မိန်းကလေးနဲ့ ယောက်ျားလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ မတူညီနိုင်တဲ့ အဓိက ကွာခြားချက်တွေ

0
151

၁။ ဆံပင်ညှပ်တဲ့အခါ ယောကျ်ားလေးက ငွေကြေးလည်း ပိုသက်သာသလို ဆံပင်ပုံစံချိန်းလိုက်တာနဲ့ သိသိသာသာ ပြောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ မိန်းကလေး အများစု ဆံပင်ညှပ်တဲ့အခါ ငွေကြေးလဲ ပိုကုန်သလောက် ဆံပင်ပုံစံကလည်း သိပ့်ပြီး ပြောင်းလဲမှု မရှိတာများပါတယ်။

၂။ ချစ်သူရည်းစားအဖြစ်ကနေ လမ်းခွဲလိုက်တဲ့အခါ ယောကျ်ားလေးတွေက အစပိုင်းမှာ လွတ်လပ်သွားပြီလို့ ခံစားရပေမဲ့ ကြာသွားရင်တော့ အထီးကျန်လာတယ်လို့ ခံစားရတတ်ပါတယ်။ ဒါပေမဲ့ မိန်းကလေး အများစုကတော့ ယောကျ်ားလေးနဲ့ ဆန့်ကျင်ဘက်ပါပဲ။ လမ်းခွဲတုန်းခဏ ခံစားရသလိုလို ရှိပေမဲ့ အချိန်ကြာသွားရင် နေသားကျသွားတတ်ပါတယ်။

၃။ ယောကျ်ားလေးတွေက အပေါ့ အလေး သွားတာနဲ့ ပတ်သက်ပြီး ကြုံရင် ကြုံတဲ့ နေရာမှာ အလွယ်တကူ ဖြေရှင်းနိုင်ပေမဲ့ မိန်းကလေးတွေ အများစုကတော့ ဒီလိုကိစ္စနဲ့ ကြုံလာတိုင်း အခက်အခဲနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာဆို ယောကျ်ားလေးတောင် ဖြစ်ချင်စိတ်တွေ ဝင်ချင် ဝင်လာမှာ အမှန်ပါပဲ။

၄။ အိပ်ယာထတဲ့အချိန်ဟာ မိန်းကလေးတွေက စောတတ်ပြီး ယောကျ်ားလေးအများစုကတော့ နောက်ကျတတ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် အလုပ်သွားချိန်ကတော့ အတူတူပါပဲ။ ဘာကြောင့်လဲဆိုတော့ ယောကျ်ားလေးတစ်ယောက် အလုပ်သွားဖို့ ပြင်ဆင်ချိန်က ၁၅မိနစ်ဆို မိန်းကလေးတစ်ယောက်အတွက်က ၁နာရီလောက် ကြာနေလို့ပါပဲ။

၅။ ဆိုရှယ်မီဒီယာ အသုံးပြုတဲ့အခါ၊ အကောင့်တွေ စဖွင့်တဲ့အခါ မိန်းကလေးဆိုတာနဲ့ friends လာအပ်တဲ့သူ၊ စာပို့တဲ့သူ အများအပြားရှိတတ်ပြီး ယောကျ်ားလေး ဆိုရှယ်မီဒီယာ စသုံးရင်တော့ တစ်ပတ်ကြာတာတောင် noti တစ်ခုတတ်ဖို့၊ friend တစ်ယောက်လာအပ်ဖို့ တော်တော်လေး ခဲရင်းနေပါတယ်။

၆။ အိမ်ထောင်ကျသွားလို့ ယောကျ်ားလေးနဲ့ မိန်းကလေး အတူတူ အိပ်ယာတစ်ခုတည်း အိပ်တဲ့အခါ အိပ်ယာရဲ့ သုံးပုံ ပုံ နှစ်ပုံလောက်ကို မိန်းကလေးတွေ အပိုင်းစီးထားတတ်ပါတယ်။ ယောကျ်ားလေးတွေထက်လည်း ပိုပြီး အအိပ်ဆော့ဟန်တူပါတယ်။

၇။ ရုံခန်းထဲက စာပွဲခုံဆို ယောကျ်ားလေး အများစုက သန့်ရှင်းရေးလုပ်မဲ့သူမရှိရင် ပစ္စည်းတွေ ပြန့်ကျဲနေတတ်သလို အချို့ မိန်းကလေးတွေကတော့ သူတို့ကိုယ်တိုင် သန့်ရှင်းရေးလုပ်ပြီး သူတို့ရဲ့ ရုံးခန်း စားပွဲကို သပ်သပ်ရပ်ရပ်ထားတတ်ကြပါတယ်။

၈။ ယောကျ်ားလေး အများစုဟာ သူတို့ အခန်းသာ ရှုပ်ပွနေချင် ရှုပ်ပွနေပေမဲ့ သူတို့ရဲ့ ကွန်ပျူတာ desktop မြင်ကွင်းကိုတော့ ရှင်းရှင်းလင်းလင်းပဲ ထားတတ်ကြပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေကတော့ ယောကျ်ားလေးတွေနဲ့ ဆန့်ကျင့်ဘက်ပါပဲ။

၉။ ခေါင်းလျှော်ရည်၊ ဆပ်ပြာ အလှကုန် စတဲ့ ပစ္စည်းတွေ သုံးစွဲတဲ့ အခါမှာလည်း မိန်းကလေးတစ်ယောက်အတွက် ဘာကြောင့် ဒီပစ္စည်းအမျိုးအစားကို အသုံးပြုရသလဲ သူတို့မှာ အကြောင်းပြချက် အမျိုးမျိုး ရှိပါတယ်။ ဒါပေမဲ့ ယောကျ်ားလေးတွေကတော့ရှင်းပါတယ်။

၁၀။ မိန်းကလေးတစ်ယောက်မှာ အဝတ်အစား အစုံ ၂၀လောက်လည်း သူတို့ ခရီး၊ ပွဲ တစ်ခုခုသွားစရာရှိတဲ့အခါ အဝတ်အစားဝတ်စရာမရှိဘူးလို့ အမြဲလိုလို ညည်းငြူတတ်ပြီး ဘာဝတ်လို့ ဝတ်ရမှန်း မသိဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ယောက်ျားလေးတွေကတော့ အဝတ်တစ်ထည်လောက်ရှိရင် တစ်ပတ်လောက် အေးဆေးနေလို့ရပါတယ်။

၁၁။ ချစ်သူ ရည်းစား ဘဝ အပြင်တစ်ခါသွားခါနီးဆို သူတို့အတွက်က အချိန် ၂နာရီလောက် ကြိုပြီး ပြင်ဆင်တာတောင် မပြီးတတ်ကြပါဘူး။ ဒါပေမဲ့ ယောကျ်ားလေးတွေကတော့ သွားခါနီး ၁၅မိနစ်လောက်မှ ထပြီး ပြင်ဆင်ရင် အချိန်မှီပြီးပါတယ်။

#Lifestyle_Myanmar

#Thar_Nage

LEAVE A REPLY

Please enter your comment!
Please enter your name here