေကာင္းေကာင္းသတ္မွတ္ႏိုင္မွာျဖစ္ၿပီး ပုံမွန္အိပ္စက္တတ္တဲ့ အက်င့္ရသြားမွာ ျဖစ္ပါတယ္။

၂။ သင့္ကေလး ႏိုးေနခ်ိန္အတြင္းမွာ လုံေလာက္တဲ့ ေဖ်ာ္ေျဖမႈ မေပးတာ

ကေလးေတြလည္း ကြၽန္ေတာ္တို႔လိုပါပဲ။ ကြၽန္ေတာ္တို႔ဟာ ေန႔အခ်ိန္ အလုပ္မ်ားေလ ပင္ပန္းႏြမ္းနယ္ၿပီး အိပ္ဖို႔ လြယ္ေလျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကေလးကို တတ္ႏိုင္သေလာက္ လႈပ္ရွားမႈ မ်ားမ်ားရွိဖို႔ ႀကိဳးစားေပးပါ။ သူတို႔ကို စကားေျပာပါ။ သီခ်င္းဆိုျပပါ။ သူတို႔ႂကြက္သားေတြကို ဆန္႔ေပးပါ။ ဒါ့မွမဟုတ္ အိမ္ျပင္ထြက္ၿပီး လမ္းေလွ်ာက္ေပးပါ။ ထိုအရာေတြအားလုံးက သင့္ကေလးကို ပိုပင္ပန္းေစၿပီး အိပ္စက္ဖို႔ အဆင္သင့္ ျဖစ္ေစႏိုင္ပါတယ္။

၃။ ကေလးအိပ္ခ်င္ေနတဲ့ လကၡဏာမ်ားကို အသိအမွတ္မျပဳတာ

တခါတရံမွာ မိဘေတြဟာ ကေလးကို တေရးမသိပ္ခင္မွာ အခ်ိန္မ်ားစြာ ေစာင့္ဆိုင္းတတ္ၾကပါတယ္။ ဥပမာ- ငိုတဲ့အထိ ေစာင့္ေနၾကပါတယ္။ ကေလးက ပင္ပန္းႏြမ္းနယ္ေနၿပီး အိပ္ခ်င္ေနေၾကာင္းျပတဲ့ အျခားလကၡဏာေတြရွိပါတယ္။ မ်က္ေမွာင္ၾကဳတ္ထားျခင္း၊ လက္သီး ဆုပ္ထားျခင္း၊ ဂ်ီက်လာျခင္း၊ လက္ေတြ၊ ေျခေထာက္ေတြ လႈပ္ရွားျခင္းႏွင့္ မ်က္စိႏွင့္ နားေတြကို ပြတ္သပ္ျခင္းမ်ား ျပဳလုပ္ပါက အိပ္စက္ခ်ိန္ ေရာက္ေနၿပီလို႔ ဆိုလိုႏိုင္ပါတယ္။

၄။ ကေလးကို သူ႔ဘာသာ အိပ္ေပ်ာ္ခြင့္ မေပးတာ

ပုခက္ထဲထည့္ၿပီး လႈပ္ေပးျခင္း၊ ပြတ္ေပးျခင္း ကဲ့သို႔ေသာ လုပ္႐ိုးလုပ္စဥ္ေတြက သင့္ကေလးကို အနားယူဖို႔၊ အိပ္ဖို႔ အခ်ိန္ေရာက္ၿပီဟု နားလည္ေစႏိုင္ပါတယ္။ သို႔ေသာ္ တခါတရံမွာ ၎တို႔ကို ေက်ာ္လိုက္ၿပီး ကေလးကို သူ႔ဘာသာအိပ္ေပ်ာ္ေစတာက ပိုေကာင္းပါတယ္။ သို႔မွသာ သူတို႔ဟာ ေမေမ့ရဲ႕အကူအညီမပါဘဲ အိပ္ေပ်ာ္သြားႏိုင္မွာ ျဖစ္ပါတယ္။ ေမေမတို႔အေနနဲ႔ ကေလးအိပ္ေနစဥ္ အသံတိတ္ဆိတ္စြာ ေနေပးသင့္ပါတယ္။ အသံေတြၾကားရင္ ထိုအသံေတြေၾကာင့္ ကေလးႏိုးသြားႏိုင္ပါတယ္။ ေလ့လာမႈတစ္ခုအရ မိဘေတြအေနနဲ႔ ကေလးကို အိပ္ေရးဝဝအိပ္ၿပီး ႏိုးလာတဲ့အထိ ေစာင့္ဆိုင္းေပးတဲ့အခါ ကေလးဟာ သူ႔ဘာသာ အိပ္တတ္လာေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။

၅။ အလင္းေရာင္ေကာင္းတဲ့ အခန္းမွာ အိပ္ေစတာ

အခ်ိဳ႕ေသာ မိဘေတြက ေန႔ခင္းဘက္ တေရးသိပ္တဲ့အခါ ကေလးကို ေန႔နဲ႔ည ခြဲျခားသိျမင္ေအာင္ အလင္းေရာင္ရွိတဲ့ အခန္းထဲမွာ ထည့္သိပ္သင့္တယ္လို႔ ယူဆၾကပါတယ္။ သို႔ေသာ္ ဒါက အယူအဆမွားတစ္ခု ျဖစ္ပါတယ္။ ေမွာင္ေနတာက ကေလးေတြကို ေအးေဆး တည္ၿငိမ္ေစပါတယ္။ အေမွာင္က အိပ္စက္ျခင္းကို ထိန္းညႇိေပးတဲ့ မယ္လတိုနင္ေဟာ္မုန္း ထုတ္လုပ္မႈကို ျမႇင့္တင္ေပးပါတယ္။

၆။ ဆူညံသံေတြကို ပိတ္ဆို႔တာ

အာ႐ုံပ်ံ႕လြင္စရာအသံေတြကို ဖယ္ရွားပစ္ဖို႔ မႀကိဳးစားပါနဲ႔။ တကယ္လို႔ သင္ကေလးက လုံးဝတိတ္ဆိတ္မွ အိပ္ေပ်ာ္တတ္တဲ့ အက်င့္ျဖစ္သြားရင္ ေနာက္ပိုင္းမွာ အိပ္ေပ်ာ္ဖို႔ အခက္အခဲ ရွိလာႏိုင္ပါတယ္။ တခါတရံမွာ သီခ်င္းသံေအးေအးေလးေတြကို ဖြင့္ေပးထားဖို႔ အႀကံျပဳပါတယ္။ သင့္ကေလးကို အိပ္ေပ်ာ္ဖို႔ လြယ္ကူေစႏိုင္ေပမယ့္ ၎တို႔ကို သတိျဖင့္ အသုံးျပဳသင့္ပါတယ္။

၇။ အိပ္ရာတစ္ခုထဲမွာ မွ်အိပ္ျခင္း

အခ်ိဳ႕မိဘေတြက အိပ္ယာထဲမွာ ကေလးႏွင့္အတူ အိပ္ဖို႔ ေ႐ြးခ်ယ္ၾကပါတယ္။ ကေလးဟာ အိပ္တဲ့ေနရာႏွင့္ ပတ္သတ္ၿပီး ေရာေထြးေနပါလိမ့္မယ္။ ဒါ့အျပင္ သူတို႔ဟာ ပုခက္ထဲမွာ အိပ္ေပ်ာ္ဖို႔ ခက္ခဲေစႏိုင္သလို မိဘနားမွာ နီးနီးကပ္ကပ္ မဟုတ္ရင္ မအိပ္တတ္တာေတြ ျဖစ္ေစႏိုင္ပါတယ္။ ထို႔အျပင္ တစ္အိပ္ရာထဲ အိပ္ျခင္းက SIDS (႐ုတ္တရက္ ေမြးကင္းစကေလး ေသဆုံးမႈ) ႏွင့္ အျခားအိပ္စက္မႈႏွင့္ ဆက္စပ္ေနတဲ့ ေသဆုံးမႈေတြကို တိုးပြားေစႏိုင္ပါတယ္။

၈။ ကေလးကို ေန႔ခင္းဘက္ တစ္ေရးတစ္ေမာသိပ္တဲ့အခါ အၾကာႀကီး အိပ္ေစျခင္း

ေမြးကင္းစကေလးေတြဟာ တစ္ေန႔လွ်င္ ၁၃ နာရီမွ ၁၅နာရီထိ အိပ္တတ္ၾကပါတယ္။ သို႔ေသာ္ ကေလးငယ္ ႀကီးလာတဲ့အခါ တစ္ေရးတစ္ေမာအိပ္ခ်ိန္ကို တေန႔လွ်င္ စုစုေပါင္း (၃)နာရီထက္ပိုၿပီး မသိပ္သင့္ပါဘူး။ တစ္ေန႔တာအတြင္း အလြန္အမင္း အိပ္စက္ျခင္းက က်န္းမာရးႏွင့္ မညီၫြတ္တဲ့ အိပ္ခ်ိန္ဇယားကို ျဖစ္ေပၚေစပါတယ္။ ထိုအ့ျပင္ သင့္ကေလးဟာ ျမန္ျမန္အိပ္ေပ်ာ္ဖို႔ ခက္ခဲ ႏိုင္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here