မိဘတိုင်းသိသင့်သော ပါရမီရှင်ကလေးငယ်များ၏ လက္ခဏာများ

0
75

မိဘတွေအနေနဲ့သူတို့ကလေးတွေကို ‘သူများထက်ထူးပြီးလှပရဲရင့်တဲ့ကလေးတွေလို့ပဲသတ်မှတ်ထားကြတာပါ။ မိဘဆိုတဲ့အတိုင်းပဲ သူတို့တွေက ကလေးငယ်တွေရဲ့ကြီးထွားမှုနဲ့သင်ယူနိုင်မှုတို့ကို အမြဲလိုလိုစောင့်ကြည့်နေတတ်ကြတာပါ။ အဲဒီအခိုက်အတန့်အတော်များများကကျွန်တော်တို့ကိုအရမ်းဂုဏ်ယူစေတယ်။

-Advertisement-

သင့်ကလေးရဲ့ဉာဏ်ရည်နိမိတ်လက္ခဏာတွေကိုလည်းပြသခဲ့မှာလည်းသေချာပါတယ်။ သို့သော်ကလေးအားလုံးက ပင် ကိုယ်စွမ်းရည်ရှိတဲ့ ကလေးတွေတော့မဟုတ်ပါ။ ပါရမီရှင်ဆိုတာက သင်ယူမှုပိုင်းမှာ သာမန်စံနှုန်းရှိသင့်တဲ့ညဏ်ရည်ထက် သူ့ပင်ကိုယ်စွမ်းရည်ကသာလွန်ကောင်းမွန်နေတာပါ။

ပါရမီရှင်ကလေးတစ်ဦးကိုနည်းလမ်းများစွာနဲ့လက်ဆောင်ရရှိနိုင်ပါတယ်။ သင့်ရဲ့ ကလေးကညဏ်ရည်ထက်မြက်သူလား၊ သင်ကြားဖို့ခက်သူလားဆိုတာကို သင်သိဖို့ အရေးကြီးပါတယ်၊ ဒါမှသာသင်က သူတို့ရဲ့ပညာရေးတစ်လျှောက်လုံး သူတို့စွမ်းရည်တွေကိုအပြည့်အဝအသုံးချနိုင်အောင်ကူညီနိုင်မှာပါ။

သူတို့လုပ်နိုင်တာထက်ပိုပြီးသင်ယူနိုင်တဲ့ညဏ်ရည်တွေရှိကြတဲ့ကလေးတွေအတွက် အဆင်မြင့်ကျောင်းတွေနဲ့သင်တန်းတွေလည်းရှိကြပါတယ်။ သင့်ကလေးကဿမန်ထက်ပိုတဲ့ညဏ်ရည်ရှိတဲ့ဘုရားပေးတဲ့လက်ဆောင်ကလေးတစ်ဦးလို့သင်ထင်မိကောင်းထင်မိနိုင်ပါတယ်။ ဒီတော့မိဘတွေသိထားသင့်တဲ့ ပါရမီရှင်ကလေးဟုတ်မဟုတ်ပြတဲ့လက္ခဏာတွေကိုဖော်ပြလိုက်ပါတယ်။

ကိုယ်ပိုင်အတွေးအခေါ်တွေရှိတယ်

တချို့ကလေးတွေအတွက်သတင်းအချက်အလက်တွေကို အလွတ်ကျက်ရာမှာလွယ်ကူကြပြီး မှတ်ညဏ်ထဲကိုအသာလေးထည့်ထားနိုင်ပါတယ်။ ဒါကသင့်ကလေးကို ပါရမီရှင်ကလေးလို ပြောနေတာတော့မဟုတ်ပါဘူး။ ဒါက ကလေးတစ်ဦးက ပြဿနာတွေကိုဖြေရှင်းနိုင်ပြီး သူတို့အတွက်စဉ်းစားနိုင်တဲ့ ထူးခြားတဲ့ညဏ်ရည်အမျိုးအစားတစ်ခုပါပဲ။

သူတို့ကိုဟိုဟာလုပ်ဒီဟာလုပ်ဆိုပြီးပြောပြဖို့ စာအုပ်တွေ၊ဆရာမတွေမလိုအပ်ပါဘူး။ အဲ့ဒီအစားသူတို့ကသူတို့ကိုယ်ပိုင်အတွေးအခေါ်နဲ့သူတို့သင်ယူတတ်ကြပါတယ်။

တခြားပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကိုလည်း သူတို့ရဲ့အခြားအရည်အချင်းတွေနဲ့ပေါင်းစပ်ပြီး သူတို့ဘာသာသင်ယူတတ်ကြပါတယ်။ နောက်ဆုံးသူတို့က နေရာတစ်ခုက အသိပညာတစ်ခုခုကို ဘယ်လိုရယူရမလဲဆိုတာကိုလည်း သူတို့ဘာသာသင်ယူကြပြီး ဒီအသိပညာတွေကို အခြားနေရာတစ်ခုမှာဘယ်လို ပူးပေါင်းဆောင်ရွက်လို့ရမလဲဆိုတာကိုလည်းသိကြပါတယ်။ ဒီကလေးတွေကသူတို့ကိုတာ၀န်ပေးလိုက်တဲ့အခါ သေချာပေါက် လမ်းညွှန်ပြသဖို့မလိုတဲ့ကလေးတွေပါ။

ကလေးတွေက ပြဿနာတစ်ခုကို သူတို့ကိုယ်ပိုင်အဖြေနဲ့ရှာနိုင်သလိုထိရောက်ပြီးအကျိုးရှိတဲ့ အဖြေတွေကိုလည်းထုတ် ပေးနိုင်ပါတယ်။

ဒီကလေးတွေက သူတို့ကိုယ်ပိုင်လမ်းကြောင်းအတိုင်းပဲသွားကြပေမယ့် သူတို့အဆုံးသတ်လိုချင်တဲ့လမ်းကြောင်းကိုတော့လွယ်လွယ်နဲ့ပြီးပြည့်စုံအောင်ရောက်သွားကြတာတော့မဟုတ်ပါဘူး။ ဖန်တီးမှုဆိုင်ရာပြဿနာတွေကိုဖြေရှင်းတဲ့သူတွေရဲ့ရလာဒ်ကိုကြည့်ပါ။ သောမတ်အယ်ဒီဆင်လိုပေါ့။

ပြဿနာကိုမှန်ကန်တဲ့နည်းလမ်းနဲ့ဖြေရှင်းဖို့ ကလေးတွေကို သင်ပေးလို့ရပါတယ်။ ဒါပေမယ့်ပါရမီရှင်ကလေးတစ်ဦးကတော့ လမ်းညွှန်ချက်များစွာမပါပဲအဖြေတစ်ခုကိုရအောင်ပင် ပင်ကိုအသိရှိကြပါတယ်။ ဒီပင်ကိုသဘာ၀ ပင်ကိုစွမ်းရည်ကို သင်ကြားလို့မရပါဘူး။ လမ်းကြောင်းမှန်ကို သူ့ဘာသာပြနေတဲ့သံလိုက်အိမ်မြှောင်တစ်ခုလိုပါပဲ။

ထူးဆန်းတဲ့သဘာ၀ရှိတယ်

ကလေးတော်တော်များများက ကမ္ဘာကြီးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့ပေါ့ပါပါးပါးပဲဖြတ်သန်းသွားချင်ကြပါတယ်။ တချို့လေးတွေကတော့စူးစမ်းလေ့လာပြီးသင်ယူချင်ကြပါတယ်။ ကလေးသဘာ၀ပျော်ရွှင်ခုန်ပေါက်နေတယ်ဆိုတာထက် တစ်ခုခုကိုစူးစမ်းလေ့လာချင်တယ်၊ သင်ယူလိုစိတ်ထက်သန်တယ်၊ ထူးဆန်းတဲ့အတွေးအခေါ်နဲ့အပြုအမူတွေရှိတယ်။

မေးခွန်းတွေအများကြီးမေးတယ်၊ အာဏာပိုင်တွေကိုလည်းသူတို့မေးခွန်းထုတ်ချင်ထုတ်မယ်ဆိုရင် တော့ဒါဟာ ပါရမီရှင်ကလေးငယ်တစ်ဦးရဲ့လက္ခဏာပါပဲ။ သူတို့က အရာရာကိုသူတို့စိတ်ရင်းထဲကအတိုင်းသိချင်တာတွေလိုက်စူးစမ်းပြီး မေး ခွန်းရဲ့အဖြေမှန်ကိုလိုချင်တာပါပဲ။

ဿမန်ထက်ထူးတဲ့အာရုံစူးစိုက်မှုရှိတယ်

အာရုံစူးစိုက်မှုမရှိပဲ အဖြေတစ်ခုကို ထုတ်ဖို့ခက်ခဲပါတယ်။ ကလေးတော်တော်များဟာပင်ကိုယ်စွမ်းရည်ရှိဖို့နီးစပ်ပေမယ့် တစ်ခုခုကိုအာရုံစူးစိုက်မှုမလုပ်နိုင်ကြဘူး။

ပါရမီရှင်ကလေးတွေကတော့ တစ်ခုခုကိုသူတို့လုပ်တဲ့အခါ အံသြဖို့ကောင်းတဲ့အာရုံစူးစိုက်မှုတွေရှိကြပါတယ်။ သူတို့အာရုံစူးစိုက်ထားတဲ့အရာကို မပြီးမချင်းတခြားတစ်ခုကို သူတို့ကဘယ်တော့မှမလုပ်တဲ့အာရုံစူးစိုက်မှုမျိုးပါ။

ပျင်းတာနဲ့အာရုံစူးစိုက်တာကိုတော့မရောထွေးလိုက်ဖို့အရေးကြီးပါတယ်။ တချို့ကလေးတွေက သင်ခန်းစာတစ်ခုခုကို အတန်းထဲမှာ ထပ်ခါတပ်ခါလုပ်ရတဲ့အခါ အာရုံစိုက်မှုကင်းလာပြီးပျင်းလာတယ်လို့ထင်ရတတ်ပါတယ်။

ဒီတော့ သူတို့အာရုံစူးစိုက်မှု ပိုမိုရှိလာစေဖို့ ပိုမိုခက်ခဲတဲ့ သင်ခန်းစာတစ်ခုကိုပေးဖို့ကြိုးစားကြည့်ပါ။ အဲ့ဒါမှဘာမှမထူးလာဘူးဆိုရင်တော့သူတို့မှာ အာရုံစူးစိုက်မှုနဲ့ဆိုင်တဲ့ပုံမှန်မဟုတ်တဲ့ရောဂါတစ်ခုခုရှိနေနိုင်ပါတယ်။ ဒါကိုပြင်ဆင်ပေးလိုက်မယ်ဆိုရင် သူတို့ပညာရေးဆိုင်ရာမှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေကိုလည်းဖြေရှင်းနိုင်ပါလိမ့်မယ်။

ပါရမီရှင်ကလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး၊ သူတို့အာရုံစူးစိုက်နေတဲ့အချိန်မှာ တစ်စုံတစ်ဦး (သို့) တစ်ခုခုရဲ့ မမျှော်လင့်ဘဲကျယ်လောင်တဲ့အသံကြောင့်သူတို့စိတ်ဆိုးစိတ်အနှာင့်အယှက်ဖြစ်တတ်ပါတယ်။

သူတို့ရဲ့ကြီးကျယ်တဲ့စီမံကိန်းတွေအတွက် သူတို့ကို ငြိမ်းချမ်းရေးရအောင် လုပ်ပေးတာအေကာင်းဆုံးပါပဲ။ ဟုတ်ပါတယ်၊ ရိုင်းပျခြင်းကိုသည်းမခံသင့်ပါ။

မြင့်မားတဲ့စိတ်ပိုင်းဆိုင်ရာညဏ်ရည်ရှိတယ်

ညဏ်ရည်ညဏ်သွေးနဲ့ပက်သက်ပြီး တိုင်းတာဖို့ နယ်ပယ်တွေအများကြီးရှိပါတယ်။ ပါရမီရှင်ကလေးတွေက မြင့်မားသောစိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ကိုပြသကြပါတယ်။ သူတို့ကသူတို့ရဲ့စိတ်ခံစားမှုတွေကိုဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကိုနား လည်တဲ့ကလေးတွေပါ။ များသောအားဖြင့်ဒီကလေးတွေက အသိပညာရရှိဖို့နဲ့သူတို့ပန်းတိုင်အတွက် အရမ်းအလုပ်များနေတတ်ကြပါတယ်။

သူတို့ဝန်းကျင်ရှိအရာများအတွက်လည်းပိုမိုကျေးဇူးတင်တတ်ကြပါတယ်။ ပါရမီရှင်ကလေးတိုင်းက စိတ်ပိုင်းဆိုင်ရာမြင့်မားသောဉာဏ်ရည်ကိုချက်ချင်းပြသနိုင်မှာတော့မဟုတ်ပါ။ ဒီအပိုင်းကတော့ကလေးနဲ့အတူသင်ကိုယ်တိုင်လေ့ကျင့်လုပ်ဆောင်ပေးဖို့လိုပါလိမ့်မယ်။

သူတို့ထက်အသက်ကြီးသူတွေနဲ့အချိန်ဖြုန်းလိုကြတယ်

ရွယ်တူတွေနဲ့သူတို့ပေါင်းဖို့က ခက်ခဲနိုင်ပါတယ်။ သူတို့ကစကားစမြည်ပြောဆိုဖို့သူတို့ထက်အသက်ကြီးတဲ့ကလေးတွေနဲ့လူကြီးပိုင်းတွေကို ရှာဖွေပေါင်းသင်းလိုကြပါတယ်။

ဿမန်ကလေးတစ်ဦးကရုပ်မြင်သံကြားပြပွဲတစ်ခုအကြောင်းပြောဆိုနေတဲ့အချိန်မှာ ပါရမှရှင်ကလေးတွေက ညဏ်ပညာတစ်ခုခုအကြောင်းအသက်ကြီးသူတွေနဲ့ပြောနေပါလိမ့်မယ်။

စကားကြွယ်တယ်

ပါရမီရှင်ကလေးတစ်ဦးဟာများသောအားဖြင့်သူ့နဲ့အရွယ်တူကလေးတွေထက် ပိုပြီးစကားကြွယ်ကြပါတယ်။ ဒါဟာစကားတတ်တာကိုပြောတာမဟုတ်ပဲ ကျယ်ပြန့်တဲ့လေးနက်တဲ့ ၀ေါဟာရတွေရှိတယ်ဆိုတဲ့အကြောင်းပြောနေတာပါ။

သာမန်ကလေးတွေရဲ့ ဘန်းစကားတွေကသူတို့အတွက်ထူးဆန်းနေတတ်ပြီးများသောအားဖြင့် သူတို့က သဒ္ဒါမှန်ကန်တဲ့စကားလုံးတွေပြောဆိုတတ်ကြတာပါ။ အရွယ်ရောက်သူအများစုပင် မသိတဲ့ စကားလုံးတွေကိုတောင် သူတို့ကသုံးနိုင်ကြပါတယ်။

ဟာသဉာဏ်ကောင်းတယ်

ပင်ကိုယ်စွမ်းရည်ရှိတဲ့ ကလေးတွေက တီထွင်ဉာဏ်ရည်ကောင်းတာကြောင့်ပြက်လုံးများကိုဖန်တီးနိုင်ကြပါတယ်။ အခြားလူတွေဆီက ကြားခဲ့ရတဲ့ပြက်လုံးတွေ၊ ရုပ်မြင်သံကြားပြပွဲတွေက ပြက်လုံးတွေမဟုတ်ပဲ သူတို့ကိုယ်ပိုင်ပြက်လုံးတွေ၊ နက်နဲတဲ့ပြက်လုံးစကားလုံးအဆန်းတွေကိုဖန်တီးနိုင်ကြတာပါ။

နောက်ဆုံးအတွေးများ

ကလေးတိုင်းကလက်ဆောင်တွေပါ။ ဒါပေမယ့်ကလေးတချို့ကတော့ဘုရားပေးတဲ့လက်ဆောင်လို့ခေါ်ရမယ့် ပါရမီရှင်လေးတွေပါ။ သင့်ကလေးကိုပါရမီရှင်လို သင်ထင်တယ်ဆိုရင်လည်း စမ်းသပ်စရာနည်းလမ်းများစွာရှိပါတယ်။

ပါရမီရှင်ကလေးတွေဆိုပေမယ့် သူတို့ကိုကူညီဖို့ အထူးလေ့ကျင့်ပေးဖို့တော့လိုပါလိမ့်မယ်။ ဒါမှသူတို့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကို သူတို့က အတတ်နိုင်ဆုံးအသုံးပြုနိုင်မှာပါ။

မိဘတွေအနေနဲ့ သင့်ကလေးလိုအပ်တဲ့ ကိရိယာတွေကို ပေးနိုင်ဖို့ဖြည့်ဆည်းပေးဖို့တော့လိုပါတယ်။ သင့်ကလေးက အ ပေါ်ကပြောခဲ့တဲ့ နိမိတ်လက္ခဏာတွေပြခဲ့မယ်ဆိုသူတို့ကိုမေးပါ။ သူတို့ဘာကိုလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာမျိုးပေါ့။ သူတို့ကသူတို့နဲ့သင့်တော်တဲ့ ကျောင်းအမျိုးအစားတစ်ခုခုကို ရွေးချယ်ပါလိမ့်မယ်။

#Lifestyle_Myanmar

#Mg_Htet

RF_Power Of Possitivity

LEAVE A REPLY

Please enter your comment!
Please enter your name here