မိဘတွေက ဖုန်း သိမ်းထားလို့ဆိုပြီး ၁၇ထပ်တိုက်ပေါ်က ခုန်ချတဲ့ ကောင်လေးရဲ့ဖြစ်ရပ်

0
657
တိုက်ပေါ်က ခုန်ချတဲ့ ကောင်လေး

ကျောင်းနေအရွယ် ဆယ်ကျောက်သက်ကလေးအများစု ဖုန်းကိုင်တာကို မိဘတွေ အများစုကတော့ မကြိုက်ကြတာများပါတယ်။ ဒါ့ကြောင့် သူတို့ ဖုန်းအသုံးပြုတဲ့အခါ မိဘတွေဘက်က ချော့တစ်လှည့် ခြောက်တစ်လှည့်နဲ့ နည်းအမျိုးမျိုးသုံးပြီး ပိတ်ပင်တားဆီးကြပါတယ်။ မိဘတွေဘက်က အခုလိုပိတ်ပင်တားဆီးမှု တွေကြောင့် စင်္ကာပူနိုင်ငံမှာ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက် သေကြောင်ကြံစည်မှုအထိဖြစ်ပွားခဲ့ရပါတယ်။

-Advertisement-

အကြောင်းအရင်းကတော့ မိဘတွေက ကောင်လေး အသုံးပြုနေတဲ့ ဖုန်းနဲ့ အိုင်ပက်ကို သိမ်းလိုက်လို့ စိတ်ဆိုး ဒေါသထွက်ပြီး သတ်သေဖို့အထိ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ကောင်လေးသေကြောင်းကြံစည်တဲ့ ဗီဒီယိုဖိုင်ကို Fabrications About The PAP page တစ်ခုက တင်ထားတာဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ အွန်လိုင်းသုံးစွဲသူတွေဆီ ပျံ့နှံ့ခဲ့ပါတယ်။ အခင်း ဖြစ်ပွားခဲ့တာကတော့ စင်္ကာပူနိုင်ငံ Sengkang အနောက်ဘက်မှာရှိတဲ့ မီနီကွန်ဒိုတစ်ခုမှာဖြစ်ပွားခဲ့တာပါ။

အဆိုပါ ဗီဒီယိုထဲမှာတော့ အသက် ၁၂/၁၃နှစ်အရွယ် ကောင်လေးဟာ ၁၇တိုက်အမြင့် ပြတင်းပေါက်အပြင်ဘက်အစွန်းမှာ ထိုင်နေပြီး ထိုကနေ အောက်ကို ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ မီးသတ်သမားတွေရဲ့ အကူအညီကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရပါတယ်။ မီးသတ်သမားတွေဟာ အဆိုပါ ကောင်လေး ခုန်ချမဲ့ အောက်တည့်တည့်မှာ အရေးပေါ်ဆင်းသက်လျှင်အသုံးပြုတဲ့ ယာယီလေအိတ်ကြီးတစ်လုံးကို အချိန်မှီခံထားပေးနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။

လူတိုင်းလိုလို ဖုန်းကိုင်နိုင်တဲ့ ခေတ်ကြီးမှာ စမတ်ဖုန်းတစ်လုံးဟာ လူတွေရဲ့ စိတ်ကို ရာနှုန်းပြည့် ဖမ်းစားနိုင်ခဲ့တယ်။ ဒီလို အီလက်ထရောနစ်ပစ္စည်းတွေဟာ သုံးတတ်လျှင် ဆေး မသုံးတတ်လျှင်ဘေးဆိုသလို ကောင်းစွာ အသုံးမချတတ်ရင်တော့ ဘေးတွေ့ဖို့များပါတယ်။ အထူးသမဖြင့် အပျော်အပါးမက်တတ်တဲ့ ဆယ်ကျော်သက်အရွယ် ကလေးတွေအတွက်တော့ သူတို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို ပျက်စီးနိုင်တဲ့ လက်နက်တစ်ခုလိုပါပဲ။

ကျောင်းနေတဲ့ အချိန်မှာ ဖုန်းကိုသာ အာရုံစိုက်နေရင် စာထဲ စိတ်မပါသလို၊ သူတို့ရဲ့ ရည်းမှန်ချက်တွေလည်း နောက်နှေးကုန်မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း မိဘတွေဘက်က ဒါကို အတည်းအကြပ် ပိတ်ပင်တားဆီးလို့မရဘူးဆိုတာ ယခုဖော်ပြပေးတဲ့ ဗီဒီယိုက သူတို့အတွက် သင်ခန်းစာပါပဲ။ အကောင်းဆုံးကတော့ ဒီလို ကျောင်းနေအရွယ် ဆယ်ကျော်သက်တွေကို ဖုန်းကိုင်ဖို့ အစ မလုပ်ပေးသင့်သလို အစလုပ်မိရင်လည်း အလိမ္မာနဲ့ ဘယ်လိုရပ်တန့်ရမလဲဆိုတာ အကောင်းဆုံးစဉ်းစားပြီးမှ လုပ်ဆောင်ပါ။

OMG. He fell…Into SCDF our life saving force safe hands. Just happened @ Sengkang Fernvale. hope he recovers with professional help. If you need help or knows anyone needing help pls call SOS Samaritan Of Singapore tel: 18002214444Credit: Facebook/mdrifae

Gepostet von Fabrications About The PAP am Freitag, 1. März 2019

#Lifestyle_Myanmar

#Thar_Nage

သံကြိုးခတ်နှိပ်စက်ပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေခံရတဲ့ အိန္ဒိယအမျိုးသား ၃ဦး

Zawgyi Fonts

မိဘေတြက ဖုန္း သိမ္းထားလို႔ဆိုၿပီး ၁၇ထပ္တိုက္ေပၚက ခုန္ခ်တဲ့ ေကာင္ေလးရဲ့ျဖစ္ရပ္
ေက်ာင္းေနအရြယ္ ဆယ္ေက်ာက္သက္ကေလးအမ်ားစု ဖုန္းကိုင္တာကို မိဘေတြ အမ်ားစုကေတာ့ မႀကိဳက္ၾကတာမ်ားပါတယ္။ ဒါ့ေၾကာင့္ သူတို႔ ဖုန္းအသုံးျပဳတဲ့အခါ မိဘေတြဘက္က ေခ်ာ့တစ္လွည့္ ေျခာက္တစ္လွည့္နဲ႔ နည္းအမ်ိဳးမ်ိဳးသုံးၿပီး ပိတ္ပင္တားဆီးၾကပါတယ္။ မိဘေတြဘက္က အခုလိုပိတ္ပင္တားဆီးမွု ေတြေၾကာင့္ စကၤာပူနိုင္ငံမွာ ဆယ္ေက်ာ္သက္အရြယ္ေကာင္ေလးတစ္ေယာက္ ေသေၾကာင္ႀကံစည္မွုအထိျဖစ္ပြားခဲ့ရပါတယ္။

အေၾကာင္းအရင္းကေတာ့ မိဘေတြက ေကာင္ေလး အသုံးျပဳေနတဲ့ ဖုန္းနဲ႔ အိုင္ပက္ကို သိမ္းလိုက္လို႔ စိတ္ဆိုး ေဒါသထြက္ၿပီး သတ္ေသဖို႔အထိ ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။ ေကာင္ေလးေသေၾကာင္းႀကံစည္တဲ့ ဗီဒီယိုဖိုင္ကို Fabrications About The PAP page တစ္ခုက တင္ထားတာျဖစ္ၿပီး အခ်ိန္တိုအတြင္းမွာပဲ အြန္လိုင္းသုံးစြဲသူေတြဆီ ပ်ံ႕ႏွံ့ခဲ့ပါတယ္။ အခင္း ျဖစ္ပြားခဲ့တာကေတာ့ စကၤာပူနိုင္ငံ Sengkang အေနာက္ဘက္မွာရွိတဲ့ မီနီကြန္ဒိုတစ္ခုမွာျဖစ္ပြားခဲ့တာပါ။

အဆိုပါ ဗီဒီယိုထဲမွာေတာ့ အသက္ ၁၂/၁၃ႏွစ္အရြယ္ ေကာင္ေလးဟာ ၁၇တိုက္အျမင့္ ျပတင္းေပါက္အျပင္ဘက္အစြန္းမွာ ထိုင္ေနၿပီး ထိုကေန ေအာက္ကို ျပဳတ္က်သြားခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ကံေကာင္းစြာနဲ႔ပဲ မီးသတ္သမားေတြရဲ့ အကူအညီေၾကာင့္ အသက္ေဘးမွ လြတ္ေျမာက္ခဲ့ရပါတယ္။ မီးသတ္သမားေတြဟာ အဆိုပါ ေကာင္ေလး ခုန္ခ်မဲ့ ေအာက္တည့္တည့္မွာ အေရးေပၚဆင္းသက္လၽွင္အသုံးျပဳတဲ့ ယာယီေလအိတ္ႀကီးတစ္လုံးကို အခ်ိန္မွီခံထားေပးနိုင္ခဲ့လို႔ပဲျဖစ္ပါတယ္။

လူတိုင္းလိုလို ဖုန္းကိုင္နိုင္တဲ့ ေခတ္ႀကီးမွာ စမတ္ဖုန္းတစ္လုံးဟာ လူေတြရဲ့ စိတ္ကို ရာႏွုန္းျပည့္ ဖမ္းစားနိုင္ခဲ့တယ္။ ဒီလို အီလက္ထေရာနစ္ပစၥည္းေတြဟာ သုံးတတ္လၽွင္ ေဆး မသုံးတတ္လၽွင္ေဘးဆိုသလို ေကာင္းစြာ အသုံးမခ်တတ္ရင္ေတာ့ ေဘးေတြ႕ဖို႔မ်ားပါတယ္။ အထူးသမျဖင့္ အေပ်ာ္အပါးမက္တတ္တဲ့ ဆယ္ေက်ာ္သက္အရြယ္ ကေလးေတြအတြက္ေတာ့ သူတို႔ဘဝရဲ့ တစ္စိတ္တစ္ပိုင္းကို ပ်က္စီးနိုင္တဲ့ လက္နက္တစ္ခုလိုပါပဲ။

ေက်ာင္းေနတဲ့ အခ်ိန္မွာ ဖုန္းကိုသာ အာ႐ုံစိုက္ေနရင္ စာထဲ စိတ္မပါသလို၊ သူတို႔ရဲ့ ရည္းမွန္ခ်က္ေတြလည္း ေနာက္ေႏွးကုန္မွာျဖစ္ပါတယ္။ ဒါေပမဲ့လည္း မိဘေတြဘက္က ဒါကို အတည္းအၾကပ္ ပိတ္ပင္တားဆီးလို႔မရဘူးဆိုတာ ယခုေဖာ္ျပေပးတဲ့ ဗီဒီယိုက သူတို႔အတြက္ သင္ခန္းစာပါပဲ။ အေကာင္းဆုံးကေတာ့ ဒီလို ေက်ာင္းေနအရြယ္ ဆယ္ေက်ာ္သက္ေတြကို ဖုန္းကိုင္ဖို႔ အစ မလုပ္ေပးသင့္သလို အစလုပ္မိရင္လည္း အလိမၼာနဲ႔ ဘယ္လိုရပ္တန္႔ရမလဲဆိုတာ အေကာင္းဆုံးစဥ္းစားၿပီးမွ လုပ္ေဆာင္ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here