မိဘတစ်ယောက်ဖြစ်လာတာနဲ့ အမျှ သင့်ဘဝအတွက် အကြီးအကျယ်ပြောင်းလဲသွားတဲ့ အရာလေးတွေ

0
381

အိမ်ထောင်ကျပြီးလို့ ပထမဆုံး ကလေးတစ်ယောက်ရလာတာနဲ့ သင့်ဘဝရဲ့နိစ္စဒူဝ အခြေအနေတွေ ပြောင်းလဲလာပါတယ်။ ဒီလိုအချိန်ဟာ ကိုယ့်ရဲ့မိဘတွေရဲ့ ကျေးဇူးကြီးမားပုံကို သိရှိနားလည်ပြီး မိဘတစ်ယောက်ရဲ့တာဝန်ဟာ ဘယ်လောက်ထိခက်ခဲကြောင်းကို သိရှိလာတဲ့အချိန်လည်း ဖြစ်ပါတယ်။
၁။ နှိုးစက်
ကလေးမရှိတုန်းကဆိုရင် သင့်အတွက်ကောင်းမွန်စွာအိပ်စက်နိုင်ပြီး နှိုးစက်ဆိုတာ ဘာမှန်းတောင်သိမှာမဟုတ်ပါဘူး။ ဒါပေမယ့်ကလေးတစ်ယောက်ရလာတဲ့ အချိန်မှာတော့ သင်ယခုလိုဇိမ်ကျကျအိပ်နိုင်မှာ မဟုတ်တော့ပါဘူး။ ကလေးတွေဟာ မိဘတွေအတွက် နှိုးစက်တစ်ခုလိုပါပဲ။ သင့်ရဲ့သူငယ်ချင်းတွေ အိမ်ထောင်ကျပြီး မိဘဖြစ်လာတဲ့အချိန်က သင်သူတို့ကို ရယ်စရာလုပ်ခဲ့သမျှ ယခုသင်မိဘဖြစ်လာတဲ့အချိန်မှာ ကောင်းကောင်းဝဋ်လည်ပါလိမ့်မယ်။

-Advertisement-

၂။ ပုံမှန်နံနက်ခင်း
အရင်ကဆိုရင် မနက်မိုးလင်းတာနဲ့ အားကစားဝတ်စုံဝတ်ပြီး လမ်းလျှောက်ခြင်း၊ ပြေးခြင်းတွေ သင်လုပ်နိုင်ပြီး ပြန်ရောက်တဲ့အချိန် ရေမိုးချိုး ကော်ဖီသာက်မနက်စာစားပြီး မှန်ရှေ့မှာ အလှပြင်နိုင်ပါတယ်။ ကလေးရလာရင်တော့ သင့်အတွက် လှုပ်ရှားမှုတွေ ပိုနည်းလာပြီး သွားတောင်ဖြောင့်အောင် မတိုက်ရပဲ ကလေးကိုပဲ တချိန်လုံးကြည့်နေရပါမယ်။ မျက်နှာသစ်နေချိန် ကလေးငိုရင်တော့ ကမန်းကတန်းနဲ့ ကလေးကိုအငိုတိတ်အောင် သွားချော့ရပါလိမ့်မယ်။

၃။ မနက်စာ၊ နေ့လည်စာနဲ့ ညစာ
အရင်တုန်းကဆိုရင် တစ်ရက်ကိုကောင်းမွန်တဲ့ အစားအစာတွေ ကိုယ်ကြိုက်တာတွေကို တရက်သုံးနပ်သင်ကောင်းကောင်းစားရပါတယ်။ အိမ်မှာမစားချင်တဲ့အချိန်တွေဆိုရင် အပြင်မှာသွားစားနိုင်ပါတယ်။ ကလေးရလာရင်တော့ အသင့်စားအစားအစာတွေ ဟာသင့်ရဲ့အကြိုက်ဆုံးအရာတွေ ဖြစ်လာပါတယ်။ ချက်ပြုတ်တဲ့အခါမှာလည်း လွယ်ကူပြီးမြန်မြန်ပြီးမယ့်အရာတွေကိုသာ ချက်ပြုတ်လာပါတယ်။

၄။ ပေါင်းသင်းဆက်ဆံရေး
အရင်တုန်းက အားလပ်ရက်တွေကို သူငယ်ချင်းတွေနဲ့ ခရီးထွက်ဖို့ night out ထွက်ဖို့ ပလန်ချနေတတ်ပါတယ်။ ပျော်စရာကောင်းတဲ့ အချိန်တွေကို ဖန်တီးဖို့ သင့်မှာအချိန်အလုံအလောက် ရှိပါလိမ့်မယ်။ ကလေးရလာရင်တော့ အပြင်မှာစျေးဝယ်တာထက် အွန်လိုင်းကနေပဲ အလွယ်တကူ ဝယ်လာပါတယ်။ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေအားလုံးကို အချိန်နဲ့ပြန်ပြီး manage လုပ်နေရတဲ့အတွက် နားချိန်ဆိုတာ မရှိသလောက်ပါပဲ။

၅။ စျေးဝယ်ထွက်တဲ့အခါ
အရင်ကဆိုရင် ခေတ်စားနေတဲ့ အသုံးအဆောင်တွေ၊ အဝတ်အစားတွေကို ဘယ်တော့မှ အလွတ်ပေးလေ့ မရှိပါဘူး။ ကလေးရလာရင်တော့ ဖက်ရှင်ကကိုယ်နဲ့ မဆိုင်တော့ပဲ ဘယ်အချိန်ပဲကုန်တိုက်ကိုသွားသွား ကလေးနဲ့ပတ်သတ်တဲ့အရာတွေပဲ ဝယ်မိနေပါလိမ့်မယ်။

၇။ ပိတ်ရက်ပလန်
အရင်တုန်းက ပိတ်ရက်တွေဆိုရင် အချိန်ဖြုန်းဖို့အတွက် သူငယ်ချင်းတွေနဲ့ ပလန်ချရတာ အမောပါပဲ။ သူငယ်ချင်းတွေ အားလုံးကလည်း အတူတူပျော်ဖို့အတွက်ဆိုရင် အမြဲတမ်းတက်ကြွနေတတ်ကြပါတယ်။ ကလေးရလာပြီးရင်တော့ ဒီအရာတွေအကုန်သင်စတေးရမှာပါ။
ကလေးကိုရယ်အောင် ဘယ်လိုလုပ်ရမယ်၊ ကလေးကြိုက်တဲ့သီချင်းအသစ်တွေကို ဘယ်လိုလေ့လာရမယ် ဆိုတာတွေကိုပဲ သင်လုပ်ရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကလေးရဲ့ရယ်သံချိုချိုကို ကြားတဲ့အချိန်မှာတော့ ပင်ပန်းတာတွေပျောက်ပြီး သင်လည်းပျော်ရွင်လာပါလိမ့်မယ်။
LM_Naung_Naung
Lifestyle_Myanmar

မိဘတစ္ေယာက္ျဖစ္လာတာနဲ႔ အမွ် သင့္ဘဝအတြက္ အႀကီးအက်ယ္ေျပာင္းလဲသြားတဲ့ အရာေလးေတြ
အိမ္ေထာင္က်ၿပီးလို႔ ပထမဆုံး ကေလးတစ္ေယာက္ရလာတာနဲ႔ သင့္ဘဝရဲ႕နိစၥဒူဝ အေျခအေနေတြ ေျပာင္းလဲလာပါတယ္။ ဒီလိုအခ်ိန္ဟာ ကိုယ့္ရဲ႕မိဘေတြရဲ႕ ေက်းဇူးႀကီးမားပုံကို သိရွိနားလည္ၿပီး မိဘတစ္ေယာက္ရဲ႕တာဝန္ဟာ ဘယ္ေလာက္ထိခက္ခဲေၾကာင္းကို သိရွိလာတဲ့အခ်ိန္လည္း ျဖစ္ပါတယ္။
၁။ ႏႈိးစက္
ကေလးမရွိတုန္းကဆိုရင္ သင့္အတြက္ေကာင္းမြန္စြာအိပ္စက္ႏိုင္ၿပီး ႏႈိးစက္ဆိုတာ ဘာမွန္းေတာင္သိမွာမဟုတ္ပါဘူး။ ဒါေပမယ့္ကေလးတစ္ေယာက္ရလာတဲ့ အခ်ိန္မွာေတာ့ သင္ယခုလိုဇိမ္က်က်အိပ္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။ ကေလးေတြဟာ မိဘေတြအတြက္ ႏႈိးစက္တစ္ခုလိုပါပဲ။ သင့္ရဲ႕သူငယ္ခ်င္းေတြ အိမ္ေထာင္က်ၿပီး မိဘျဖစ္လာတဲ့အခ်ိန္က သင္သူတို႔ကို ရယ္စရာလုပ္ခဲ့သမွ် ယခုသင္မိဘျဖစ္လာတဲ့အခ်ိန္မွာ ေကာင္းေကာင္းဝဋ္လည္ပါလိမ့္မယ္။

၂။ ပုံမွန္နံနက္ခင္း
အရင္ကဆိုရင္ မနက္မိုးလင္းတာနဲ႔ အားကစားဝတ္စုံဝတ္ၿပီး လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္းေတြ သင္လုပ္ႏိုင္ၿပီး ျပန္ေရာက္တဲ့အခ်ိန္ ေရမိုးခ်ိဳး ေကာ္ဖီသာက္မနက္စာစားၿပီး မွန္ေရွ႕မွာ အလွျပင္ႏိုင္ပါတယ္။ ကေလးရလာရင္ေတာ့ သင့္အတြက္ လႈပ္ရွားမႈေတြ ပိုနည္းလာၿပီး သြားေတာင္ေျဖာင့္ေအာင္ မတိုက္ရပဲ ကေလးကိုပဲ တခ်ိန္လုံးၾကည့္ေနရပါမယ္။ မ်က္ႏွာသစ္ေနခ်ိန္ ကေလးငိုရင္ေတာ့ ကမန္းကတန္းနဲ႔ ကေလးကိုအငိုတိတ္ေအာင္ သြားေခ်ာ့ရပါလိမ့္မယ္။

၃။ မနက္စာ၊ ေန႔လည္စာနဲ႔ ညစာ
အရင္တုန္းကဆိုရင္ တစ္ရက္ကိုေကာင္းမြန္တဲ့ အစားအစာေတြ ကိုယ္ႀကိဳက္တာေတြကို တရက္သုံးနပ္သင္ေကာင္းေကာင္းစားရပါတယ္။ အိမ္မွာမစားခ်င္တဲ့အခ်ိန္ေတြဆိုရင္ အျပင္မွာသြားစားႏိုင္ပါတယ္။ ကေလးရလာရင္ေတာ့ အသင့္စားအစားအစာေတြ ဟာသင့္ရဲ႕အႀကိဳက္ဆုံးအရာေတြ ျဖစ္လာပါတယ္။ ခ်က္ျပဳတ္တဲ့အခါမွာလည္း လြယ္ကူၿပီးျမန္ျမန္ၿပီးမယ့္အရာေတြကိုသာ ခ်က္ျပဳတ္လာပါတယ္။

၄။ ေပါင္းသင္းဆက္ဆံေရး
အရင္တုန္းက အားလပ္ရက္ေတြကို သူငယ္ခ်င္းေတြနဲ႔ ခရီးထြက္ဖို႔ night out ထြက္ဖို႔ ပလန္ခ်ေနတတ္ပါတယ္။ ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေတြကို ဖန္တီးဖို႔ သင့္မွာအခ်ိန္အလုံအေလာက္ ရွိပါလိမ့္မယ္။ ကေလးရလာရင္ေတာ့ အျပင္မွာေစ်းဝယ္တာထက္ အြန္လိုင္းကေနပဲ အလြယ္တကူ ဝယ္လာပါတယ္။ ကိုယ့္ရဲ႕ လႈပ္ရွားမႈေတြအားလုံးကို အခ်ိန္နဲ႔ျပန္ၿပီး manage လုပ္ေနရတဲ့အတြက္ နားခ်ိန္ဆိုတာ မရွိသေလာက္ပါပဲ။

၅။ ေစ်းဝယ္ထြက္တဲ့အခါ
အရင္ကဆိုရင္ ေခတ္စားေနတဲ့ အသုံးအေဆာင္ေတြ၊ အဝတ္အစားေတြကို ဘယ္ေတာ့မွ အလြတ္ေပးေလ့ မရွိပါဘူး။ ကေလးရလာရင္ေတာ့ ဖက္ရွင္ကကိုယ္နဲ႔ မဆိုင္ေတာ့ပဲ ဘယ္အခ်ိန္ပဲကုန္တိုက္ကိုသြားသြား ကေလးနဲ႔ပတ္သတ္တဲ့အရာေတြပဲ ဝယ္မိေနပါလိမ့္မယ္။

၇။ ပိတ္ရက္ပလန္
အရင္တုန္းက ပိတ္ရက္ေတြဆိုရင္ အခ်ိန္ျဖဳန္းဖို႔အတြက္ သူငယ္ခ်င္းေတြနဲ႔ ပလန္ခ်ရတာ အေမာပါပဲ။ သူငယ္ခ်င္းေတြ အားလုံးကလည္း အတူတူေပ်ာ္ဖို႔အတြက္ဆိုရင္ အၿမဲတမ္းတက္ႂကြေနတတ္ၾကပါတယ္။ ကေလးရလာၿပီးရင္ေတာ့ ဒီအရာေတြအကုန္သင္စေတးရမွာပါ။
ကေလးကိုရယ္ေအာင္ ဘယ္လိုလုပ္ရမယ္၊ ကေလးႀကိဳက္တဲ့သီခ်င္းအသစ္ေတြကို ဘယ္လိုေလ့လာရမယ္ ဆိုတာေတြကိုပဲ သင္လုပ္ရပါလိမ့္မယ္။ ဘာပဲျဖစ္ျဖစ္ ကေလးရဲ႕ရယ္သံခ်ိဳခ်ိဳကို ၾကားတဲ့အခ်ိန္မွာေတာ့ ပင္ပန္းတာေတြေပ်ာက္ၿပီး သင္လည္းေပ်ာ္႐ြင္လာပါလိမ့္မယ္။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here